အလ်-အန်အာမ် · 141/165
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အန်အာမ်
۞ وَهُوَ الَّذِي أَنشَأَ جَنَّاتٍ مَّعْرُوشَاتٍ وَغَيْرَ مَعْرُوشَاتٍ وَالنَّخْلَ وَالزَّرْعَ مُخْتَلِفًا أُكُلُهُ وَالزَّيْتُونَ وَالرُّمَّانَ مُتَشَابِهًا وَغَيْرَ مُتَشَابِهٍ ۚ كُلُوا مِن ثَمَرِهِ إِذَا أَثْمَرَ وَآتُوا حَقَّهُ يَوْمَ حَصَادِهِ ۖ وَلَا تُسْرِفُوا ۚ إِنَّهُ لَا يُحِبُّ الْمُسْرِفِينَ ۝١٤١
Wa Huwal lazee ansha-a jannaatim ma`rooshaatinw wa ghaira ma`rooshaatinw wan nakhla wazzar`a mukhtalifan ukuluhoo wazzaitoona warrum maana mutashaabihanw wa ghaira mutashaabih; kuloo min samariheee izaaa asmara wa aatoo haqqahoo yawma hasaadihee wa laa tusrifoo; innahoo laa yuhibbul musrifeen
📖 မြန်မာဘာသာ
ထို(အလ္လာဟ်)အရှင်မြတ်သည်ပင်လျှင် (စင်ပေါ်သို့) နွယ်တက်သောဥယျာဉ်များကိုလည်းကောင်း၊ နွယ်မတက်သောဥယျာဉ်များကိုလည်းကောင်း၊ နွယ်ပင်ဥယျာဉ်၊ပင်ထောင်ဥယျာဉ်၊ အရသာ အမျိုးမျိုးနှင့်ပြည့်စုံသော စွန်ပလွံပင်များကိုလည်းကောင်း၊ ကောက်ပဲသီးနှံများကိုလည်းကောင်း၊ဆင်တူရိုးမှားဖြစ်သော သံလွင်ပင်များကိုလည်းကောင်း၊ သလဲသီးများကိုလည်းကောင်း၊ ပေါက်ရောက် ဖြစ်ပွား စေတော်မူခဲ့လေသည်။ အသင်တို့သည် ယင်းအပင်များ၏ အသီးအနှံများကို သီးပွင့်သောအခါ စားသုံးကြလေကုန်။ ထို့ပြင်တဝ အသင်တို့သည် ၎င်းအသီးအနှံများ ဆွတ်ခူးရိတ်သိမ်းသောနေ့တွင်၊၎င်း(အသီး အနှံများနှင့်စပ်လျဉ်း၍ တရားတော်က ပြဋ္ဌာန်းထားသော) တာဝန်ကို ပေးဆပ်ကြလေကုန်။ သို့ရာတွင် အသင်တို့သည် မဖြုန်းတီးကြကုန်လင့်။ အမှန်ဧကန် ထိုအရှင်မြတ်သည် ဖြုန်းတီးသော သူတို့အား နှစ်သက်တော်မမူချေ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ

  • ဂျန్నာသ် (جَنَّاتٍ) — ဥယျာဉ်များ၊ သစ်တောများ။
  • မာအ်ရူးရှာသ် (مَعْرُوشَاتٍ) — မြေပေါ်တွင် တင်ထားသော၊ ငြမ်းဖြင့် မှီထားသော ဥယျာဉ်များ (ဥပမာ စပျစ်ခြံများ)။
  • ဂိုင်ရု မာအ်ရူးရှာသ် (غَيْرَ مَعْرُوشَاتٍ) — ငြမ်းမလိုဘဲ ပင်စည်ပေါ်တွင် မတ်တတ်ရပ်နေသော သစ်ပင်များ (ဥပမာ စွန်ပလွံပင်များ)။
  • မုခ်သာလိဖန် အုကူလုဟု (مُخْتَلِفًا أُكُلُهُ) — အရသာ၊ အသီးအပွင့် မတူညီသော။
  • မုသဟာဗိဟန် (مُتَشَابِهًا) — အသွင်အပြင်၊ အရွက်ပုံစံ တူညီသော။
  • ဂိုင်ရု မုသဟာဗိဟ် (غَيْرَ مُتَشَابِهٍ) — အရသာ မတူညီသော။
  • ဟက္ကုဟု (حَقَّهُ) — ၎င်း၏ အခွင့်အရေး၊ ဆိုလိုသည်မှာ ဇကာသ် (သို့) ဆင်းရဲသားတို့၏ အခွင့်အရေး။
  • ဟဆွာဒိဟိ (حَصَادِهِ) — ရိတ်သိမ်းချိန်။
  • လာ တုစ်ရိဖူး (لَا تُسْرِفُوا) — အတိုင်းအဆ ကျော်လွန်ခြင်း မပြုကြနှင့်။

၂။ အာယသ်တော်၏ အဓိပ္ပာယ် ရှင်းလင်းချက်

အလ္လာဟ်အရှင်မြတ်သည် သင်တို့အတွက် ဥယျာဉ်များကို ဖန်ဆင်းတော်မူသော အရှင်ဖြစ်တော်မူ၏။ ထိုဥယျာဉ်များထဲတွင် ငြမ်းဖြင့် မှီထားရသော စပျစ်ခြံများကဲ့သို့သော ဥယျာဉ်များလည်း ရှိ၏၊ ငြမ်းမလိုဘဲ ပင်စည်ပေါ်တွင် မတ်တတ်ရပ်နေသော စွန်ပလွံပင်များနှင့် ကောက်ပဲသီးနှံများကဲ့သို့သော ဥယျာဉ်များလည်း ရှိ၏။ ထိုအထဲမှ ကောက်ပဲသီးနှံများ၏ အရသာနှင့် အသီးအပွင့်များသည် အမျိုးမျိုး ကွဲပြားကြ၏။ ထို့အပြင် သံလွင်ပင်နှင့် သလဲပင်တို့ကိုလည်း ဖန်ဆင်းတော်မူ၏။ ထိုအပင်တို့၏ အရွက်နှင့် အသွင်အပြင်သည် တူညီသော်လည်း အရသာနှင့် အသီးအပွင့်မှာ မတူညီကြပေ။

အို လူသားတို့၊ ထိုအပင်များ အသီးသီးသောအခါ ၎င်းတို့၏ အသီးအပွင့်များကို စားသုံးကြလော့။ ထို့အပြင် ရိတ်သိမ်းချိန် ရောက်သောအခါ ထိုသီးနှံများတွင် သတ်မှတ်ထားသော အခွင့်အရေး (ဇကာသ် သို့မဟုတ် ဆင်းရဲသားတို့၏ ဝေစု) ကို ပေးဆောင်ကြလော့။ သင်တို့သည် စားသုံးခြင်း၊ သုံးစွဲခြင်းနှင့် လှူဒါန်းခြင်းတို့တွင် အတိုင်းအဆ ကျော်လွန်ခြင်း မပြုကြနှင့်။ အကြောင်းမှာ အလ္လာဟ်အရှင်မြတ်သည် အတိုင်းအဆ ကျော်လွန်သူများကို နှစ



📜 အာယာသ် 139-143 — စူရာ အလ်-အန်အာမ်

139وَقَالُوا مَا فِي بُطُونِ هَٰذِهِ الْأَنْعَامِ خَالِصَةٌ لِّذُكُورِنَا وَمُحَرَّمٌ عَلَىٰ أَزْوَاجِنَا ۖ وَإِن يَكُن مَّيْتَةً فَهُمْ فِيهِ شُرَكَاءُ ۚ سَيَجْزِيهِمْ وَصْفَهُمْ ۚ إِنَّهُ حَكِيمٌ عَلِيمٌ
ထိုမှတစ်ပါး 4င်းတို့က ပြောဆိုကြပြန်သည်မှာဤတိရစ္ဆာန်များ၏ ဝမ်းတွင်း၌ ရှိသည့်အရာ (နို့ရည် သို့မဟုတ် ဇီး)သည် ငါတို့ယောက်ျားများ အဖို့ချည်းသာ ဖြစ်သည်။ငါတို့၏ဇနီးများအပေါ်၌ ဟရာမ် တားမြစ်ထားပြီး ဖြစ်သည်။သို့ရာတွင် (၎င်းတိရစ္ဆာန်များ၏ဝမ်းတွင်း၌ရှိသောဇီးသည်)အသေဖြစ်ခဲ့လျှင်၊ ၎င်းတို့(ယောက်ျားနှင့်မိန်းမပါ) အတူတူစားသုံးနိုင်ကြသည်။ (အားလုံးဖက်စပ်ပါဝင်ကြသည်) ဟု ပြောဆိုကြ၏။ ထိုအရှင်မြတ်သည် မကြာမြင့်မီ (ယင်းကဲ့ သို့၎င်းတို့၏ (မမှန်မကန်) ပြောဆိုမှုကြောင့်) ယင်းသူတို့အားအစားပေးတော်မူအံ့။ ဧကန်စင်စစ် ထိုအရှင်မြတ်သည်ဉာဏ်အမြှော်အမြင်��ှင့် ပြည့်စုံ တော်မူသောအရှင် (အရာခပ်သိမ်းတို့ကို) အကြွင်းမဲ့ သိရှိတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
140قَدْ خَسِرَ الَّذِينَ قَتَلُوا أَوْلَادَهُمْ سَفَهًا بِغَيْرِ عِلْمٍ وَحَرَّمُوا مَا رَزَقَهُمُ اللَّهُ افْتِرَاءً عَلَى اللَّهِ ۚ قَدْ ضَلُّوا وَمَا كَانُوا مُهْتَدِينَ
အကြင်သူတို့သည် မချွတ်ဧကန် ဆုံးရှုံးခဲ့ကြချေပြီ။ ထိုသူတို့သည် မိမိတို့၏သားသမီးများကို အသိပညာမရှိဘဲမိုက်မဲစွာသတ်ဖြတ်ကြကုန်၏။ ၎င်းပြင် ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်က မိမိတို့အား ချီးမြှင့်ပေးသနားတော်မူသော အရာများကို (ထို)အလ္လာဟ်အရှင်မြတ်အပေါ်၌ လီဆယ် ပြောဆိုကာဟရာမ်’ ခွင့်မပြုသောအရာများဟူ၍ သတ်မှတ်ကုန်ကြ၏။မုချဧကန်ထိုသူတို့သည် လမ်းမှားခဲ့ကြလေပြီ။ စင်စစ်တမူကား၊၎င်းတို့သည် (ယခင်မူလကလည်း) လမ်းမှန်ကို လိုက်ဘူးသောသူများ မဖြစ်ခဲ့ကြချေ။(ရကူ)
141۞ وَهُوَ الَّذِي أَنشَأَ جَنَّاتٍ مَّعْرُوشَاتٍ وَغَيْرَ مَعْرُوشَاتٍ وَالنَّخْلَ وَالزَّرْعَ مُخْتَلِفًا أُكُلُهُ وَالزَّيْتُونَ وَالرُّمَّانَ مُتَشَابِهًا وَغَيْرَ مُتَشَابِهٍ ۚ كُلُوا مِن ثَمَرِهِ إِذَا أَثْمَرَ وَآتُوا حَقَّهُ يَوْمَ حَصَادِهِ ۖ وَلَا تُسْرِفُوا ۚ إِنَّهُ لَا يُحِبُّ الْمُسْرِفِينَ
ထို(အလ္လာဟ်)အရှင်မြတ်သည်ပင်လျှင် (စင်ပေါ်သို့) နွယ်တက်သောဥယျာဉ်များကိုလည်းကောင်း၊ နွယ်မတက်သောဥယျာဉ်များကိုလည်းကောင်း၊ နွယ်ပင်ဥယျာဉ်၊ပင်ထောင်ဥယျာဉ်၊ အရသာ အမျိုးမျိုးနှင့်ပြည့်စုံသော စွန်ပလွံပင်များကိုလည်းကောင်း၊ ကောက်ပဲသီးနှံများကိုလည်းကောင်း၊ဆင်တူရိုးမှားဖြစ်သော သံလွင်ပင်များကိုလည်းကောင်း၊ သလဲသီးများကိုလည်းကောင်း၊ ပေါက်ရောက် ဖြစ်ပွား စေတော်မူခဲ့လေသည်။ အသင်တို့သည် ယင်းအပင်များ၏ အသီးအနှံများကို သီးပွင့်သောအခါ စားသုံးကြလေကုန်။ ထို့ပြင်တဝ အသင်တို့သည် ၎င်းအသီးအနှံများ ဆွတ်ခူးရိတ်သိမ်းသောနေ့တွင်၊၎င်း(အသီး အနှံများနှင့်စပ်လျဉ်း၍ တရားတော်က ပြဋ္ဌာန်းထားသော) တာဝန်ကို ပေးဆပ်ကြလေကုန်။ သို့ရာတွင် အသင်တို့သည် မဖြုန်းတီးကြကုန်လင့်။ အမှန်ဧကန် ထိုအရှင်မြတ်သည် ဖြုန်းတီးသော သူတို့အား နှစ်သက်တော်မမူချေ။
142وَمِنَ الْأَنْعَامِ حَمُولَةً وَفَرْشًا ۚ كُلُوا مِمَّا رَزَقَكُمُ اللَّهُ وَلَا تَتَّبِعُوا خُطُوَاتِ الشَّيْطَانِ ۚ إِنَّهُ لَكُمْ عَدُوٌّ مُّبِينٌ
၎င်းအပြင် (ထိုအရှင်မြတ်သည်) အခြေ လေးချောင်း တိရစ္ဆာန်တို့အနက် (အရပ်အမောင်းကြီးမား၍ ဝန်စည်စလယ်များတင်သော တိရစ္ဆာန်များကိုလည်းကောင်း၊ အလုံးအရပ်နိမ့်၍ ဝန်စည်စလယ် မတင်နိုင်ပဲ နို့ရည်နှင့် အသားစားရန်ဖြစ်)သော တိရစ္ဆာန်များကိုလည်းကောင်း၊ (ဖန်ဆင်းတော်မူခဲ့လေသည်။) အသင်တို့သည် မိမိတို့အား အလ္လာဟ်အရှင်မြတ်ကချီးမြှင့်ပေးသနားတော်မူသော အရာများကို စားသုံးကြလေကုန်။ ထို့ပြင် အသင်တို့သည် ရှိုင်တွာန်၏ ခြေရာများကိုမလိုက်ကြကုန်လင့်။ အကြောင်းမူကား ယင်း’ရှိုင်တွာန်’သည်အသင်တို့၏ ထင်ရှားသောရန်သူပင် ဖြစ်ပေသတည်း။
143ثَمَانِيَةَ أَزْوَاجٍ ۖ مِّنَ الضَّأْنِ اثْنَيْنِ وَمِنَ الْمَعْزِ اثْنَيْنِ ۗ قُلْ آلذَّكَرَيْنِ حَرَّمَ أَمِ الْأُنثَيَيْنِ أَمَّا اشْتَمَلَتْ عَلَيْهِ أَرْحَامُ الْأُنثَيَيْنِ ۖ نَبِّئُونِي بِعِلْمٍ إِن كُنتُمْ صَادِقِينَ
(အသင်တို့သည် မိမိတို့၏ စိတ်ထင်ရာ အတိုင်းစားသုံးပိုင်ခွင့် ရှိသည်ဟူ၍လည်းကောင်း၊ စားသုံးပိုင်ခွင့်မရှိဟူ၍လည်းကောင်း၊ ထင်မြင်ယူဆပြောဆိုလျက်ရှိကြသော အခြေလေးချောင်းတိရစ္ဆာန်တို့အနက် ထိုအရှင်မြတ်သည် အထီးအမ)ရှစ်ကောင်ကို (ဖန်ဆင်းတော်မူခဲ့လေသည်။) သိုးများအနက်အထီးအမ နှစ်ကောင၊် ထိုနည်းတူ ဆိတ်များအနက် အထီးအမနှစ်ကောင်၊(ဖန်ဆင်းတော်မူလေ၏။အို-နဗီတမန်တော်)အသင်သည်(၎င်းတို့အားဤသို့) ပြောဆိုမေးမြန်းပါလေ။ (အချင်းတို့)ထိုအရှင်မြတ်သည် အထီးနှစ်ကောင်ကို ဟရာမ်ဟူ၍ တားမြစ်တော်မူပါသလော။ သို့တည်းမဟုတ်အမနှစ်ကောင်ကို တားမြစ်တော်မူပါသလော။ သို့တည်းမဟုတ် အမနှစ်ကောင် သားအိမ်များတွင် လွယ်ထားသော ကလေးများကို တားမြစ်တော်မူပါသလော။ အကယ်၍အသင်တို့သည် မှန်ကန်စွာပြောဆို သူများဖြစ်ကြပါလျှင်၊ ငါ့အား သက်သေသာဓက၊ အထောက်အထားနှင့်တကွ တင်ပြကြလေကုန်။
အလ်-အန်အာမ်ကုရ်အာန် ညွှန်းကိန်း
165အာယာသ်
MeccanRevelation
141အာယာသ်

ဘာသာပြန် — အလ်-အန်အာမ် 141

စူရာ အလ်-အန်အာမ် အာယာသ် 141 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထို(အလ္လာဟ်)အရှင်မြတ်သည်ပင်လျှင် (စင်ပေါ်သို့) နွယ်တက်သောဥယျာဉ်များကိုလည်းကောင်း၊ နွယ်မတက်သောဥယျာဉ်များကိုလည်းကောင်း၊ နွယ်ပင်ဥယျာဉ်၊ပင်ထောင်ဥယျာဉ်၊ အရသာ အမျိုးမျိုးနှင့်ပြည့်စုံသော စွန်ပလွံပင်များကိုလည်းကောင်း၊ ကောက်ပဲသီးနှံများကိုလည်းကောင်း၊ဆင်တူရိုးမှားဖြစ်သော သံလွင်ပင်များကိုလည်းကောင်း၊…

စူရာ အာယာသ် 141/165 — စူရာ အလ်-အန်အာမ် الأنعام (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အန်အာမ် နားထောင်, စူရာ အလ်-အန်အာမ် ဘာသာပြန်, စူရာ အလ်-အန်အာမ် mp3, စူရာ အလ်-အန်အာမ် pdf. အာယာသ် 139–143. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Friday, October 2, 2026

Don't forget us in your sincere prayers