အလ်-အာအ်ရာဖ် · 146/206
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အာအ်ရာဖ်
سَأَصْرِفُ عَنْ آيَاتِيَ الَّذِينَ يَتَكَبَّرُونَ فِي الْأَرْضِ بِغَيْرِ الْحَقِّ وَإِن يَرَوْا كُلَّ آيَةٍ لَّا يُؤْمِنُوا بِهَا وَإِن يَرَوْا سَبِيلَ الرُّشْدِ لَا يَتَّخِذُوهُ سَبِيلًا وَإِن يَرَوْا سَبِيلَ الْغَيِّ يَتَّخِذُوهُ سَبِيلًا ۚ ذَٰلِكَ بِأَنَّهُمْ كَذَّبُوا بِآيَاتِنَا وَكَانُوا عَنْهَا غَافِلِينَ ۝١٤٦
Sa asrifu `an Aayaatiyal lazeena yatakabbaroona fil ardi bighairil haqq; wa iny-yaraw kulla Aayatil laa yu`minoo bihaa wa iny-yaraw sabeelar rushdi laa yattakhizoohu sabeelanw wa iny-yaraw sabeelal ghaiyi yatta khizoohu sabeelaa; zaalika bi annahum kazzaboo bi Aayaatinaa wa kaanoo `anhaa ghaafileen
📖 မြန်မာဘာသာ
ငါအရှင်မြတ်သည် ကမ္ဘာမြေ၌ မတရား သဖြင့်မာန်မာနထောင်လွှားနေသူတို့အား မိမိ မုက္ခပါဌ်တော်များ(ကိုနားလည်ခြင်း)မှ လှည့်၍ ထားတော်မူအံ့။ 1 စင်စစ်သော်ကား၎င်းတို့သည် သက်သေလက္ခဏာအလုံးစုံကို တွေ့မြင်ကြသည့်တိုင်အောင် ထိုသက်သေလက္ခဏာတို့ကို ယုံကြည်ကြမည်မဟုတ်ပေ။ ၎င်းပြင် ယင်းသူတို့သည် ဖြောင့်မတ်မှန်ကန်သောတရားလမ်းကို တွေ့မြင်ကြသော်လည်း ထိုလမ်းကို (မိမိတို့သွားရာ)လမ်းအဖြစ် ပြုလုပ်ကြမည် မဟုတ် ပေ။ သို့ရာတွင်၎င်းတို့သည် အကယ်၍ မဖြောင့်မမှန် ကွေ့ကောက်သောလမ်းကို တွေ့မြင်ကြပါမူ ထိုလမ်းကို (မိမိတို့သွားရာ)လမ်းအဖြစ်ပြုလုပ်ကြပေမည်။ ဤ(သို့လမ်းလွဲခြင်း)မှာကား ၊ ယင်းသူတို့သည် ငါအရှင်မြတ်၏ သက်သေလက္ခဏာတော်များကို မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ခဲ့ကြသောကြောင့်လည်းကောင်း၊ သက်သေလက္ခဏာတော်များကို အလေးမမူ ဂရုမစိုက်လျစ်လျူရှုခဲ့သောကြောင့်လည်းကောင်း၊ ဖြစ်ချေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ:
  • سَأَصْرِفُ (စအက်ဆ်ရိဖု): ငါသည် လှည့်ပတ်မည်၊ လွှဲဖယ်မည်၊ ဝေးကွာစေမည်။
  • آيَاتِيَ (အာယာသိယ): ငါ၏ အာယသ်တော်များ၊ ငါ၏ သက်သေလက္ခဏာများ၊ ငါ၏ ကျမ်းတော်မြတ်ကုရ်အာန်၏ အာယသ်များ။
  • يَتَكَبَّرُونَ (ယသကੱਗဗရူန): မာန်မာနထောင်လွှားကြသည်။
  • بِغَيْرِ الْحَقِّ (ဗိဂိုင်ရိလ်ဟက္က်): တရားမျှတမှုမရှိဘဲ၊ အခွင့်အရေးမရှိဘဲ။
  • سَبِيلَ الرُّشْدِ (ဆဗီလရ်ရုရှ်ဒ်): လမ်းမှန်ကို၊ တည့်မတ်သောလမ်းကို။
  • سَبِيلَ الْغَيِّ (ဆဗီလလ်ဂိုင်းယိ): လမ်းမှားကို၊ ပျက်စီးရာလမ်းကို။
  • غَافِلِينَ (ဂါဖိလီန): သတိလစ်မေ့လျော့သူများ၊ ဂရုမစိုက်သူများ။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်:

အလ္လာဟ်အရှင်မြတ်သည် ဤအာယသ်တော်တွင် မိမိ၏ အာယသ်တော်များမှ လမ်းမှန်ကို ရှာဖွေသူများကို လမ်းညွှန်ပေးမည်ဖြစ်သော်လည်း၊ မြေပြင်ပေါ်တွင် တရားမျှတမှုမရှိဘဲ မာန်မာနထောင်လွှားသော သူများကို မိမိ၏ အာယသ်တော်များကို နားလည်သဘောပေါက်ခြင်းမှ လွှဲဖယ်ထားမည်ဟု မိန့်တော်မူခဲ့သည်။ ထိုသူများသည် မာန်မာနကြီးလွန်း၍ အမှန်တရားကို လက်ခံရန် ငြင်းဆန်ကြသည်။ သူတို့သည် မည်သည့် သက်သေလက္ခဏာကို တွေ့မြင်ပါစေ၊ ယုံကြည်ကြမည်မဟုတ်ပေ။ အကယ်၍ သူတို့သည် တည့်မတ်သော လမ်းမှန်ကို တွေ့မြင်ပါက ထိုလမ်းကို လျှောက်လှမ်းရန် ရွေးချယ်ကြမည်မဟုတ်ပေ။ သို့သော် လမ်းမှားကို တွေ့မြင်ပါက ထိုလမ်းကို အလျင်အမြန် လက်ခံလျှောက်လှမ်းကြမည်ဖြစ်သည်။ ဤသို့ဖြစ်ရခြင်းမှာ သူတို့သည် အလ္လာဟ်အရှင်မြတ်၏ အာယသ်တော်များကို မဟုတ်မမှန်ဟု ငြင်းပယ်ခဲ့ကြသောကြောင့်လည်းကောင်း၊ ထိုအာယသ်တော်များကို သတိမမူ၊ ဂရုမစိုက်ဘဲ လျစ်လျူရှုခဲ့ကြသောကြောင့်လည်းကောင်း ဖြစ်သည်။

ဤအာယသ်တော်သည် အလွန်လေးနက်သော သတိပေးချက်တစ်ခုဖြစ်သည်။ လူသားတစ်ဦးသည် မာန်မာနထောင်လွှားပြီး အမှန်တရားကို လက်မခံလိုသောအခါ၊ သူ၏ နှလုံးသားသည် အမှန်တရားကို မြင်နိုင်စွမ်းရှိသော်လည်း လက်ခံနိုင်စွမ်း ဆုံးရှုံးသွားသည်။ အလ္လာဟ်အရှင်မြတ်သည် ထိုသူ၏ နှလုံးသားကို လမ်းမှန်မှ လွှဲဖယ်ထားတော်မူသည်။ ထို့ကြောင့် သူသည်



📜 အာယာသ် 144-148 — စူရာ အလ်-အာအ်ရာဖ်

144قَالَ يَا مُوسَىٰ إِنِّي اصْطَفَيْتُكَ عَلَى النَّاسِ بِرِسَالَاتِي وَبِكَلَامِي فَخُذْ مَا آتَيْتُكَ وَكُن مِّنَ الشَّاكِرِينَ
(ထိုအခါအလ္လာဟ်)အရှင်မြတ်သည် (ဤသို့)မိန့်ကြားတော်မူခဲ့လေသည်။ အို-(နဗီတမန်တော်) မူစာ၊ ဧကန်စင်စစ် ငါအရှင်မြတ်သည် အသင့်အား လူအများပေါ်၌ မိမိရစူလ်တမန်တော်အဖြစ်ကို ချီးမြှင့်တော်မူခြင်းအားဖြင့်လည်းကောင်း၊ ငါအရှင်မြတ်သည် အသင်နှင့်စကားပြောဆိုတော်မူခြင်းအားဖြင့်လည်းကောင်း၊ ရွေးချယ်မြှောက်စားတော်မူ လိုက်ပြီ။ သို့ဖြစ်ပေရာ အသင်သည် အသင့်အား ငါအရှင်မြတ်ချီးမြှင့်ပေးသနားတော်မူသည်(များ)ကို ယူပါလေ။ ၎င်းပြင်အသင်သည် ကျေးဇူးတော်ကိုသိတတ်သူ တို့တွင် အပါအဝင်ဖြစ်ပါလေ။
145وَكَتَبْنَا لَهُ فِي الْأَلْوَاحِ مِن كُلِّ شَيْءٍ مَّوْعِظَةً وَتَفْصِيلًا لِّكُلِّ شَيْءٍ فَخُذْهَا بِقُوَّةٍ وَأْمُرْ قَوْمَكَ يَأْخُذُوا بِأَحْسَنِهَا ۚ سَأُرِيكُمْ دَارَ الْفَاسِقِينَ
ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထို(တမန်တော်မူစာ)အား (သာသနာရေးတွင်မုချလိုအပ်သည့်)အလုံးစုံသောအဆုံးအမ ဩဝါဒများကိုလည်းကောင်း၊ (အမိန့်ပညတ်များနှင့်ပတ်သက်၍) အရာခပ်သိမ်းတို့၏ ရှင်းလင်းချက်ကိုလည်းကောင်း၊ ၎င်းကျောက်သင်ပုန်းများတွင် ရေးမှတ်၍ ပေးသနားတော်မူခဲ့လေသည်။ သို့ဖြစ်ပေရာ (အို-နဗီတမန်တော် မူစာ)အသင်သည် ၎င်းကို မြဲမြံစွာစွဲကိုင်၍ ထားပါလေ။ ၎င်းပြင်အသင်သည် မိမိအမျိုးသားတို့အား ယင်းဩဝါဒတော်များအနက်မှ အကောင်းဆုံးများကို(စွဲမြဲစွာ)လိုက်နာကြရန် ဆင့်ဆိုပါလေ၊ မကြာမြင့်မီ ငါအရှင်မြတ်သည် အသင်တို့အား အမိန့်တော် မနာခံသောသူတို့၏ နေရာဌာနကို ပြသတော်မူအံ့။
146سَأَصْرِفُ عَنْ آيَاتِيَ الَّذِينَ يَتَكَبَّرُونَ فِي الْأَرْضِ بِغَيْرِ الْحَقِّ وَإِن يَرَوْا كُلَّ آيَةٍ لَّا يُؤْمِنُوا بِهَا وَإِن يَرَوْا سَبِيلَ الرُّشْدِ لَا يَتَّخِذُوهُ سَبِيلًا وَإِن يَرَوْا سَبِيلَ الْغَيِّ يَتَّخِذُوهُ سَبِيلًا ۚ ذَٰلِكَ بِأَنَّهُمْ كَذَّبُوا بِآيَاتِنَا وَكَانُوا عَنْهَا غَافِلِينَ
ငါအရှင်မြတ်သည် ကမ္ဘာမြေ၌ မတရား သဖြင့်မာန်မာနထောင်လွှားနေသူတို့အား မိမိ မုက္ခပါဌ်တော်များ(ကိုနားလည်ခြင်း)မှ လှည့်၍ ထားတော်မူအံ့။ 1 စင်စစ်သော်ကား၎င်းတို့သည် သက်သေလက္ခဏာအလုံးစုံကို တွေ့မြင်ကြသည့်တိုင်အောင် ထိုသက်သေလက္ခဏာတို့ကို ယုံကြည်ကြမည်မဟုတ်ပေ။ ၎င်းပြင် ယင်းသူတို့သည် ဖြောင့်မတ်မှန်ကန်သောတရားလမ်းကို တွေ့မြင်ကြသော်လည်း ထိုလမ်းကို (မိမိတို့သွားရာ)လမ်းအဖြစ် ပြုလုပ်ကြမည် မဟုတ် ပေ။ သို့ရာတွင်၎င်းတို့သည် အကယ်၍ မဖြောင့်မမှန် ကွေ့ကောက်သောလမ်းကို တွေ့မြင်ကြပါမူ ထိုလမ်းကို (မိမိတို့သွားရာ)လမ်းအဖြစ်ပြုလုပ်ကြပေမည်။ ဤ(သို့လမ်းလွဲခြင်း)မှာကား ၊ ယင်းသူတို့သည် ငါအရှင်မြတ်၏ သက်သေလက္ခဏာတော်များကို မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ခဲ့ကြသောကြောင့်လည်းကောင်း၊ သက်သေလက္ခဏာတော်များကို အလေးမမူ ဂရုမစိုက်လျစ်လျူရှုခဲ့သောကြောင့်လည်းကောင်း၊ ဖြစ်ချေသတည်း။
147وَالَّذِينَ كَذَّبُوا بِآيَاتِنَا وَلِقَاءِ الْآخِرَةِ حَبِطَتْ أَعْمَالُهُمْ ۚ هَلْ يُجْزَوْنَ إِلَّا مَا كَانُوا يَعْمَلُونَ
အမှန်သော်ကား အကြင်သူတို့သည် ငါအရှင်မြတ်၏မုက္ခပါဌ်တော်များကိုလည်းကောင်း၊ �ောင်တမလွန်ဘဝနှင့် တွေ့ကြုံကြရမည်ကိုလည်းကောင်း၊ မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ခဲ့ကြကုန်၏။ ထိုသူတို့ ပြုမူသမျှတို့သည် အချည်းနှီးပင်ဖြစ်သွားချေပြီ။ ၎င်းတို့သည် မိမိတို့ ပြုကျင့်ကြသည်များကိုသာ အစားပေးခြင်း ခံကြရမည်။(ရကူ)
148وَاتَّخَذَ قَوْمُ مُوسَىٰ مِن بَعْدِهِ مِنْ حُلِيِّهِمْ عِجْلًا جَسَدًا لَّهُ خُوَارٌ ۚ أَلَمْ يَرَوْا أَنَّهُ لَا يُكَلِّمُهُمْ وَلَا يَهْدِيهِمْ سَبِيلًا ۘ اتَّخَذُوهُ وَكَانُوا ظَالِمِينَ
၎င်းပြင် (နဗီတမန်တော်)မူစာ၏အမျိုးသားများသည် ထို(နဗီတမန်တော်)မူစာ (သည် အလ္လာဟ်အရှင်မြတ်ချိန်းချက်တော်မူသည့်အတိုင်း တောင်ရာတ်ကျမ်းကိုယူရန်၎င်းတို့အားထား၍ ထွက်ခွာသွားပြီး)နောက်တွင် မိမိတို့၏လက်ဝတ်လက်စားများဖြင့် နွားငယ်ကလေး ခန္ဓာကိုယ် သဏ္ဍာန်ကိုပြုလုပ်ကြလေသည်။ ထိုနွားငယ်၏ ခန္ဓာကိုယ်အတွင်း၌ အသံတစ်မျိုးရှိခဲ့၏။ ထိုနွားငယ်သည် ၎င်းတို့နှင့်စကားလည်း မပြော၊၎င်းတို့အား မည်သည့်လမ်းကိုမျှလည်း မညွှန်နိုင်သည်ကို ၎င်းတို့ မသိကြလေသလော။ ၎င်းတို့သည် ယင်းနွားငယ်ကိုပင် (ကိုးကွယ်ရာ)ပြုလုပ်ခဲ့ကြလေသည်။ ၎င်းပြင် ယင်းသူတို့သည်(မိမိတို့ကိုယ်ကိုမိမိတို့ပင်)မတရားနှိပ်စက် ညှဉ်းပန်းသူများဖြစ်သွားခဲ့ကြကုန်သတည်း။
အလ်-အာအ်ရာဖ်ကုရ်အာန် ညွှန်းကိန်း
206အာယာသ်
MeccanRevelation
146အာယာသ်

ဘာသာပြန် — အလ်-အာအ်ရာဖ် 146

စူရာ အလ်-အာအ်ရာဖ် အာယာသ် 146 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ငါအရှင်မြတ်သည် ကမ္ဘာမြေ၌ မတရား သဖြင့်မာန်မာနထောင်လွှားနေသူတို့အား မိမိ မုက္ခပါဌ်တော်များ(ကိုနားလည်ခြင်း)မှ လှည့်၍ ထားတော်မူအံ့။ 1 စင်စစ်သော်ကား၎င်းတို့သည်…

စူရာ အာယာသ် 146/206 — စူရာ အလ်-အာအ်ရာဖ် الأعراف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အာအ်ရာဖ် နားထောင်, စူရာ အလ်-အာအ်ရာဖ် ဘာသာပြန်, စူရာ အလ်-အာအ်ရာဖ် mp3, စူရာ အလ်-အာအ်ရာဖ် pdf. အာယာသ် 144–148. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Friday, October 2, 2026

Don't forget us in your sincere prayers