အလ်-အန်အာမ် · 140/165
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အန်အာမ်
قَدْ خَسِرَ الَّذِينَ قَتَلُوا أَوْلَادَهُمْ سَفَهًا بِغَيْرِ عِلْمٍ وَحَرَّمُوا مَا رَزَقَهُمُ اللَّهُ افْتِرَاءً عَلَى اللَّهِ ۚ قَدْ ضَلُّوا وَمَا كَانُوا مُهْتَدِينَ ۝١٤٠
Qad khasiral lazeena qatalooo awlaadahum safaham bighairi `ilminw wa harramoo maa razaqahumul laahuf tiraaa`an `alal laah; qad dalloo wa maa kaanoo muhtadeen
📖 မြန်မာဘာသာ
အကြင်သူတို့သည် မချွတ်ဧကန် ဆုံးရှုံးခဲ့ကြချေပြီ။ ထိုသူတို့သည် မိမိတို့၏သားသမီးများကို အသိပညာမရှိဘဲမိုက်မဲစွာသတ်ဖြတ်ကြကုန်၏။ ၎င်းပြင် ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်က မိမိတို့အား ချီးမြှင့်ပေးသနားတော်မူသော အရာများကို (ထို)အလ္လာဟ်အရှင်မြတ်အပေါ်၌ လီဆယ် ပြောဆိုကာဟရာမ်’ ခွင့်မပြုသောအရာများဟူ၍ သတ်မှတ်ကုန်ကြ၏။မုချဧကန်ထိုသူတို့သည် လမ်းမှားခဲ့ကြလေပြီ။ စင်စစ်တမူကား၊၎င်းတို့သည် (ယခင်မူလကလည်း) လမ်းမှန်ကို လိုက်ဘူးသောသူများ မဖြစ်ခဲ့ကြချေ။(ရကူ)

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ:
  • خَسِرَ (ခိုစိရာ): ဆုံးရှုံးခြင်း၊ ပျက်စီးခြင်း။
  • سَفَهًا (ဆဖဟန်): ပညာမဲ့ခြင်း၊ ဉာဏ်ချို့တဲ့ခြင်း။
  • افْتِرَاءً (အိဖ်သိရာအန်): လုပ်ကြံစွပ်စွဲခြင်း၊ မုသားဖန်တီးခြင်း။
  • ضَلُّوا (ဒွလ္လူ): လမ်းလွဲခြင်း၊ လမ်းမှားသို့ ရောက်ခြင်း။
  • مُهْتَدِينَ (မုဟ်သဒီန): လမ်းမှန်ကို ရရှိသူများ၊ တရားလမ်းကို လိုက်နာသူများ။
  1. အာယသ်တော်၏ အဓိပ္ပာယ် ရှင်းလင်းချက်:

အလ္လာဟ်အရှင်မြတ်သည် ဤအာယသ်တော်တွင် မိမိတို့၏ သားသမီးများကို သတ်ဖြတ်ခဲ့ကြသော သူများ၏ ဆိုးရွားလှသော အကျင့်ကို ရှင်းလင်းစွာ ဖော်ပြထားပါသည်။ ထိုသူများသည် ပညာမဲ့မှုနှင့် ဉာဏ်ချို့တဲ့မှုကြောင့် မိမိတို့၏ သားသမီးများကို သတ်ဖြတ်ခဲ့ကြသည်။ အထူးသဖြင့် သမီးမိန်းကလေးများကို အရှင်လတ်လတ် မြေမြှုပ်သတ်ဖြတ်ခြင်း (ဝအ်ဒုလ်-ဗနာသ်) သည် ထိုခေတ်ကာလက အာရပ်လူမျိုးများအကြား ရှိခဲ့သော ရက်စက်ကြမ်းတမ်းသည့် အလေ့အထတစ်ခု ဖြစ်သည်။ သူတို့သည် ဆင်းရဲမွဲတေမှုကို ကြောက်ရွံ့ခြင်း၊ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရမည်ကို စိုးရိမ်ခြင်းတို့ကြောင့် ထိုသို့သော ရက်စက်သည့် လုပ်ရပ်ကို ကျူးလွန်ခဲ့ကြသည်။

ထို့အပြင် သူတို့သည် အလ္လာဟ်အရှင်မြတ် ချီးမြှင့်ပေးအပ်တော်မူသော စည်းစိမ်ဥစ္စာများထဲမှ အချို့ကို တားမြစ်ပိတ်ပင်ခဲ့ကြသည်။ ဥပမာ - ဗဟီရာ (ဗဟီရာ)၊ ဆာအိဗာ (ဆာအိဗာ)၊ ဝဆွီလာ (ဝဆွီလာ)၊ ဟာမိ (ဟာမိ) စသည့် ကုလားအုတ်များကို သူတို့၏ ကိုယ်ပိုင်စိတ်ဆန္ဒအရ တားမြစ်ခဲ့ကြပြီး ထိုသို့ တားမြစ်ခြင်းသည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ဖြစ်သည်ဟု လုပ်ကြံစွပ်စွဲပြောဆိုခဲ့ကြသည်။ ဤသို့ဖြင့် သူတို့သည် အလ္လာဟ်အရှင်မြတ်အပေါ် မုသားကို ဖန်တီးစွပ်စွဲခဲ့ကြသည်။

အမှန်စင်စစ် ဟလာလ် (ခွင့်ပြုထားသည်) နှင့် ဟရာမ် (တားမြစ်ထားသည်) ကို သတ်မှတ်ပိုင်ခွင့်သည် အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းသာလျှင် ပိုင်ဆိုင်တော်မူသည်။ မည်သည့် လူသားတစ်ဦးတစ်ယောက်မဆို မိမိ၏ ကိုယ်ပိုင်ဆန္ဒဖြင့် ဟလာလ်ကို ဟရာမ်ဟု သော်လည်းကောင်း၊ ဟရာမ်ကို ဟလာလ်ဟု သော်လည်းကောင်း သတ်မှတ်ပိုင်ခွင့် မရှိပါ။ ထ



📜 အာယာသ် 138-142 — စူရာ အလ်-အန်အာမ်

138وَقَالُوا هَٰذِهِ أَنْعَامٌ وَحَرْثٌ حِجْرٌ لَّا يَطْعَمُهَا إِلَّا مَن نَّشَاءُ بِزَعْمِهِمْ وَأَنْعَامٌ حُرِّمَتْ ظُهُورُهَا وَأَنْعَامٌ لَّا يَذْكُرُونَ اسْمَ اللَّهِ عَلَيْهَا افْتِرَاءً عَلَيْهِ ۚ سَيَجْزِيهِم بِمَا كَانُوا يَفْتَرُونَ
၎င်းပြင် ယင်းသူတို့က မိမိတို့၏ထင်မြင် ယူဆချက်အရပြောဆိုကြသည်မှာ ထိုထိုသောအခြေ လေးချောင်းတိရစ္ဆာန်များသည်လည်းကောင်း၊ ထိုထိုသော လယ်ယာများ(မှထွက်သောပစ္စည်းများ) သည်လည်းကောင်း၊ ငါတို့အလိုရှိသောသူတို့မှအပ၊ အခြားမည်သူမျှ စားသုံး ခြင်းမပြုရန် တားမြစ်၍ထားပြီးဖြစ်သည်ဟူ၍လည်းကောင်း၊ (ထိုထိုသော) အခြေလေးချောင်း တိရစ္ဆာန်များ(၏) ကျောက်ကုန်းများ(ပေါ်၌တက်စီးခြင်း)သည် ဟရာမ် မြစ်တား၍ထားပြီးဖြစ်သည်ဟူ၍၎င်း၊ ပြောဆိုကြ၏။ ၎င်းပြင် (ထိုထိုသော) အခြေလေးချောင်းတိရစ္ဆာန်များကို (လှီးဖြတ်ရာ၌) ထိုသူများသည်အလ္လာဟ် အရှင်မြတ်၏နာမံတော်ကို တသခြင်းမပြုကြပေ။(ဤသည်တို့ကား) ထိုအရှင်မြတ်အပေါ်၌ လီဆယ်ပြောဆိုခြင်းမျှဖြစ်ရကား မကြာမြင့်မီ ထိုအရှင်မြတ်သည် ၎င်းတို့အား၊၎င်းတို့၏လီဆယ်ပြောဆိုမှုကြောင့် အပြစ်ဒဏ်ပေးတော်မူအံ့။
139وَقَالُوا مَا فِي بُطُونِ هَٰذِهِ الْأَنْعَامِ خَالِصَةٌ لِّذُكُورِنَا وَمُحَرَّمٌ عَلَىٰ أَزْوَاجِنَا ۖ وَإِن يَكُن مَّيْتَةً فَهُمْ فِيهِ شُرَكَاءُ ۚ سَيَجْزِيهِمْ وَصْفَهُمْ ۚ إِنَّهُ حَكِيمٌ عَلِيمٌ
ထိုမှတစ်ပါး 4င်းတို့က ပြောဆိုကြပြန်သည်မှာဤတိရစ္ဆာန်များ၏ ဝမ်းတွင်း၌ ရှိသည့်အရာ (နို့ရည် သို့မဟုတ် ဇီး)သည် ငါတို့ယောက်ျားများ အဖို့ချည်းသာ ဖြစ်သည်။ငါတို့၏ဇနီးများအပေါ်၌ ဟရာမ် တားမြစ်ထားပြီး ဖြစ်သည်။သို့ရာတွင် (၎င်းတိရစ္ဆာန်များ၏ဝမ်းတွင်း၌ရှိသောဇီးသည်)အသေဖြစ်ခဲ့လျှင်၊ ၎င်းတို့(ယောက်ျားနှင့်မိန်းမပါ) အတူတူစားသုံးနိုင်ကြသည်။ (အားလုံးဖက်စပ်ပါဝင်ကြသည်) ဟု ပြောဆိုကြ၏။ ထိုအရှင်မြတ်သည် မကြာမြင့်မီ (ယင်းကဲ့ သို့၎င်းတို့၏ (မမှန်မကန်) ပြောဆိုမှုကြောင့်) ယင်းသူတို့အားအစားပေးတော်မူအံ့။ ဧကန်စင်စစ် ထိုအရှင်မြတ်သည်ဉာဏ်အမြှော်အမြင်��ှင့် ပြည့်စုံ တော်မူသောအရှင် (အရာခပ်သိမ်းတို့ကို) အကြွင်းမဲ့ သိရှိတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
140قَدْ خَسِرَ الَّذِينَ قَتَلُوا أَوْلَادَهُمْ سَفَهًا بِغَيْرِ عِلْمٍ وَحَرَّمُوا مَا رَزَقَهُمُ اللَّهُ افْتِرَاءً عَلَى اللَّهِ ۚ قَدْ ضَلُّوا وَمَا كَانُوا مُهْتَدِينَ
အကြင်သူတို့သည် မချွတ်ဧကန် ဆုံးရှုံးခဲ့ကြချေပြီ။ ထိုသူတို့သည် မိမိတို့၏သားသမီးများကို အသိပညာမရှိဘဲမိုက်မဲစွာသတ်ဖြတ်ကြကုန်၏။ ၎င်းပြင် ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်က မိမိတို့အား ချီးမြှင့်ပေးသနားတော်မူသော အရာများကို (ထို)အလ္လာဟ်အရှင်မြတ်အပေါ်၌ လီဆယ် ပြောဆိုကာဟရာမ်’ ခွင့်မပြုသောအရာများဟူ၍ သတ်မှတ်ကုန်ကြ၏။မုချဧကန်ထိုသူတို့သည် လမ်းမှားခဲ့ကြလေပြီ။ စင်စစ်တမူကား၊၎င်းတို့သည် (ယခင်မူလကလည်း) လမ်းမှန်ကို လိုက်ဘူးသောသူများ မဖြစ်ခဲ့ကြချေ။(ရကူ)
141۞ وَهُوَ الَّذِي أَنشَأَ جَنَّاتٍ مَّعْرُوشَاتٍ وَغَيْرَ مَعْرُوشَاتٍ وَالنَّخْلَ وَالزَّرْعَ مُخْتَلِفًا أُكُلُهُ وَالزَّيْتُونَ وَالرُّمَّانَ مُتَشَابِهًا وَغَيْرَ مُتَشَابِهٍ ۚ كُلُوا مِن ثَمَرِهِ إِذَا أَثْمَرَ وَآتُوا حَقَّهُ يَوْمَ حَصَادِهِ ۖ وَلَا تُسْرِفُوا ۚ إِنَّهُ لَا يُحِبُّ الْمُسْرِفِينَ
ထို(အလ္လာဟ်)အရှင်မြတ်သည်ပင်လျှင် (စင်ပေါ်သို့) နွယ်တက်သောဥယျာဉ်များကိုလည်းကောင်း၊ နွယ်မတက်သောဥယျာဉ်များကိုလည်းကောင်း၊ နွယ်ပင်ဥယျာဉ်၊ပင်ထောင်ဥယျာဉ်၊ အရသာ အမျိုးမျိုးနှင့်ပြည့်စုံသော စွန်ပလွံပင်များကိုလည်းကောင်း၊ ကောက်ပဲသီးနှံများကိုလည်းကောင်း၊ဆင်တူရိုးမှားဖြစ်သော သံလွင်ပင်များကိုလည်းကောင်း၊ သလဲသီးများကိုလည်းကောင်း၊ ပေါက်ရောက် ဖြစ်ပွား စေတော်မူခဲ့လေသည်။ အသင်တို့သည် ယင်းအပင်များ၏ အသီးအနှံများကို သီးပွင့်သောအခါ စားသုံးကြလေကုန်။ ထို့ပြင်တဝ အသင်တို့သည် ၎င်းအသီးအနှံများ ဆွတ်ခူးရိတ်သိမ်းသောနေ့တွင်၊၎င်း(အသီး အနှံများနှင့်စပ်လျဉ်း၍ တရားတော်က ပြဋ္ဌာန်းထားသော) တာဝန်ကို ပေးဆပ်ကြလေကုန်။ သို့ရာတွင် အသင်တို့သည် မဖြုန်းတီးကြကုန်လင့်။ အမှန်ဧကန် ထိုအရှင်မြတ်သည် ဖြုန်းတီးသော သူတို့အား နှစ်သက်တော်မမူချေ။
142وَمِنَ الْأَنْعَامِ حَمُولَةً وَفَرْشًا ۚ كُلُوا مِمَّا رَزَقَكُمُ اللَّهُ وَلَا تَتَّبِعُوا خُطُوَاتِ الشَّيْطَانِ ۚ إِنَّهُ لَكُمْ عَدُوٌّ مُّبِينٌ
၎င်းအပြင် (ထိုအရှင်မြတ်သည်) အခြေ လေးချောင်း တိရစ္ဆာန်တို့အနက် (အရပ်အမောင်းကြီးမား၍ ဝန်စည်စလယ်များတင်သော တိရစ္ဆာန်များကိုလည်းကောင်း၊ အလုံးအရပ်နိမ့်၍ ဝန်စည်စလယ် မတင်နိုင်ပဲ နို့ရည်နှင့် အသားစားရန်ဖြစ်)သော တိရစ္ဆာန်များကိုလည်းကောင်း၊ (ဖန်ဆင်းတော်မူခဲ့လေသည်။) အသင်တို့သည် မိမိတို့အား အလ္လာဟ်အရှင်မြတ်ကချီးမြှင့်ပေးသနားတော်မူသော အရာများကို စားသုံးကြလေကုန်။ ထို့ပြင် အသင်တို့သည် ရှိုင်တွာန်၏ ခြေရာများကိုမလိုက်ကြကုန်လင့်။ အကြောင်းမူကား ယင်း’ရှိုင်တွာန်’သည်အသင်တို့၏ ထင်ရှားသောရန်သူပင် ဖြစ်ပေသတည်း။
အလ်-အန်အာမ်ကုရ်အာန် ညွှန်းကိန်း
165အာယာသ်
MeccanRevelation
140အာယာသ်

ဘာသာပြန် — အလ်-အန်အာမ် 140

စူရာ အလ်-အန်အာမ် အာယာသ် 140 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အကြင်သူတို့သည် မချွတ်ဧကန် ဆုံးရှုံးခဲ့ကြချေပြီ။ ထိုသူတို့သည် မိမိတို့၏သားသမီးများကို အသိပညာမရှိဘဲမိုက်မဲစွာသတ်ဖြတ်ကြကုန်၏။ ၎င်းပြင် ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်က မိမိတို့အား…

စူရာ အာယာသ် 140/165 — စူရာ အလ်-အန်အာမ် الأنعام (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အန်အာမ် နားထောင်, စူရာ အလ်-အန်အာမ် ဘာသာပြန်, စူရာ အလ်-အန်အာမ် mp3, စူရာ အလ်-အန်အာမ် pdf. အာယာသ် 138–142. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Saturday, October 3, 2026

Don't forget us in your sincere prayers