အလ်-အန်အာမ် · 53/165
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အန်အာမ်
وَكَذَٰلِكَ فَتَنَّا بَعْضَهُم بِبَعْضٍ لِّيَقُولُوا أَهَٰؤُلَاءِ مَنَّ اللَّهُ عَلَيْهِم مِّن بَيْنِنَا ۗ أَلَيْسَ اللَّهُ بِأَعْلَمَ بِالشَّاكِرِينَ ۝٥٣
Wa kazaalika fatannaa ba`dahum biba`dil liyaqoolooo ahaaa`ulaaa`i mannal laahu `alaihim mim baininaa; alaisal laahu bi-a`lama bish shaakireen
📖 မြန်မာဘာသာ
၎င်းနောက် ငါအရှင်မြတ်သည် ဤနည်းအတိုင်းပင် ထိုသူတို့အနက် အချို့ကို (ကာဖိရ်များကို) အချို့ဖြင့်(မုစ်လင်မ် များဖြင့်) စမ်းသပ်တော်မူ၏။ သို့မှသာလျှင် ထိုသူများက(ကာဖိရ်များက) ငါတို့ အနက်မှ အလ္လာဟ်အရှင်မြတ် ကျေးဇူးတော်ကို ပြုတော်မူသောသူများကား ဤသူများလော ဟု ဆိုကြပေအံ့။ အလ္လာဟ်အရှင်မြတ်သည် ကျေးဇူးတော်ကို သိတတ်သူများအား ကောင်းစွာသိတော်မူသောအရှင် မဟုတ်ပါသလော။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္မပဒအခန်းငယ် (53) ၏ စကားလုံးများအနက်အဓိပ္ပာယ်:
  • ဖတန်နာ (فَتَنَّا): စမ်းသပ်ခဲ့သည်၊ စမ်းသပ်စစ်ဆေးခဲ့သည်။
  • ဗအ်ဒွဟွမ် ဗိဗအ်ဒွင် (بَعْضَهُم بِبَعْضٍ): သူတို့အနက် တစ်ချို့ကို တစ်ချို့နှင့်။
  • မန်နလ္လာဟု (مَنَّ اللَّهُ): အလ္လာဟ်အရှင်မြတ် ကျေးဇူးပြုတော်မူခဲ့သည်။
  • ရှာကိရီန် (الشَّاكِرِينَ): ကျေးဇူးတင်သောသူများ။
  1. ဤအာယတ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်:

အလ္လာဟ်အရှင်မြတ်သည် လူသားများအနက် တစ်ချို့ကို တစ်ချို့နှင့် စမ်းသပ်တော်မူခဲ့သည်။ ဆိုလိုသည်မှာ လူ့ဘဝတွင် ချမ်းသာသူနှင့် ဆင်းရဲသူ၊ အားကြီးသူနှင့် အားနည်းသူ၊ ဂုဏ်ရှိသူနှင့် ဂုဏ်နည်းသူ စသည်ဖြင့် အခြေအနေအမျိုးမျိုး ကွဲပြားစေတော်မူခဲ့သည်။ ဤသို့ ကွဲပြားစေတော်မူခြင်းသည် စမ်းသပ်မှုတစ်ခုဖြစ်သည်။ ထိုအခါ ကာဖိရ်ဖြစ်သော ချမ်းသာသူများက ဆင်းရဲသော မွတ်စ်လင်မ်များကို ကြည့်ပြီး "ငါတို့အထဲမှ ဤသူတွေကိုပဲ အလ္လာဟ်အရှင်မြတ် အစ္စလာမ်လမ်းစဉ်ဖြင့် ကျေးဇူးပြုတော်မူခဲ့သလား" ဟု ပြောဆိုကြသည်။ ဆိုလိုသည်မှာ သူတို့သည် မာနထောင်လွှားပြီး "အကယ်၍ အစ္စလာမ်သည် ကောင်းသောအရာဖြစ်ခဲ့လျှင် ဤဆင်းရဲသားများ ငါတို့ထက် ရှေးဦးစွာ မရောက်ရှိသင့်ပေ" ဟု ဆင်ခြေပေးကြသည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်က "အလ္လာဟ်အရှင်မြတ်သည် ကျေးဇူးတင်သောသူများကို ပိုမိုသိတော်မူသည်မဟုတ်လော" ဟု မိန့်တော်မူသည်။ ဤသည်မှာ အတည်ပြုသော မေးခွန်းဖြစ်သည်။ ဆိုလိုသည်မှာ အလ္လာဟ်အရှင်မြတ်သည် မိမိ၏ လမ်းညွှန်မှုကို လက်ခံပြီး ကျေးဇူးတင်သောသူများကို အသိဆုံးဖြစ်တော်မူသည်။ ထို့ကြောင့် သူသည် ကျေးဇူးတင်သောသူများကို အီမာန်ယုံကြည်မှုဆီသို့ ပို့ဆောင်ပေးတော်မူပြီး ကျေးဇူးမတင်သော ကာဖိရ်များကို စွန့်ပစ်တော်မူသည်။

  1. ဤအာယတ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် အစ္စလာမ်ဘာသာကို ချစ်မြတ်နိုးစေသော သင်ခန်းစာများ:
  • အလ္လာဟ်အရှင်မြတ်သည် လူသားများကို ချမ်းသာမှု၊ ဆင်းရဲမှု၊ အားကြီးမှု၊ အားနည်းမှု စသည်ဖြင့် အမျိုးမျိုးသော အခြေအနေများဖြင့် စမ်းသပ်တော်မူသည်။ ဤသည်မှာ မည်သူက ကျေးဇူးတင်ပြီး မည်သူက မာနထောင်လွှားသည်ကို ဖော်ထုတ်ရန်ဖြစ်သည်။
  • လူ့ဘဝတွင် ရ


📜 အာယာသ် 51-55 — စူရာ အလ်-အန်အာမ်

51وَأَنذِرْ بِهِ الَّذِينَ يَخَافُونَ أَن يُحْشَرُوا إِلَىٰ رَبِّهِمْ ۙ لَيْسَ لَهُم مِّن دُونِهِ وَلِيٌّ وَلَا شَفِيعٌ لَّعَلَّهُمْ يَتَّقُونَ
၎င်းပြင် (အို-နဗီတမန်တော်) မိမိတို့၏အရှင်မြတ် အထံတော်သို့ ထိုအရှင်မြတ်မှတစ်ပါး ကိစ္စအဝဝကိုဆောင်ရွက်ပေးမည့်သူဟူ၍လည်းကောင်း၊ (အပြစ်မှချမ်းသာခွင့်ရရှိစေခြင်းငှာ)ကြားဝင်အသနားခံပေးမည့်သူဟူ၍ လည်းကောင်း၊ အခြားမည်သူတစ်ဦးတစ်ယောက်မျှမရှိသည့် အဖြစ်မျိုးနှင့် စုရုံးကြမည်ကို စိုးရိမ်ကြကုန်သော သူတို့အား အသင်သည်ယင်း(ကုရ်အာန်ကျမ်းမြတ်) ဖြင့် သတိပေးနှိုးဆော်ပါလေ။သို့မှသာလျှင် ထိုသူတို့သည် ပြစ်မှုဒုစရိုက်တို့မှ ကြဉ်ရှောင်ကြကုန်အံ့။ ၎င်းပြင် အကြင်သူများသည် မိမိတို့၏အရှင် သခင်ထံတော်၌ စုရုံးကြရမည့်အခါတွင်၊ အလ္လာဟ်အသျှင်မြတ်မှတစ်ပါးမိမိတို့အား ကူညီ ယိုင်းပင်းပေးမည့်သူ ဟူ၍လည်းမရှိ၊ ၎င်းပြင်လွတ်ငြိမ်းချမ်းသာခွင့်ရရန် အသနားခံပေးမည့်သူ လည်းမရှိမည်ကို လန့်တွေးကြောက်ထိတ် သံဝေဂစိတ် ရှိသူတို့အား (အိုနဗီ)အသင်သည် ဤကုရ်အာန်ကျမ်းမြတ်ဖြင့် သတိပေးပါလေ။သို့မှသာလျှင် ထိုသူများသည်(မကောင်းမှုဒုစရိုက်များကို)ရှောင်ကြဉ်ကြပေမည်။
52وَلَا تَطْرُدِ الَّذِينَ يَدْعُونَ رَبَّهُم بِالْغَدَاةِ وَالْعَشِيِّ يُرِيدُونَ وَجْهَهُ ۖ مَا عَلَيْكَ مِنْ حِسَابِهِم مِّن شَيْءٍ وَمَا مِنْ حِسَابِكَ عَلَيْهِم مِّن شَيْءٍ فَتَطْرُدَهُمْ فَتَكُونَ مِنَ الظَّالِمِينَ
င်းပြင်အသင်သည် အကြင်သူများကို(မိမိထံမှ)နှင်မထုတ်ပါနှင့်။ ထိုသူများသည် မိမိတို့ကို မွေးမြူတော်မူသောအရှင်မြတ်အား နံနက်အချိန်တွင်လည်းကောင်း၊ ညနေအချိန်တွင်လည်းကောင်း၊ ခဝပ်ကိုးကွယ်ကြ၏။ ထိုအရှင်မြတ်၏နှစ်မြို့တော်မူခြင်းကိုသာလျှင် ရည်စူးကြ၏။ အသင်သည်ထိုသူတို့ကို နှင့်ထုတ်ရလေအောင် ထိုသူတို့အားစူးစမ်းခြင်းနှင့်ပတ်သက်၍ အသင့်အပေါ်၌ တစ်စုံတစ်ရာတာဝန်ရှိသည်မဟုတ်ချေ။ 4င်းအပြင် အသင့်အားစူးစမ်းခြင်းနှင့်ပတ်သက်၍ထိုသူတို့အပေါ်၌လည်း တစ်စုံတစ်ရာတာဝန်ရှိသည်မဟုတ်ချေ။ သို့ပါလျက် အကယ်၍ အသင်ဤသို့ပြုမိလျှင်၊အသင်သည် မတရားပြုသူများတွင် အပါအဝင်ဖြစ်သွားချေမည်။
53وَكَذَٰلِكَ فَتَنَّا بَعْضَهُم بِبَعْضٍ لِّيَقُولُوا أَهَٰؤُلَاءِ مَنَّ اللَّهُ عَلَيْهِم مِّن بَيْنِنَا ۗ أَلَيْسَ اللَّهُ بِأَعْلَمَ بِالشَّاكِرِينَ
၎င်းနောက် ငါအရှင်မြတ်သည် ဤနည်းအတိုင်းပင် ထိုသူတို့အနက် အချို့ကို (ကာဖိရ်များကို) အချို့ဖြင့်(မုစ်လင်မ် များဖြင့်) စမ်းသပ်တော်မူ၏။ သို့မှသာလျှင် ထိုသူများက(ကာဖိရ်များက) ငါတို့ အနက်မှ အလ္လာဟ်အရှင်မြတ် ကျေးဇူးတော်ကို ပြုတော်မူသောသူများကား ဤသူများလော ဟု ဆိုကြပေအံ့။ အလ္လာဟ်အရှင်မြတ်သည် ကျေးဇူးတော်ကို သိတတ်သူများအား ကောင်းစွာသိတော်မူသောအရှင် မဟုတ်ပါသလော။
54وَإِذَا جَاءَكَ الَّذِينَ يُؤْمِنُونَ بِآيَاتِنَا فَقُلْ سَلَامٌ عَلَيْكُمْ ۖ كَتَبَ رَبُّكُمْ عَلَىٰ نَفْسِهِ الرَّحْمَةَ ۖ أَنَّهُ مَنْ عَمِلَ مِنكُمْ سُوءًا بِجَهَالَةٍ ثُمَّ تَابَ مِن بَعْدِهِ وَأَصْلَحَ فَأَنَّهُ غَفُورٌ رَّحِيمٌ
ထို့ပြင်တဝ (အို-နဗီတမန်တော်) အသင့်ထံသို့ငါအရှင်မြတ်၏ သက်သေသာဓက လက္ခဏာတော်များကို ယုံကြည်သောသူတို့ လာရောက်ကြသောအခါ အသင်သည် (၎င်းတို့အား ဤသို့ပြောဆိုပါလေ)၊ အသင်တို့အပေါ်ဝယ် ချမ်းမြေ့သာယာခြင်း သည် သက်ရောက်ပါစေသား၊အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် မိမိအပေါ်၌ ကရုဏာတရားကို သတ်မှတ်ပြဋ္ဌာန်း၍ ထားရှိတော်မူလေသည်။စင်စစ်ဧကန် အသင်တို့အနက် မည်သူမဆို နားမလည်၍မကောင်းမှု ဒုစရိုက်ကိုပြုမိခဲ့၏။ ထို့နောက် ထိုသူသည် ဝန်ချတောင်းပန်၍ မိမိကိုယ်ကို မိမိပြုပြင်ခဲ့၏။ သို့ဖြစ်လျှင် မုချစင်စစ် �ိုအရှင်မြတ်သည် အလွန်တရာလွတ်ငြိမ်းချမ်းသာခွင့်ပေးသနားတော်မူသောအရှင်၊ အလွန်တရာသနား ကြင်နာတော်မူထသောအရှင်မြတ်ပင် ဖြစ်တော်မူချေသတည်း။
55وَكَذَٰلِكَ نُفَصِّلُ الْآيَاتِ وَلِتَسْتَبِينَ سَبِيلُ الْمُجْرِمِينَ
၎င်းပြင်၊ ဤနည်းအတိုင်းပင် အပြစ်ထိုက်သင့်သောသူတို့၏လမ်းစဉ်သည် ထင်ရှားသွားရန်အလို့ငှာ ငါအရှင်မြတ်သည် သက်သေလက္ခဏာတော်များကို ထင်ရှားစွာထုတ်ဖော်မိန့်ကြားတော်မူလေသတည်း။တနည်း၎င်းပြင် ဤနည်းအတိုင်းပင် ငါအရှင်မြတ်သည် အာယသ် သက်သေလက္ခဏာတော်များကို ထင်ရှားစွာဖော်ပြတော်မူသည်။ (သို့မှသာလျှင် မုအ်မင်န်တို့၏ လမ်းစဉ်သည်လည်း ထင်ရှားသွားပေမည်)။ ၎င်းပြင် အပြစ်ထိုက်သင့်သူတို့၏ လမ်းစဉ်လည်း ထင်ရှားသွားပေမည်။
အလ်-အန်အာမ်ကုရ်အာန် ညွှန်းကိန်း
165အာယာသ်
MeccanRevelation
53အာယာသ်

ဘာသာပြန် — အလ်-အန်အာမ် 53

စူရာ အလ်-အန်အာမ် အာယာသ် 53 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းနောက် ငါအရှင်မြတ်သည် ဤနည်းအတိုင်းပင် ထိုသူတို့အနက် အချို့ကို (ကာဖိရ်များကို) အချို့ဖြင့်(မုစ်လင်မ် များဖြင့်) စမ်းသပ်တော်မူ၏။ သို့မှသာလျှင်…

စူရာ အာယာသ် 53/165 — စူရာ အလ်-အန်အာမ် الأنعام (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အန်အာမ် နားထောင်, စူရာ အလ်-အန်အာမ် ဘာသာပြန်, စူရာ အလ်-အန်အာမ် mp3, စူရာ အလ်-အန်အာမ် pdf. အာယာသ် 51–55. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers