📖 0/604 ဖတ်ပြီးသောစာမျက်နှာများ
📄 71
وَلَئِن مُّتُّمۡ أَوۡ قُتِلۡتُمۡ لَإِلَى ٱللَّهِ تُحۡشَرُونَ  ۝١٥٨ فَبِمَا رَحۡمَةٍ مِّنَ ٱللَّهِ لِنتَ لَهُمۡۖ وَلَوۡ كُنتَ فَظًّا غَلِيظَ ٱلۡقَلۡبِ لَٱنفَضُّواْ مِنۡ حَوۡلِكَۖ فَٱعۡفُ عَنۡهُمۡ وَٱسۡتَغۡفِرۡ لَهُمۡ وَشَاوِرۡهُمۡ فِي ٱلۡأَمۡرِۖ فَإِذَا عَزَمۡتَ فَتَوَكَّلۡ عَلَى ٱللَّهِۚ إِنَّ ٱللَّهَ يُحِبُّ ٱلۡمُتَوَكِّلِينَ  ۝١٥٩ إِن يَنصُرۡكُمُ ٱللَّهُ فَلَا غَالِبَ لَكُمۡۖ وَإِن يَخۡذُلۡكُمۡ فَمَن ذَا ٱلَّذِي يَنصُرُكُم مِّنۢ بَعۡدِهِۦۗ وَعَلَى ٱللَّهِ فَلۡيَتَوَكَّلِ ٱلۡمُؤۡمِنُونَ  ۝١٦٠ وَمَا كَانَ لِنَبِيٍّ أَن يَغُلَّۚ وَمَن يَغۡلُلۡ يَأۡتِ بِمَا غَلَّ يَوۡمَ ٱلۡقِيَٰمَةِۚ ثُمَّ تُوَفَّىٰ كُلُّ نَفۡسٍ مَّا كَسَبَتۡ وَهُمۡ لَا يُظۡلَمُونَ  ۝١٦١ أَفَمَنِ ٱتَّبَعَ رِضۡوَٰنَ ٱللَّهِ كَمَنۢ بَآءَ بِسَخَطٍ مِّنَ ٱللَّهِ وَمَأۡوَىٰهُ جَهَنَّمُۖ وَبِئۡسَ ٱلۡمَصِيرُ  ۝١٦٢ هُمۡ دَرَجَٰتٌ عِندَ ٱللَّهِۗ وَٱللَّهُ بَصِيرُۢ بِمَا يَعۡمَلُونَ  ۝١٦٣ لَقَدۡ مَنَّ ٱللَّهُ عَلَى ٱلۡمُؤۡمِنِينَ إِذۡ بَعَثَ فِيهِمۡ رَسُولًا مِّنۡ أَنفُسِهِمۡ يَتۡلُواْ عَلَيۡهِمۡ ءَايَٰتِهِۦ وَيُزَكِّيهِمۡ وَيُعَلِّمُهُمُ ٱلۡكِتَٰبَ وَٱلۡحِكۡمَةَ وَإِن كَانُواْ مِن قَبۡلُ لَفِي ضَلَٰلٍ مُّبِينٍ  ۝١٦٤ أَوَلَمَّآ أَصَٰبَتۡكُم مُّصِيبَةٌ قَدۡ أَصَبۡتُم مِّثۡلَيۡهَا قُلۡتُمۡ أَنَّىٰ هَٰذَاۖ قُلۡ هُوَ مِنۡ عِندِ أَنفُسِكُمۡۗ إِنَّ ٱللَّهَ عَلَىٰ كُلِّ شَيۡءٍ قَدِيرٌ  ۝١٦٥
3:158
وَلَئِن مُّتُّمۡ أَوۡ قُتِلۡتُمۡ لَإِلَى ٱللَّهِ تُحۡشَرُونَ  ۝١٥٨
ထိုနည်းတူစွာ အကယ်၍ အသင်တို့သည် စင်စစ်သေဆုံးကြသည်ဖြစ်စေ၊ သို့တည်းမဟုတ် အသတ်ခံကြရသည်ဖြစ်စေ၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ် အထံတော်သို့သာလျှင် မုချစုရုံးစေခြင်းခံကြရပေမည်။
3:159
فَبِمَا رَحۡمَةٍ مِّنَ ٱللَّهِ لِنتَ لَهُمۡۖ وَلَوۡ كُنتَ فَظًّا غَلِيظَ ٱلۡقَلۡبِ لَٱنفَضُّواْ مِنۡ حَوۡلِكَۖ فَٱعۡفُ عَنۡهُمۡ وَٱسۡتَغۡفِرۡ لَهُمۡ وَشَاوِرۡهُمۡ فِي ٱلۡأَمۡرِۖ فَإِذَا عَزَمۡتَ فَتَوَكَّلۡ عَلَى ٱللَّهِۚ إِنَّ ٱللَّهَ يُحِبُّ ٱلۡمُتَوَكِّلِينَ  ۝١٥٩
တဖန် (အို-နဗီတမန်တော်) အသင်သည်အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်ကြောင့်သာလျှင် ထိုသူတို့နှင့်နူးညံ့(စွာဆက်ဆံ)ခဲ့လေပြီ။ အကယ်၍သာ အသင်သည်ကြမ်းတန်းသောသူ (လူမှုဆက်ဆံရေး၌) စိတ်သဘော ခက်ထန်ကြမ်းကြုတ်သောသူဖြစ်ခဲ့ပါမူ၊ ထိုသူတို့သည် အသင်၏အပါးမှကစဉ့်ကလျားဖြစ်ကာ ထွက်ခွာသွားကြမည်မှာ ဧကန်မလွဲတည်း။ သို့ဖြစ်ရကား အသင်သည် ထိုသူတို့(၏ ချွတ်ယွင်းမှုများ)ကို ခွင့်လွှတ်ပါလေ။ (အလ္လာဟ်အရှင်မြတ်အထံတော်၌လည်း) ထိုသူတို့ အဖို့ လွတ်ငြိမ်းချမ်းသာခွင့်ကို အသနားခံပေးပါလေ။ ထိုမှတပါးတုံ အသင်သည် ရေးခွင့်ကိစ္စအဝဝနှင့်စပ်လျဉ်း၍ ထိုသူတို့နှင့်တိုင်ပင်ဆွေးနွေးပါလေ။ (သို့ဆွေးနွေးတိုင်ပင်)ပြီးနောက် အသင်သည် (တစ်စုံတရာသော ကိစ္စနှင့်စပ်လျဉ်း၍) ပြုလုပ်ရန် စိတ်ပြဋ္ဌာန်းလိုက်သည့်အခါ အလ္လာဟ်အရှင်မြတ် အပေါ်ဝယ် ယုံကြည်စိတ်ချ လွှဲအပ်(၍ပြုလုပ်)ပါလေ။ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည်(မိမိအပေါ်ဝယ်) ယုံကြည်စိတ်ချ အားထားသောသူတို့ကိုချစ်ခင်တော်မူလေသတည်း။
3:160
إِن يَنصُرۡكُمُ ٱللَّهُ فَلَا غَالِبَ لَكُمۡۖ وَإِن يَخۡذُلۡكُمۡ فَمَن ذَا ٱلَّذِي يَنصُرُكُم مِّنۢ بَعۡدِهِۦۗ وَعَلَى ٱللَّهِ فَلۡيَتَوَكَّلِ ٱلۡمُؤۡمِنُونَ  ۝١٦٠
(အို-သက်ဝင်ယုံကြည်သူ အပေါင်းတို့) အကယ၍ အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား ကူညီစောင်မတော်မူပါလျှင်၊ အသင်တို့အပေါ်၌ အောင်မြင် လွှမ်းမိုးမည့်သူဟူ၍ မည်သူတစ်ဦးတစ်ယောက်မျှ ရှိတော့မည်မဟုတ်ပေ။သို့ရာတွင် အကယ်၍သာ ထိုအရှင်မြတ်သည် အသင်တို့အား(ကူညီစောင်မတော်မူခြင်း မပြုဘဲ) စွန့်ပစ်ထားတော်မူပါလျှင်၊ထိုကဲ့သို့ စွန့်ပစ်ထားတော်မူပြီးနောက် အသင်တို့အား ကူညီစောင်မမည့်သူသည် အဘယ်သူ ရှိပါသေးသနည်း။ သို့ဖြစ်ရကား ယုံကြည်ခြင်းသဒ္ဓါတရား ထားရှိသော သူတို့သည်အလ္လာဟ်အရှင်မြတ် အပေါ်၌သာလျှင် ယုံကြည်စိတ်ချအားထားကြရမည်သာတည်း။
3:161
وَمَا كَانَ لِنَبِيٍّ أَن يَغُلَّۚ وَمَن يَغۡلُلۡ يَأۡتِ بِمَا غَلَّ يَوۡمَ ٱلۡقِيَٰمَةِۚ ثُمَّ تُوَفَّىٰ كُلُّ نَفۡسٍ مَّا كَسَبَتۡ وَهُمۡ لَا يُظۡلَمُونَ  ۝١٦١
၎င်းပြင်၊ မည်သည့် နဗီတမန်တော်တစ်ပါးမျှထိမ်ချန်လျှို့ဝှက်ခြင်း (သစ္စာမဲ့ခြင်း) မရှိခဲ့ပြီ။ အမှန်စင်စစ်သော်ကား မည်သူမဆို ထိမ်ချန်လျှို့ဝှက်ခဲ့ပါမူ ထိုသူသည်ရှင်ပြန်ထမည့်နေ့တွင် မိမိထိမ်ချန်လျှို့ဝှက်သောအရာများကို(အလ္လာဟ် အရှင်မြတ်၏ရှေ့တော်မှောက်သို့) ယူဆောင်လာအံ့။ထို့နောက် လူတိုင်းသည် မိမိရှာဖွေဆည်းပူး ခဲ့သမျှ(သောကုသိုလ် အကုသိုလ်၏အကျိုး)ကို အပြည့် အစုံရရှိကြလတ္တံ့။၎င်းပြင် ထိုသူတို့သည် မတရား ပြုခြင်းကို အလျင်း ခံကြရမည်မဟုတ်ချေ။
3:162
أَفَمَنِ ٱتَّبَعَ رِضۡوَٰنَ ٱللَّهِ كَمَنۢ بَآءَ بِسَخَطٍ مِّنَ ٱللَّهِ وَمَأۡوَىٰهُ جَهَنَّمُۖ وَبِئۡسَ ٱلۡمَصِيرُ  ۝١٦٢
သို့ဖြစ်ရာ အလ္လာဟ်အရှင်မြတ်၏ နှစ်သက်လိုလားမှုကို လိုက်နာပြုလုပ်သောသူသည် အကြင် သူ(ယုတ်)ကဲ့သို့အဘယ်မှာလျှင် ဖြစ်နိုင်အံနည်း။ ထိုသူယုတ်သည် အလ္လာဟ်အရှင်မြတ်၏ အမျက်တော်ကိုခံစားခဲ့ရ၏။ ထိုသူ၏ ပြန်လည်ရာဌာနသည် ငရဲဘုံဖြစ်၏။ ထိုငရဲဘုံသည် အလွန် ယုတ်ညံ့ဆိုးရွားလှသော ပြန်လည်ရာဌာနပင် ဖြစ်ပေသည်။
3:163
هُمۡ دَرَجَٰتٌ عِندَ ٱللَّهِۗ وَٱللَّهُ بَصِيرُۢ بِمَا يَعۡمَلُونَ  ۝١٦٣
ထိုသူတို့အဖို့ အလ္လာဟ်အရှင်မြတ်ထံတော်၌အဆင့်အတန်း အမျိုးမျိုး ရှိကြကုန်၏။ အမှန် သော်ကားအလ္လာဟ်အရှင်မြတ်သည် ထိုသူတို့ပြုမူကြကုန်သော ကိစ္စအရပ်ရပ် တို့ကို ခွဲခြားသိမြင် တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
3:164
لَقَدۡ مَنَّ ٱللَّهُ عَلَى ٱلۡمُؤۡمِنِينَ إِذۡ بَعَثَ فِيهِمۡ رَسُولًا مِّنۡ أَنفُسِهِمۡ يَتۡلُواْ عَلَيۡهِمۡ ءَايَٰتِهِۦ وَيُزَكِّيهِمۡ وَيُعَلِّمُهُمُ ٱلۡكِتَٰبَ وَٱلۡحِكۡمَةَ وَإِن كَانُواْ مِن قَبۡلُ لَفِي ضَلَٰلٍ مُّبِينٍ  ۝١٦٤
အလ္လာဟ်အရှင်မြတ်သည်မုအ်မင်န် သက်ဝင်ယုံကြည်သောသူတို့ထံသို့ ထိုသူတို့၏အ(မျိုးအစား)ထဲမှပင်အကြင် ရစူလ်တမန်တော်တစ်ပါးကို စေလွှတ်တော် မူခြင်းအားဖြင့် မုချ ယင်းသူတို့အပေါ် (မဟာ)ကျေးဇူးတော်ကို ပြုတော်မူခဲ့ချေပြီ။ ထိုရစူလ်တမန်တော်သည် ယင်းသူတို့ ရှေ့မှောက်ဝယ်အလ္လာဟ်အရှင်မြတ်၏ ဒေသနာ တော်များကိုလည်း ဖတ်ကြားလေသည်။ ထိုသူတို့အား (ပြစ်မှုဒုစရိုက်အပေါင်းတို့မှ) သန့်စင်အောင်လည်း ပြုချေသည်။ ၎င်းပြင် ယင်းသူတို့အား (အလ္လာဟ်အရှင်မြတ်၏) ကျမ်းဂန်တော်ကိုလည်းကောင်း၊ ထူးသောဉာဏ်အမြော်အမြင်ကိုလည်းကောင်း၊ သွန်သင်ပြသ သင်ကြားပို့ချလေသည်။ အမှန်စင်စစ် ၎င်းတို့သည် (ထိုရစူလ် တမန်တော်မပွင့်မီ) အလျင်က ထင်ရှားလှစွာသော လမ်းလွဲမှု၌ပင်မုချဧကန် ရှိနေခဲ့ကြကုန်၏။
3:165
أَوَلَمَّآ أَصَٰبَتۡكُم مُّصِيبَةٌ قَدۡ أَصَبۡتُم مِّثۡلَيۡهَا قُلۡتُمۡ أَنَّىٰ هَٰذَاۖ قُلۡ هُوَ مِنۡ عِندِ أَنفُسِكُمۡۗ إِنَّ ٱللَّهَ عَلَىٰ كُلِّ شَيۡءٍ قَدِيرٌ  ۝١٦٥
တဖန် (အုဟုဒ် စစ်မြေပြင်ဝယ်) အသင်တို့၌အတိဒုက္ခသည် ဆိုက်ရောက်ခဲ့လေသည်။ အသင်တို့သည်ယင်းအတိဒုက္ခ၏ နှစ်ဆမျှသော အတိဒုက္ခများကိုမူ (ရန်သူတို့၌) စင်စစ်ဧကန် ဆိုက်ရောက် စေခဲ့ကြပြီးဖြစ်၏။ (သို့အတိဒုက္ခဆိုက်ရောက်သောအခါ) အသင်တို့က ဤ(ဒုက္ခ)သည်(ကျွန်ုပ်တို့၌) အဘယ်မှ ဆိုက်ရောက်ပါသနည်းဟု (ညည်းညူ)ပြောဆိုခဲ့ကြလေသည်။ (အို-နဗီတမန်တော် စင်စစ်) ယင်းဒုက္ခသည် အသင်တို့ထံမှပင် (ဆိုက်ရောက်ခြင်း) ဖြစ်သည်ဟု ပြောကြားပါလေ။ မုချဧကန် အလ္လာဟ်အရှင်မြတ်သည် အရာခပသိမ်းတို့ကို တတ်စွမ်းနိုင်တော်မူသော အနန္တတန်ခိုးတော်ရှင်ဖြစ်တော်မူပေသည်။


📚 4 📄71 / 604



M Mishary Rashid Alafasy
M Mahmoud Khalil Al-Husary
A Abdurrahman As-Sudais
M Mohamed Siddiq Al-Minshawi
A Abdul Basit Abdul Samad
A Ali Al-Hudhaify
A Ahmed ibn Ali al-Ajamy
A Abu Bakr Ash-Shaatree
M Muhammad Ayyoub
A Abdullah Basfar
A Abdullah Al-Juhani
M Maher Al Muaiqly
0:00
0:00
-

ကုရ်အာန်ကျမ်း


Sunday, October 4, 2026

Don't forget us in your sincere prayers