📖 0/604 ဖတ်ပြီးသောစာမျက်နှာများ
📄 134
وَكَذَٰلِكَ فَتَنَّا بَعۡضَهُم بِبَعۡضٍ لِّيَقُولُوٓاْ أَهَٰٓؤُلَآءِ مَنَّ ٱللَّهُ عَلَيۡهِم مِّنۢ بَيۡنِنَآۗ أَلَيۡسَ ٱللَّهُ بِأَعۡلَمَ بِٱلشَّٰكِرِينَ  ۝٥٣ وَإِذَا جَآءَكَ ٱلَّذِينَ يُؤۡمِنُونَ بِـَٔايَٰتِنَا فَقُلۡ سَلَٰمٌ عَلَيۡكُمۡۖ كَتَبَ رَبُّكُمۡ عَلَىٰ نَفۡسِهِ ٱلرَّحۡمَةَ أَنَّهُۥ مَنۡ عَمِلَ مِنكُمۡ سُوٓءَۢا بِجَهَٰلَةٍ ثُمَّ تَابَ مِنۢ بَعۡدِهِۦ وَأَصۡلَحَ فَأَنَّهُۥ غَفُورٌ رَّحِيمٌ  ۝٥٤ وَكَذَٰلِكَ نُفَصِّلُ ٱلۡأٓيَٰتِ وَلِتَسۡتَبِينَ سَبِيلُ ٱلۡمُجۡرِمِينَ  ۝٥٥ قُلۡ إِنِّي نُهِيتُ أَنۡ أَعۡبُدَ ٱلَّذِينَ تَدۡعُونَ مِن دُونِ ٱللَّهِۚ قُل لَّآ أَتَّبِعُ أَهۡوَآءَكُمۡ قَدۡ ضَلَلۡتُ إِذًا وَمَآ أَنَا۠ مِنَ ٱلۡمُهۡتَدِينَ  ۝٥٦ قُلۡ إِنِّي عَلَىٰ بَيِّنَةٍ مِّن رَّبِّي وَكَذَّبۡتُم بِهِۦۚ مَا عِندِي مَا تَسۡتَعۡجِلُونَ بِهِۦٓۚ إِنِ ٱلۡحُكۡمُ إِلَّا لِلَّهِۖ يَقُصُّ ٱلۡحَقَّۖ وَهُوَ خَيۡرُ ٱلۡفَٰصِلِينَ  ۝٥٧ قُل لَّوۡ أَنَّ عِندِي مَا تَسۡتَعۡجِلُونَ بِهِۦ لَقُضِيَ ٱلۡأَمۡرُ بَيۡنِي وَبَيۡنَكُمۡۗ وَٱللَّهُ أَعۡلَمُ بِٱلظَّٰلِمِينَ  ۝٥٨ ۞ وَعِندَهُۥ مَفَاتِحُ ٱلۡغَيۡبِ لَا يَعۡلَمُهَآ إِلَّا هُوَۚ وَيَعۡلَمُ مَا فِي ٱلۡبَرِّ وَٱلۡبَحۡرِۚ وَمَا تَسۡقُطُ مِن وَرَقَةٍ إِلَّا يَعۡلَمُهَا وَلَا حَبَّةٍ فِي ظُلُمَٰتِ ٱلۡأَرۡضِ وَلَا رَطۡبٍ وَلَا يَابِسٍ إِلَّا فِي كِتَٰبٍ مُّبِينٍ  ۝٥٩
6:53
وَكَذَٰلِكَ فَتَنَّا بَعۡضَهُم بِبَعۡضٍ لِّيَقُولُوٓاْ أَهَٰٓؤُلَآءِ مَنَّ ٱللَّهُ عَلَيۡهِم مِّنۢ بَيۡنِنَآۗ أَلَيۡسَ ٱللَّهُ بِأَعۡلَمَ بِٱلشَّٰكِرِينَ  ۝٥٣
