အာလ်-အိမရာန် · 160/200
ဘာသာပြန် အသံနိုင်ငံ — စူရာ အာလ်-အိမရာန်
إِن يَنصُرْكُمُ اللَّهُ فَلَا غَالِبَ لَكُمْ ۖ وَإِن يَخْذُلْكُمْ فَمَن ذَا الَّذِي يَنصُرُكُم مِّن بَعْدِهِ ۗ وَعَلَى اللَّهِ فَلْيَتَوَكَّلِ الْمُؤْمِنُونَ ۝١٦٠
Iny-yansurkumul laahu falaa ghaaliba lakum wa iny-yakhzulkum faman zal lazee yansurukum mim ba`dih; wa `alal laahi falyatawakkalil mu`minoon
📖 မြန်မာဘာသာ
(အို-သက်ဝင်ယုံကြည်သူ အပေါင်းတို့) အကယ၍ အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား ကူညီစောင်မတော်မူပါလျှင်၊ အသင်တို့အပေါ်၌ အောင်မြင် လွှမ်းမိုးမည့်သူဟူ၍ မည်သူတစ်ဦးတစ်ယောက်မျှ ရှိတော့မည်မဟုတ်ပေ။သို့ရာတွင် အကယ်၍သာ ထိုအရှင်မြတ်သည် အသင်တို့အား(ကူညီစောင်မတော်မူခြင်း မပြုဘဲ) စွန့်ပစ်ထားတော်မူပါလျှင်၊ထိုကဲ့သို့ စွန့်ပစ်ထားတော်မူပြီးနောက် အသင်တို့အား ကူညီစောင်မမည့်သူသည် အဘယ်သူ ရှိပါသေးသနည်း။ သို့ဖြစ်ရကား ယုံကြည်ခြင်းသဒ္ဓါတရား ထားရှိသော သူတို့သည်အလ္လာဟ်အရှင်မြတ် အပေါ်၌သာလျှင် ယုံကြည်စိတ်ချအားထားကြရမည်သာတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္မသဒ္ဒါပဒ ရှင်းလင်းချက်
  • ယန်ဆုရ်ကုမုလ္လာဟု (إِن يَنصُرْكُمُ اللَّهُ): အလ္လာဟ်အရှင်မြတ်သည် သင်တို့အား ကူညီမစတော်မူလျှင်။
  • ဂါလိဗ (غَالِب): အောင်နိုင်သူ၊ လွှမ်းမိုးနိုင်သူ။
  • ယခ်ဇုလ်ကုမ် (يَخْذُلْكُمْ): သင်တို့အား စွန့်ပစ်တော်မူလျှင်၊ ကူညီမစခြင်းမှ ရပ်တန့်တော်မူလျှင်။ ခိဇ်လာန် (خذلان) သည် ကူညီရန် နောက်ဆုတ်ထားခြင်း၊ စွန့်ပစ်ခြင်းကို ဆိုလိုသည်။
  • မိန်ဗအ်ဒိဟိ (مِّن بَعْدِهِ): ထိုအရှင်မြတ်၏နောက်တွင်၊ ထိုအရှင်မြတ် စွန့်ပစ်တော်မူပြီးနောက်။
  • ဖလ်ယတဝက္ကာလိ (فَلْيَتَوَكَّلِ): ထို့ကြောင့် ယုံကြည်ကိုးစားအပ်သည်၊ အားထားအပ်သည်။
  • မုအ်မင်နူန (الْمُؤْمِنُونَ): ယုံကြည်သူများ။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

အကယ်၍ အလ္လာဟ်အရှင်မြတ်သည် သင်တို့အား ကူညီမစတော်မူပါက မည်သူတစ်ဦးတစ်ယောက်မျှ သင်တို့ကို အောင်နိုင်လွှမ်းမိုးနိုင်မည် မဟုတ်ပေ။ ကမ္ဘာပေါ်ရှိ လူအားလုံး စုပေါင်း၍ သင်တို့ကို တိုက်ခိုက်လာစေကာမူ အလ္လာဟ်အရှင်မြတ်၏ အကူအညီရှိသရွေ့ မည်သူမျှ အောင်နိုင်မည်မဟုတ်ပေ။ သို့ရာတွင် အကယ်၍ အလ္လာဟ်အရှင်မြတ်သည် သင်တို့အား စွန့်ပစ်တော်မူပြီး သင်တို့ကိုယ်ကို သင်တို့သာ အားကိုးစေတော်မူပါက ထိုအရှင်မြတ်၏နောက်တွင် သင်တို့အား ကူညီမစနိုင်မည့်သူ မည်သူရှိဦးမည်နည်း။ အောင်ပွဲနှင့် အကူအညီသည် အလ္လာဟ်အရှင်မြတ်၏ လက်တော်တွင်သာ ရှိသည်။ ထို့ကြောင့် ယုံကြည်သူများသည် အလ္လာဟ်အရှင်မြတ်အပေါ်တွင်သာ ယုံကြည်ကိုးစား အားထားအပ်ပေသည်။ အခြားမည်သူ့အပေါ်မျှ အားမထားအပ်ပေ။ ဤအာယသ်တော်သည် ဗဒ်ရ်စစ်ပွဲတွင် အလ္လာဟ်အရှင်မြတ်၏ အကူအညီဖြင့် အောင်ပွဲရခဲ့သည့်အချိန်နှင့် အုဟုဒ်စစ်ပွဲတွင် စမ်းသပ်ခံခဲ့ရသည့်အချိန်ကို သတိရစေကာ အကူအညီနှင့် စွန့်ပစ်ခြင်းအားလုံးသည် အလ္လာဟ်အရှင်မြတ်၏ အဆုံးအဖြတ်တော်အတိုင်းဖြစ်ကြောင်း သွန်သင်ပေးသည်။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများ
  • အလ္လာဟ်အရှင်မြတ်သည် ကူညီမစတော်မူပါက မည်သည့်အင်အားကြီးမားသော ရန်သူမျှ အောင်နိုင်နိုင်မည်မဟုတ်ကြောင်း ယုံကြည်စိတ်ချစေသည်။
  • အောင်ပွဲသည် လူ့အင်အား၊ လက်နက်ကိရိယာ သို့မဟုတ် အရေအတွက်အပေါ် မူတည်သည်မဟုတ်ဘဲ အလ္


📜 အာယာသ် 158-162 — စူရာ အာလ်-အိမရာန်

158وَلَئِن مُّتُّمْ أَوْ قُتِلْتُمْ لَإِلَى اللَّهِ تُحْشَرُونَ
ထိုနည်းတူစွာ အကယ်၍ အသင်တို့သည် စင်စစ်သေဆုံးကြသည်ဖြစ်စေ၊ သို့တည်းမဟုတ် အသတ်ခံကြရသည်ဖြစ်စေ၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ် အထံတော်သို့သာလျှင် မုချစုရုံးစေခြင်းခံကြရပေမည်။
159فَبِمَا رَحْمَةٍ مِّنَ اللَّهِ لِنتَ لَهُمْ ۖ وَلَوْ كُنتَ فَظًّا غَلِيظَ الْقَلْبِ لَانفَضُّوا مِنْ حَوْلِكَ ۖ فَاعْفُ عَنْهُمْ وَاسْتَغْفِرْ لَهُمْ وَشَاوِرْهُمْ فِي الْأَمْرِ ۖ فَإِذَا عَزَمْتَ فَتَوَكَّلْ عَلَى اللَّهِ ۚ إِنَّ اللَّهَ يُحِبُّ الْمُتَوَكِّلِينَ
တဖန် (အို-နဗီတမန်တော်) အသင်သည်အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်ကြောင့်သာလျှင် ထိုသူတို့နှင့်နူးညံ့(စွာဆက်ဆံ)ခဲ့လေပြီ။ အကယ်၍သာ အသင်သည်ကြမ်းတန်းသောသူ (လူမှုဆက်ဆံရေး၌) စိတ်သဘော ခက်ထန်ကြမ်းကြုတ်သောသူဖြစ်ခဲ့ပါမူ၊ ထိုသူတို့သည် အသင်၏အပါးမှကစဉ့်ကလျားဖြစ်ကာ ထွက်ခွာသွားကြမည်မှာ ဧကန်မလွဲတည်း။ သို့ဖြစ်ရကား အသင်သည် ထိုသူတို့(၏ ချွတ်ယွင်းမှုများ)ကို ခွင့်လွှတ်ပါလေ။ (အလ္လာဟ်အရှင်မြတ်အထံတော်၌လည်း) ထိုသူတို့ အဖို့ လွတ်ငြိမ်းချမ်းသာခွင့်ကို အသနားခံပေးပါလေ။ ထိုမှတပါးတုံ အသင်သည် ရေးခွင့်ကိစ္စအဝဝနှင့်စပ်လျဉ်း၍ ထိုသူတို့နှင့်တိုင်ပင်ဆွေးနွေးပါလေ။ (သို့ဆွေးနွေးတိုင်ပင်)ပြီးနောက် အသင်သည် (တစ်စုံတရာသော ကိစ္စနှင့်စပ်လျဉ်း၍) ပြုလုပ်ရန် စိတ်ပြဋ္ဌာန်းလိုက်သည့်အခါ အလ္လာဟ်အရှင်မြတ် အပေါ်ဝယ် ယုံကြည်စိတ်ချ လွှဲအပ်(၍ပြုလုပ်)ပါလေ။ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည်(မိမိအပေါ်ဝယ်) ယုံကြည်စိတ်ချ အားထားသောသူတို့ကိုချစ်ခင်တော်မူလေသတည်း။
160إِن يَنصُرْكُمُ اللَّهُ فَلَا غَالِبَ لَكُمْ ۖ وَإِن يَخْذُلْكُمْ فَمَن ذَا الَّذِي يَنصُرُكُم مِّن بَعْدِهِ ۗ وَعَلَى اللَّهِ فَلْيَتَوَكَّلِ الْمُؤْمِنُونَ
(အို-သက်ဝင်ယုံကြည်သူ အပေါင်းတို့) အကယ၍ အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား ကူညီစောင်မတော်မူပါလျှင်၊ အသင်တို့အပေါ်၌ အောင်မြင် လွှမ်းမိုးမည့်သူဟူ၍ မည်သူတစ်ဦးတစ်ယောက်မျှ ရှိတော့မည်မဟုတ်ပေ။သို့ရာတွင် အကယ်၍သာ ထိုအရှင်မြတ်သည် အသင်တို့အား(ကူညီစောင်မတော်မူခြင်း မပြုဘဲ) စွန့်ပစ်ထားတော်မူပါလျှင်၊ထိုကဲ့သို့ စွန့်ပစ်ထားတော်မူပြီးနောက် အသင်တို့အား ကူညီစောင်မမည့်သူသည် အဘယ်သူ ရှိပါသေးသနည်း။ သို့ဖြစ်ရကား ယုံကြည်ခြင်းသဒ္ဓါတရား ထားရှိသော သူတို့သည်အလ္လာဟ်အရှင်မြတ် အပေါ်၌သာလျှင် ယုံကြည်စိတ်ချအားထားကြရမည်သာတည်း။
161وَمَا كَانَ لِنَبِيٍّ أَن يَغُلَّ ۚ وَمَن يَغْلُلْ يَأْتِ بِمَا غَلَّ يَوْمَ الْقِيَامَةِ ۚ ثُمَّ تُوَفَّىٰ كُلُّ نَفْسٍ مَّا كَسَبَتْ وَهُمْ لَا يُظْلَمُونَ
၎င်းပြင်၊ မည်သည့် နဗီတမန်တော်တစ်ပါးမျှထိမ်ချန်လျှို့ဝှက်ခြင်း (သစ္စာမဲ့ခြင်း) မရှိခဲ့ပြီ။ အမှန်စင်စစ်သော်ကား မည်သူမဆို ထိမ်ချန်လျှို့ဝှက်ခဲ့ပါမူ ထိုသူသည်ရှင်ပြန်ထမည့်နေ့တွင် မိမိထိမ်ချန်လျှို့ဝှက်သောအရာများကို(အလ္လာဟ် အရှင်မြတ်၏ရှေ့တော်မှောက်သို့) ယူဆောင်လာအံ့။ထို့နောက် လူတိုင်းသည် မိမိရှာဖွေဆည်းပူး ခဲ့သမျှ(သောကုသိုလ် အကုသိုလ်၏အကျိုး)ကို အပြည့် အစုံရရှိကြလတ္တံ့။၎င်းပြင် ထိုသူတို့သည် မတရား ပြုခြင်းကို အလျင်း ခံကြရမည်မဟုတ်ချေ။
162أَفَمَنِ اتَّبَعَ رِضْوَانَ اللَّهِ كَمَن بَاءَ بِسَخَطٍ مِّنَ اللَّهِ وَمَأْوَاهُ جَهَنَّمُ ۚ وَبِئْسَ الْمَصِيرُ
သို့ဖြစ်ရာ အလ္လာဟ်အရှင်မြတ်၏ နှစ်သက်လိုလားမှုကို လိုက်နာပြုလုပ်သောသူသည် အကြင် သူ(ယုတ်)ကဲ့သို့အဘယ်မှာလျှင် ဖြစ်နိုင်အံနည်း။ ထိုသူယုတ်သည် အလ္လာဟ်အရှင်မြတ်၏ အမျက်တော်ကိုခံစားခဲ့ရ၏။ ထိုသူ၏ ပြန်လည်ရာဌာနသည် ငရဲဘုံဖြစ်၏။ ထိုငရဲဘုံသည် အလွန် ယုတ်ညံ့ဆိုးရွားလှသော ပြန်လည်ရာဌာနပင် ဖြစ်ပေသည်။
အာလ်-အိမရာန်ကုရ်အာန် ညွှန်းကိန်း
200အာယာသ်
MedinanRevelation
160အာယာသ်

ဘာသာပြန် — အာလ်-အိမရာန် 160

စူရာ အာလ်-အိမရာန် အာယာသ် 160 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (အို-သက်ဝင်ယုံကြည်သူ အပေါင်းတို့) အကယ၍ အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား ကူညီစောင်မတော်မူပါလျှင်၊ အသင်တို့အပေါ်၌ အောင်မြင် လွှမ်းမိုးမည့်သူဟူ၍ မည်သူတစ်ဦးတစ်ယောက်မျှ…

စူရာ အာယာသ် 160/200 — စူရာ အာလ်-အိမရာန် آل عمران (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အာလ်-အိမရာန် နားထောင်, စူရာ အာလ်-အိမရာန် ဘာသာပြန်, စူရာ အာလ်-အိမရာန် mp3, စူရာ အာလ်-အိမရာန် pdf. အာယာသ် 158–162. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers