အလ်-မာအိဒ · 106/120
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-မာအိဒ
يَا أَيُّهَا الَّذِينَ آمَنُوا شَهَادَةُ بَيْنِكُمْ إِذَا حَضَرَ أَحَدَكُمُ الْمَوْتُ حِينَ الْوَصِيَّةِ اثْنَانِ ذَوَا عَدْلٍ مِّنكُمْ أَوْ آخَرَانِ مِنْ غَيْرِكُمْ إِنْ أَنتُمْ ضَرَبْتُمْ فِي الْأَرْضِ فَأَصَابَتْكُم مُّصِيبَةُ الْمَوْتِ ۚ تَحْبِسُونَهُمَا مِن بَعْدِ الصَّلَاةِ فَيُقْسِمَانِ بِاللَّهِ إِنِ ارْتَبْتُمْ لَا نَشْتَرِي بِهِ ثَمَنًا وَلَوْ كَانَ ذَا قُرْبَىٰ ۙ وَلَا نَكْتُمُ شَهَادَةَ اللَّهِ إِنَّا إِذًا لَّمِنَ الْآثِمِينَ ۝١٠٦
Yaaa aiyuhal lazeena aamanoo shahaadatu bainikum izaa hadara ahadakumul mawtu heenal wasiyyatis naani zawaa `adlim minkum aw aakharaani min ghairikum in antum darabtum fil ardi fa asaabatkum museebatul mawt; tahbi soonahumaa mim ba`dis Salaati fa yuqsimaani billaahi inirtabtum laa nashtaree bihee samananw wa law kaana zaa qurbaa wa laa naktumu shahaadatal laahi innaaa izal laminal aasimeen
📖 မြန်မာဘာသာ
အို- သက်ဝင်ယုံကြည်သူအပေါင်းတို့ အသင်တို့အနက် တစ်ဦးတစ်ယောက်ထံသို့ ‘မရဏ’ သေခြင်းတရားသည် ဆိုက်ရောက်၍ (ထိုသူသည်) ဝဆွီယသ် မှာတမ်းစကားပြောကြားလေသောအခါ အသင်တို့အနက်မှ တရားမျှတမှုရှိသောသူနှစ်ယောက် သက်သေအဖြစ် ရှိကြရပေမည်။ သို့တည်းမဟုတ် အသင်တို့သည် မြေပြင်ဝယ်ခရီးထွက်နေစဉ် အသင်တို့၌ သေဘေးဆိုက်ရောက်ခဲ့သည်ရှိသော် အကယ်၍ မွတ်စ်လင်မ်မရှိသော် အသင်တို့မှတစ်ပါး အခြား (သာသနာဝင်) တို့အနက်မှ သက်သေနှစ်ဦးရှိကြရပေမည်။ အကယ်၍ အသင်တို့သည် မှာကြားခြင်းခံခဲ့ရသောသူတို့နှင့်ပတ်သက်၍ ဒွိဟသံသယမကင်း ဖြစ်ခဲ့ ကြပါမူ ထို (သက်သေ) နှစ်ယောက်ကို (ဗလီအတွင်း ‘ဆွလာသ်’ ဝတ်ပြုပြီးနောက် ဆိုင်းငံ့ထားကြလေကုန်။ ထိုအခါ ထိုသူတို့နှစ်ဦးစလုံးတို့သည် အလ္လာဟ်အရှင်မြတ်ကိုတိုင်တည်၍ (ဤသို့) ကျိန်ဆိုကြရမည်။ “ကျွန်ုပ်တို့သည် (ဤကိစ္စ၌ မိမိတို့) ဆွေမျိုးနီးစပ် ပါဝင်နေသည့်တိုင်အောင် ဤသို့ကျိန်ဆိုခြင်းအားဖြင့် မည်သည့်အကျိုးကျေးဇူးကိုမျှ ရလိုကြသည်မဟုတ်ပေ။ ၎င်းပြင် ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ် အမိန့်တော်အတိုင်း တာဝန်ရှိသောသက်သေခံခြင်းကိုလည်း လျှို့ဝှက် ထိမ်ချန်ထားရှိကြသည်မဟုတ်ချေ။ (အကယ်၍ ထိမ်ချန်လျှို့ဝှက်ထားရှိခဲ့မူ) ကျွန်ုပ်တို့သည် ဧကန်စင်စစ် အပြစ်မကင်းသော သူတို့အနက်မှပင် ဖြစ်ကုန်အံ့သတည်း။”

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ

  • شَهَادَةُ (ရှဟာဒသ်) — သက်သေခံခြင်း၊ သက်သေထားခြင်း။ ဤနေရာတွင် “သက်သေထားရမည့် ကိစ္စ” ဟု ဆိုလိုသည်။
  • ذَوَا عَدْلٍ (ဇဝါ အာဒ်လ်) — တရားမှတ်တမ်းနှင့် ယုံကြည်စိတ်ချရသော သက်သေနှစ်ဦး။ “အာဒ်လ်” ဆိုသည်မှာ တရားမျှတခြင်း၊ ရိုးသားဖြောင့်မှန်ခြင်း။
  • ضَرَبْتُمْ فِي الْأَرْضِ (ဒရဗ်သွမ်ဖီလ် အိဒ်) — မြေပြင်ပေါ်တွင် ခရီးသွားခြင်း။
  • مُّصِيبَةُ الْمَوْتِ (မုဆီဗသုလ် မောသ်) — သေခြင်းဆိုသည့် ဘေးဒုက္ခ။
  • تَحْبِسُونَهُمَا (သဟ်ဗိဆူနဟုမာ) — သူတို့နှစ်ဦးကို ရပ်တန့်စေခြင်း၊ ထိန်းသိမ်းထားခြင်း။
  • ارْتَبْتُمْ (အိရ်သ�်သွမ်) — သင်တို့ သံသယဖြစ်ခြင်း။
  • لَا نَشْتَرِي بِهِ ثَمَنًا (လာ နရှ်သရီ ဗိဟိ သွမနန်) — ကျွန်ုပ်တို့သည် ထိုသက်သေခံချက်ကို လောကီအကျိုးအမြတ်နှင့် မလဲလှယ်ပါ။
  • شَهَادَةَ اللَّهِ (ရှဟာဒသွလ္လာဟ်) — အလ္လာဟ်အရှင်မြတ်၏ သက်သေခံချက် (အလ္လာဟ်အရှင်မြတ် အမိန့်ပေးထားသော သက်သေခံချက်)။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

အို—ယုံကြည်သူတို့၊ သင်တို့ထဲမှ တစ်ဦးဦးထံ သေခြင်း၏ လက္ခဏာများ ပေါ်ပေါက်လာပြီး သေခြင်းနီးကပ်လာသောအခါ၊ သေတမ်းစာ (ဝဆွီယသ်) ရေးသားရာတွင် သက်သေထားရမည့်သူများမှာ သင်တို့ထဲမှ (မွတ်စ်လင်မ်များထဲမှ) ယုံကြည်စိတ်ချရသော၊ တရားမှတ်တမ်းရှိသော လူနှစ်ဦး ဖြစ်ရမည်။ သို့မဟုတ် သင်တို့သည် ခရီးသွားနေစဉ် သေခြင်းဘေးဆိုက်ရောက်ပြီး မွတ်စ်လင်မ်သက်သေ မရှာဖွေနိုင်သောအခါ၊ အခြားဘာသာဝင်များထဲမှ လူနှစ်ဦးကို သက်သေထားနိုင်သည်။

ထို့နောက် ထိုသက်သေနှစ်ဦး၏ သက်သေခံချက်အပေါ် သင်တို့ သံသယဖြစ်လာပါက၊ နမာဇ်ဝတ်ပြုပြီးနောက် (အထူးသဖြင့် အာဆွရ်နမာဇ်ပြီးနောက်) သူတို့နှစ်ဦးကို ရပ်တန့်စေပြီး အလ္လာဟ်အရှင်မြတ်ကို တိုင်တည်၍ ကျမ်းကျိန်စေရမည်။ သူတို့က ဤသို့ကျမ်းကျိန်ရမည်—

“ကျွန်ုပ်တို့သည် ဤသက်သေခံချက်ကို လောကီအကျိုးအမြတ်နှင့် လဲလှယ်မည် မဟုတ်ပါ။ သက်သေခံရမည့်သူသည် ကျွန်ုပ်တို့၏ ဆွေမျိုးဖြစ်နေသည့်တိုင် မျက်နှာလိုက်မည် မဟုတ်ပါ။ အလ္လာဟ်အရှင်မြတ် အမိန့



📜 အာယာသ် 104-108 — စူရာ အလ်-မာအိဒ

104وَإِذَا قِيلَ لَهُمْ تَعَالَوْا إِلَىٰ مَا أَنزَلَ اللَّهُ وَإِلَى الرَّسُولِ قَالُوا حَسْبُنَا مَا وَجَدْنَا عَلَيْهِ آبَاءَنَا ۚ أَوَلَوْ كَانَ آبَاؤُهُمْ لَا يَعْلَمُونَ شَيْئًا وَلَا يَهْتَدُونَ
၎င်းပြင် ထိုသူတို့အား “အသင်တို့သည် အလ္လာဟ်အရှင်မြတ် ထုတ်ပြန်ချမှတ်တော်မူသော အမိန့်တော်များနှင့် ရစူလ်တမန်တော်ဘက်သို့ လာကြလေကုန်” ဟု ပြာဆိုသောအခါ ထိုသူတို့က ကျွန်ုပ်တို့အဖို့ အကြင်လမ်းစဉ်သည် လုံလောက်ပေသည်။ ထိုလမ်းစဉ်ပေါ်၌ ကျွန်ုပ်တို့သည် မိမိတို့၏အဖ၊ ဘိုး၊ ဘေး၊ ဘီ၊ ဘင်တို့အား တွေ့ရှိခဲ့ကြသည်” ဟုဖြေကြား၏။ အကယ်၍ ၎င်းတို့၏အဖ၊ ဘိုး၊ ဘေး၊ ဘီ၊ ဘင်တို့သည် မည်သည့်တစ်စုံတစ်ရာကိုမျှ မသိနားမလည်ကြသည့်ပြင် (ကောင်းကင်ကျ) တရားလမ်းစဉ်ကိုပင် မရရှိကြသော်လည်း ( ၎င်းတို့၏ အဖ၊ ဘိုး၊ ဘေး၊ တို့၏လမ်းစဉ်သည် ၎င်းတို့အဖို့ လုံလောက်ပါသလော။ အလျင်းမလုံလောက်ပေ။)
105يَا أَيُّهَا الَّذِينَ آمَنُوا عَلَيْكُمْ أَنفُسَكُمْ ۖ لَا يَضُرُّكُم مَّن ضَلَّ إِذَا اهْتَدَيْتُمْ ۚ إِلَى اللَّهِ مَرْجِعُكُمْ جَمِيعًا فَيُنَبِّئُكُم بِمَا كُنتُمْ تَعْمَلُونَ
အို- ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့ အသင်တို့သည် မိမိတို့ကိုယ်ကို မိမိတို့ ထိန်းသိမ်း စောင့်ရှောက်ရန်အတွက်သာလျှင် ပူပန်ကြလေကုန်။ အသင်တို့၏တရားလမ်းစဉ်အတိုင်း (မတိမ်းမစောင်း) လိုက်နာနေကြပါလျှင် တရားလမ်းမှားသောသူသည် အသင်တို့ကို (မည်သို့မျှ) အကျိုးယုတ် နစ်နာစေနိုင်မည်မဟုတ်ပေ။ အသင်တို့အားလုံးတို့သည် နောက်ဆုံးတွင် အလ္လာဟ်အရှင်မြတ် အထံတော်သို့သာလျှင် ပြန်ကြရလတ္တံ့။ ထိုအခါ ထိုအရှင်မြတ်သည် အသင်တို့ ပြုမူခဲ့သမျှတို့ကို အသင်တို့အား အသိပေးတော်မူအံ့။
106يَا أَيُّهَا الَّذِينَ آمَنُوا شَهَادَةُ بَيْنِكُمْ إِذَا حَضَرَ أَحَدَكُمُ الْمَوْتُ حِينَ الْوَصِيَّةِ اثْنَانِ ذَوَا عَدْلٍ مِّنكُمْ أَوْ آخَرَانِ مِنْ غَيْرِكُمْ إِنْ أَنتُمْ ضَرَبْتُمْ فِي الْأَرْضِ فَأَصَابَتْكُم مُّصِيبَةُ الْمَوْتِ ۚ تَحْبِسُونَهُمَا مِن بَعْدِ الصَّلَاةِ فَيُقْسِمَانِ بِاللَّهِ إِنِ ارْتَبْتُمْ لَا نَشْتَرِي بِهِ ثَمَنًا وَلَوْ كَانَ ذَا قُرْبَىٰ ۙ وَلَا نَكْتُمُ شَهَادَةَ اللَّهِ إِنَّا إِذًا لَّمِنَ الْآثِمِينَ
အို- သက်ဝင်ယုံကြည်သူအပေါင်းတို့ အသင်တို့အနက် တစ်ဦးတစ်ယောက်ထံသို့ ‘မရဏ’ သေခြင်းတရားသည် ဆိုက်ရောက်၍ (ထိုသူသည်) ဝဆွီယသ် မှာတမ်းစကားပြောကြားလေသောအခါ အသင်တို့အနက်မှ တရားမျှတမှုရှိသောသူနှစ်ယောက် သက်သေအဖြစ် ရှိကြရပေမည်။ သို့တည်းမဟုတ် အသင်တို့သည် မြေပြင်ဝယ်ခရီးထွက်နေစဉ် အသင်တို့၌ သေဘေးဆိုက်ရောက်ခဲ့သည်ရှိသော် အကယ်၍ မွတ်စ်လင်မ်မရှိသော် အသင်တို့မှတစ်ပါး အခြား (သာသနာဝင်) တို့အနက်မှ သက်သေနှစ်ဦးရှိကြရပေမည်။ အကယ်၍ အသင်တို့သည် မှာကြားခြင်းခံခဲ့ရသောသူတို့နှင့်ပတ်သက်၍ ဒွိဟသံသယမကင်း ဖြစ်ခဲ့ ကြပါမူ ထို (သက်သေ) နှစ်ယောက်ကို (ဗလီအတွင်း ‘ဆွလာသ်’ ဝတ်ပြုပြီးနောက် ဆိုင်းငံ့ထားကြလေကုန်။ ထိုအခါ ထိုသူတို့နှစ်ဦးစလုံးတို့သည် အလ္လာဟ်အရှင်မြတ်ကိုတိုင်တည်၍ (ဤသို့) ကျိန်ဆိုကြရမည်။ “ကျွန်ုပ်တို့သည် (ဤကိစ္စ၌ မိမိတို့) ဆွေမျိုးနီးစပ် ပါဝင်နေသည့်တိုင်အောင် ဤသို့ကျိန်ဆိုခြင်းအားဖြင့် မည်သည့်အကျိုးကျေးဇူးကိုမျှ ရလိုကြသည်မဟုတ်ပေ။ ၎င်းပြင် ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ် အမိန့်တော်အတိုင်း တာဝန်ရှိသောသက်သေခံခြင်းကိုလည်း လျှို့ဝှက် ထိမ်ချန်ထားရှိကြသည်မဟုတ်ချေ။ (အကယ်၍ ထိမ်ချန်လျှို့ဝှက်ထားရှိခဲ့မူ) ကျွန်ုပ်တို့သည် ဧကန်စင်စစ် အပြစ်မကင်းသော သူတို့အနက်မှပင် ဖြစ်ကုန်အံ့သတည်း။”
107فَإِنْ عُثِرَ عَلَىٰ أَنَّهُمَا اسْتَحَقَّا إِثْمًا فَآخَرَانِ يَقُومَانِ مَقَامَهُمَا مِنَ الَّذِينَ اسْتَحَقَّ عَلَيْهِمُ الْأَوْلَيَانِ فَيُقْسِمَانِ بِاللَّهِ لَشَهَادَتُنَا أَحَقُّ مِن شَهَادَتِهِمَا وَمَا اعْتَدَيْنَا إِنَّا إِذًا لَّمِنَ الظَّالِمِينَ
