အလ်-အာအ်ရာဖ် · 53/206
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အာအ်ရာဖ်
هَلْ يَنظُرُونَ إِلَّا تَأْوِيلَهُ ۚ يَوْمَ يَأْتِي تَأْوِيلُهُ يَقُولُ الَّذِينَ نَسُوهُ مِن قَبْلُ قَدْ جَاءَتْ رُسُلُ رَبِّنَا بِالْحَقِّ فَهَل لَّنَا مِن شُفَعَاءَ فَيَشْفَعُوا لَنَا أَوْ نُرَدُّ فَنَعْمَلَ غَيْرَ الَّذِي كُنَّا نَعْمَلُ ۚ قَدْ خَسِرُوا أَنفُسَهُمْ وَضَلَّ عَنْهُم مَّا كَانُوا يَفْتَرُونَ ۝٥٣
hal yanzuroona illaa taa weelah; yawma yaatee taaweeluhoo yaqoolul lazeena nasoohu min qablu qad jaaa`at Rusulu Rabbinaa bilhaqq; fahal lanaa min shufa`aaa`a fa yashfa`oo lanaaa aw nuraddu fana`mala ghairal lazee kunnaa na`mal; qad khasirooo anfusahum wa dalla `anhum maa kaanoo yaftaroon
📖 မြန်မာဘာသာ
း53| ၎င်းတို့သည် ထို(ကုရ်အာန်)ကျမ်း(လာအမိန့်တော်)၏ နောက်ဆုံးအကျိုးကိုသာလျှင် စောင့်မျှော် လျက်ရှိကြကုန်သည်။ ထို(ကုရ်အာန်)ကျမ်း(လာ အမိန့်တော်)၏နောက်ဆုံးအကျိုးရောက်ရှိလာသောနေ့တွင် ထိုနေ့ကို ယခင်ကမေ့လျှော့၍နေသောသူတို့က ဧကန်စင်စစ် ကျွန်ုပ်တို့အရှင်မြတ်၏ရစူလ်တမန်တော်တို့သည် အမှန်ကိုသာယူဆောင်ခဲ့ကြလေသည်။ သို့ဖြစ်ပေရာ (ယခုသော်) ကျွန်ုပ်တို့အဖို့ ကြားဝင်တောင်းပန်မည့်သူ ရှိပါဦးမည်လော။ သို့ရှိပါလျှင် ထိုသူတို့သည် ကျွန်ုပ်တို့အဖို့ကြားဝင်တောင်းပန်၍ ပေးကြအံ့။ သို့တည်းမဟုတ် ကျွန်ုပ်တို့သည်(ကမ္ဘာလောကသို့)ပြန်လွှတ်ခြင်းကို ခံကြရပါဦးမည်လော။သို့ပြန်လွှတ်ခြင်းကို ခံကြရပါလျှင် ကျွန်ုပ်တို့သည် မိမိတို့ပြုလုပ်ခဲ့ကြသည့်အရာ (မကောင်းမှု)တို့နှင့်ဆန့်ကျင်၍ (ကောင်းမှုများကိုသာ)ပြုလုပ်ကြကုန်အံ့ဟု (ညည်းညူ) ပြောဆိုကြလတ္တံ့။ထိုသူတို့သည် ဧကန်မလွဲ မိမိတို့ကိုယ်ကို နစ်နာဆုံးရှုံးအောင်ပြုလုပ်ခဲ့ချေပြီ။ ၎င်းပြင် ထိုသူတို့ ကြံဖန်လီဆယ်၍ ပြောဆိုခဲ့ကြသည်များလည်း ထိုသူတို့ထံမှ ပျောက်ကွယ်သွားကြချေပြီတကား။(ရကူ)

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 51-55 — စူရာ အလ်-အာအ်ရာဖ်

51الَّذِينَ اتَّخَذُوا دِينَهُمْ لَهْوًا وَلَعِبًا وَغَرَّتْهُمُ الْحَيَاةُ الدُّنْيَا ۚ فَالْيَوْمَ نَنسَاهُمْ كَمَا نَسُوا لِقَاءَ يَوْمِهِمْ هَٰذَا وَمَا كَانُوا بِآيَاتِنَا يَجْحَدُونَ
အကြင် (ကာဖိရ်မယုံမကြည် သွေဖည်ငြင်းပယ်)သူတို့သည် မိမိတို့ ယုံကြည်လိုက်နာကြရမည် ဖြစ်သော) ဒီန်သာသနာတော်ကို ပျော်ရွှင်ဖွယ်ရာနှင့် ကစားစရာများ ပြုလုပ်ခဲ့ကြကုန်၏။ ၎င်းပြင် ပစ္စုပ္ပန်လောကီဘဝ၌ အသက်ရှင်ခြင်းသည် ထိုသူအား ဖြားယောင်းခဲ့လေသည်။ သို့ဖြစ်ပေရာ ယနေ့မူကား ထိုသူတို့သည် ဤ(ကိယာမတ်ခေါ်ရှင်ပြန်ထရမည့်) နေ့နှင့် ကြုံကြိုက်သည်ကို မေ့ပျောက်ခဲ့ကြဘိသကဲ့သို့လည်းကောင်း၊ငါအရှင်မြတ်၏ဒေသနာတော်များကို ငြင်းပယ်ခဲ့ ကြဘိသကဲ့သို့လည်းကောင်း၊ ငါအရှင်မြတ်သည်လည်း ထိုသူတို့အား မေ့ပစ်ထားတော်မူအံ့။
52وَلَقَدْ جِئْنَاهُم بِكِتَابٍ فَصَّلْنَاهُ عَلَىٰ عِلْمٍ هُدًى وَرَحْمَةً لِّقَوْمٍ يُؤْمِنُونَ
ဧကန်အမှန် ငါအရှင်မြတ်သည် ထိုသူတို့ထံ(အကြင်ကုရ်အာန်)ကျမ်းတော်မြတ်ကို ပို့တော် မူခဲ့လေသည်။ငါအရှင်မြတ်သည် ထိုကျမ်းဂန်ကို (မိမိ) ဉာဏ်တော်ဖြင့် ရှင်းလင်းဖော်ပြ တော်မူခဲ့သည်။ (ထိုကျမ်းဂန်သည်) အီမာန်သက်ဝင်ယုံကြည်သော မုအ်မင်န်များအဖို့ တရားလမ်းညွှန် လည်းဖြစ်သည်။ ကရုဏာတော်လည်း ဖြစ်သည်။
53هَلْ يَنظُرُونَ إِلَّا تَأْوِيلَهُ ۚ يَوْمَ يَأْتِي تَأْوِيلُهُ يَقُولُ الَّذِينَ نَسُوهُ مِن قَبْلُ قَدْ جَاءَتْ رُسُلُ رَبِّنَا بِالْحَقِّ فَهَل لَّنَا مِن شُفَعَاءَ فَيَشْفَعُوا لَنَا أَوْ نُرَدُّ فَنَعْمَلَ غَيْرَ الَّذِي كُنَّا نَعْمَلُ ۚ قَدْ خَسِرُوا أَنفُسَهُمْ وَضَلَّ عَنْهُم مَّا كَانُوا يَفْتَرُونَ
း53| ၎င်းတို့သည် ထို(ကုရ်အာန်)ကျမ်း(လာအမိန့်တော်)၏ နောက်ဆုံးအကျိုးကိုသာလျှင် စောင့်မျှော် လျက်ရှိကြကုန်သည်။ ထို(ကုရ်အာန်)ကျမ်း(လာ အမိန့်တော်)၏နောက်ဆုံးအကျိုးရောက်ရှိလာသောနေ့တွင် ထိုနေ့ကို ယခင်ကမေ့လျှော့၍နေသောသူတို့က ဧကန်စင်စစ် ကျွန်ုပ်တို့အရှင်မြတ်၏ရစူလ်တမန်တော်တို့သည် အမှန်ကိုသာယူဆောင်ခဲ့ကြလေသည်။ သို့ဖြစ်ပေရာ (ယခုသော်) ကျွန်ုပ်တို့အဖို့ ကြားဝင်တောင်းပန်မည့်သူ ရှိပါဦးမည်လော။ သို့ရှိပါလျှင် ထိုသူတို့သည် ကျွန်ုပ်တို့အဖို့ကြားဝင်တောင်းပန်၍ ပေးကြအံ့။ သို့တည်းမဟုတ် ကျွန်ုပ်တို့သည်(ကမ္ဘာလောကသို့)ပြန်လွှတ်ခြင်းကို ခံကြရပါဦးမည်လော။သို့ပြန်လွှတ်ခြင်းကို ခံကြရပါလျှင် ကျွန်ုပ်တို့သည် မိမိတို့ပြုလုပ်ခဲ့ကြသည့်အရာ (မကောင်းမှု)တို့နှင့်ဆန့်ကျင်၍ (ကောင်းမှုများကိုသာ)ပြုလုပ်ကြကုန်အံ့ဟု (ညည်းညူ) ပြောဆိုကြလတ္တံ့။ထိုသူတို့သည် ဧကန်မလွဲ မိမိတို့ကိုယ်ကို နစ်နာဆုံးရှုံးအောင်ပြုလုပ်ခဲ့ချေပြီ။ ၎င်းပြင် ထိုသူတို့ ကြံဖန်လီဆယ်၍ ပြောဆိုခဲ့ကြသည်များလည်း ထိုသူတို့ထံမှ ပျောက်ကွယ်သွားကြချေပြီတကား။(ရကူ)
54إِنَّ رَبَّكُمُ اللَّهُ الَّذِي خَلَقَ السَّمَاوَاتِ وَالْأَرْضَ فِي سِتَّةِ أَيَّامٍ ثُمَّ اسْتَوَىٰ عَلَى الْعَرْشِ يُغْشِي اللَّيْلَ النَّهَارَ يَطْلُبُهُ حَثِيثًا وَالشَّمْسَ وَالْقَمَرَ وَالنُّجُومَ مُسَخَّرَاتٍ بِأَمْرِهِ ۗ أَلَا لَهُ الْخَلْقُ وَالْأَمْرُ ۗ تَبَارَكَ اللَّهُ رَبُّ الْعَالَمِينَ
ဧကန်စင်စစ် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည်ကား ထိုအလ္လာဟ်အရှင်မြတ်ပင်တည်း။ ထိုအလ္လာဟ်အရှင်မြတ်သည် မိုးကောင်း�င်များကိုလည်းကောင်း၊ ပထဝီမြေ ကိုလည်းကောင်း၊ ခြောက်ရက်တွင်(ပြီးစီးအောင်)ဖန်ဆင်းတော်မူခဲ့၏။ ထိုနောက် ထိုအရှင်မြတ်သည် အရ်ရှ်ပလ’င်တော်ထက်၌စံမြန်းတော်မူခဲ့လေသည်။ ထိုအရှင်မြတ်သည် နေ့ကိုညဉ့်ဖြင့်ဖုံးအုပ်တော်မူလေသည်။ ထိုညဉ့်သည်၎င်းနေ့၏နောက်မှ လျင်မြန်စွာရောက်ရှိလာလေသည်။၎င်းပြင်(ထိုအရှင်မြတ်သည်ပင်လျှင်) နေကိုလည်းကောင်း၊လကိုလည်းကောင်း၊ ကြယ်နက္ခတ်တို့ကို လည်းကောင်း၊ မိမိဩဇာခံများအဖြစ်(ဖန်ဆင်းတော်မူခဲ့လေသည်။) ဖန်ဆင်းမှုသည်လည်းကောင်း အမိန့်အာဏာတော်သည်လည်းကောင်း၊ ထိုအရှင်မြတ်၌သာလျှင် ရှိသည်ကို ကောင်းစွာမှတ်ယူကြလေကုန်။ စကြာဝဠာ ခပ်သိမ်းတို့ကို ဖန်ဆင်းမွေးမြူတော်မူသောအလ္လာဟ်အရှင်မြတ်သည် မင်္ဂလာအပေါင်းနှင့် ပြည့်စုံတော်မူချေသတည်း။
55ادْعُوا رَبَّكُمْ تَضَرُّعًا وَخُفْيَةً ۚ إِنَّهُ لَا يُحِبُّ الْمُعْتَدِينَ
အသင်တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်၌ (တစ်နည်းကျိုးနွံစွာ ဆုတောင်းပတ္ထနာပြုကြလေကုန်၊ ဧကန်စင်စစ် ထိုအရှင်မြတ်သည် စည်းကမ်းကျူးလွန် ဖောက်ဖျက်သူတို့အား နှစ်မြို့တော်မူသည်မဟုတ်ချေ။)
အလ်-အာအ်ရာဖ်ကုရ်အာန် ညွှန်းကိန်း
206အာယာသ်
MeccanRevelation
53အာယာသ်

ဘာသာပြန် — အလ်-အာအ်ရာဖ် 53

စူရာ အလ်-အာအ်ရာဖ် အာယာသ် 53 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : း53| ၎င်းတို့သည် ထို(ကုရ်အာန်)ကျမ်း(လာအမိန့်တော်)၏ နောက်ဆုံးအကျိုးကိုသာလျှင် စောင့်မျှော် လျက်ရှိကြကုန်သည်။ ထို(ကုရ်အာန်)ကျမ်း(လာ အမိန့်တော်)၏နောက်ဆုံးအကျိုးရောက်ရှိလာသောနေ့တွင် ထိုနေ့ကို ယခင်ကမေ့လျှော့၍နေသောသူတို့က…

စူရာ အာယာသ် 53/206 — စူရာ အလ်-အာအ်ရာဖ် الأعراف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အာအ်ရာဖ် နားထောင်, စူရာ အလ်-အာအ်ရာဖ် ဘာသာပြန်, စူရာ အလ်-အာအ်ရာဖ် mp3, စူရာ အလ်-အာအ်ရာဖ် pdf. အာယာသ် 51–55. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, September 28, 2026

Don't forget us in your sincere prayers