📖 0/604 ဖတ်ပြီးသောစာမျက်နှာများ
📄 157
وَلَقَدۡ جِئۡنَٰهُم بِكِتَٰبٍ فَصَّلۡنَٰهُ عَلَىٰ عِلۡمٍ هُدًى وَرَحۡمَةً لِّقَوۡمٍ يُؤۡمِنُونَ ٥٢ هَلۡ يَنظُرُونَ إِلَّا تَأۡوِيلَهُۥۚ يَوۡمَ يَأۡتِي تَأۡوِيلُهُۥ يَقُولُ ٱلَّذِينَ نَسُوهُ مِن قَبۡلُ قَدۡ جَآءَتۡ رُسُلُ رَبِّنَا بِٱلۡحَقِّ فَهَل لَّنَا مِن شُفَعَآءَ فَيَشۡفَعُواْ لَنَآ أَوۡ نُرَدُّ فَنَعۡمَلَ غَيۡرَ ٱلَّذِي كُنَّا نَعۡمَلُۚ قَدۡ خَسِرُوٓاْ أَنفُسَهُمۡ وَضَلَّ عَنۡهُم مَّا كَانُواْ يَفۡتَرُونَ ٥٣ إِنَّ رَبَّكُمُ ٱللَّهُ ٱلَّذِي خَلَقَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ فِي سِتَّةِ أَيَّامٍ ثُمَّ ٱسۡتَوَىٰ عَلَى ٱلۡعَرۡشِۖ يُغۡشِي ٱلَّيۡلَ ٱلنَّهَارَ يَطۡلُبُهُۥ حَثِيثًا وَٱلشَّمۡسَ وَٱلۡقَمَرَ وَٱلنُّجُومَ مُسَخَّرَٰتِۭ بِأَمۡرِهِۦٓۗ أَلَا لَهُ ٱلۡخَلۡقُ وَٱلۡأَمۡرُۗ تَبَارَكَ ٱللَّهُ رَبُّ ٱلۡعَٰلَمِينَ ٥٤ ٱدۡعُواْ رَبَّكُمۡ تَضَرُّعًا وَخُفۡيَةًۚ إِنَّهُۥ لَا يُحِبُّ ٱلۡمُعۡتَدِينَ ٥٥ وَلَا تُفۡسِدُواْ فِي ٱلۡأَرۡضِ بَعۡدَ إِصۡلَٰحِهَا وَٱدۡعُوهُ خَوۡفًا وَطَمَعًاۚ إِنَّ رَحۡمَتَ ٱللَّهِ قَرِيبٌ مِّنَ ٱلۡمُحۡسِنِينَ ٥٦ وَهُوَ ٱلَّذِي يُرۡسِلُ ٱلرِّيَٰحَ بُشۡرَۢا بَيۡنَ يَدَيۡ رَحۡمَتِهِۦۖ حَتَّىٰٓ إِذَآ أَقَلَّتۡ سَحَابًا ثِقَالًا سُقۡنَٰهُ لِبَلَدٍ مَّيِّتٍ فَأَنزَلۡنَا بِهِ ٱلۡمَآءَ فَأَخۡرَجۡنَا بِهِۦ مِن كُلِّ ٱلثَّمَرَٰتِۚ كَذَٰلِكَ نُخۡرِجُ ٱلۡمَوۡتَىٰ لَعَلَّكُمۡ تَذَكَّرُونَ ٥٧
7:52
وَلَقَدۡ جِئۡنَٰهُم بِكِتَٰبٍ فَصَّلۡنَٰهُ عَلَىٰ عِلۡمٍ هُدًى وَرَحۡمَةً لِّقَوۡمٍ يُؤۡمِنُونَ ٥٢
ဧကန်အမှန် ငါအရှင်မြတ်သည် ထိုသူတို့ထံ(အကြင်ကုရ်အာန်)ကျမ်းတော်မြတ်ကို ပို့တော် မူခဲ့လေသည်။ငါအရှင်မြတ်သည် ထိုကျမ်းဂန်ကို (မိမိ) ဉာဏ်တော်ဖြင့် ရှင်းလင်းဖော်ပြ တော်မူခဲ့သည်။ (ထိုကျမ်းဂန်သည်) အီမာန်သက်ဝင်ယုံကြည်သော မုအ်မင်န်များအဖို့ တရားလမ်းညွှန် လည်းဖြစ်သည်။ ကရုဏာတော်လည်း ဖြစ်သည်။
7:53
هَلۡ يَنظُرُونَ إِلَّا تَأۡوِيلَهُۥۚ يَوۡمَ يَأۡتِي تَأۡوِيلُهُۥ يَقُولُ ٱلَّذِينَ نَسُوهُ مِن قَبۡلُ قَدۡ جَآءَتۡ رُسُلُ رَبِّنَا بِٱلۡحَقِّ فَهَل لَّنَا مِن شُفَعَآءَ فَيَشۡفَعُواْ لَنَآ أَوۡ نُرَدُّ فَنَعۡمَلَ غَيۡرَ ٱلَّذِي كُنَّا نَعۡمَلُۚ قَدۡ خَسِرُوٓاْ أَنفُسَهُمۡ وَضَلَّ عَنۡهُم مَّا كَانُواْ يَفۡتَرُونَ ٥٣
း53| ၎င်းတို့သည် ထို(ကုရ်အာန်)ကျမ်း(လာအမိန့်တော်)၏ နောက်ဆုံးအကျိုးကိုသာလျှင် စောင့်မျှော် လျက်ရှိကြကုန်သည်။ ထို(ကုရ်အာန်)ကျမ်း(လာ အမိန့်တော်)၏နောက်ဆုံးအကျိုးရောက်ရှိလာသောနေ့တွင် ထိုနေ့ကို ယခင်ကမေ့လျှော့၍နေသောသူတို့က ဧကန်စင်စစ် ကျွန်ုပ်တို့အရှင်မြတ်၏ရစူလ်တမန်တော်တို့သည် အမှန်ကိုသာယူဆောင်ခဲ့ကြလေသည်။ သို့ဖြစ်ပေရာ (ယခုသော်) ကျွန်ုပ်တို့အဖို့ ကြားဝင်တောင်းပန်မည့်သူ ရှိပါဦးမည်လော။ သို့ရှိပါလျှင် ထိုသူတို့သည် ကျွန်ုပ်တို့အဖို့ကြားဝင်တောင်းပန်၍ ပေးကြအံ့။ သို့တည်းမဟုတ် ကျွန်ုပ်တို့သည်(ကမ္ဘာလောကသို့)ပြန်လွှတ်ခြင်းကို ခံကြရပါဦးမည်လော။သို့ပြန်လွှတ်ခြင်းကို ခံကြရပါလျှင် ကျွန်ုပ်တို့သည် မိမိတို့ပြုလုပ်ခဲ့ကြသည့်အရာ (မကောင်းမှု)တို့နှင့်ဆန့်ကျင်၍ (ကောင်းမှုများကိုသာ)ပြုလုပ်ကြကုန်အံ့ဟု (ညည်းညူ) ပြောဆိုကြလတ္တံ့။ထိုသူတို့သည် ဧကန်မလွဲ မိမိတို့ကိုယ်ကို နစ်နာဆုံးရှုံးအောင်ပြုလုပ်ခဲ့ချေပြီ။ ၎င်းပြင် ထိုသူတို့ ကြံဖန်လီဆယ်၍ ပြောဆိုခဲ့ကြသည်များလည်း ထိုသူတို့ထံမှ ပျောက်ကွယ်သွားကြချေပြီတကား။(ရကူ)
7:54
إِنَّ رَبَّكُمُ ٱللَّهُ ٱلَّذِي خَلَقَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ فِي سِتَّةِ أَيَّامٍ ثُمَّ ٱسۡتَوَىٰ عَلَى ٱلۡعَرۡشِۖ يُغۡشِي ٱلَّيۡلَ ٱلنَّهَارَ يَطۡلُبُهُۥ حَثِيثًا وَٱلشَّمۡسَ وَٱلۡقَمَرَ وَٱلنُّجُومَ مُسَخَّرَٰتِۭ بِأَمۡرِهِۦٓۗ أَلَا لَهُ ٱلۡخَلۡقُ وَٱلۡأَمۡرُۗ تَبَارَكَ ٱللَّهُ رَبُّ ٱلۡعَٰلَمِينَ ٥٤
ဧကန်စင်စစ် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည်ကား ထိုအလ္လာဟ်အရှင်မြတ်ပင်တည်း။ ထိုအလ္လာဟ်အရှင်မြတ်သည် မိုးကောင်း�င်များကိုလည်းကောင်း၊ ပထဝီမြေ ကိုလည်းကောင်း၊ ခြောက်ရက်တွင်(ပြီးစီးအောင်)ဖန်ဆင်းတော်မူခဲ့၏။ ထိုနောက် ထိုအရှင်မြတ်သည် အရ်ရှ်ပလ’င်တော်ထက်၌စံမြန်းတော်မူခဲ့လေသည်။ ထိုအရှင်မြတ်သည် နေ့ကိုညဉ့်ဖြင့်ဖုံးအုပ်တော်မူလေသည်။ ထိုညဉ့်သည်၎င်းနေ့၏နောက်မှ လျင်မြန်စွာရောက်ရှိလာလေသည်။၎င်းပြင်(ထိုအရှင်မြတ်သည်ပင်လျှင်) နေကိုလည်းကောင်း၊လကိုလည်းကောင်း၊ ကြယ်နက္ခတ်တို့ကို လည်းကောင်း၊ မိမိဩဇာခံများအဖြစ်(ဖန်ဆင်းတော်မူခဲ့လေသည်။) ဖန်ဆင်းမှုသည်လည်းကောင်း အမိန့်အာဏာတော်သည်လည်းကောင်း၊ ထိုအရှင်မြတ်၌သာလျှင် ရှိသည်ကို ကောင်းစွာမှတ်ယူကြလေကုန်။ စကြာဝဠာ ခပ်သိမ်းတို့ကို ဖန်ဆင်းမွေးမြူတော်မူသောအလ္လာဟ်အရှင်မြတ်သည် မင်္ဂလာအပေါင်းနှင့် ပြည့်စုံတော်မူချေသတည်း။
7:55
ٱدۡعُواْ رَبَّكُمۡ تَضَرُّعًا وَخُفۡيَةًۚ إِنَّهُۥ لَا يُحِبُّ ٱلۡمُعۡتَدِينَ ٥٥
အသင်တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်၌ (တစ်နည်းကျိုးနွံစွာ ဆုတောင်းပတ္ထနာပြုကြလေကုန်၊ ဧကန်စင်စစ် ထိုအရှင်မြတ်သည် စည်းကမ်းကျူးလွန် ဖောက်ဖျက်သူတို့အား နှစ်မြို့တော်မူသည်မဟုတ်ချေ။)
7:56
وَلَا تُفۡسِدُواْ فِي ٱلۡأَرۡضِ بَعۡدَ إِصۡلَٰحِهَا وَٱدۡعُوهُ خَوۡفًا وَطَمَعًاۚ إِنَّ رَحۡمَتَ ٱللَّهِ قَرِيبٌ مِّنَ ٱلۡمُحۡسِنِينَ ٥٦
၎င်းပြင် အသင်တို့သည် ကမ္ဘာမြေပြင်ကို တင့်တယ်ကောင်းမွန်အောင် ပြုလုပ်ပြီးသည့်နောက် ထိုကမ္ဘာမြေပြင်၌ ပျက်စီးရာပျက်စီးကြောင်းကို မပြုလုပ်ကြကုန်လင့်။ ထို့ပြင်အသင်တို့သည် ထိုအရှင်မြတ်ကို ကြောက်ရွံ့စွာဖြင့်လည်းကောင်း၊ မျှော်လင့်ချက်ထားကာ ဟစ်ခေါ်ကြလေကုန်။ စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်၏ကရုဏာတော်သည်ကားကောင်းမှု ပြုသူတို့နှင့် အလွန်နီးကပ်လျက်ရှိပေသတည်း။
7:57
وَهُوَ ٱلَّذِي يُرۡسِلُ ٱلرِّيَٰحَ بُشۡرَۢا بَيۡنَ يَدَيۡ رَحۡمَتِهِۦۖ حَتَّىٰٓ إِذَآ أَقَلَّتۡ سَحَابًا ثِقَالًا سُقۡنَٰهُ لِبَلَدٍ مَّيِّتٍ فَأَنزَلۡنَا بِهِ ٱلۡمَآءَ فَأَخۡرَجۡنَا بِهِۦ مِن كُلِّ ٱلثَّمَرَٰتِۚ كَذَٰلِكَ نُخۡرِجُ ٱلۡمَوۡتَىٰ لَعَلَّكُمۡ تَذَكَّرُونَ ٥٧
၎င်းပြင် ထိုအရှင်မြတ်သည်ပင်လျှင် မိမိ ကရုဏာတော်(ဝါ)မိုးမရွာမီ လေများကို ရှေ့ပြေး သတင်းကောင်းအဖြစ်စေလွှတ်တော်မူသောအရှင်ဖြစ်တော်မူ၏။ နောက်ဆုံးတွင် ထိုလေများသည် လေးလံသောမိုးတိမ်များ သယ်ပိုးယူဆောင်လာသောအခါ ငါအရှင်မြတ်သည် ထိုမိုးတိမ်များကိုခြောက်သွေ့လျက်ရှိသော မြို့ရွာဒေသသို့ မောင်းနှင် (ပို့ဆောင်)တော်မူ၏။ ထို့နောက် ငါအရှင်မြတ်သည် ယင်းမိုးတိမ်ဖြင့်ရေကို ချပေးတော်မူ၏။ ထို့နောက် တဖန် ငါအရှင်မြတ်သည်ထိုရေဖြင့် သစ်သီးဝလံမျိုးစုံတို့ကို ပေါက်ရောက်စေတော်မူ၏။ဤနည်းအတိုင်းပင် ငါအရှင်မြတ်သည် သူသေတို့အား (သချႋုင်းတွင်းမှ) ထွက်စေတော်မူအံ့။ သို့မှသာလျှင် အသင်တို့သည်တရားရကြကုန်အံ့။
العربيةEnglishBahasa IndonesiaTürkçeРусскийفارسیFrançaisاردوবাংলাDeutschEspañol中文हिन्दीPortuguêsItalianoภาษาไทยPolskiNederlandsShqipKiswahiliO'zbekதமிழ்MelayuBosanskiSoomaaliAzərbaycanکوردی한국어日本語SvenskaDanskNorskپښتوമലയാളംසිංහලTamazightHausaአማርኛБългарскиТоҷикӣҚазақшаFilipinoسنڌيYorùbáFulfuldeТатарчаئۇيغۇرچەКыргызчаਪੰਜਾਬੀJawaతెలుగుမြန်မာગુજરાતીOromoमराठीTiếng ViệtMalagasyНохчийнWolofދިވެހިಕನ್ನಡУкраїнськаΕλληνικάქართულიខ្មែរدریQafar afMaranaoनेपाली
ကုရ်အာန်ကျမ်း
Saturday, August 22, 2026
Don't forget us in your sincere prayers