တစ်ဖန် အကယ်၍ ၎င်းတို့နှစ်ဦးသည် (တစ်စုံတစ်ရာအပြစ်) ကျူးလွန်ခဲ့ကြောင်း သိရှိရပါလျှင် ထိုအပြစ်ရှိသူနှစ်ဦး၏နေရာတွင် (ကွယ်လွန်သူ၏) ဆွေမျိုးအနီးစပ်ဆုံး အမွေစားတို့အနက် သက်သေနှစ်ယောက်ရပ်ပြီးလျှင် “ကျွန်ုပ်တို့၏သက်သေခံခြင်းမှာ ထိုသူတို့နှစ်ဦးသက်သေခံခြင်းထက် ပိုမို၍မှန်ကန်ပါသည်။ ၎င်းပြင် ကျွန်ုပ်တို့သည် (ပစ္စည်းတောင်းဆိုရာတွင်လည်းကောင်း၊ ဝဆွီများအား စွပ်စွဲရာတွင်လည်းကောင်း၊) စည်းကမ်းကျူးလွန်ခြင်းလည်း မရှိကြပါ။ (အကယ်၍သာ ကျူးလွန်ခဲ့သည်ရှိသော်) ကျွန်ုပ်တို့သည် မလွဲဧကန် မတော်မတရားကျူးလွန်သောသူတို့အနက် အပါအဝင်ဖြစ်ကြပါအံ့” ဟု အလ္လာဟ်အရှင်မြတ်အားတိုင်တည်၍ ကျိန်ဆိုကြရပေမည်။
108ذَٰلِكَ أَدْنَىٰ أَن يَأْتُوا بِالشَّهَادَةِ عَلَىٰ وَجْهِهَا أَوْ يَخَافُوا أَن تُرَدَّ أَيْمَانٌ بَعْدَ أَيْمَانِهِمْ ۗ وَاتَّقُوا اللَّهَ وَاسْمَعُوا ۗ وَاللَّهُ لَا يَهْدِي الْقَوْمَ الْفَاسِقِينَ
ဤသည်ကား သက်သေများသည် သက်သေခံထိုက်သောနည်းမှန်အတိုင်း သက်သေခံကြရန်၊ သို့တည်းမဟုတ် ၎င်းတို့သည် မိမိတို့၏ကျိန်ဆိုချက်များမှာ အခြားသူများ၏ကျိန်ဆိုချက်များဖြင့် ကန့်ကွက် ပယ်ချခြင်းခံရမည်ကို စိုးရိမ်ကြရန် အနီးစပ်ဆုံး (အကောင်းဆုံး) သောနည်းပင် ဖြစ်ချေသည်။ (မည်သို့ပင်ဖြစ်စေ) အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ကြလေကုန်။ ၎င်းပြင် (ထိုအရှင်မြတ်၏အမိန့်တော်များကို) နာယူကြလေကုန်။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် အမိန့်တော်ကိုကျူးလွန်သောသူတို့အား တရားလမ်းမှန်ကို ညွှန်ကြားပြသတော်မူသည်မဟုတ်ပေ။
အလ်-မာအိဒကုရ်အာန် ညွှန်းကိန်း
120အာယာသ်
MedinanRevelation
106အာယာသ်

ဘာသာပြန် — အလ်-မာအိဒ 106

စူရာ အလ်-မာအိဒ အာယာသ် 106 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အို- သက်ဝင်ယုံကြည်သူအပေါင်းတို့ အသင်တို့အနက် တစ်ဦးတစ်ယောက်ထံသို့ ‘မရဏ’ သေခြင်းတရားသည် ဆိုက်ရောက်၍ (ထိုသူသည်) ဝဆွီယသ် မှာတမ်းစကားပြောကြားလေသောအခါ…

စူရာ အာယာသ် 106/120 — စူရာ အလ်-မာအိဒ المائدة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-မာအိဒ နားထောင်, စူရာ အလ်-မာအိဒ ဘာသာပြန်, စူရာ အလ်-မာအိဒ mp3, စူရာ အလ်-မာအိဒ pdf. အာယာသ် 104–108. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Saturday, October 3, 2026

Don't forget us in your sincere prayers