📖 0/604 ဖတ်ပြီးသောစာမျက်နှာများ
📄 146
وَقَالُواْ هَٰذِهِۦٓ أَنۡعَٰمٌ وَحَرۡثٌ حِجۡرٌ لَّا يَطۡعَمُهَآ إِلَّا مَن نَّشَآءُ بِزَعۡمِهِمۡ وَأَنۡعَٰمٌ حُرِّمَتۡ ظُهُورُهَا وَأَنۡعَٰمٌ لَّا يَذۡكُرُونَ ٱسۡمَ ٱللَّهِ عَلَيۡهَا ٱفۡتِرَآءً عَلَيۡهِۚ سَيَجۡزِيهِم بِمَا كَانُواْ يَفۡتَرُونَ ١٣٨ وَقَالُواْ مَا فِي بُطُونِ هَٰذِهِ ٱلۡأَنۡعَٰمِ خَالِصَةٌ لِّذُكُورِنَا وَمُحَرَّمٌ عَلَىٰٓ أَزۡوَٰجِنَاۖ وَإِن يَكُن مَّيۡتَةً فَهُمۡ فِيهِ شُرَكَآءُۚ سَيَجۡزِيهِمۡ وَصۡفَهُمۡۚ إِنَّهُۥ حَكِيمٌ عَلِيمٌ ١٣٩ قَدۡ خَسِرَ ٱلَّذِينَ قَتَلُوٓاْ أَوۡلَٰدَهُمۡ سَفَهَۢا بِغَيۡرِ عِلۡمٍ وَحَرَّمُواْ مَا رَزَقَهُمُ ٱللَّهُ ٱفۡتِرَآءً عَلَى ٱللَّهِۚ قَدۡ ضَلُّواْ وَمَا كَانُواْ مُهۡتَدِينَ ١٤٠ ۞ وَهُوَ ٱلَّذِيٓ أَنشَأَ جَنَّٰتٍ مَّعۡرُوشَٰتٍ وَغَيۡرَ مَعۡرُوشَٰتٍ وَٱلنَّخۡلَ وَٱلزَّرۡعَ مُخۡتَلِفًا أُكُلُهُۥ وَٱلزَّيۡتُونَ وَٱلرُّمَّانَ مُتَشَٰبِهًا وَغَيۡرَ مُتَشَٰبِهٍۚ كُلُواْ مِن ثَمَرِهِۦٓ إِذَآ أَثۡمَرَ وَءَاتُواْ حَقَّهُۥ يَوۡمَ حَصَادِهِۦۖ وَلَا تُسۡرِفُوٓاْۚ إِنَّهُۥ لَا يُحِبُّ ٱلۡمُسۡرِفِينَ ١٤١ وَمِنَ ٱلۡأَنۡعَٰمِ حَمُولَةً وَفَرۡشًاۚ كُلُواْ مِمَّا رَزَقَكُمُ ٱللَّهُ وَلَا تَتَّبِعُواْ خُطُوَٰتِ ٱلشَّيۡطَٰنِۚ إِنَّهُۥ لَكُمۡ عَدُوٌّ مُّبِينٌ ١٤٢
6:138
وَقَالُواْ هَٰذِهِۦٓ أَنۡعَٰمٌ وَحَرۡثٌ حِجۡرٌ لَّا يَطۡعَمُهَآ إِلَّا مَن نَّشَآءُ بِزَعۡمِهِمۡ وَأَنۡعَٰمٌ حُرِّمَتۡ ظُهُورُهَا وَأَنۡعَٰمٌ لَّا يَذۡكُرُونَ ٱسۡمَ ٱللَّهِ عَلَيۡهَا ٱفۡتِرَآءً عَلَيۡهِۚ سَيَجۡزِيهِم بِمَا كَانُواْ يَفۡتَرُونَ ١٣٨
၎င်းပြင် ယင်းသူတို့က မိမိတို့၏ထင်မြင် ယူဆချက်အရပြောဆိုကြသည်မှာ ထိုထိုသောအခြေ လေးချောင်းတိရစ္ဆာန်များသည်လည်းကောင်း၊ ထိုထိုသော လယ်ယာများ(မှထွက်သောပစ္စည်းများ) သည်လည်းကောင်း၊ ငါတို့အလိုရှိသောသူတို့မှအပ၊ အခြားမည်သူမျှ စားသုံး ခြင်းမပြုရန် တားမြစ်၍ထားပြီးဖြစ်သည်ဟူ၍လည်းကောင်း၊ (ထိုထိုသော) အခြေလေးချောင်း တိရစ္ဆာန်များ(၏) ကျောက်ကုန်းများ(ပေါ်၌တက်စီးခြင်း)သည် ဟရာမ် မြစ်တား၍ထားပြီးဖြစ်သည်ဟူ၍၎င်း၊ ပြောဆိုကြ၏။ ၎င်းပြင် (ထိုထိုသော) အခြေလေးချောင်းတိရစ္ဆာန်များကို (လှီးဖြတ်ရာ၌) ထိုသူများသည်အလ္လာဟ် အရှင်မြတ်၏နာမံတော်ကို တသခြင်းမပြုကြပေ။(ဤသည်တို့ကား) ထိုအရှင်မြတ်အပေါ်၌ လီဆယ်ပြောဆိုခြင်းမျှဖြစ်ရကား မကြာမြင့်မီ ထိုအရှင်မြတ်သည် ၎င်းတို့အား၊၎င်းတို့၏လီဆယ်ပြောဆိုမှုကြောင့် အပြစ်ဒဏ်ပေးတော်မူအံ့။
6:139
وَقَالُواْ مَا فِي بُطُونِ هَٰذِهِ ٱلۡأَنۡعَٰمِ خَالِصَةٌ لِّذُكُورِنَا وَمُحَرَّمٌ عَلَىٰٓ أَزۡوَٰجِنَاۖ وَإِن يَكُن مَّيۡتَةً فَهُمۡ فِيهِ شُرَكَآءُۚ سَيَجۡزِيهِمۡ وَصۡفَهُمۡۚ إِنَّهُۥ حَكِيمٌ عَلِيمٌ ١٣٩
ထိုမှတစ်ပါး 4င်းတို့က ပြောဆိုကြပြန်သည်မှာဤတိရစ္ဆာန်များ၏ ဝမ်းတွင်း၌ ရှိသည့်အရာ (နို့ရည် သို့မဟုတ် ဇီး)သည် ငါတို့ယောက်ျားများ အဖို့ချည်းသာ ဖြစ်သည်။ငါတို့၏ဇနီးများအပေါ်၌ ဟရာမ် တားမြစ်ထားပြီး ဖြစ်သည်။သို့ရာတွင် (၎င်းတိရစ္ဆာန်များ၏ဝမ်းတွင်း၌ရှိသောဇီးသည်)အသေဖြစ်ခဲ့လျှင်၊ ၎င်းတို့(ယောက်ျားနှင့်မိန်းမပါ) အတူတူစားသုံးနိုင်ကြသည်။ (အားလုံးဖက်စပ်ပါဝင်ကြသည်) ဟု ပြောဆိုကြ၏။ ထိုအရှင်မြတ်သည် မကြာမြင့်မီ (ယင်းကဲ့ သို့၎င်းတို့၏ (မမှန်မကန်) ပြောဆိုမှုကြောင့်) ယင်းသူတို့အားအစားပေးတော်မူအံ့။ ဧကန်စင်စစ် ထိုအရှင်မြတ်သည်ဉာဏ်အမြှော်အမြင်��ှင့် ပြည့်စုံ တော်မူသောအရှင် (အရာခပ်သိမ်းတို့ကို) အကြွင်းမဲ့ သိရှိတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
6:140
قَدۡ خَسِرَ ٱلَّذِينَ قَتَلُوٓاْ أَوۡلَٰدَهُمۡ سَفَهَۢا بِغَيۡرِ عِلۡمٍ وَحَرَّمُواْ مَا رَزَقَهُمُ ٱللَّهُ ٱفۡتِرَآءً عَلَى ٱللَّهِۚ قَدۡ ضَلُّواْ وَمَا كَانُواْ مُهۡتَدِينَ ١٤٠
အကြင်သူတို့သည် မချွတ်ဧကန် ဆုံးရှုံးခဲ့ကြချေပြီ။ ထိုသူတို့သည် မိမိတို့၏သားသမီးများကို အသိပညာမရှိဘဲမိုက်မဲစွာသတ်ဖြတ်ကြကုန်၏။ ၎င်းပြင် ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်က မိမိတို့အား ချီးမြှင့်ပေးသနားတော်မူသော အရာများကို (ထို)အလ္လာဟ်အရှင်မြတ်အပေါ်၌ လီဆယ် ပြောဆိုကာဟရာမ်’ ခွင့်မပြုသောအရာများဟူ၍ သတ်မှတ်ကုန်ကြ၏။မုချဧကန်ထိုသူတို့သည် လမ်းမှားခဲ့ကြလေပြီ။ စင်စစ်တမူကား၊၎င်းတို့သည် (ယခင်မူလကလည်း) လမ်းမှန်ကို လိုက်ဘူးသောသူများ မဖြစ်ခဲ့ကြချေ။(ရကူ)
6:141
۞ وَهُوَ ٱلَّذِيٓ أَنشَأَ جَنَّٰتٍ مَّعۡرُوشَٰتٍ وَغَيۡرَ مَعۡرُوشَٰتٍ وَٱلنَّخۡلَ وَٱلزَّرۡعَ مُخۡتَلِفًا أُكُلُهُۥ وَٱلزَّيۡتُونَ وَٱلرُّمَّانَ مُتَشَٰبِهًا وَغَيۡرَ مُتَشَٰبِهٍۚ كُلُواْ مِن ثَمَرِهِۦٓ إِذَآ أَثۡمَرَ وَءَاتُواْ حَقَّهُۥ يَوۡمَ حَصَادِهِۦۖ وَلَا تُسۡرِفُوٓاْۚ إِنَّهُۥ لَا يُحِبُّ ٱلۡمُسۡرِفِينَ ١٤١
ထို(အလ္လာဟ်)အရှင်မြတ်သည်ပင်လျှင် (စင်ပေါ်သို့) နွယ်တက်သောဥယျာဉ်များကိုလည်းကောင်း၊ နွယ်မတက်သောဥယျာဉ်များကိုလည်းကောင်း၊ နွယ်ပင်ဥယျာဉ်၊ပင်ထောင်ဥယျာဉ်၊ အရသာ အမျိုးမျိုးနှင့်ပြည့်စုံသော စွန်ပလွံပင်များကိုလည်းကောင်း၊ ကောက်ပဲသီးနှံများကိုလည်းကောင်း၊ဆင်တူရိုးမှားဖြစ်သော သံလွင်ပင်များကိုလည်းကောင်း၊ သလဲသီးများကိုလည်းကောင်း၊ ပေါက်ရောက် ဖြစ်ပွား စေတော်မူခဲ့လေသည်။ အသင်တို့သည် ယင်းအပင်များ၏ အသီးအနှံများကို သီးပွင့်သောအခါ စားသုံးကြလေကုန်။ ထို့ပြင်တဝ အသင်တို့သည် ၎င်းအသီးအနှံများ ဆွတ်ခူးရိတ်သိမ်းသောနေ့တွင်၊၎င်း(အသီး အနှံများနှင့်စပ်လျဉ်း၍ တရားတော်က ပြဋ္ဌာန်းထားသော) တာဝန်ကို ပေးဆပ်ကြလေကုန်။ သို့ရာတွင် အသင်တို့သည် မဖြုန်းတီးကြကုန်လင့်။ အမှန်ဧကန် ထိုအရှင်မြတ်သည် ဖြုန်းတီးသော သူတို့အား နှစ်သက်တော်မမူချေ။
6:142
وَمِنَ ٱلۡأَنۡعَٰمِ حَمُولَةً وَفَرۡشًاۚ كُلُواْ مِمَّا رَزَقَكُمُ ٱللَّهُ وَلَا تَتَّبِعُواْ خُطُوَٰتِ ٱلشَّيۡطَٰنِۚ إِنَّهُۥ لَكُمۡ عَدُوٌّ مُّبِينٌ ١٤٢
၎င်းအပြင် (ထိုအရှင်မြတ်သည်) အခြေ လေးချောင်း တိရစ္ဆာန်တို့အနက် (အရပ်အမောင်းကြီးမား၍ ဝန်စည်စလယ်များတင်သော တိရစ္ဆာန်များကိုလည်းကောင်း၊ အလုံးအရပ်နိမ့်၍ ဝန်စည်စလယ် မတင်နိုင်ပဲ နို့ရည်နှင့် အသားစားရန်ဖြစ်)သော တိရစ္ဆာန်များကိုလည်းကောင်း၊ (ဖန်ဆင်းတော်မူခဲ့လေသည်။) အသင်တို့သည် မိမိတို့အား အလ္လာဟ်အရှင်မြတ်ကချီးမြှင့်ပေးသနားတော်မူသော အရာများကို စားသုံးကြလေကုန်။ ထို့ပြင် အသင်တို့သည် ရှိုင်တွာန်၏ ခြေရာများကိုမလိုက်ကြကုန်လင့်။ အကြောင်းမူကား ယင်း’ရှိုင်တွာန်’သည်အသင်တို့၏ ထင်ရှားသောရန်သူပင် ဖြစ်ပေသတည်း။
العربيةEnglishBahasa IndonesiaTürkçeРусскийفارسیFrançaisاردوবাংলাDeutschEspañol中文हिन्दीPortuguêsItalianoภาษาไทยPolskiNederlandsShqipKiswahiliO'zbekதமிழ்MelayuBosanskiSoomaaliAzərbaycanکوردی한국어日本語SvenskaDanskNorskپښتوമലയാളംසිංහලTamazightHausaአማርኛБългарскиТоҷикӣҚазақшаFilipinoسنڌيYorùbáFulfuldeТатарчаئۇيغۇرچەКыргызчаਪੰਜਾਬੀJawaతెలుగుမြန်မာગુજરાતીOromoमराठीTiếng ViệtMalagasyНохчийнWolofދިވެހިಕನ್ನಡУкраїнськаΕλληνικάქართულიខ្មែរدریQafar afMaranaoनेपाली
ကုရ်အာန်ကျမ်း
Saturday, August 22, 2026
Don't forget us in your sincere prayers







