📖 0/604 ဖတ်ပြီးသောစာမျက်နှာများ
📄 42
۞ تِلۡكَ ٱلرُّسُلُ فَضَّلۡنَا بَعۡضَهُمۡ عَلَىٰ بَعۡضٍۘ مِّنۡهُم مَّن كَلَّمَ ٱللَّهُۖ وَرَفَعَ بَعۡضَهُمۡ دَرَجَٰتٍۚ وَءَاتَيۡنَا عِيسَى ٱبۡنَ مَرۡيَمَ ٱلۡبَيِّنَٰتِ وَأَيَّدۡنَٰهُ بِرُوحِ ٱلۡقُدُسِۗ وَلَوۡ شَآءَ ٱللَّهُ مَا ٱقۡتَتَلَ ٱلَّذِينَ مِنۢ بَعۡدِهِم مِّنۢ بَعۡدِ مَا جَآءَتۡهُمُ ٱلۡبَيِّنَٰتُ وَلَٰكِنِ ٱخۡتَلَفُواْ فَمِنۡهُم مَّنۡ ءَامَنَ وَمِنۡهُم مَّن كَفَرَۚ وَلَوۡ شَآءَ ٱللَّهُ مَا ٱقۡتَتَلُواْ وَلَٰكِنَّ ٱللَّهَ يَفۡعَلُ مَا يُرِيدُ  ۝٢٥٣ يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓاْ أَنفِقُواْ مِمَّا رَزَقۡنَٰكُم مِّن قَبۡلِ أَن يَأۡتِيَ يَوۡمٌ لَّا بَيۡعٌ فِيهِ وَلَا خُلَّةٌ وَلَا شَفَٰعَةٌۗ وَٱلۡكَٰفِرُونَ هُمُ ٱلظَّٰلِمُونَ  ۝٢٥٤ ٱللَّهُ لَآ إِلَٰهَ إِلَّا هُوَ ٱلۡحَيُّ ٱلۡقَيُّومُۚ لَا تَأۡخُذُهُۥ سِنَةٌ وَلَا نَوۡمٌۚ لَّهُۥ مَا فِي ٱلسَّمَٰوَٰتِ وَمَا فِي ٱلۡأَرۡضِۗ مَن ذَا ٱلَّذِي يَشۡفَعُ عِندَهُۥٓ إِلَّا بِإِذۡنِهِۦۚ يَعۡلَمُ مَا بَيۡنَ أَيۡدِيهِمۡ وَمَا خَلۡفَهُمۡۖ وَلَا يُحِيطُونَ بِشَيۡءٍ مِّنۡ عِلۡمِهِۦٓ إِلَّا بِمَا شَآءَۚ وَسِعَ كُرۡسِيُّهُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَۖ وَلَا يَـُٔودُهُۥ حِفۡظُهُمَاۚ وَهُوَ ٱلۡعَلِيُّ ٱلۡعَظِيمُ  ۝٢٥٥ لَآ إِكۡرَاهَ فِي ٱلدِّينِۖ قَد تَّبَيَّنَ ٱلرُّشۡدُ مِنَ ٱلۡغَيِّۚ فَمَن يَكۡفُرۡ بِٱلطَّٰغُوتِ وَيُؤۡمِنۢ بِٱللَّهِ فَقَدِ ٱسۡتَمۡسَكَ بِٱلۡعُرۡوَةِ ٱلۡوُثۡقَىٰ لَا ٱنفِصَامَ لَهَاۗ وَٱللَّهُ سَمِيعٌ عَلِيمٌ  ۝٢٥٦
2:253
۞ تِلۡكَ ٱلرُّسُلُ فَضَّلۡنَا بَعۡضَهُمۡ عَلَىٰ بَعۡضٍۘ مِّنۡهُم مَّن كَلَّمَ ٱللَّهُۖ وَرَفَعَ بَعۡضَهُمۡ دَرَجَٰتٍۚ وَءَاتَيۡنَا عِيسَى ٱبۡنَ مَرۡيَمَ ٱلۡبَيِّنَٰتِ وَأَيَّدۡنَٰهُ بِرُوحِ ٱلۡقُدُسِۗ وَلَوۡ شَآءَ ٱللَّهُ مَا ٱقۡتَتَلَ ٱلَّذِينَ مِنۢ بَعۡدِهِم مِّنۢ بَعۡدِ مَا جَآءَتۡهُمُ ٱلۡبَيِّنَٰتُ وَلَٰكِنِ ٱخۡتَلَفُواْ فَمِنۡهُم مَّنۡ ءَامَنَ وَمِنۡهُم مَّن كَفَرَۚ وَلَوۡ شَآءَ ٱللَّهُ مَا ٱقۡتَتَلُواْ وَلَٰكِنَّ ٱللَّهَ يَفۡعَلُ مَا يُرِيدُ  ۝٢٥٣
ဤသူတို့သည်ကာ တမန်တော်များပင်တည်းငါအရှင်မြတ်သည် ယင်းတမန်တော်များအနက် အချို့သောတမန်တော်များကို အချို့သော တမန်တော်များထက် ပိုမိုဂုဏ်ဒြဗ် ခြီးမြှင့်တော်မူခဲ့ လေပြီ။ ထိုတမန်တော်များတွင်အလ္လာဟ်အရှင်မြတ် (ကိုယ်တော်တိုင် တိုက်ရိုက်)စကားပြောကြားတော် မူခဲ့သော တမန်တော်များ လည်းရှိ၏။4င်းပြင် ထိုအင်မြတ်သည် ယင်းတမန်တော် များအနက်အချို့ကို ဂုဏ်ဒြဗ်များစွာ ခြီးမြှင့်မြှောက်စားတော် မူခဲ့လေသည်။4င်းပြင် ငါအရှင်မြတ်သည် မရ်ယမ်၏သား (နဗီတမန်တော်)အီစာအား ထင်ရှား လှစွာသောသက်သေခံ လက္ခဏာတော်များကို ခြီးမြှင့်တော်မူခဲ့သည့်ပြင် ရူဟုလ်ကုဒုစ် ခေါ် စေတမန်’ဂျိဗ်ရီလ်’ ဖြင့်လည်းကူညီထောက်မတော် မူခဲ့လေသည်။အကယ်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလို ဆန္ဒရှိတော်မူခဲ့ပါမူ ယင်းတမန်တော်များ ပွင့်ပြီးသည့်နောက်ရှိခဲ့သော နောက်လိုက်တပည့်သားတို့သည် မိမိတို့ထံဝယ်ထင်ရှားလှစွာသော သက်သေခံ လက္ခဏာတော်များ ရောက်ရှိပြီးသည့်နောက် အချင်းချင်းသတ်ဖြတ်ကြမည် မဟုတ်ပေ၊ သို့ရာတွင် ယင်းသူတို့သည် အချင်းချင်း ကွဲလွဲကြပေရာ ထိုသူတို့အနက် အချို့တို့သည် ယုံကြည်ခြင်း သဒ္ဓါတရား ထားရှိ၍အချို့မှာမူ ‘ကုဖ်ရ်’ သွေဖည် ငြင်းဆန်လျက်ပင် ရှိကြကုန်၏။အကယ်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလိုတော်ရှိခဲ့ပါလျှင် ထိုသူတို့သည် အချင်းချင်း သတ်ဖြတ်ကြမည်မဟုတ်ချေ။သို့ရာတွင် အလ္လာဟ် အရှင်မြတ်သည် မိမိ အလိုတော်ရှိသည်များကို (မိမိ) ပြုလုပ်တော်မူလေသတည်း။
2:254
يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓاْ أَنفِقُواْ مِمَّا رَزَقۡنَٰكُم مِّن قَبۡلِ أَن يَأۡتِيَ يَوۡمٌ لَّا بَيۡعٌ فِيهِ وَلَا خُلَّةٌ وَلَا شَفَٰعَةٌۗ وَٱلۡكَٰفِرُونَ هُمُ ٱلظَّٰلِمُونَ  ۝٢٥٤
အို- မုအ်မင်န်” ယုံကြည်ခြင်း သဒ္ဓါတရားထားရှိကြသူ အပေါင်းတို့၊ ငါအရှင်မြတ်သည် အသင်တို့အားပေးသနားတော်မူသော ဥစ္စာပစ္စည်းများအနက်မှ (အချို့အဝက်ကို) အသင်တို့သည် “ကိယာမတ်” နေ့မရောက်မီပင်လှူဒါန်းပေးကမ်းကြကုန်လော့။ ထိုနေ့တွင် မည်သည့် ရောင်းဝယ်မှုမျှရှိမည်မဟုတ်၊ မိတ်ဆွေဖြစ်မှုလည်း ရှိမည်မဟုတ်၊အသနားခံ တောင်းပေးမှုလည်းရှိမည် မဟုတ်။ “ကာဖိရ်”မယုံမကြည် သွေဖည်ငြင်းပယ် သောသူများသာလျှင် ကျူးကျော်စော်ကားသူများ ဖြစ်ကြသည်။
2:255
ٱللَّهُ لَآ إِلَٰهَ إِلَّا هُوَ ٱلۡحَيُّ ٱلۡقَيُّومُۚ لَا تَأۡخُذُهُۥ سِنَةٌ وَلَا نَوۡمٌۚ لَّهُۥ مَا فِي ٱلسَّمَٰوَٰتِ وَمَا فِي ٱلۡأَرۡضِۗ مَن ذَا ٱلَّذِي يَشۡفَعُ عِندَهُۥٓ إِلَّا بِإِذۡنِهِۦۚ يَعۡلَمُ مَا بَيۡنَ أَيۡدِيهِمۡ وَمَا خَلۡفَهُمۡۖ وَلَا يُحِيطُونَ بِشَيۡءٍ مِّنۡ عِلۡمِهِۦٓ إِلَّا بِمَا شَآءَۚ وَسِعَ كُرۡسِيُّهُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَۖ وَلَا يَـُٔودُهُۥ حِفۡظُهُمَاۚ وَهُوَ ٱلۡعَلِيُّ ٱلۡعَظِيمُ  ۝٢٥٥
အလ္လာဟ်အရှင်မြတ်သည် (သာလျှင်ခဝပ် ကိုးကွယ်ရာအရှင်ဖြစ်တော်မူ၏)။ ထိုအရှင်မြတ် မှတစ်ပါးကိုးကွယ် ခြင်းခံထိုက်သူဟူ၍ အလျင်းမရှိပြီ။ (ထိုအရှင်မြတ်သည်) အမြဲ ရှင်နေတော်မူသော အရှင်၊ (မိမိကိုယ်တော်တို�် ထာဝရတည် နေတော်မူ၍ သတ္တဝါအပေါင်းတို့ကိုလည်း) ထိန်းသိမ်းစောင့် ရှောက်တော်မူသော အရှင်ဖြစ်တော်မူ၏။ ထိုအရှင်မြတ်အား ငိုက်မျဉ်းခြင်းသည်လည်းကောင်း ၊ အိပ်စက်ခြင်းသည်လည်း ကောင်း မဖိစီးနိုင်ပေ။ထိုအရှင်မြတ်သည်သာလျှင် အာကာသ ကောင်းကင်များနှင့်မြေ၌ရှိရှိသမျှသော (သက်ရှိ သက်မဲ့)အရာ ဝတ္ထုဟူသမျှတို့ကိုပိုင်ဆိုင်တော်မူသော အရှင်ဖြစ်တော်မူ၏။ထိုအရှင်မြတ်၏အထံတော်၌ ထိုအရှင်မြတ်၏ ခွင့် ပြုချက်မရှိဘဲ သူတစ်ပါးအတွက် အသနားခံတောင်းပန်ပေး နိုင်သူကား အဘယ်သူနည်း။ ထိုအရှင်မြတ်သည် ထိုသူတို့၏ ရှေ့နောက်အဖြစ်အပျက် အကြောင်းကိစ္စအလုံးစုံတို့ကို အကြွင်းမဲ့ သိရှိတော်မူလေသည်။ သို့ရာတွင် ယင်းသူတို့သည် ထိုအရှင်မြတ်သိရှိတော်မူသော အကြောင်းကိစ္စအဖြစ်အပျက် တို့အနက်မှထိုအရှင်မြတ်အလိုရှိတော်မူသော အကြောင်း ကိစ္စ မှအပတစ်စုံတစ်ရာကိုမျှ ဝန်းခြုံ၍ မသိနိုင်ကြပေ။ ထိုအရှင် မြတ်၏ဉာဏ်တော်သည် အာကာသ ကောင်းကင်များနှင့်တကွကမ္ဘာမြေပြင် တခွင်လုံးကို ဝန်းခြုံလျက်ရှိချေ၏။ သို့ရာတွင်ယင်းမိုးကောင်းကင်နှင့်တကွ ကမ္ဘာမြေပြင်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းသည် ထိုအရှင်မြတ်အား ပင်ပန်းနွမ်းရိ စေသည် မဟုတ်ပေ။ စင်စစ်တမူကား ထိုအရှင်မြတ်သည် (မကြံစည်နိုင်အောင်) မြင့်မြတ်တော်မူသောအရှင်၊ ကြီးကဲ ထွတ်မြတ်တော်မူသောအရှင်တည်း။
2:256
لَآ إِكۡرَاهَ فِي ٱلدِّينِۖ قَد تَّبَيَّنَ ٱلرُّشۡدُ مِنَ ٱلۡغَيِّۚ فَمَن يَكۡفُرۡ بِٱلطَّٰغُوتِ وَيُؤۡمِنۢ بِٱللَّهِ فَقَدِ ٱسۡتَمۡسَكَ بِٱلۡعُرۡوَةِ ٱلۡوُثۡقَىٰ لَا ٱنفِصَامَ لَهَاۗ وَٱللَّهُ سَمِيعٌ عَلِيمٌ  ۝٢٥٦
ဖြောင့်မတ်မှန်ကန်သော (အစ္စလာမ်သာသနာတော်၏) �ရားလမ်းစဉ်သည် မမှန်ကန်သော လမ်းစဉ်နှင့်(သိသိသာသာ) ရှင်းလင်းထင်ရှားစွာ ကွဲပြားခြားနား လျကှိ်နေပြီဖြစ်ပေရာ (မည်သူတစ်ဦး တစ်ယောက်ကိုမျှ အစ္စလာမ်)သာသနာတော်တွင်း၌ (ဝင်ရောက်ရန်အတွက်) အတင်းအဓမ္မအနိုင်အထက် အလျင်းမပြုရ။ သို့ဖြစ်၍ အကြင်သူတစ်ဦးတစ်ယောက်သည် (အလ္လာဟ်အရှင်မြတ်မှအပ လူသားတို့ မှတ်ယူထား သော မမှန်ကန်သော ကိုးကွယ်ရာများကို) သွေဖည်ငြင်းဆန်(စွန့်လွှတ်ပယ်ရှား)ကာ(တစ်ဆူတည်းသော) အလ္လာဟ်အရှင်မြတ်ကိုသာလျှင် ယုံကြည်ကိုးကွယ်ပါမူ ဧကန်အမှန်ထိုသူသည် အလွန်ခိုင်မြဲ၍ ယုံကြည်အားကိုးဖွယ် ရာဖြစ်သည့်ပြင် မည်သည့်အခါမျှ ကျိုးပျက်ခြင်းအလျင်း မရှိသောကြိုးကွင်းကို မြဲမြံစွာဆွဲကိုင်ထားသူဖြစ်ချေပြီ။ အမှန်သော်ကားအလ္လာဟ်အရှင်မြတ်သည် (အသင်တို့၏ နှုတ်လျှာမှ ထွက်ဆိုသောအကြောင်းအရာများကို)အလုံးစုံ ကြားတော်မူသောအရှင်၊(အသင်တို့စိတ်တွင်း၌ လျှို့ဝှက်သော အကြောင်းအရာ) ခပ်သိမ်းတို့ကိုလည်း အြွကင်းမရှိ သိရှိတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။


📚Juz 3 📄42 / 604



Mishary Rashid Alafasy
Mahmoud Khalil Al-Husary
Abdurrahman As-Sudais
Mohamed Siddiq Al-Minshawi
Abdul Basit Abdul Samad
Ali Al-Hudhaify
Ahmed ibn Ali al-Ajamy
Abu Bakr Ash-Shaatree
Muhammad Ayyoub
Abdullah Basfar
Abdullah Al-Juhani
Maher Al Muaiqly
0:00
0:00
-

ကုရ်အာန်ကျမ်း


Friday, August 21, 2026

Don't forget us in your sincere prayers