La sourate At-Tariq en Birmane
(ငါအရှင်မြတ်သည်) မိုးကောင်းကင်ကိုလည်းကောင်း၊ ညဉ့်အချိန်၌ သွားလာသောအရာကိုလည်းကောင်း၊ သက်သေထူတော်မူ၏။ |
စင်စစ် ညဉ့်အချိန်၌လာသောအရာကား မည်သည့်အရာနည်းဟု အသင် သိပါသလော။ |
ယင်းသည် (ထွင်းဖောက်)လင်းဝင်းတောက်ပသော ကြယ်တာရာပင်။ |
လူတိုင်းလူတိုင်း၌ ထိန်းသိမ်းစောင့်ရှောက်သူ(ကောင်းကင်တမန်)တစ်ဦးစီ ရှိပေသည်။ |
သို့ဖြစ်ပေရာ လူသားသည် မည်သည့်အရာမှ မိမိ ဖန်ဆင်းခြင်းခံခဲ့ရသည်ကို ကြည့်ရှုရပေမည်။ |
ထိုလူသားသည် ပန်း၍ထွက်သောအရည်မှ ဖန်ဆင်းခြင်းကို ခံခဲ့ရလေသည်။ |
ထိုအရည်သည် ကျောရိုးနှင့် ရင်ရိုးများ၏အကြားမှ (ဝါ-တစ်ကိုယ်လုံးမှ) ထွက်လေသည်။ |
ဧကန်မလွဲ ထိုအရှင်မြတ်သည် ထိုလူသားအား အမှန်ပင် ရှင်ပြန်ထစေတော်မူနိုင်သော အရှင်မြတ်ပင် ဖြစ်တော်မူ၏။ |
လျှို့ဝှက်ချက်များ စစ်ဆေးစူးစမ်းခြင်း ခံရသောနေ့တွင်။ |
ထိုလူသား၌ မည်သည့် စွမ်းအင်မျှလည်း ရှိလိမ့်မည်မဟုတ်၊ ကူညီစောင်မမည့်သူ ဟူ၍လည်း တစ်ဦးတစ်ယောက်မျှပင် ရှိလိမ့်မည်မဟုတ် ပေတကား။ |
(ငါအရှင်မြတ်သည်) မိုးရေရွာသွန်းသော မိုးကောင်းကင်ကို သက်သေထူတော်မူ၏။ |
၎င်းပြင် (ငါအရှင်မြတ်သည်) (သီးနှံထွက်ချိန်တွင်) အက်ကွဲသောပထဝီမြေကို သက်သေထူတော်မူ၏။ |
ဧကန်မလွဲ ဤ(ကုရ်အာန်ကျမ်းတော်မြတ်)သည် အပြီးအပြတ်စကားပင် ဖြစ်ပေသည်။ (တိကျ ပြတ်သားသော အဆုံးအဖြတ်ပင် ဖြစ်ပေသည်။) |
၎င်းပြင် ထိုစကားသည် ထို(ကုရ်အာန်ကျမ်းတော်မြတ်)သည် ကရော်ကမည် ပြောဆိုသောစကား မဟုတ်ပြီ။ |
ဧကန်စင်စစ် ထို("ကာဖိရ်"သွေဖည်ငြင်းပယ်သော)သူတို့သည် အကြံအစည် အမျိုးမျိုးကို ကြံစည်လျက် ရှိကြကုန်၏။ |
ငါအရှင်မြတ်သည်လည်း အကြံအစည်အမျိုးမျိုးကို ကြံစည်လျက် ရှိတော်မူ၏။ |
သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) အသင်သည် "ကာဖိရ်" သွေဖည်ငြင်းပယ်သောသူတို့အား ရွှေ့ဆိုင်းခွင့်ပေးပါလေ။ အသင်သည် ၎င်းတို့အား မသိမသာ အချိန်ဆွဲ၍ ထားပါလေ။ (ခေတ္တ လန်စမ်းထားပါလေ။) |
Plus de sourates en Birmane :
Téléchargez la sourate avec la voix des récitants du Coran les plus célèbres :
Téléchargez le fichier mp3 de la sourate At-Tariq : choisissez le récitateur pour écouter et télécharger la sourate At-Tariq complète en haute qualité.















Donnez-nous une invitation valide