အလ်-အာအ်ရာဖ် · 57/206
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အာအ်ရာဖ်
وَهُوَ الَّذِي يُرْسِلُ الرِّيَاحَ بُشْرًا بَيْنَ يَدَيْ رَحْمَتِهِ ۖ حَتَّىٰ إِذَا أَقَلَّتْ سَحَابًا ثِقَالًا سُقْنَاهُ لِبَلَدٍ مَّيِّتٍ فَأَنزَلْنَا بِهِ الْمَاءَ فَأَخْرَجْنَا بِهِ مِن كُلِّ الثَّمَرَاتِ ۚ كَذَٰلِكَ نُخْرِجُ الْمَوْتَىٰ لَعَلَّكُمْ تَذَكَّرُونَ ۝٥٧
Wa Huwal lazee yursilur riyaaha bushram baina yadai rahmatihee hattaaa izaaa aqallat sahaaban siqaalan suqnaahu libaladim maiyitin fa annzalnaa bihil maaa`a fa akhrajnaa bihee minn kullis samaraat; kazaalika nukhrijul mawtaa la`allakum tazakkaroon
📖 မြန်မာဘာသာ
၎င်းပြင် ထိုအရှင်မြတ်သည်ပင်လျှင် မိမိ ကရုဏာတော်(ဝါ)မိုးမရွာမီ လေများကို ရှေ့ပြေး သတင်းကောင်းအဖြစ်စေလွှတ်တော်မူသောအရှင်ဖြစ်တော်မူ၏။ နောက်ဆုံးတွင် ထိုလေများသည် လေးလံသောမိုးတိမ်များ သယ်ပိုးယူဆောင်လာသောအခါ ငါအရှင်မြတ်သည် ထိုမိုးတိမ်များကိုခြောက်သွေ့လျက်ရှိသော မြို့ရွာဒေသသို့ မောင်းနှင် (ပို့ဆောင်)တော်မူ၏။ ထို့နောက် ငါအရှင်မြတ်သည် ယင်းမိုးတိမ်ဖြင့်ရေကို ချပေးတော်မူ၏။ ထို့နောက် တဖန် ငါအရှင်မြတ်သည်ထိုရေဖြင့် သစ်သီးဝလံမျိုးစုံတို့ကို ပေါက်ရောက်စေတော်မူ၏။ဤနည်းအတိုင်းပင် ငါအရှင်မြတ်သည် သူသေတို့အား (သချႋုင်းတွင်းမှ) ထွက်စေတော်မူအံ့။ သို့မှသာလျှင် အသင်တို့သည်တရားရကြကုန်အံ့။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 55-59 — စူရာ အလ်-အာအ်ရာဖ်

55ادْعُوا رَبَّكُمْ تَضَرُّعًا وَخُفْيَةً ۚ إِنَّهُ لَا يُحِبُّ الْمُعْتَدِينَ
အသင်တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်၌ (တစ်နည်းကျိုးနွံစွာ ဆုတောင်းပတ္ထနာပြုကြလေကုန်၊ ဧကန်စင်စစ် ထိုအရှင်မြတ်သည် စည်းကမ်းကျူးလွန် ဖောက်ဖျက်သူတို့အား နှစ်မြို့တော်မူသည်မဟုတ်ချေ။)
56وَلَا تُفْسِدُوا فِي الْأَرْضِ بَعْدَ إِصْلَاحِهَا وَادْعُوهُ خَوْفًا وَطَمَعًا ۚ إِنَّ رَحْمَتَ اللَّهِ قَرِيبٌ مِّنَ الْمُحْسِنِينَ
၎င်းပြင် အသင်တို့သည် ကမ္ဘာမြေပြင်ကို တင့်တယ်ကောင်းမွန်အောင် ပြုလုပ်ပြီးသည့်နောက် ထိုကမ္ဘာမြေပြင်၌ ပျက်စီးရာပျက်စီးကြောင်းကို မပြုလုပ်ကြကုန်လင့်။ ထို့ပြင်အသင်တို့သည် ထိုအရှင်မြတ်ကို ကြောက်ရွံ့စွာဖြင့်လည်းကောင်း၊ မျှော်လင့်ချက်ထားကာ ဟစ်ခေါ်ကြလေကုန်။ စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်၏ကရုဏာတော်သည်ကားကောင်းမှု ပြုသူတို့နှင့် အလွန်နီးကပ်လျက်ရှိပေသတည်း။
57وَهُوَ الَّذِي يُرْسِلُ الرِّيَاحَ بُشْرًا بَيْنَ يَدَيْ رَحْمَتِهِ ۖ حَتَّىٰ إِذَا أَقَلَّتْ سَحَابًا ثِقَالًا سُقْنَاهُ لِبَلَدٍ مَّيِّتٍ فَأَنزَلْنَا بِهِ الْمَاءَ فَأَخْرَجْنَا بِهِ مِن كُلِّ الثَّمَرَاتِ ۚ كَذَٰلِكَ نُخْرِجُ الْمَوْتَىٰ لَعَلَّكُمْ تَذَكَّرُونَ
၎င်းပြင် ထိုအရှင်မြတ်သည်ပင်လျှင် မိမိ ကရုဏာတော်(ဝါ)မိုးမရွာမီ လေများကို ရှေ့ပြေး သတင်းကောင်းအဖြစ်စေလွှတ်တော်မူသောအရှင်ဖြစ်တော်မူ၏။ နောက်ဆုံးတွင် ထိုလေများသည် လေးလံသောမိုးတိမ်များ သယ်ပိုးယူဆောင်လာသောအခါ ငါအရှင်မြတ်သည် ထိုမိုးတိမ်များကိုခြောက်သွေ့လျက်ရှိသော မြို့ရွာဒေသသို့ မောင်းနှင် (ပို့ဆောင်)တော်မူ၏။ ထို့နောက် ငါအရှင်မြတ်သည် ယင်းမိုးတိမ်ဖြင့်ရေကို ချပေးတော်မူ၏။ ထို့နောက် တဖန် ငါအရှင်မြတ်သည်ထိုရေဖြင့် သစ်သီးဝလံမျိုးစုံတို့ကို ပေါက်ရောက်စေတော်မူ၏။ဤနည်းအတိုင်းပင် ငါအရှင်မြတ်သည် သူသေတို့အား (သချႋုင်းတွင်းမှ) ထွက်စေတော်မူအံ့။ သို့မှသာလျှင် အသင်တို့သည်တရားရကြကုန်အံ့။
58وَالْبَلَدُ الطَّيِّبُ يَخْرُجُ نَبَاتُهُ بِإِذْنِ رَبِّهِ ۖ وَالَّذِي خَبُثَ لَا يَخْرُجُ إِلَّا نَكِدًا ۚ كَذَٰلِكَ نُصَرِّفُ الْآيَاتِ لِقَوْمٍ يَشْكُرُونَ
အမှန်သော်ကား (မြေဩဇာ)ကောင်းမွန် သန့်စင်သောမြေ၌၊ထိုမြေမှ ၎င်းကိုဖန်ဆင်းတော်မူသောအရှင်မြတ်၏အမိန့်တော်ဖြင့် ဟင်းသီးဟင်းရွက်၊ ကောက်ပဲသီးနှံများသည်(ကောင်းမွန်များပြားစွာ)ပေါက်ရောက်လေ၏။ သို့ရာတွင်(မြေဩဇာ) မကောင်းသောမြေမှာမူကား၊ အလွန်ခဲယဉ်းစွာပေါက်ရောက်လေ၏။ ငါအရှင်မြတ်သည် ဤနည်းအတိုင်းပင်သက်သေသာဓကများကို ကျေးဇူးသိတတ်သူတို့အဖို့ နည်းအမျိုးမျိုးဖြင့် ညွှန်ပြမိန့်ကြားတော်မူခဲ့လေသတည်း။(ရကူ)
59لَقَدْ أَرْسَلْنَا نُوحًا إِلَىٰ قَوْمِهِ فَقَالَ يَا قَوْمِ اعْبُدُوا اللَّهَ مَا لَكُم مِّنْ إِلَٰهٍ غَيْرُهُ إِنِّي أَخَافُ عَلَيْكُمْ عَذَابَ يَوْمٍ عَظِيمٍ
စင်စစ်ဧကန် ငါအရှင်မြတ်သည် (နဗီတမ်တော်)နူဟ်ကို၊ ၎င်း၏အမျိုးသားတို့ထံ စေလွှတ်တော်မူခဲ့လေသည်။ထိုအခါ ယင်း(နဗီတမန်တော်) နူဟ်က (မိမိအမျိုးသားတို့အား)အို-ငါ၏ အမျိုးသား အပေါင်း�ို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကိုသာလျှင် ခဝပ်ကိုးကွယ်ကြလေကုန်။ အသင်တို့၌အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားခဝပ်ကိုးကွယ်ရာ အလျဉ်းမရှိပြီ။ ငါသည် အသင်တို့အပေါ်၌ အလွန် ကြီးကျယ်သောနေ့၏ ပြစ်ဒဏ် (သက်ရောက်မည်) ကို မလွဲဧကန် စိုးရိမ်မိသည်ဟုပြောကြားခဲ့လေသည်။
အလ်-အာအ်ရာဖ်ကုရ်အာန် ညွှန်းကိန်း
206အာယာသ်
MeccanRevelation
57အာယာသ်

ဘာသာပြန် — အလ်-အာအ်ရာဖ် 57

စူရာ အလ်-အာအ်ရာဖ် အာယာသ် 57 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းပြင် ထိုအရှင်မြတ်သည်ပင်လျှင် မိမိ ကရုဏာတော်(ဝါ)မိုးမရွာမီ လေများကို ရှေ့ပြေး သတင်းကောင်းအဖြစ်စေလွှတ်တော်မူသောအရှင်ဖြစ်တော်မူ၏။ နောက်ဆုံးတွင် ထိုလေများသည် လေးလံသောမိုးတိမ်များ…

စူရာ အာယာသ် 57/206 — စူရာ အလ်-အာအ်ရာဖ် الأعراف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အာအ်ရာဖ် နားထောင်, စူရာ အလ်-အာအ်ရာဖ် ဘာသာပြန်, စူရာ အလ်-အာအ်ရာဖ် mp3, စူရာ အလ်-အာအ်ရာဖ် pdf. အာယာသ် 55–59. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, September 30, 2026

Don't forget us in your sincere prayers