📖 0/604 ဖတ်ပြီးသောစာမျက်နှာများ
📄 168
قَالَ يَٰمُوسَىٰٓ إِنِّي ٱصۡطَفَيۡتُكَ عَلَى ٱلنَّاسِ بِرِسَٰلَٰتِي وَبِكَلَٰمِي فَخُذۡ مَآ ءَاتَيۡتُكَ وَكُن مِّنَ ٱلشَّٰكِرِينَ  ۝١٤٤ وَكَتَبۡنَا لَهُۥ فِي ٱلۡأَلۡوَاحِ مِن كُلِّ شَيۡءٍ مَّوۡعِظَةً وَتَفۡصِيلًا لِّكُلِّ شَيۡءٍ فَخُذۡهَا بِقُوَّةٍ وَأۡمُرۡ قَوۡمَكَ يَأۡخُذُواْ بِأَحۡسَنِهَاۚ سَأُوْرِيكُمۡ دَارَ ٱلۡفَٰسِقِينَ  ۝١٤٥ سَأَصۡرِفُ عَنۡ ءَايَٰتِيَ ٱلَّذِينَ يَتَكَبَّرُونَ فِي ٱلۡأَرۡضِ بِغَيۡرِ ٱلۡحَقِّ وَإِن يَرَوۡاْ كُلَّ ءَايَةٍ لَّا يُؤۡمِنُواْ بِهَا وَإِن يَرَوۡاْ سَبِيلَ ٱلرُّشۡدِ لَا يَتَّخِذُوهُ سَبِيلًا وَإِن يَرَوۡاْ سَبِيلَ ٱلۡغَيِّ يَتَّخِذُوهُ سَبِيلًاۚ ذَٰلِكَ بِأَنَّهُمۡ كَذَّبُواْ بِـَٔايَٰتِنَا وَكَانُواْ عَنۡهَا غَٰفِلِينَ  ۝١٤٦ وَٱلَّذِينَ كَذَّبُواْ بِـَٔايَٰتِنَا وَلِقَآءِ ٱلۡأٓخِرَةِ حَبِطَتۡ أَعۡمَٰلُهُمۡۚ هَلۡ يُجۡزَوۡنَ إِلَّا مَا كَانُواْ يَعۡمَلُونَ  ۝١٤٧ وَٱتَّخَذَ قَوۡمُ مُوسَىٰ مِنۢ بَعۡدِهِۦ مِنۡ حُلِيِّهِمۡ عِجۡلًا جَسَدًا لَّهُۥ خُوَارٌۚ أَلَمۡ يَرَوۡاْ أَنَّهُۥ لَا يُكَلِّمُهُمۡ وَلَا يَهۡدِيهِمۡ سَبِيلًاۘ ٱتَّخَذُوهُ وَكَانُواْ ظَٰلِمِينَ  ۝١٤٨ وَلَمَّا سُقِطَ فِيٓ أَيۡدِيهِمۡ وَرَأَوۡاْ أَنَّهُمۡ قَدۡ ضَلُّواْ قَالُواْ لَئِن لَّمۡ يَرۡحَمۡنَا رَبُّنَا وَيَغۡفِرۡ لَنَا لَنَكُونَنَّ مِنَ ٱلۡخَٰسِرِينَ  ۝١٤٩
7:144
قَالَ يَٰمُوسَىٰٓ إِنِّي ٱصۡطَفَيۡتُكَ عَلَى ٱلنَّاسِ بِرِسَٰلَٰتِي وَبِكَلَٰمِي فَخُذۡ مَآ ءَاتَيۡتُكَ وَكُن مِّنَ ٱلشَّٰكِرِينَ  ۝١٤٤
(ထိုအခါအလ္လာဟ်)အရှင်မြတ်သည် (ဤသို့)မိန့်ကြားတော်မူခဲ့လေသည်။ အို-(နဗီတမန်တော်) မူစာ၊ ဧကန်စင်စစ် ငါအရှင်မြတ်သည် အသင့်အား လူအများပေါ်၌ မိမိရစူလ်တမန်တော်အဖြစ်ကို ချီးမြှင့်တော်မူခြင်းအားဖြင့်လည်းကောင်း၊ ငါအရှင်မြတ်သည် အသင်နှင့်စကားပြောဆိုတော်မူခြင်းအားဖြင့်လည်းကောင်း၊ ရွေးချယ်မြှောက်စားတော်မူ လိုက်ပြီ။ သို့ဖြစ်ပေရာ အသင်သည် အသင့်အား ငါအရှင်မြတ်ချီးမြှင့်ပေးသနားတော်မူသည်(များ)ကို ယူပါလေ။ ၎င်းပြင်အသင်သည် ကျေးဇူးတော်ကိုသိတတ်သူ တို့တွင် အပါအဝင်ဖြစ်ပါလေ။
7:145
وَكَتَبۡنَا لَهُۥ فِي ٱلۡأَلۡوَاحِ مِن كُلِّ شَيۡءٍ مَّوۡعِظَةً وَتَفۡصِيلًا لِّكُلِّ شَيۡءٍ فَخُذۡهَا بِقُوَّةٍ وَأۡمُرۡ قَوۡمَكَ يَأۡخُذُواْ بِأَحۡسَنِهَاۚ سَأُوْرِيكُمۡ دَارَ ٱلۡفَٰسِقِينَ  ۝١٤٥
ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထို(တမန်တော်မူစာ)အား (သာသနာရေးတွင်မုချလိုအပ်သည့်)အလုံးစုံသောအဆုံးအမ ဩဝါဒများကိုလည်းကောင်း၊ (အမိန့်ပညတ်များနှင့်ပတ်သက်၍) အရာခပ်သိမ်းတို့၏ ရှင်းလင်းချက်ကိုလည်းကောင်း၊ ၎င်းကျောက်သင်ပုန်းများတွင် ရေးမှတ်၍ ပေးသနားတော်မူခဲ့လေသည်။ သို့ဖြစ်ပေရာ (အို-နဗီတမန်တော် မူစာ)အသင်သည် ၎င်းကို မြဲမြံစွာစွဲကိုင်၍ ထားပါလေ။ ၎င်းပြင်အသင်သည် မိမိအမျိုးသားတို့အား ယင်းဩဝါဒတော်များအနက်မှ အကောင်းဆုံးများကို(စွဲမြဲစွာ)လိုက်နာကြရန် ဆင့်ဆိုပါလေ၊ မကြာမြင့်မီ ငါအရှင်မြတ်သည် အသင်တို့အား အမိန့်တော် မနာခံသောသူတို့၏ နေရာဌာနကို ပြသတော်မူအံ့။
7:146
سَأَصۡرِفُ عَنۡ ءَايَٰتِيَ ٱلَّذِينَ يَتَكَبَّرُونَ فِي ٱلۡأَرۡضِ بِغَيۡرِ ٱلۡحَقِّ وَإِن يَرَوۡاْ كُلَّ ءَايَةٍ لَّا يُؤۡمِنُواْ بِهَا وَإِن يَرَوۡاْ سَبِيلَ ٱلرُّشۡدِ لَا يَتَّخِذُوهُ سَبِيلًا وَإِن يَرَوۡاْ سَبِيلَ ٱلۡغَيِّ يَتَّخِذُوهُ سَبِيلًاۚ ذَٰلِكَ بِأَنَّهُمۡ كَذَّبُواْ بِـَٔايَٰتِنَا وَكَانُواْ عَنۡهَا غَٰفِلِينَ  ۝١٤٦
ငါအရှင်မြတ်သည် ကမ္ဘာမြေ၌ မတရား သဖြင့်မာန်မာနထောင်လွှားနေသူတို့အား မိမိ မုက္ခပါဌ်တော်များ(ကိုနားလည်ခြင်း)မှ လှည့်၍ ထားတော်မူအံ့။ 1 စင်စစ်သော်ကား၎င်းတို့သည် သက်သေလက္ခဏာအလုံးစုံကို တွေ့မြင်ကြသည့်တိုင်အောင် ထိုသက်သေလက္ခဏာတို့ကို ယုံကြည်ကြမည်မဟုတ်ပေ။ ၎င်းပြင် ယင်းသူတို့သည် ဖြောင့်မတ်မှန်ကန်သောတရားလမ်းကို တွေ့မြင်ကြသော်လည်း ထိုလမ်းကို (မိမိတို့သွားရာ)လမ်းအဖြစ် ပြုလုပ်ကြမည် မဟုတ် ပေ။ သို့ရာတွင်၎င်းတို့သည် အကယ်၍ မဖြောင့်မမှန် ကွေ့ကောက်သောလမ်းကို တွေ့မြင်ကြပါမူ ထိုလမ်းကို (မိမိတို့သွားရာ)လမ်းအဖြစ်ပြုလုပ်ကြပေမည်။ ဤ(သို့လမ်းလွဲခြင်း)မှာကား ၊ ယင်းသူတို့သည် ငါအရှင်မြတ်၏ သက်သေလက္ခဏာတော်များကို မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ခဲ့ကြသောကြောင့်လည်းကောင်း၊ သက်သေလက္ခဏာတော်များကို အလေးမမူ ဂရုမစိုက်လျစ်လျူရှုခဲ့သောကြောင့်လည်းကောင်း၊ ဖြစ်ချေသတည်း။
7:147
وَٱلَّذِينَ كَذَّبُواْ بِـَٔايَٰتِنَا وَلِقَآءِ ٱلۡأٓخِرَةِ حَبِطَتۡ أَعۡمَٰلُهُمۡۚ هَلۡ يُجۡزَوۡنَ إِلَّا مَا كَانُواْ يَعۡمَلُونَ  ۝١٤٧
