وَقَالُوا هَٰذِهِ أَنْعَامٌ وَحَرْثٌ حِجْرٌ لَّا يَطْعَمُهَا إِلَّا مَن نَّشَاءُ بِزَعْمِهِمْ وَأَنْعَامٌ حُرِّمَتْ ظُهُورُهَا وَأَنْعَامٌ لَّا يَذْكُرُونَ اسْمَ اللَّهِ عَلَيْهَا افْتِرَاءً عَلَيْهِ ۚ سَيَجْزِيهِم بِمَا كَانُوا يَفْتَرُونَ ١٣٨
🔤 Transliteration
Wa qaaloo haaziheee an`aamunw wa harsun hijrun laa yat`amuhaaa illaa man nashaaa`u biza`mihim wa an`aamun hurrimat zuhooruhaa wa an`aamul laa yazkuroonas mal laahi `alaihaf tiraaa`an `alaih; sa yajzeehim bimaa kaanoo yaftaroon
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
၎င်းပြင် ယင်းသူတို့က မိမိတို့၏ထင်မြင် ယူဆချက်အရပြောဆိုကြသည်မှာ ထိုထိုသောအခြေ လေးချောင်းတိရစ္ဆာန်များသည်လည်းကောင်း၊ ထိုထိုသော လယ်ယာများ(မှထွက်သောပစ္စည်းများ) သည်လည်းကောင်း၊ ငါတို့အလိုရှိသောသူတို့မှအပ၊ အခြားမည်သူမျှ စားသုံး ခြင်းမပြုရန် တားမြစ်၍ထားပြီးဖြစ်သည်ဟူ၍လည်းကောင်း၊ (ထိုထိုသော) အခြေလေးချောင်း တိရစ္ဆာန်များ(၏) ကျောက်ကုန်းများ(ပေါ်၌တက်စီးခြင်း)သည် ဟရာမ် မြစ်တား၍ထားပြီးဖြစ်သည်ဟူ၍၎င်း၊ ပြောဆိုကြ၏။ ၎င်းပြင် (ထိုထိုသော) အခြေလေးချောင်းတိရစ္ဆာန်များကို (လှီးဖြတ်ရာ၌) ထိုသူများသည်အလ္လာဟ် အရှင်မြတ်၏နာမံတော်ကို တသခြင်းမပြုကြပေ။(ဤသည်တို့ကား) ထိုအရှင်မြတ်အပေါ်၌ လီဆယ်ပြောဆိုခြင်းမျှဖြစ်ရကား မကြာမြင့်မီ ထိုအရှင်မြတ်သည် ၎င်းတို့အား၊၎င်းတို့၏လီဆယ်ပြောဆိုမှုကြောင့် အပြစ်ဒဏ်ပေးတော်မူအံ့။
🌐 Additional reference in ภาษาไทย
၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ အန်အာမ် (أَنْعَامٌ ) — ကျွဲ၊ နွား၊ သိုး၊ ဆိတ် စသော တိရစ္ဆာန်များ။ဟရ်စ် (حَرْثٌ ) — လယ်ယာမြေ၊ စိုက်ပျိုးထားသော သီးနှံများ။ဟိဂျ်ရ် (حِجْرٌ ) — တားမြစ်ထားသော၊ ဟရာမ်ဖြစ်သော။ဗိဇအ်မိဟိမ် (بِزَعْمِهِمْ ) — သူတို့၏ ထင်မြင်ယူဆချက်အရ၊ သူတို့၏ ကြံဖန်ပြောဆိုချက်အရ။ဟုရ်ရိမသ် ဇုဟူရုဟာ (حُرِّمَتْ ظُهُورُهَا ) — ကျောကုန်းများကို ဟရာမ်ပြုထားသည်၊ ဆိုလိုသည်မှာ စီးနင်းခြင်း၊ ဝန်တင်ခြင်း မပြုရဟု တားမြစ်ထားသည်။သိဖ်သိရာအန် (افْتِرَاءً ) — ကြံဖန်လုပ်ကြံပြောဆိုခြင်း၊ မုသားစကားဖြင့် စွပ်စွဲခြင်း။၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက် ဤအာယသ်တော်သည် မုရှ်ရိကီန်များ (အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်ကိုးကွယ်သူများ) ၏ မိမိတို့ဘက်မှ ကြံဖန်သတ်မှတ်ထားသော ဟရာမ်ပြုခြင်းများနှင့် ဥပဒေသစ်များ ချမှတ်ခြင်းအကြောင်းကို ဖော်ပြထားပါသည်။
သူတို့က ဤတိရစ္ဆာန်များနှင့် ဤလယ်ယာသီးနှံများသည် တားမြစ်ထားသော (ဟရာမ်) ဖြစ်သည်၊ ငါတို့အလိုရှိသော သူများမှလွဲ၍ အခြားမည်သူမျှ မစားသုံးရဟု ပြောဆိုကြသည်။ ဤသို့ပြောဆိုခြင်းသည် အလ္လာဟ်အရှင်မြတ်ထံမှ အမိန့်တော်အဖြစ် မဟုတ်ဘဲ သူတို့၏ ကိုယ်ပိုင်ထင်မြင်ယူဆချက်နှင့် ကြံဖန်မှုသာ ဖြစ်သည်။
ထို့ပြင် သူတို့သည် အချို့တိရစ္ဆာန်များ၏ ကျောကုန်းများကို ဟရာမ်ပြုထားကြသည် — ဆိုလိုသည်မှာ ဘဟီရာ၊ ဆာအိဗာ၊ ဟာမီ စသော တိရစ္ဆာန်များကို စီးနင်းခြင်း၊ ဝန်တင်ခြင်း မပြုရဟု တားမြစ်ကြသည်။ ထို့အပြင် အချို့တိရစ္ဆာန်များကို သတ်သည့်အခါ အလ္လာဟ်အရှင်မြတ်၏ နာမတော်ကို မဖော်ရွတ်ဘဲ မိမိတို့၏ ရုပ်တုများ၏ အမည်များကိုသာ ဖော်ရွတ်ကြသည်။
ဤအပြုအမူအားလုံးသည် အလ္လာဟ်အရှင်မြတ်အပေါ် လုပ်ကြံစွပ်စွဲမှုများ ဖြစ်သည်။ သူတို့သည် ဤဥပဒေများကို အလ္လာဟ်အရှင်မြတ်ထံမှ ဖြစ်သည်ဟု ဆိုကြသော်လည်း အမှန်မှာ အလ္လာဟ်အရှင်မြတ်သည် ထိုသို့ သတ်မှတ်တော်မူခဲ့သည်မဟုတ်ပေ။ ထို့ကြောင့် အလ္လာဟ်အရှင်မြတ်သည် သူတို့၏ ကြံဖန်လုပ်ကြံမှုများအတွက် သူတို့အား အပြစ်ဒဏ်ပေးတော်မူမည်
وَقَالُواْ هَٰذِهِۦٓ أَنۡعَٰمٌ وَحَرۡثٌ حِجۡرٌ لَّا يَطۡعَمُهَآ إِلَّا مَن نَّشَآءُ بِزَعۡمِهِمۡ وَأَنۡعَٰمٌ حُرِّمَتۡ ظُهُورُهَا وَأَنۡعَٰمٌ لَّا يَذۡكُرُونَ ٱسۡمَ ٱللَّهِ عَلَيۡهَا ٱفۡتِرَآءً عَلَيۡهِۚ سَيَجۡزِيهِم بِمَا كَانُواْ يَفۡتَرُونَ ١٣٨
၎င်းပြင် ယင်းသူတို့က မိမိတို့၏ထင်မြင် ယူဆချက်အရပြောဆိုကြသည်မှာ ထိုထိုသောအခြေ လေးချောင်းတိရစ္ဆာန်များသည်လည်းကောင်း၊ ထိုထိုသော လယ်ယာများ(မှထွက်သောပစ္စည်းများ) သည်လည်းကောင်း၊ ငါတို့အလိုရှိသောသူတို့မှအပ၊ အခြားမည်သူမျှ စားသုံး ခြင်းမပြုရန် တားမြစ်၍ထားပြီးဖြစ်သည်ဟူ၍လည်းကောင်း၊ (ထိုထိုသော) အခြေလေးချောင်း တိရစ္ဆာန်များ(၏) ကျောက်ကုန်းများ(ပေါ်၌တက်စီးခြင်း)သည် ဟရာမ် မြစ်တား၍ထားပြီးဖြစ်သည်ဟူ၍၎င်း၊ ပြောဆိုကြ၏။ ၎င်းပြင် (ထိုထိုသော) အခြေလေးချောင်းတိရစ္ဆာန်များကို (လှီးဖြတ်ရာ၌) ထိုသူများသည်အလ္လာဟ် အရှင်မြတ်၏နာမံတော်ကို တသခြင်းမပြုကြပေ။(ဤသည်တို့ကား) ထိုအရှင်မြတ်အပေါ်၌ လီဆယ်ပြောဆိုခြင်းမျှဖြစ်ရကား မကြာမြင့်မီ ထိုအရှင်မြတ်သည် ၎င်းတို့အား၊၎င်းတို့၏လီဆယ်ပြောဆိုမှုကြောင့် အပြစ်ဒဏ်ပေးတော်မူအံ့။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 136-140 — စူရာ အလ်-အန်အာမ်
136 وَجَعَلُوا لِلَّهِ مِمَّا ذَرَأَ مِنَ الْحَرْثِ وَالْأَنْعَامِ نَصِيبًا فَقَالُوا هَٰذَا لِلَّهِ بِزَعْمِهِمْ وَهَٰذَا لِشُرَكَائِنَا ۖ فَمَا كَانَ لِشُرَكَائِهِمْ فَلَا يَصِلُ إِلَى اللَّهِ ۖ وَمَا كَانَ لِلَّهِ فَهُوَ يَصِلُ إِلَىٰ شُرَكَائِهِمْ ۗ سَاءَ مَا يَحْكُمُونَ
၎င်းပြင် ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်အဖို့ ထိုအရှင်မြတ်ဖန်ဆင်း ပေါက်ရောက်စေ တော်မူသောလယ်ယာများအနက်မှလည်းကောင်း၊ ခြေလေးချောင်း သတ္တဝါများအနက်မှလည်းကောင်း၊ ဝေစုဝေပုံကို သတ်မှတ်၍ ထားရှိကြလေသည်။ တဖန် ထိုသူတို့က မိမိတို့၏ ထင်မြင်ယူဆချက်အရ ဤ(ဝေစုဝေပုံ)သည် အလ္လာဟ်အရှင်မြတ်အဖို့ ဖြစ်သည်ဟူ၍လည်းကောင်း၊ ဤ(ဝေစုဝေပုံ)သည် ငါတို့၏ကိုးကွယ်ရာများအဖို့ ဖြစ်သည်ဟူ၍လည်းကောင်း၊ ပြောဆိုကြလေသည်။တဖန် ၎င်းတို့၏ ကိုးကွယ်ရာများအဖို့ ဖြစ်သော (အစုအပုံ)သည် အလ္လာဟ်အရှင်မြတ် အတွက်ဖြစ်သော အစုအပုံများသို့ရောက်ရှိသည်မဟုတ်ပေ။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်အဖို့ဖြစ်သော (အစုအပုံ)မူကား ၎င်းတို့၏ ကိုးကွယ်ရာ များအဖို့ဖြစ်သော ဝေစုဝေပုံသို့ ရောက်လေ၏။ ထိုသူတို့၏ အဆုံးအဖြတ်သည် ဆိုးယုတ်လှပေ တကား။
137 وَكَذَٰلِكَ زَيَّنَ لِكَثِيرٍ مِّنَ الْمُشْرِكِينَ قَتْلَ أَوْلَادِهِمْ شُرَكَاؤُهُمْ لِيُرْدُوهُمْ وَلِيَلْبِسُوا عَلَيْهِمْ دِينَهُمْ ۖ وَلَوْ شَاءَ اللَّهُ مَا فَعَلُوهُ ۖ فَذَرْهُمْ وَمَا يَفْتَرُونَ
၎င်းပြင် ထိုနည်းအတိုင်းပင်၊ မုရှ်ရစ်က်တို့အနက် များစွာသောသူတို့၏ အမြင်၌ ၎င်းတို့၏ ကိုးကွယ်ရာ(ရှိုင်တွာန်)များက၊ ၎င်းတို့ကို ဖျက်ဆီးကြရန်အတွက်လည်းကောင်း၊ ၎င်းတို့အပေါ်၌ ၎င်းတို့၏ ဘာသာကို ရှုပ်ထွေးစေကြရန်အတွက်လည်းကောင်း၊ ၎င်းတို့၏သားသမီးများအားသတ်ဖြတ်ခြင်းကို တင့်တယ်အောင် ပြုလုပ်ထားခဲ့ကြသည်။၎င်းပြင် အကယ်၍သာ အလ္လာဟ်အရှင်မြတ် အလိုတော်ရှိတော်မူခဲ့ပါလျှင် ထိုသူများသည် ယင်းကဲ့သို့ ပြုလုပ်ကြမည်မဟုတ်ပေ။ သို့ရှိရာ အသင်သည် ထိုသူများကိုလည်းကောင်း၊ထိုသူတို့ လုပ်ကြံလိမ်ညာ ပြောဆိုသောစကားများကိုလည်းကောင်း၊ စွန့်လွှတ်ထားပါလေ။
138 وَقَالُوا هَٰذِهِ أَنْعَامٌ وَحَرْثٌ حِجْرٌ لَّا يَطْعَمُهَا إِلَّا مَن نَّشَاءُ بِزَعْمِهِمْ وَأَنْعَامٌ حُرِّمَتْ ظُهُورُهَا وَأَنْعَامٌ لَّا يَذْكُرُونَ اسْمَ اللَّهِ عَلَيْهَا افْتِرَاءً عَلَيْهِ ۚ سَيَجْزِيهِم بِمَا كَانُوا يَفْتَرُونَ
၎င်းပြင် ယင်းသူတို့က မိမိတို့၏ထင်မြင် ယူဆချက်အရပြောဆိုကြသည်မှာ ထိုထိုသောအခြေ လေးချောင်းတိရစ္ဆာန်များသည်လည်းကောင်း၊ ထိုထိုသော လယ်ယာများ(မှထွက်သောပစ္စည်းများ) သည်လည်းကောင်း၊ ငါတို့အလိုရှိသောသူတို့မှအပ၊ အခြားမည်သူမျှ စားသုံး ခြင်းမပြုရန် တားမြစ်၍ထားပြီးဖြစ်သည်ဟူ၍လည်းကောင်း၊ (ထိုထိုသော) အခြေလေးချောင်း တိရစ္ဆာန်များ(၏) ကျောက်ကုန်းများ(ပေါ်၌တက်စီးခြင်း)သည် ဟရာမ် မြစ်တား၍ထားပြီးဖြစ်သည်ဟူ၍၎င်း၊ ပြောဆိုကြ၏။ ၎င်းပြင် (ထိုထိုသော) အခြေလေးချောင်းတိရစ္ဆာန်များကို (လှီးဖြတ်ရာ၌) ထိုသူများသည်အလ္လာဟ် အရှင်မြတ်၏နာမံတော်ကို တသခြင်းမပြုကြပေ။(ဤသည်တို့ကား) ထိုအရှင်မြတ်အပေါ်၌ လီဆယ်ပြောဆိုခြင်းမျှဖြစ်ရကား မကြာမြင့်မီ ထိုအရှင်မြတ်သည် ၎င်းတို့အား၊၎င်းတို့၏လီဆယ်ပြောဆိုမှုကြောင့် အပြစ်ဒဏ်ပေးတော်မူအံ့။
139 وَقَالُوا مَا فِي بُطُونِ هَٰذِهِ الْأَنْعَامِ خَالِصَةٌ لِّذُكُورِنَا وَمُحَرَّمٌ عَلَىٰ أَزْوَاجِنَا ۖ وَإِن يَكُن مَّيْتَةً فَهُمْ فِيهِ شُرَكَاءُ ۚ سَيَجْزِيهِمْ وَصْفَهُمْ ۚ إِنَّهُ حَكِيمٌ عَلِيمٌ
ထိုမှတစ်ပါး 4င်းတို့က ပြောဆိုကြပြန်သည်မှာဤတိရစ္ဆာန်များ၏ ဝမ်းတွင်း၌ ရှိသည့်အရာ (နို့ရည် သို့မဟုတ် ဇီး)သည် ငါတို့ယောက်ျားများ အဖို့ချည်းသာ ဖြစ်သည်။ငါတို့၏ဇနီးများအပေါ်၌ ဟရာမ် တားမြစ်ထားပြီး ဖြစ်သည်။သို့ရာတွင် (၎င်းတိရစ္ဆာန်များ၏ဝမ်းတွင်း၌ရှိသောဇီးသည်)အသေဖြစ်ခဲ့လျှင်၊ ၎င်းတို့(ယောက်ျားနှင့်မိန်းမပါ) အတူတူစားသုံးနိုင်ကြသည်။ (အားလုံးဖက်စပ်ပါဝင်ကြသည်) ဟု ပြောဆိုကြ၏။ ထိုအရှင်မြတ်သည် မကြာမြင့်မီ (ယင်းကဲ့ သို့၎င်းတို့၏ (မမှန်မကန်) ပြောဆိုမှုကြောင့်) ယင်းသူတို့အားအစားပေးတော်မူအံ့။ ဧကန်စင်စစ် ထိုအရှင်မြတ်သည်ဉာဏ်အမြှော်အမြင်��ှင့် ပြည့်စုံ တော်မူသောအရှင် (အရာခပ်သိမ်းတို့ကို) အကြွင်းမဲ့ သိရှိတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
140 قَدْ خَسِرَ الَّذِينَ قَتَلُوا أَوْلَادَهُمْ سَفَهًا بِغَيْرِ عِلْمٍ وَحَرَّمُوا مَا رَزَقَهُمُ اللَّهُ افْتِرَاءً عَلَى اللَّهِ ۚ قَدْ ضَلُّوا وَمَا كَانُوا مُهْتَدِينَ
အကြင်သူတို့သည် မချွတ်ဧကန် ဆုံးရှုံးခဲ့ကြချေပြီ။ ထိုသူတို့သည် မိမိတို့၏သားသမီးများကို အသိပညာမရှိဘဲမိုက်မဲစွာသတ်ဖြတ်ကြကုန်၏။ ၎င်းပြင် ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်က မိမိတို့အား ချီးမြှင့်ပေးသနားတော်မူသော အရာများကို (ထို)အလ္လာဟ်အရှင်မြတ်အပေါ်၌ လီဆယ် ပြောဆိုကာဟရာမ်’ ခွင့်မပြုသောအရာများဟူ၍ သတ်မှတ်ကုန်ကြ၏။မုချဧကန်ထိုသူတို့သည် လမ်းမှားခဲ့ကြလေပြီ။ စင်စစ်တမူကား၊၎င်းတို့သည် (ယခင်မူလကလည်း) လမ်းမှန်ကို လိုက်ဘူးသောသူများ မဖြစ်ခဲ့ကြချေ။(ရကူ)
ဘာသာပြန် — အလ်-အန်အာမ် 138 စူရာ အလ်-အန်အာမ် အာယာသ် 138 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းပြင် ယင်းသူတို့က မိမိတို့၏ထင်မြင် ယူဆချက်အရပြောဆိုကြသည်မှာ ထိုထိုသောအခြေ လေးချောင်းတိရစ္ဆာန်များသည်လည်းကောင်း၊ ထိုထိုသော လယ်ယာများ(မှထွက်သောပစ္စည်းများ) သည်လည်းကောင်း၊ ငါတို့အလိုရှိသောသူတို့မှအပ၊…
စူရာ အာယာသ် 138/165 — စူရာ အလ်-အန်အာမ် الأنعام (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အန်အာမ် နားထောင်, စူရာ အလ်-အန်အာမ် ဘာသာပြန်, စူရာ အလ်-အန်အာမ် mp3, စူရာ အလ်-အန်အာမ် pdf. အာယာသ် 136–140. မြန်မာဘာသာ: ภาษาไทย.