၎င်းနောက် ငါအရှင်မြတ်သည် ဤနည်းအတိုင်းပင် ထိုသူတို့အနက် အချို့ကို (ကာဖိရ်များကို) အချို့ဖြင့်(မုစ်လင်မ် များဖြင့်) စမ်းသပ်တော်မူ၏။ သို့မှသာလျှင် ထိုသူများက(ကာဖိရ်များက) ငါတို့ အနက်မှ အလ္လာဟ်အရှင်မြတ် ကျေးဇူးတော်ကို ပြုတော်မူသောသူများကား ဤသူများလော ဟု ဆိုကြပေအံ့။ အလ္လာဟ်အရှင်မြတ်သည် ကျေးဇူးတော်ကို သိတတ်သူများအား ကောင်းစွာသိတော်မူသောအရှင် မဟုတ်ပါသလော။
6:54
وَإِذَا جَآءَكَ ٱلَّذِينَ يُؤۡمِنُونَ بِـَٔايَٰتِنَا فَقُلۡ سَلَٰمٌ عَلَيۡكُمۡۖ كَتَبَ رَبُّكُمۡ عَلَىٰ نَفۡسِهِ ٱلرَّحۡمَةَ أَنَّهُۥ مَنۡ عَمِلَ مِنكُمۡ سُوٓءَۢا بِجَهَٰلَةٍ ثُمَّ تَابَ مِنۢ بَعۡدِهِۦ وَأَصۡلَحَ فَأَنَّهُۥ غَفُورٌ رَّحِيمٌ  ۝٥٤
ထို့ပြင်တဝ (အို-နဗီတမန်တော်) အသင့်ထံသို့ငါအရှင်မြတ်၏ သက်သေသာဓက လက္ခဏာတော်များကို ယုံကြည်သောသူတို့ လာရောက်ကြသောအခါ အသင်သည် (၎င်းတို့အား ဤသို့ပြောဆိုပါလေ)၊ အသင်တို့အပေါ်ဝယ် ချမ်းမြေ့သာယာခြင်း သည် သက်ရောက်ပါစေသား၊အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် မိမိအပေါ်၌ ကရုဏာတရားကို သတ်မှတ်ပြဋ္ဌာန်း၍ ထားရှိတော်မူလေသည်။စင်စစ်ဧကန် အသင်တို့အနက် မည်သူမဆို နားမလည်၍မကောင်းမှု ဒုစရိုက်ကိုပြုမိခဲ့၏။ ထို့နောက် ထိုသူသည် ဝန်ချတောင်းပန်၍ မိမိကိုယ်ကို မိမိပြုပြင်ခဲ့၏။ သို့ဖြစ်လျှင် မုချစင်စစ် �ိုအရှင်မြတ်သည် အလွန်တရာလွတ်ငြိမ်းချမ်းသာခွင့်ပေးသနားတော်မူသောအရှင်၊ အလွန်တရာသနား ကြင်နာတော်မူထသောအရှင်မြတ်ပင် ဖြစ်တော်မူချေသတည်း။
6:55
وَكَذَٰلِكَ نُفَصِّلُ ٱلۡأٓيَٰتِ وَلِتَسۡتَبِينَ سَبِيلُ ٱلۡمُجۡرِمِينَ  ۝٥٥
၎င်းပြင်၊ ဤနည်းအတိုင်းပင် အပြစ်ထိုက်သင့်သောသူတို့၏လမ်းစဉ်သည် ထင်ရှားသွားရန်အလို့ငှာ ငါအရှင်မြတ်သည် သက်သေလက္ခဏာတော်များကို ထင်ရှားစွာထုတ်ဖော်မိန့်ကြားတော်မူလေသတည်း။တနည်း၎င်းပြင် ဤနည်းအတိုင်းပင် ငါအရှင်မြတ်သည် အာယသ် သက်သေလက္ခဏာတော်များကို ထင်ရှားစွာဖော်ပြတော်မူသည်။ (သို့မှသာလျှင် မုအ်မင်န်တို့၏ လမ်းစဉ်သည်လည်း ထင်ရှားသွားပေမည်)။ ၎င်းပြင် အပြစ်ထိုက်သင့်သူတို့၏ လမ်းစဉ်လည်း ထင်ရှားသွားပေမည်။
6:56
قُلۡ إِنِّي نُهِيتُ أَنۡ أَعۡبُدَ ٱلَّذِينَ تَدۡعُونَ مِن دُونِ ٱللَّهِۚ قُل لَّآ أَتَّبِعُ أَهۡوَآءَكُمۡ قَدۡ ضَلَلۡتُ إِذًا وَمَآ أَنَا۠ مِنَ ٱلۡمُهۡتَدِينَ  ۝٥٦
(အို-နဗီတမန်တော်) အသင်သည် (ဤသို့)ပြောကြားပါလေ၊ အလ္လာဟ်အရှင်မြတ်ကိုစွန့်ပယ်၍ အသင်တို့ ဟစ်ခေါ်တသကြကုန်သောသူတို့အား ကိုးကွယ်ဆည်းကပ်ခြင်းမှငါသည် တားမြစ်ခြင်းကို ခံရပြီးဖြစ်သည်။ အသင်သည် (ဤသို့လည်း) ပြောကြားပါလေ။ ငါသည် အသင်တို့၏ အချည်းနှီးသော အလိုဆန္ဒများကို အလျင်း လိုက်နာမည်မဟုတ်ပေ။သို့လိုက်နာ မိပါလျှင် ငါသည် လမ်းမှားသို့ ရောက်သွားပေမည်။၎င်းပြင် ငါသည် တရားလမ်းမှန်ကို ရရှိသောသူတို့တွင်လည်းအပါအဝင် ဖြစ်တော့မည်မဟုတ်ပေ။
6:57
قُلۡ إِنِّي عَلَىٰ بَيِّنَةٍ مِّن رَّبِّي وَكَذَّبۡتُم بِهِۦۚ مَا عِندِي مَا تَسۡتَعۡجِلُونَ بِهِۦٓۚ إِنِ ٱلۡحُكۡمُ إِلَّا لِلَّهِۖ يَقُصُّ ٱلۡحَقَّۖ وَهُوَ خَيۡرُ ٱلۡفَٰصِلِينَ  ۝٥٧
(အို-နဗီတမန်တော်) အသင်သည် (ဤကဲ့သို့)ပြောကြားပါလေ၊ မုချဧကန်ငါသည် မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင့်ထံတော်မှဖြစ် သော(ကြီးမားထင်ရှားသော)သက်သေသာဓကအပေါ်၌ တည်ရှိပေသည်။ သို့ရာတွင်အသင်တို့သည် ထို(သက်သေသာဓက)ကိုပင် မဟုတ်မမှန်ဟုငြင်းပယ်ခဲ့ကြလေသည်။ အသင်တို့ အလျင်စလို တောင်းဆိုကြသောအရာ(ပြစ်ဒဏ်)သည် ငါ့ထံ၌မရှိပေ။ အမိန့်အာဏာကိုကား အလ္လာဟ်အရှင်မြတ်သာလျှင် ပိုင်ဆိုင်တော်၏။ ထိုအရှင်မြတ်သည်သာလျှင် အမှန်ကို ထုတ်ဖော်မိန့်ကြားတော်မူ၏။ ၎င်းပြင် ထိုအရှင်မြတ်သည်သာလျှင် အကောင်းဆုံး စီရင်ဆုံးဖြတ်တော်မူသောအရှင် ဖြစ်တော်မူချေသည်။
6:58
قُل لَّوۡ أَنَّ عِندِي مَا تَسۡتَعۡجِلُونَ بِهِۦ لَقُضِيَ ٱلۡأَمۡرُ بَيۡنِي وَبَيۡنَكُمۡۗ وَٱللَّهُ أَعۡلَمُ بِٱلظَّٰلِمِينَ  ۝٥٨
(အို-နဗီတမန်တော်) အသင်သည် (ဤသို့) ပြောကြားပါလေ၊ အကယ်၍ အသင်တို့ အလျင်စလို တောင်းဆိုနေကြသောအရာ(ပြစ်ဒဏ်)သည် ငါ့ထံ၌ရှိပါလျှင် ငါနှင့်အသင်တို့စပ်ကြားတွင်ဖြစ်ပေါ်နေသော ပြဿနာသည် ဖြေရှင်းပြီးဖြစ်ပေသည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မတရားသောသူတို့ကို ကောင်းစွာသိတော်မူသော အရှင်ဖြစ်တော်မူသည်။
6:59
۞ وَعِندَهُۥ مَفَاتِحُ ٱلۡغَيۡبِ لَا يَعۡلَمُهَآ إِلَّا هُوَۚ وَيَعۡلَمُ مَا فِي ٱلۡبَرِّ وَٱلۡبَحۡرِۚ وَمَا تَسۡقُطُ مِن وَرَقَةٍ إِلَّا يَعۡلَمُهَا وَلَا حَبَّةٍ فِي ظُلُمَٰتِ ٱلۡأَرۡضِ وَلَا رَطۡبٍ وَلَا يَابِسٍ إِلَّا فِي كِتَٰبٍ مُّبِينٍ  ۝٥٩
၎င်းပြင် ထိုအရှင်မြတ်အထံတော်တွင် အကွယ်၌ရှိသောအရာများ၏ [သော့များသည်ရှိ၏]။ [(တနည်း) ဘဏ္ဍာတော်များသည်ရှိ၏။] ယင်း(သော့များ-ဘဏ္ဍာတော်များကို)ထိုအရှင်မြတ်မှတစ်ပါး မည်သူမျှမသိချေ။ ၎င်းပြင် ထိုအရှင်မြတ်သည် သာလျှင် ပထဝီမြေ၌ ရှိရှိသမျှသော အရာတို့ကလည်းကောင်း၊ သမုဒ္ဒရာ ပင်လယ်၌ ရှိရှိသမျှသော အရာတို့ကိုလည်းကောင်း သိရှိတော်မူ၏။ ထို့ပြင်တဝ သစ်ရွက်တစ်ရွက်ကြွေကျသည်ကိုပင် ထိုအရှင်မြတ်သည် သိရှိတော်မူ၏။ ၎င်းပြင် ပထဝီမြေ၏အမှောင်အထပ်ထပ်တွင် ကျနေသော (သစ်)စေ့ ဟူသရွေ့တို့သည်လည်းကောင်း၊ စိမ်းစိုသောအရာဝတ္ထု ဟူသရွေ့တို့သည်လည်းကောင်း၊ သွေ့ခြောက်သော အရာဝတ္ထုဟူသရွေ့တို့သည်လည်းကောင်း၊ ရှင်းလင်းထင်ရှားသော (မှတ်တမ်း) တော်စာအုပ်တွင်ရှိကုန်၏။


📚Juz 7 📄134 / 604



Mishary Rashid Alafasy
Mahmoud Khalil Al-Husary
Abdurrahman As-Sudais
Mohamed Siddiq Al-Minshawi
Abdul Basit Abdul Samad
Ali Al-Hudhaify
Ahmed ibn Ali al-Ajamy
Abu Bakr Ash-Shaatree
Muhammad Ayyoub
Abdullah Basfar
Abdullah Al-Juhani
Maher Al Muaiqly
0:00
0:00
-

ကုရ်အာန်ကျမ်း


Saturday, August 22, 2026

Don't forget us in your sincere prayers