အမှန်သော်ကား အကြင်သူတို့သည် ငါအရှင်မြတ်၏မုက္ခပါဌ်တော်များကိုလည်းကောင်း၊ �ောင်တမလွန်ဘဝနှင့် တွေ့ကြုံကြရမည်ကိုလည်းကောင်း၊ မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ခဲ့ကြကုန်၏။ ထိုသူတို့ ပြုမူသမျှတို့သည် အချည်းနှီးပင်ဖြစ်သွားချေပြီ။ ၎င်းတို့သည် မိမိတို့ ပြုကျင့်ကြသည်များကိုသာ အစားပေးခြင်း ခံကြရမည်။(ရကူ)
7:148
وَٱتَّخَذَ قَوۡمُ مُوسَىٰ مِنۢ بَعۡدِهِۦ مِنۡ حُلِيِّهِمۡ عِجۡلًا جَسَدًا لَّهُۥ خُوَارٌۚ أَلَمۡ يَرَوۡاْ أَنَّهُۥ لَا يُكَلِّمُهُمۡ وَلَا يَهۡدِيهِمۡ سَبِيلًاۘ ٱتَّخَذُوهُ وَكَانُواْ ظَٰلِمِينَ  ۝١٤٨
၎င်းပြင် (နဗီတမန်တော်)မူစာ၏အမျိုးသားများသည် ထို(နဗီတမန်တော်)မူစာ (သည် အလ္လာဟ်အရှင်မြတ်ချိန်းချက်တော်မူသည့်အတိုင်း တောင်ရာတ်ကျမ်းကိုယူရန်၎င်းတို့အားထား၍ ထွက်ခွာသွားပြီး)နောက်တွင် မိမိတို့၏လက်ဝတ်လက်စားများဖြင့် နွားငယ်ကလေး ခန္ဓာကိုယ် သဏ္ဍာန်ကိုပြုလုပ်ကြလေသည်။ ထိုနွားငယ်၏ ခန္ဓာကိုယ်အတွင်း၌ အသံတစ်မျိုးရှိခဲ့၏။ ထိုနွားငယ်သည် ၎င်းတို့နှင့်စကားလည်း မပြော၊၎င်းတို့အား မည်သည့်လမ်းကိုမျှလည်း မညွှန်နိုင်သည်ကို ၎င်းတို့ မသိကြလေသလော။ ၎င်းတို့သည် ယင်းနွားငယ်ကိုပင် (ကိုးကွယ်ရာ)ပြုလုပ်ခဲ့ကြလေသည်။ ၎င်းပြင် ယင်းသူတို့သည်(မိမိတို့ကိုယ်ကိုမိမိတို့ပင်)မတရားနှိပ်စက် ညှဉ်းပန်းသူများဖြစ်သွားခဲ့ကြကုန်သတည်း။
7:149
وَلَمَّا سُقِطَ فِيٓ أَيۡدِيهِمۡ وَرَأَوۡاْ أَنَّهُمۡ قَدۡ ضَلُّواْ قَالُواْ لَئِن لَّمۡ يَرۡحَمۡنَا رَبُّنَا وَيَغۡفِرۡ لَنَا لَنَكُونَنَّ مِنَ ٱلۡخَٰسِرِينَ  ۝١٤٩
ထို့ပြင် ၎င်းတို့သည် ဝမ်းနည်းပက်လက်ဖြစ် ၍မိမိတို့သည် လမ်းမှားနေကြပြီဖြစ်ကြောင်း သိမြင်ကြသောအခါ(ဤသို့ညည်းညူမြီတမ်းပြောဆိုကြကုန်၏။) အကယ်၍ ငါတို့၏အရှင်မြတ်သည် ငါတို့အား သနားကြင်နာတော်မမူခဲ့ပါလျှင်(အပြစ်)မှလွတ်ငြိမ်းချမ်းသာခွင့်ပေးတော်မမူခဲ့ပါလျှင် ဧကန်မလွဲ ငါတို့သည် ဆုံးရှုံးနစ်နာသူတို့တွင် အပါအဝင် ဖြစ်ကြရတော့မည်။


📚Juz 9 📄168 / 604



Mishary Rashid Alafasy
Mahmoud Khalil Al-Husary
Abdurrahman As-Sudais
Mohamed Siddiq Al-Minshawi
Abdul Basit Abdul Samad
Ali Al-Hudhaify
Ahmed ibn Ali al-Ajamy
Abu Bakr Ash-Shaatree
Muhammad Ayyoub
Abdullah Basfar
Abdullah Al-Juhani
Maher Al Muaiqly
0:00
0:00
-

ကုရ်အာန်ကျမ်း


Saturday, August 22, 2026

Don't forget us in your sincere prayers