အာလ်-အိမရာန် · 165/200
ဘာသာပြန် အသံနိုင်ငံ — စူရာ အာလ်-အိမရာန်
أَوَلَمَّا أَصَابَتْكُم مُّصِيبَةٌ قَدْ أَصَبْتُم مِّثْلَيْهَا قُلْتُمْ أَنَّىٰ هَٰذَا ۖ قُلْ هُوَ مِنْ عِندِ أَنفُسِكُمْ ۗ إِنَّ اللَّهَ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ ۝١٦٥
Awa lammaaa asaabatkum museebatun qad asabtum mislaihaa qultum annaa haazaa qul huwa min `indi anfusikum; innal laaha `alaa kulli shai`in Qadeer
📖 မြန်မာဘာသာ
တဖန် (အုဟုဒ် စစ်မြေပြင်ဝယ်) အသင်တို့၌အတိဒုက္ခသည် ဆိုက်ရောက်ခဲ့လေသည်။ အသင်တို့သည်ယင်းအတိဒုက္ခ၏ နှစ်ဆမျှသော အတိဒုက္ခများကိုမူ (ရန်သူတို့၌) စင်စစ်ဧကန် ဆိုက်ရောက် စေခဲ့ကြပြီးဖြစ်၏။ (သို့အတိဒုက္ခဆိုက်ရောက်သောအခါ) အသင်တို့က ဤ(ဒုက္ခ)သည်(ကျွန်ုပ်တို့၌) အဘယ်မှ ဆိုက်ရောက်ပါသနည်းဟု (ညည်းညူ)ပြောဆိုခဲ့ကြလေသည်။ (အို-နဗီတမန်တော် စင်စစ်) ယင်းဒုက္ခသည် အသင်တို့ထံမှပင် (ဆိုက်ရောက်ခြင်း) ဖြစ်သည်ဟု ပြောကြားပါလေ။ မုချဧကန် အလ္လာဟ်အရှင်မြတ်သည် အရာခပသိမ်းတို့ကို တတ်စွမ်းနိုင်တော်မူသော အနန္တတန်ခိုးတော်ရှင်ဖြစ်တော်မူပေသည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္မသဒ္ဒါအနက်ဖွင့်ဆိုချက်များ:
  • أَوَلَمَّا (အ၀လမ္မါ) — “အသင်တို့သည် ... မဟုတ်လော” ဟု အဓိပ္ပာယ်ရသော မေးခွန်းပုံစံ စကားလုံးဖြစ်သည်။
  • أَصَابَتْكُم (အဆာဗတ္ကုမ်) — “အသင်တို့ထံ ရောက်လာသည်၊ ထိခိုက်ခဲ့သည်” ဟု အဓိပ္ပာယ်ရသည်။
  • مُّصِيبَةٌ (မုဆီဗသွန်) — “ဘေးအန္တရာယ်၊ ဆုံးရှုံးမှု၊ ဒုက္ခ” ဟု အဓိပ္ပာယ်ရသည်။
  • مِّثْلَيْهَا (မိသ္လိုင်ဟာ) — “၎င်း၏ နှစ်ဆ” ဟု အဓိပ္ပာယ်ရသည်။
  • أَنَّىٰ هَٰذَا (အန္နာ ဟာဇာ) — “ဤအရာသည် အဘယ်မှ ဖြစ်လာသနည်း” ဟု အဓိပ္ပာယ်ရသည်။
  • مِنْ عِندِ أَنفُسِكُمْ (မိန် အိန္ဒိ အန်ဖုစိကုမ်) — “အသင်တို့၏ ကိုယ်တိုင်မှ” ဟု အဓိပ္ပာယ်ရသည်။
  • قَدِيرٌ (ကဒီးရ်) — “အလွန်တတ်စွမ်းနိုင်သော၊ စွမ်းအားရှိသော” ဟု အဓိပ္ပာယ်ရသည်။
  1. အာယသ်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်:

