အလ်-အန်အာမ် · 59/165
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အန်အာမ်
۞ وَعِندَهُ مَفَاتِحُ الْغَيْبِ لَا يَعْلَمُهَا إِلَّا هُوَ ۚ وَيَعْلَمُ مَا فِي الْبَرِّ وَالْبَحْرِ ۚ وَمَا تَسْقُطُ مِن وَرَقَةٍ إِلَّا يَعْلَمُهَا وَلَا حَبَّةٍ فِي ظُلُمَاتِ الْأَرْضِ وَلَا رَطْبٍ وَلَا يَابِسٍ إِلَّا فِي كِتَابٍ مُّبِينٍ ۝٥٩
Wa `indahoo mafaatihul ghaibi laa ya`lamuhaaa illaa Hoo; wa ya`lamu maa fil barri walbahr; wa maa tasqutu minw waraqatin illaa ya`lamuhaa wa laa habbatin fee zulumaatil ardi wa laa ratbinw wa laa yaabisin illaa fee Kitaabim Mubeen
📖 မြန်မာဘာသာ
၎င်းပြင် ထိုအရှင်မြတ်အထံတော်တွင် အကွယ်၌ရှိသောအရာများ၏ [သော့များသည်ရှိ၏]။ [(တနည်း) ဘဏ္ဍာတော်များသည်ရှိ၏။] ယင်း(သော့များ-ဘဏ္ဍာတော်များကို)ထိုအရှင်မြတ်မှတစ်ပါး မည်သူမျှမသိချေ။ ၎င်းပြင် ထိုအရှင်မြတ်သည် သာလျှင် ပထဝီမြေ၌ ရှိရှိသမျှသော အရာတို့ကလည်းကောင်း၊ သမုဒ္ဒရာ ပင်လယ်၌ ရှိရှိသမျှသော အရာတို့ကိုလည်းကောင်း သိရှိတော်မူ၏။ ထို့ပြင်တဝ သစ်ရွက်တစ်ရွက်ကြွေကျသည်ကိုပင် ထိုအရှင်မြတ်သည် သိရှိတော်မူ၏။ ၎င်းပြင် ပထဝီမြေ၏အမှောင်အထပ်ထပ်တွင် ကျနေသော (သစ်)စေ့ ဟူသရွေ့တို့သည်လည်းကောင်း၊ စိမ်းစိုသောအရာဝတ္ထု ဟူသရွေ့တို့သည်လည်းကောင်း၊ သွေ့ခြောက်သော အရာဝတ္ထုဟူသရွေ့တို့သည်လည်းကောင်း၊ ရှင်းလင်းထင်ရှားသော (မှတ်တမ်း) တော်စာအုပ်တွင်ရှိကုန်၏။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္မဋ္ဌာန်းစကားလုံးများ၏ အဓိပ္ပာယ်များ
  • မַפָאתחֻل්-ဂိုက်ဗ် (مَفَاتِحُ الْغَيْبِ): ဂိုက်ဗ် (မမြင်နိုင်သောအရာ) ၏ သိုလှောင်ရာ၊ သော့များ။ ဤနေရာတွင် မမြင်နိုင်သောအရာများကို သိရှိရန် လမ်းကြောင်းများ၊ နည်းလမ်းများဟု အဓိပ္ပာယ်ရသည်။
  • အလ්-ဗရ် (الْبَرِّ): ကုန်းမြေ၊ ကုန်းတွင်းပိုင်း။
  • အလ්-ဗဟ်ရ် (الْبَحْرِ): ပင်လယ်၊ ရေပြင်။
  • ရသ်ဗ် (رَطْبٍ): စိုစွတ်သောအရာ။
  • ယာဗိစ် (يَابِسٍ): ခြောက်သွေ့သောအရာ။
  • ကိတာဗင်မုဗီန် (كِتَابٍ مُّبِينٍ): ထင်ရှားရှင်းလင်းသော မှတ်တမ်းစာအုပ်၊ လော့ဟုလ်-မဟ်ဖူးဇ် (အလ္လာဟ်အရှင်မြတ်ထံတော်ရှိ မှတ်တမ်းတော်)။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

မမြင်နိုင်သောအရာများ၏ သိုလှောင်ရာနှင့် သော့များသည် အလ္လာဟ်အရှင်မြတ်ထံတော်တွင်သာ ရှိကြသည်။ ထိုအရာများကို အရှင်မြတ်မှလွဲ၍ မည်သူမျှ မသိရှိနိုင်ပေ။ ဥပမာအားဖြင့် ကိယာမသ်နေ့ ဖြစ်ပေါ်မည့်အချိန်၊ မိုးရွာသွန်းမည့်အချိန်၊ မိခင်ဝမ်းထဲရှိ သန္ဓေသားအခြေအနေ၊ လူတစ်ဦး အနာဂတ်တွင် ရရှိမည့်အရာ၊ မည်သည့်နေရာတွင် သေဆုံးမည်ဖြစ်သည် စသည့် မမြင်နိုင်သောအရာများကို အလ္လာဟ်အရှင်မြတ်သာ သိရှိတော်မူသည်။

ထို့ပြင် အရှင်မြတ်သည် ကုန်းမြေပေါ်တွင်ရှိသမျှ အရာများ၊ ပင်လယ်ထဲတွင်ရှိသမျှ အရာများကို အကြွင်းမဲ့ သိရှိတော်မူသည်။ သစ်ပင် တစ်ပင်၏ အရွက်တစ်ရွက် ကြွေကျသည်ဖြစ်စေ၊ မြေကြီး၏ မှောင်မိုက်သော အလွှာအောက်တွင် ဝှက်ထားသော အစေ့တစ်စေ့ဖြစ်စေ၊ စိုစွတ်သောအရာ သို့မဟုတ် ခြောက်သွေ့သောအရာ မည်သည်ဖြစ်စေ၊ အားလုံးကို အရှင်မြတ် သိရှိတော်မူသည်။ ဤအရာအားလုံးသည် ထင်ရှားရှင်းလင်းသော မှတ်တမ်းစာအုပ် (လော့ဟုလ်-မဟ်ဖူးဇ်) တွင် ရေးမှတ်ထားပြီး ဖြစ်သည်။ မည်သည့်အရာမျှ ထိုမှတ်တမ်းမှ လွတ်ကင်းသည် မရှိပေ။

  1. ဤအာယသ်တော်မှ ရရှိနိုင်သော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ
  • အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းကို အကြွင်းမဲ့ သိရှိတော်မူသော အရှင်ဖြစ်ကြောင်း သိရှိခြင်းသည် မွတ်စ်လင်မ်တစ်ဦး၏ နှလုံးသားတွင် အလ္လာဟ်အရှင်မြတ်အပေါ် ကြည်ညိုလေးစားမှုနှင့် ယုံကြည်ကိုးစားမှုကို ပိုမိုနက်ရှိုင်းစေသည်။
  • မမြင်နိုင်သောအရာများကို သိရှိလိုသောအခါ အလ္လာဟ်အရှင်မြတ


📜 အာယာသ် 57-61 — စူရာ အလ်-အန်အာမ်

57قُلْ إِنِّي عَلَىٰ بَيِّنَةٍ مِّن رَّبِّي وَكَذَّبْتُم بِهِ ۚ مَا عِندِي مَا تَسْتَعْجِلُونَ بِهِ ۚ إِنِ الْحُكْمُ إِلَّا لِلَّهِ ۖ يَقُصُّ الْحَقَّ ۖ وَهُوَ خَيْرُ الْفَاصِلِينَ
(အို-နဗီတမန်တော်) အသင်သည် (ဤကဲ့သို့)ပြောကြားပါလေ၊ မုချဧကန်ငါသည် မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင့်ထံတော်မှဖြစ် သော(ကြီးမားထင်ရှားသော)သက်သေသာဓကအပေါ်၌ တည်ရှိပေသည်။ သို့ရာတွင်အသင်တို့သည် ထို(သက်သေသာဓက)ကိုပင် မဟုတ်မမှန်ဟုငြင်းပယ်ခဲ့ကြလေသည်။ အသင်တို့ အလျင်စလို တောင်းဆိုကြသောအရာ(ပြစ်ဒဏ်)သည် ငါ့ထံ၌မရှိပေ။ အမိန့်အာဏာကိုကား အလ္လာဟ်အရှင်မြတ်သာလျှင် ပိုင်ဆိုင်တော်၏။ ထိုအရှင်မြတ်သည်သာလျှင် အမှန်ကို ထုတ်ဖော်မိန့်ကြားတော်မူ၏။ ၎င်းပြင် ထိုအရှင်မြတ်သည်သာလျှင် အကောင်းဆုံး စီရင်ဆုံးဖြတ်တော်မူသောအရှင် ဖြစ်တော်မူချေသည်။
58قُل لَّوْ أَنَّ عِندِي مَا تَسْتَعْجِلُونَ بِهِ لَقُضِيَ الْأَمْرُ بَيْنِي وَبَيْنَكُمْ ۗ وَاللَّهُ أَعْلَمُ بِالظَّالِمِينَ
(အို-နဗီတမန်တော်) အသင်သည် (ဤသို့) ပြောကြားပါလေ၊ အကယ်၍ အသင်တို့ အလျင်စလို တောင်းဆိုနေကြသောအရာ(ပြစ်ဒဏ်)သည် ငါ့ထံ၌ရှိပါလျှင် ငါနှင့်အသင်တို့စပ်ကြားတွင်ဖြစ်ပေါ်နေသော ပြဿနာသည် ဖြေရှင်းပြီးဖြစ်ပေသည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မတရားသောသူတို့ကို ကောင်းစွာသိတော်မူသော အရှင်ဖြစ်တော်မူသည်။
59۞ وَعِندَهُ مَفَاتِحُ الْغَيْبِ لَا يَعْلَمُهَا إِلَّا هُوَ ۚ وَيَعْلَمُ مَا فِي الْبَرِّ وَالْبَحْرِ ۚ وَمَا تَسْقُطُ مِن وَرَقَةٍ إِلَّا يَعْلَمُهَا وَلَا حَبَّةٍ فِي ظُلُمَاتِ الْأَرْضِ وَلَا رَطْبٍ وَلَا يَابِسٍ إِلَّا فِي كِتَابٍ مُّبِينٍ
၎င်းပြင် ထိုအရှင်မြတ်အထံတော်တွင် အကွယ်၌ရှိသောအရာများ၏ [သော့များသည်ရှိ၏]။ [(တနည်း) ဘဏ္ဍာတော်များသည်ရှိ၏။] ယင်း(သော့များ-ဘဏ္ဍာတော်များကို)ထိုအရှင်မြတ်မှတစ်ပါး မည်သူမျှမသိချေ။ ၎င်းပြင် ထိုအရှင်မြတ်သည် သာလျှင် ပထဝီမြေ၌ ရှိရှိသမျှသော အရာတို့ကလည်းကောင်း၊ သမုဒ္ဒရာ ပင်လယ်၌ ရှိရှိသမျှသော အရာတို့ကိုလည်းကောင်း သိရှိတော်မူ၏။ ထို့ပြင်တဝ သစ်ရွက်တစ်ရွက်ကြွေကျသည်ကိုပင် ထိုအရှင်မြတ်သည် သိရှိတော်မူ၏။ ၎င်းပြင် ပထဝီမြေ၏အမှောင်အထပ်ထပ်တွင် ကျနေသော (သစ်)စေ့ ဟူသရွေ့တို့သည်လည်းကောင်း၊ စိမ်းစိုသောအရာဝတ္ထု ဟူသရွေ့တို့သည်လည်းကောင်း၊ သွေ့ခြောက်သော အရာဝတ္ထုဟူသရွေ့တို့သည်လည်းကောင်း၊ ရှင်းလင်းထင်ရှားသော (မှတ်တမ်း) တော်စာအုပ်တွင်ရှိကုန်၏။
60وَهُوَ الَّذِي يَتَوَفَّاكُم بِاللَّيْلِ وَيَعْلَمُ مَا جَرَحْتُم بِالنَّهَارِ ثُمَّ يَبْعَثُكُمْ فِيهِ لِيُقْضَىٰ أَجَلٌ مُّسَمًّى ۖ ثُمَّ إِلَيْهِ مَرْجِعُكُمْ ثُمَّ يُنَبِّئُكُم بِمَا كُنتُمْ تَعْمَلُونَ
၎င်းပြင် ထိုအရှင်မြတ်သည် အကြင်အရှင်မြတ်ပင်တည်း။ ထိုအရှင်မြတ်သည် အသင်တို့အား ညဉ့်အချိန်၌အိပ်စက်စေတော်မူ၏။ ၎င်းပြင် အသင်တို့ နေ့၌ပြုမူသမျှတို့ကိုလည်း ထိုအရှင်မြတ်သည် သိရှိတော်မူ၏။ ထို့နောက်တဖန်ထိုအရှင်မြတ်သည် အသင်တို့အား ထိုနေ့၌ပြန်ထစေတော်မူ၏။(တနည်း) ယင်းအိပ်စက်ခြင်းမှ ပြန်နိုးစေတော်မူ၏။ သို့မှသာလျှင် သတ်မှတ်ပြဋ္ဌာန်းထားသော အသက်တမ်းသည် စေ့သွားပေမည်။ တဖန် အသင်တို့သည် ထိုအရှင်မြတ် အထံတော်သို့သာလျှင် ပြန်လည်�ောက်ရှိကြကုန်အံ့။ ၎င်းနောက် ထိုအရှင်မြတ်သည် အသင်တို့အား အသင်တို့ ပြုမူသမျှတို့ကို ထုတ်ဖော်မိန့်ကြားတော်မူအံ့။(ရကူ)
61وَهُوَ الْقَاهِرُ فَوْقَ عِبَادِهِ ۖ وَيُرْسِلُ عَلَيْكُمْ حَفَظَةً حَتَّىٰ إِذَا جَاءَ أَحَدَكُمُ الْمَوْتُ تَوَفَّتْهُ رُسُلُنَا وَهُمْ لَا يُفَرِّطُونَ
၎င်းပြင် ထိုအရှင်မြတ်သည်သာလျှင် မိမိကျွန်များအပေါ်ဝယ် လွှမ်းမိုးတော်မူသောအရှင် ဖြစ်တော်မူ၏။၎င်းပြင် ထိုအရှင်မြတ်သည် အသင်တို့ထံ ထိန်းသိမ်းစောင့်ရှောက်သော(မလာအိကဟ် ကောင်းကင်တမန်)များကိုစေလွှတ်တော်မူ၏။ နောက်ဆုံးတွင် အသင်တို့အနက် တစ်ဦးဦးထံ မရဏ သေခြင်းတရားသည် ဆိုက်ရောက်လာ သောအခါ၊ ငါအရှင်မြတ်၏ (မာလာအိကဟ် ကောင်းကင်တမန်)များသည် ထိုသူ(၏အသက်ဇီဝိန်)ကိုရုပ်သိမ်းကြ၏။၎င်းပြင် ထို(မလာအိကဟ်ကောင်းကင်တမန်)တို့သည် (ငါအရှင်မြတ်၏ အမိန့်တော်များကို လိုက်နာဆောင်ရွက်ရာတွင်အနည်းငယ်စိုးစဉ်းမျှ) ပေါ့လျော့ကြသည်မရှိချေ။
အလ်-အန်အာမ်ကုရ်အာန် ညွှန်းကိန်း
165အာယာသ်
MeccanRevelation
59အာယာသ်

ဘာသာပြန် — အလ်-အန်အာမ် 59

စူရာ အလ်-အန်အာမ် အာယာသ် 59 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းပြင် ထိုအရှင်မြတ်အထံတော်တွင် အကွယ်၌ရှိသောအရာများ၏ [သော့များသည်ရှိ၏]။ [(တနည်း) ဘဏ္ဍာတော်များသည်ရှိ၏။] ယင်း(သော့များ-ဘဏ္ဍာတော်များကို)ထိုအရှင်မြတ်မှတစ်ပါး မည်သူမျှမသိချေ။ ၎င်းပြင် ထိုအရှင်မြတ်သည်…

စူရာ အာယာသ် 59/165 — စူရာ အလ်-အန်အာမ် الأنعام (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အန်အာမ် နားထောင်, စူရာ အလ်-အန်အာမ် ဘာသာပြန်, စူရာ အလ်-အန်အာမ် mp3, စူရာ အလ်-အန်အာမ် pdf. အာယာသ် 57–61. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers