အလ်-အာအ်ရာဖ် · 56/206
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အာအ်ရာဖ်
وَلَا تُفْسِدُوا فِي الْأَرْضِ بَعْدَ إِصْلَاحِهَا وَادْعُوهُ خَوْفًا وَطَمَعًا ۚ إِنَّ رَحْمَتَ اللَّهِ قَرِيبٌ مِّنَ الْمُحْسِنِينَ ۝٥٦
Wa laa tufsidoo fil ardi ba`da islaahihaa wad`oohu khawfanw wa tama`aa; inna rahmatal laahi qareebum minal muhsineen
📖 မြန်မာဘာသာ
၎င်းပြင် အသင်တို့သည် ကမ္ဘာမြေပြင်ကို တင့်တယ်ကောင်းမွန်အောင် ပြုလုပ်ပြီးသည့်နောက် ထိုကမ္ဘာမြေပြင်၌ ပျက်စီးရာပျက်စီးကြောင်းကို မပြုလုပ်ကြကုန်လင့်။ ထို့ပြင်အသင်တို့သည် ထိုအရှင်မြတ်ကို ကြောက်ရွံ့စွာဖြင့်လည်းကောင်း၊ မျှော်လင့်ချက်ထားကာ ဟစ်ခေါ်ကြလေကုန်။ စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်၏ကရုဏာတော်သည်ကားကောင်းမှု ပြုသူတို့နှင့် အလွန်နီးကပ်လျက်ရှိပေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ဤအာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ:
  • تُفْسِدُوا (သင်တို့ ဖျက်ဆီးကြပါနှင့်): ဖျက်ဆီးခြင်း၊ ပျက်စီးစေခြင်း၊ အနှောင့်အယှက် ဖြစ်စေခြင်းကို ဆိုလိုသည်။
  • إِصْلَاحِهَا (ထိုမြေကြီးကို ပြုပြင်ခြင်း): မြေကြီးကို ကောင်းမွန်အောင် ပြုပြင်ခြင်း၊ တည်ငြိမ်အောင် ပြုလုပ်ခြင်းကို ဆိုလိုသည်။
  • خَوْفًا (ကြောက်ရွံ့ခြင်းဖြင့်): အလ္လာဟ်အရှင်မြတ်၏ ပြစ်ဒဏ်တော်ကို ကြောက်ရွံ့ခြင်းကို ဆိုလိုသည်။
  • طَمَعًا (မျှော်လင့်ခြင်းဖြင့်): အလ္လာဟ်အရှင်မြတ်၏ ဆုလာဘ်တော်ကို မျှော်လင့်ခြင်းကို ဆိုလိုသည်။
  • الْمُحْسِنِينَ (ကောင်းမှုပြုသူများ): ကောင်းမှုကုသိုလ်များကို စေတနာဖြင့် ပြုလုပ်သူများကို ဆိုလိုသည်။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်:

အလ္လာဟ်အရှင်မြတ်သည် လူသားတို့အား မြေကြီးပေါ်တွင် မည်သည့်နည်းနှင့်မျှ ဖျက်ဆီးမှုများ မပြုလုပ်ကြရန် မိန့်ကြားတော်မူသည်။ အထူးသဖြင့် တမန်တော်များကို စေလွှတ်တော်မူပြီး အလ္လာဟ်အရှင်မြတ်ကို နာခံကိုးကွယ်ခြင်းဖြင့် မြေကြီးကို ပြုပြင်တည်ဆောက်ပြီးနောက်၊ ထိုမြေကြီးပေါ်တွင် မကောင်းမှုများ၊ အပြစ်များ၊ မတရားမှုများ ပြုလုပ်ခြင်းဖြင့် ဖျက်ဆီးခြင်းကို ရှောင်ကြဉ်ရမည်။ ထို့နောက် အလ္လာဟ်အရှင်မြတ်ကို စိတ်ရင်းမှန်ဖြင့် ဆုတောင်းပဌနာပြုရမည်။ ထိုသို့ ဆုတောင်းရာတွင် အရှင်မြတ်၏ ပြစ်ဒဏ်တော်ကို ကြောက်ရွံ့သော စိတ်နှင့်လည်းကောင်း၊ အရှင်မြတ်၏ ဆုလာဘ်တော်ကို မျှော်လင့်သော စိတ်နှင့်လည်းကောင်း ဆုတောင်းရမည်။ အကြောင်းမှာ အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်သည် ကောင်းမှုပြုသူများနှင့် အလွန်နီးကပ်လျက် ရှိပေသည်။ ထို့ကြောင့် ကောင်းမှုပြုသူများထဲတွင် ပါဝင်ကြရမည်။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် အစ္စလာမ်ဘာသာနှင့် ကုရ်အာန်ကျမ်းတော်မြတ်အပေါ် ချစ်မြတ်နိုးမှု တိုးပွားစေသော သင်ခန်းစာများ:
  • အလ္လာဟ်အရှင်မြတ်သည် လူသားတို့အား မြေကြီးပေါ်တွင် ဖျက်ဆီးမှုများ မပြုလုပ်ရန် တားမြစ်ထားတော်မူသည်။ ဤအမိန့်တော်သည် လူသားတို့၏ လူမှုဘဝ၊ စီးပွားရေး၊ ပတ်ဝန်းကျင်နှင့် ကိုယ်ကျင့်တရားဆိုင်ရာ ကဏ္ဍအားလုံးတွင် ငြ


📜 အာယာသ် 54-58 — စူရာ အလ်-အာအ်ရာဖ်

54إِنَّ رَبَّكُمُ اللَّهُ الَّذِي خَلَقَ السَّمَاوَاتِ وَالْأَرْضَ فِي سِتَّةِ أَيَّامٍ ثُمَّ اسْتَوَىٰ عَلَى الْعَرْشِ يُغْشِي اللَّيْلَ النَّهَارَ يَطْلُبُهُ حَثِيثًا وَالشَّمْسَ وَالْقَمَرَ وَالنُّجُومَ مُسَخَّرَاتٍ بِأَمْرِهِ ۗ أَلَا لَهُ الْخَلْقُ وَالْأَمْرُ ۗ تَبَارَكَ اللَّهُ رَبُّ الْعَالَمِينَ
ဧကန်စင်စစ် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည်ကား ထိုအလ္လာဟ်အရှင်မြတ်ပင်တည်း။ ထိုအလ္လာဟ်အရှင်မြတ်သည် မိုးကောင်း�င်များကိုလည်းကောင်း၊ ပထဝီမြေ ကိုလည်းကောင်း၊ ခြောက်ရက်တွင်(ပြီးစီးအောင်)ဖန်ဆင်းတော်မူခဲ့၏။ ထိုနောက် ထိုအရှင်မြတ်သည် အရ်ရှ်ပလ’င်တော်ထက်၌စံမြန်းတော်မူခဲ့လေသည်။ ထိုအရှင်မြတ်သည် နေ့ကိုညဉ့်ဖြင့်ဖုံးအုပ်တော်မူလေသည်။ ထိုညဉ့်သည်၎င်းနေ့၏နောက်မှ လျင်မြန်စွာရောက်ရှိလာလေသည်။၎င်းပြင်(ထိုအရှင်မြတ်သည်ပင်လျှင်) နေကိုလည်းကောင်း၊လကိုလည်းကောင်း၊ ကြယ်နက္ခတ်တို့ကို လည်းကောင်း၊ မိမိဩဇာခံများအဖြစ်(ဖန်ဆင်းတော်မူခဲ့လေသည်။) ဖန်ဆင်းမှုသည်လည်းကောင်း အမိန့်အာဏာတော်သည်လည်းကောင်း၊ ထိုအရှင်မြတ်၌သာလျှင် ရှိသည်ကို ကောင်းစွာမှတ်ယူကြလေကုန်။ စကြာဝဠာ ခပ်သိမ်းတို့ကို ဖန်ဆင်းမွေးမြူတော်မူသောအလ္လာဟ်အရှင်မြတ်သည် မင်္ဂလာအပေါင်းနှင့် ပြည့်စုံတော်မူချေသတည်း။
55ادْعُوا رَبَّكُمْ تَضَرُّعًا وَخُفْيَةً ۚ إِنَّهُ لَا يُحِبُّ الْمُعْتَدِينَ
အသင်တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်၌ (တစ်နည်းကျိုးနွံစွာ ဆုတောင်းပတ္ထနာပြုကြလေကုန်၊ ဧကန်စင်စစ် ထိုအရှင်မြတ်သည် စည်းကမ်းကျူးလွန် ဖောက်ဖျက်သူတို့အား နှစ်မြို့တော်မူသည်မဟုတ်ချေ။)
56وَلَا تُفْسِدُوا فِي الْأَرْضِ بَعْدَ إِصْلَاحِهَا وَادْعُوهُ خَوْفًا وَطَمَعًا ۚ إِنَّ رَحْمَتَ اللَّهِ قَرِيبٌ مِّنَ الْمُحْسِنِينَ
၎င်းပြင် အသင်တို့သည် ကမ္ဘာမြေပြင်ကို တင့်တယ်ကောင်းမွန်အောင် ပြုလုပ်ပြီးသည့်နောက် ထိုကမ္ဘာမြေပြင်၌ ပျက်စီးရာပျက်စီးကြောင်းကို မပြုလုပ်ကြကုန်လင့်။ ထို့ပြင်အသင်တို့သည် ထိုအရှင်မြတ်ကို ကြောက်ရွံ့စွာဖြင့်လည်းကောင်း၊ မျှော်လင့်ချက်ထားကာ ဟစ်ခေါ်ကြလေကုန်။ စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်၏ကရုဏာတော်သည်ကားကောင်းမှု ပြုသူတို့နှင့် အလွန်နီးကပ်လျက်ရှိပေသတည်း။
57وَهُوَ الَّذِي يُرْسِلُ الرِّيَاحَ بُشْرًا بَيْنَ يَدَيْ رَحْمَتِهِ ۖ حَتَّىٰ إِذَا أَقَلَّتْ سَحَابًا ثِقَالًا سُقْنَاهُ لِبَلَدٍ مَّيِّتٍ فَأَنزَلْنَا بِهِ الْمَاءَ فَأَخْرَجْنَا بِهِ مِن كُلِّ الثَّمَرَاتِ ۚ كَذَٰلِكَ نُخْرِجُ الْمَوْتَىٰ لَعَلَّكُمْ تَذَكَّرُونَ
၎င်းပြင် ထိုအရှင်မြတ်သည်ပင်လျှင် မိမိ ကရုဏာတော်(ဝါ)မိုးမရွာမီ လေများကို ရှေ့ပြေး သတင်းကောင်းအဖြစ်စေလွှတ်တော်မူသောအရှင်ဖြစ်တော်မူ၏။ နောက်ဆုံးတွင် ထိုလေများသည် လေးလံသောမိုးတိမ်များ သယ်ပိုးယူဆောင်လာသောအခါ ငါအရှင်မြတ်သည် ထိုမိုးတိမ်များကိုခြောက်သွေ့လျက်ရှိသော မြို့ရွာဒေသသို့ မောင်းနှင် (ပို့ဆောင်)တော်မူ၏။ ထို့နောက် ငါအရှင်မြတ်သည် ယင်းမိုးတိမ်ဖြင့်ရေကို ချပေးတော်မူ၏။ ထို့နောက် တဖန် ငါအရှင်မြတ်သည်ထိုရေဖြင့် သစ်သီးဝလံမျိုးစုံတို့ကို ပေါက်ရောက်စေတော်မူ၏။ဤနည်းအတိုင်းပင် ငါအရှင်မြတ်သည် သူသေတို့အား (သချႋုင်းတွင်းမှ) ထွက်စေတော်မူအံ့။ သို့မှသာလျှင် အသင်တို့သည်တရားရကြကုန်အံ့။
58وَالْبَلَدُ الطَّيِّبُ يَخْرُجُ نَبَاتُهُ بِإِذْنِ رَبِّهِ ۖ وَالَّذِي خَبُثَ لَا يَخْرُجُ إِلَّا نَكِدًا ۚ كَذَٰلِكَ نُصَرِّفُ الْآيَاتِ لِقَوْمٍ يَشْكُرُونَ
အမှန်သော်ကား (မြေဩဇာ)ကောင်းမွန် သန့်စင်သောမြေ၌၊ထိုမြေမှ ၎င်းကိုဖန်ဆင်းတော်မူသောအရှင်မြတ်၏အမိန့်တော်ဖြင့် ဟင်းသီးဟင်းရွက်၊ ကောက်ပဲသီးနှံများသည်(ကောင်းမွန်များပြားစွာ)ပေါက်ရောက်လေ၏။ သို့ရာတွင်(မြေဩဇာ) မကောင်းသောမြေမှာမူကား၊ အလွန်ခဲယဉ်းစွာပေါက်ရောက်လေ၏။ ငါအရှင်မြတ်သည် ဤနည်းအတိုင်းပင်သက်သေသာဓကများကို ကျေးဇူးသိတတ်သူတို့အဖို့ နည်းအမျိုးမျိုးဖြင့် ညွှန်ပြမိန့်ကြားတော်မူခဲ့လေသတည်း။(ရကူ)
အလ်-အာအ်ရာဖ်ကုရ်အာန် ညွှန်းကိန်း
206အာယာသ်
MeccanRevelation
56အာယာသ်

ဘာသာပြန် — အလ်-အာအ်ရာဖ် 56

စူရာ အလ်-အာအ်ရာဖ် အာယာသ် 56 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းပြင် အသင်တို့သည် ကမ္ဘာမြေပြင်ကို တင့်တယ်ကောင်းမွန်အောင် ပြုလုပ်ပြီးသည့်နောက် ထိုကမ္ဘာမြေပြင်၌ ပျက်စီးရာပျက်စီးကြောင်းကို မပြုလုပ်ကြကုန်လင့်။ ထို့ပြင်အသင်တို့သည် ထိုအရှင်မြတ်ကို…

စူရာ အာယာသ် 56/206 — စူရာ အလ်-အာအ်ရာဖ် الأعراف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အာအ်ရာဖ် နားထောင်, စူရာ အလ်-အာအ်ရာဖ် ဘာသာပြန်, စူရာ အလ်-အာအ်ရာဖ် mp3, စူရာ အလ်-အာအ်ရာဖ် pdf. အာယာသ် 54–58. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, October 21, 2026

Don't forget us in your sincere prayers