ဤအာယသ်သည် အုဟုဒ်စစ်ပွဲတွင် မွတ်စ်လင်မ်များ ကြုံတွေ့ခဲ့ရသော ဆုံးရှုံးမှုနှင့် ပတ်သက်၍ ချပေးထားသော အာယသ်ဖြစ်သည်။ မွတ်စ်လင်မ်တို့သည် အုဟုဒ်စစ်ပွဲတွင် ရန်သူများ၏ တိုက်ခိုက်မှုကြောင့် ထိခိုက်ဆုံးရှုံးမှုများ ကြုံခဲ့ရသောအခါ “ကျွန်ုပ်တို့သည် မွတ်စ်လင်မ်များဖြစ်ပြီး တမန်တော်မြတ်လည်း ကျွန်ုပ်တို့နှင့်အတူ ရှိပါလျက် ဤကဲ့သို့ ဆုံးရှုံးမှုများ အဘယ်ကြောင့် ကြုံရသနည်း” ဟု အံ့အားသင့်စွာ မေးမြန်းခဲ့ကြသည်။

ထိုအခါ အလ္လာဟ်အရှင်မြတ်သည် ဤအာယသ်ကို ချပေးတော်မူပြီး “သတိရပါ၊ သင်တို့သည် ဗဒ်ရ်စစ်ပွဲတွင် ရန်သူတို့ထံမှ ဤထက် နှစ်ဆသော အောင်မြင်မှုကို ရရှိခဲ့ပြီးဖြစ်သည်” ဟု သတိပေးတော်မူသည်။ ထို့နောက် “ဤဆုံးရှုံးမှုသည် သင်တို့၏ ကိုယ်တိုင်မှ ဖြစ်ပေါ်လာခြင်းဖြစ်သည်” ဟု ရှင်းလင်းစွာ ဖော်ပြတော်မူသည်။ အဘယ်ကြောင့်ဆိုသော် အုဟုဒ်စစ်ပွဲတွင် မွတ်စ်လင်မ်အချို့သည် တမန်တော်မြတ်၏ အမိန့်တော်ကို ချိုးဖောက်ခဲ့ကြပြီး စစ်မြေပြင်မှ ထွက်ခွာကာ စစ်ရေးပစ္စည်းများကို စုဆောင်းရန် အာရုံစိုက်ခဲ့ကြသည်။ ဤအမှားကြောင့်ပင် ရန်သူများ ပြန်လည်စုစည်းနိုင်ခဲ့ပြီး မွတ်စ်လင်မ်တို့ကို ထိခိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းအပေါ် စွမ်းဆောင်နိုင်တော်မူသော အရှင်ဖြစ်တော်မူသည်။ အရ



📜 အာယာသ် 163-167 — စူရာ အာလ်-အိမရာန်

163هُمْ دَرَجَاتٌ عِندَ اللَّهِ ۗ وَاللَّهُ بَصِيرٌ بِمَا يَعْمَلُونَ
ထိုသူတို့အဖို့ အလ္လာဟ်အရှင်မြတ်ထံတော်၌အဆင့်အတန်း အမျိုးမျိုး ရှိကြကုန်၏။ အမှန် သော်ကားအလ္လာဟ်အရှင်မြတ်သည် ထိုသူတို့ပြုမူကြကုန်သော ကိစ္စအရပ်ရပ် တို့ကို ခွဲခြားသိမြင် တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
164لَقَدْ مَنَّ اللَّهُ عَلَى الْمُؤْمِنِينَ إِذْ بَعَثَ فِيهِمْ رَسُولًا مِّنْ أَنفُسِهِمْ يَتْلُو عَلَيْهِمْ آيَاتِهِ وَيُزَكِّيهِمْ وَيُعَلِّمُهُمُ الْكِتَابَ وَالْحِكْمَةَ وَإِن كَانُوا مِن قَبْلُ لَفِي ضَلَالٍ مُّبِينٍ
အလ္လာဟ်အရှင်မြတ်သည်မုအ်မင်န် သက်ဝင်ယုံကြည်သောသူတို့ထံသို့ ထိုသူတို့၏အ(မျိုးအစား)ထဲမှပင်အကြင် ရစူလ်တမန်တော်တစ်ပါးကို စေလွှတ်တော် မူခြင်းအားဖြင့် မုချ ယင်းသူတို့အပေါ် (မဟာ)ကျေးဇူးတော်ကို ပြုတော်မူခဲ့ချေပြီ။ ထိုရစူလ်တမန်တော်သည် ယင်းသူတို့ ရှေ့မှောက်ဝယ်အလ္လာဟ်အရှင်မြတ်၏ ဒေသနာ တော်များကိုလည်း ဖတ်ကြားလေသည်။ ထိုသူတို့အား (ပြစ်မှုဒုစရိုက်အပေါင်းတို့မှ) သန့်စင်အောင်လည်း ပြုချေသည်။ ၎င်းပြင် ယင်းသူတို့အား (အလ္လာဟ်အရှင်မြတ်၏) ကျမ်းဂန်တော်ကိုလည်းကောင်း၊ ထူးသောဉာဏ်အမြော်အမြင်ကိုလည်းကောင်း၊ သွန်သင်ပြသ သင်ကြားပို့ချလေသည်။ အမှန်စင်စစ် ၎င်းတို့သည် (ထိုရစူလ် တမန်တော်မပွင့်မီ) အလျင်က ထင်ရှားလှစွာသော လမ်းလွဲမှု၌ပင်မုချဧကန် ရှိနေခဲ့ကြကုန်၏။
165أَوَلَمَّا أَصَابَتْكُم مُّصِيبَةٌ قَدْ أَصَبْتُم مِّثْلَيْهَا قُلْتُمْ أَنَّىٰ هَٰذَا ۖ قُلْ هُوَ مِنْ عِندِ أَنفُسِكُمْ ۗ إِنَّ اللَّهَ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ
တဖန် (အုဟုဒ် စစ်မြေပြင်ဝယ်) အသင်တို့၌အတိဒုက္ခသည် ဆိုက်ရောက်ခဲ့လေသည်။ အသင်တို့သည်ယင်းအတိဒုက္ခ၏ နှစ်ဆမျှသော အတိဒုက္ခများကိုမူ (ရန်သူတို့၌) စင်စစ်ဧကန် ဆိုက်ရောက် စေခဲ့ကြပြီးဖြစ်၏။ (သို့အတိဒုက္ခဆိုက်ရောက်သောအခါ) အသင်တို့က ဤ(ဒုက္ခ)သည်(ကျွန်ုပ်တို့၌) အဘယ်မှ ဆိုက်ရောက်ပါသနည်းဟု (ညည်းညူ)ပြောဆိုခဲ့ကြလေသည်။ (အို-နဗီတမန်တော် စင်စစ်) ယင်းဒုက္ခသည် အသင်တို့ထံမှပင် (ဆိုက်ရောက်ခြင်း) ဖြစ်သည်ဟု ပြောကြားပါလေ။ မုချဧကန် အလ္လာဟ်အရှင်မြတ်သည် အရာခပသိမ်းတို့ကို တတ်စွမ်းနိုင်တော်မူသော အနန္တတန်ခိုးတော်ရှင်ဖြစ်တော်မူပေသည်။
166وَمَا أَصَابَكُمْ يَوْمَ الْتَقَى الْجَمْعَانِ فَبِإِذْنِ اللَّهِ وَلِيَعْلَمَ الْمُؤْمِنِينَ
၎င်းပြင် (အုဟုဒ်စစ်မြေပြင်ဝယ်) လူစုနှစ်စုတို့သည် တစ်စုနှင့်တစ်စု ရင်ဆိုင်ကြသောနေ့တွင် အသင်တို့၌ဆိုက်ရောက်ခဲ့သော ဆင်းရဲဒုက္ခသည် အလ္လာဟ်အရှင်မြတ်၏အမိန့်တော်ဖြင့် (ဆိုက်ရောက်သောဆင်းရဲဒုက္ခပင်) ဖြစ်ပေသည်။ (ယင်းသို့ ဆိုက်ရောက်ခြင်းသည်ကား) အလ္လာဟ်အရှင်မြတ်သည် မုအ်မင်န် ယုံကြည်သူတို့အား သိရှိ တော် မူခြင်းငှာဖြစ်ပေသည်။
167وَلِيَعْلَمَ الَّذِينَ نَافَقُوا ۚ وَقِيلَ لَهُمْ تَعَالَوْا قَاتِلُوا فِي سَبِيلِ اللَّهِ أَوِ ادْفَعُوا ۖ قَالُوا لَوْ نَعْلَمُ قِتَالًا لَّاتَّبَعْنَاكُمْ ۗ هُمْ لِلْكُفْرِ يَوْمَئِذٍ أَقْرَبُ مِنْهُمْ لِلْإِيمَانِ ۚ يَقُولُونَ بِأَفْوَاهِهِم مَّا لَيْسَ فِي قُلُوبِهِمْ ۗ وَاللَّهُ أَعْلَمُ بِمَا يَكْتُمُونَ
ထိုနည်းတူစွာ (ယင်းကဲ့သို့ ဆင်းရဲဒုက္ခ ဆိုက်ရောက်ခြင်းမှာ) ထိုအရှင်မြတ်သည် မုစ်လင်မ် ယောင်ဆောင်သောသူတို့ကို သိရှိတော်မူခြင်းငှာ ဖြစ်ချေသည်။ စင်စစ် ထို(မုစ်လင်မ်ယောင်ဆောင် သော)သူတို့အား (ဟယ်-အချင်းတို့)အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ တရားလမ်းတော်၌လာရောက် တိုက်ခိုက်ကြ�ေကုန်။ သို့တည်းမဟုတ် ခုခံကြလေကုန် ဟု ပြောဆိုသောအခါထိုသူတို့က အကယ်၍သာ(စံနစ်ကျသော) စစ်ပွဲဟု ကျွန်ုပ်တို့ယူဆခဲ့ပါလျှင် ဧကန်မလွဲအသင်တို့နှင့် အတူ လိုက်ခဲ့ကြမည် ဟု ဖြေဆိုကြကုန်သည်။ထိုသူတို့သည်(ယင်းကဲ့သို့ ဖြေဆိုသော)နေ့တွင် အီမာန်ယုံကြည်ခြင်းဘက်ထက်ကုဖ်ရ်ငြင်းပယ်ခြင်းဘက်သို့ ပို၍ နီးကပ်သူများဖြစ်ခဲ့ကြကုန်၏။ ထိုသူတို့သည် မိမိတို့စိတ်နှလုံး၌ မရှိသော အကြောင်းအရာများကို မိမိတို့နှုတ်များဖြင့်ပြောဆို ကြလေသည်။ သို့ရာတွင်မူကား အလ္လာဟ် အရှင်မြတ်သည် ထိုသူတို့ထိမ်ချန်လျှို့ဝှက်ကြကုန်သော အကြောင်းအရာများကို အကြွင်းမဲ့သိရှိ တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူလေသည်။
အာလ်-အိမရာန်ကုရ်အာန် ညွှန်းကိန်း
200အာယာသ်
MedinanRevelation
165အာယာသ်

ဘာသာပြန် — အာလ်-အိမရာန် 165

စူရာ အာလ်-အိမရာန် အာယာသ် 165 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : တဖန် (အုဟုဒ် စစ်မြေပြင်ဝယ်) အသင်တို့၌အတိဒုက္ခသည် ဆိုက်ရောက်ခဲ့လေသည်။ အသင်တို့သည်ယင်းအတိဒုက္ခ၏ နှစ်ဆမျှသော အတိဒုက္ခများကိုမူ (ရန်သူတို့၌) စင်စစ်ဧကန်…

စူရာ အာယာသ် 165/200 — စူရာ အာလ်-အိမရာန် آل عمران (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အာလ်-အိမရာန် နားထောင်, စူရာ အာလ်-အိမရာန် ဘာသာပြန်, စူရာ အာလ်-အိမရာန် mp3, စူရာ အာလ်-အိမရာန် pdf. အာယာသ် 163–167. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers