📖 0/604 ဖတ်ပြီးသောစာမျက်နှာများ
📄 159
أُبَلِّغُكُمۡ رِسَٰلَٰتِ رَبِّي وَأَنَا۠ لَكُمۡ نَاصِحٌ أَمِينٌ  ۝٦٨ أَوَعَجِبۡتُمۡ أَن جَآءَكُمۡ ذِكۡرٌ مِّن رَّبِّكُمۡ عَلَىٰ رَجُلٍ مِّنكُمۡ لِيُنذِرَكُمۡۚ وَٱذۡكُرُوٓاْ إِذۡ جَعَلَكُمۡ خُلَفَآءَ مِنۢ بَعۡدِ قَوۡمِ نُوحٍ وَزَادَكُمۡ فِي ٱلۡخَلۡقِ بَصۜۡطَةًۖ فَٱذۡكُرُوٓاْ ءَالَآءَ ٱللَّهِ لَعَلَّكُمۡ تُفۡلِحُونَ  ۝٦٩ قَالُوٓاْ أَجِئۡتَنَا لِنَعۡبُدَ ٱللَّهَ وَحۡدَهُۥ وَنَذَرَ مَا كَانَ يَعۡبُدُ ءَابَآؤُنَا فَأۡتِنَا بِمَا تَعِدُنَآ إِن كُنتَ مِنَ ٱلصَّٰدِقِينَ  ۝٧٠ قَالَ قَدۡ وَقَعَ عَلَيۡكُم مِّن رَّبِّكُمۡ رِجۡسٌ وَغَضَبٌۖ أَتُجَٰدِلُونَنِي فِيٓ أَسۡمَآءٍ سَمَّيۡتُمُوهَآ أَنتُمۡ وَءَابَآؤُكُم مَّا نَزَّلَ ٱللَّهُ بِهَا مِن سُلۡطَٰنٍۚ فَٱنتَظِرُوٓاْ إِنِّي مَعَكُم مِّنَ ٱلۡمُنتَظِرِينَ  ۝٧١ فَأَنجَيۡنَٰهُ وَٱلَّذِينَ مَعَهُۥ بِرَحۡمَةٍ مِّنَّا وَقَطَعۡنَا دَابِرَ ٱلَّذِينَ كَذَّبُواْ بِـَٔايَٰتِنَاۖ وَمَا كَانُواْ مُؤۡمِنِينَ  ۝٧٢ وَإِلَىٰ ثَمُودَ أَخَاهُمۡ صَٰلِحًاۚ قَالَ يَٰقَوۡمِ ٱعۡبُدُواْ ٱللَّهَ مَا لَكُم مِّنۡ إِلَٰهٍ غَيۡرُهُۥۖ قَدۡ جَآءَتۡكُم بَيِّنَةٌ مِّن رَّبِّكُمۡۖ هَٰذِهِۦ نَاقَةُ ٱللَّهِ لَكُمۡ ءَايَةًۖ فَذَرُوهَا تَأۡكُلۡ فِيٓ أَرۡضِ ٱللَّهِۖ وَلَا تَمَسُّوهَا بِسُوٓءٍ فَيَأۡخُذَكُمۡ عَذَابٌ أَلِيمٌ  ۝٧٣
7:68
أُبَلِّغُكُمۡ رِسَٰلَٰتِ رَبِّي وَأَنَا۠ لَكُمۡ نَاصِحٌ أَمِينٌ  ۝٦٨
ငါသည် မိမိအရှင်မြတ်က မှာကြားတော် မူလိုက်သောအမိန့်တော်များကို အသင်တို့ထံ ပို့ဆောင်လေသည်။ ၎င်းပြင် ငါသည် အသင်တို့၏ ကောင်းကျိုးကိုလိုလားသူ ယုံကြည်စိတ်ချရသူ အစစ်အမှန်လည်း ဖြစ်ချေသတည်း။
7:69
أَوَعَجِبۡتُمۡ أَن جَآءَكُمۡ ذِكۡرٌ مِّن رَّبِّكُمۡ عَلَىٰ رَجُلٍ مِّنكُمۡ لِيُنذِرَكُمۡۚ وَٱذۡكُرُوٓاْ إِذۡ جَعَلَكُمۡ خُلَفَآءَ مِنۢ بَعۡدِ قَوۡمِ نُوحٍ وَزَادَكُمۡ فِي ٱلۡخَلۡقِ بَصۜۡطَةًۖ فَٱذۡكُرُوٓاْ ءَالَآءَ ٱللَّهِ لَعَلَّكُمۡ تُفۡلِحُونَ  ۝٦٩
အသင်တို့သည် မိမိတို့အရှင်မြတ်အထံတော်မှမိမိတို့အားသတိပေးနှိုးဆော်ရန် ဩဝါဒဓမ္မသည် မိမိတို့အနက်မှ လူတစ်ဦးမှတစ်ဆင့် မိမိတို့ထံ ရောက်ရှိလာသည်ကိုပင် အံ့ဩကြပါသလော။ အသင်တို့သည် မိမိတို့အား ထိုအရှင်မြတ်က (နဗီတမန်တော်)နူဟ်၏ အမျိုးသားများ မရှိသည့်နောက်တွင် နေရာချပေးတော်မူခဲ့သည်ကိုလည်းကောင်း၊အသင်တို့အား အရပ်အမောင်းအားဖြင့် ပိုမိုထွားကြိုင်းကြီးမားစေတော်မူခဲ့သည်ကိုလည်းကောင်း၊ ပြန်လည်သတိရကြလေကုန်။ တဖန်အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ကျေးဇူးတော်များကို ပြန်လည်သတိရကြလေကုန်။ သို့မှသာလျှင်အသင်တို့သည် အောင်မြင်ကြလတ္တံ့။
7:70
قَالُوٓاْ أَجِئۡتَنَا لِنَعۡبُدَ ٱللَّهَ وَحۡدَهُۥ وَنَذَرَ مَا كَانَ يَعۡبُدُ ءَابَآؤُنَا فَأۡتِنَا بِمَا تَعِدُنَآ إِن كُنتَ مِنَ ٱلصَّٰدِقِينَ  ۝٧٠
ထိုအခါ၊ ၎င်း(နဗီတမန်တော်ဟူဒ်၏အမျိုးသား)တို့က (အို-ဟူဒ်) ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်တစ်ဆူတည်းကိုသာ ကိုးကွယ်၍မိမိတို့၏ အဖ၊ ဘိုးဘေး၊ ဘီဘင်တို့ကိုးကွယ်ခဲ့ကြသည့် (ဘုရား)များကိုစွန့်လွှတ်ရန် အသင်သည်ကျွန်ုပ်တို့ထံ ရောက်ရှိလာခဲ့ပါသလော။ သို့ဖြစ်လျှင် အကယ်၍သာ အသင်သည် မှန်ကန်စွာပြောဆိုသူတဦးဖြစ်ပါမူ အသင်ခြိမ်းခြောက်လေ့ရှိသော(ပြစ်ဒဏ်)ကို ယူခဲ့ပါလေ ဟုပြောဆိုကြကုန်၏။
7:71
قَالَ قَدۡ وَقَعَ عَلَيۡكُم مِّن رَّبِّكُمۡ رِجۡسٌ وَغَضَبٌۖ أَتُجَٰدِلُونَنِي فِيٓ أَسۡمَآءٍ سَمَّيۡتُمُوهَآ أَنتُمۡ وَءَابَآؤُكُم مَّا نَزَّلَ ٱللَّهُ بِهَا مِن سُلۡطَٰنٍۚ فَٱنتَظِرُوٓاْ إِنِّي مَعَكُم مِّنَ ٱلۡمُنتَظِرِينَ  ۝٧١
ထိုအခါ (နဗီတမန်တော်ဟူဒ်)က (အို-ငါ၏အမျိုးသားတို့) အသင်တို့၏ အရှင်မြတ်အထံတော်မှ ပြစ်ဒဏ်သည်လည်းကောင်း၊ အမျက်တော်သည်လည်းကောင်း၊ အသင်တို့အပေါ်၌ ဧကန်စင်စစ် ကျရောက်အံ့ဆဲဆဲပင်ဖြစ်ချေပြီ။အသင်တို့သည် အကြင် အမည်နာမများနှင့်စပ်လျဉ်း၍ ငါနှင့်အငြင်းအခုံ ပြုကြလေသလော။ ထိုအမည်နာမများကို အသင်တို့နှင့် အသင်တို့၏ဘိုး ဘေး ဘီ ဘင်တို့သည် မှည့်ခေါ်ထားခဲ့ကြသည်။ (အမှန်စင်စစ်သော်ကား) အလ္လာဟ်အရှင်မြတ်သည်ထိုအမည်နာမများနှင့်စပ်လျဉ်း၍ မည်သည့်သက်သေ သာဓကကိုမျှ ချပေးတော်မူခဲ့သည်မရှိချေ။ သို့ဖြစ်ပေရာ အသင်တို့သည်(အလ္လာဟ်အရှင်မြတ်၏ပြစ်ဒဏ်ကို) စောင့်ဆိုင်း၍ နေကြကုန်လော့။ ဧကန်စင်စစ် ငါသည်လည်း အသင်တို့နှင့်အတူ စောင့်ဆိုင်းသူတို့တွင် တစ်ဦးအပါအဝင်ဖြစ်ချေသည် ဟု ဖြေကြားခဲ့လေသတည်း။
7:72
فَأَنجَيۡنَٰهُ وَٱلَّذِينَ مَعَهُۥ بِرَحۡمَةٍ مِّنَّا وَقَطَعۡنَا دَابِرَ ٱلَّذِينَ كَذَّبُواْ بِـَٔايَٰتِنَاۖ وَمَا كَانُواْ مُؤۡمِنِينَ  ۝٧٢
ထို့နောက် ငါအရှင်မြတ်သည် ယင်း(နဗီတမန်တော်ဟူဒ်)ကိုလည်းကောင်း၊ ယင်း(နဗီတမန်တော်ဟူဒ်)၏အပေါင်းပါတို့ကိုလည်းကောင်း၊ မိမိကရုဏာတော်ဖြင့် ကယ်ဆယ်တော်မူခဲ့လေသည်။ ၎င်းပြင် ငါအရှင်မြတ်၏ ဒေသနာတော်များ ကို ငြင်းပယ်သောသူတို့၏ အမြစ်ကို ဖြတ်တောက်တော်မူခဲ့လေသည်။ အမှန်စင်စစ်မူကား ၎င်းတို့သည် မုအ်မင်န် သက်ဝင်ယုံကြည်သူများပင်မဖြစ်ခဲ့ကြချေ။(ရကူ)
7:73
وَإِلَىٰ ثَمُودَ أَخَاهُمۡ صَٰلِحًاۚ قَالَ يَٰقَوۡمِ ٱعۡبُدُواْ ٱللَّهَ مَا لَكُم مِّنۡ إِلَٰهٍ غَيۡرُهُۥۖ قَدۡ جَآءَتۡكُم بَيِّنَةٌ مِّن رَّبِّكُمۡۖ هَٰذِهِۦ نَاقَةُ ٱللَّهِ لَكُمۡ ءَايَةًۖ فَذَرُوهَا تَأۡكُلۡ فِيٓ أَرۡضِ ٱللَّهِۖ وَلَا تَمَسُّوهَا بِسُوٓءٍ فَيَأۡخُذَكُمۡ عَذَابٌ أَلِيمٌ  ۝٧٣
ထိုနည်းတူစွာ (ငါအရှင်မြတ်သည်) ဆမူဒ်အမျိုးသားတို့ထံ ၎င်းတို့၏ညီအစ်ကိုသားချင်းဖြစ်သော (နဗီတမန်တော်) ဆွာလိဟ် အား (စေလွှတ်တော်မူခဲ့လေသည်)။ထိုအခါ ယင်း(နဗီတမန်တော် ဆွာလိဟ်က (မိမိ၏အမျိုးသားတို့အား) အို-ငါ၏ အမျိုးသားတို့ အသင်တို့သည် အလ္လာဟ်အရှင်မြတ်(တစ်ဆူတည်းကိုသာလျှင်)ခဝပ်ကိုးကွယ်ကြလေကုန်။(စင်စစ်တမူကား) အသင်တို့၌ ထိုအရှင်မြတ်မှတစ်ပါး အခြားခဝပ်ကိုးကွယ်ရာဟူ၍ အလျင်းမရှိပြီ။ ဧကန်စင်စစ် အသင်တို့ထံ အသင်တို့၏အရှင်မြတ် အထံတော်မှ ထင်ရှားလှစွာသောသက်သေသာဓကသည် ရောက်ရှိခဲ့ချေပြီ။ ဤသည် အလ္လာဟ်အရှင်မြတ်၏ ကုလားအုတ်မပင်ဖြစ်သည်။ အသင်တို့အဖို့လက္ခဏာတစ်ရပ်အဖြစ် (စေလွှတ်တော်မူ�။) သို့ဖြစ်ရာအသင်တို့သည် ထိုကုလားအုတ်မကို အလ္လာဟ်အရှင်မြတ်၏ပထဝီမြေပြင်ဝယ် စားသောက်(သွားလာ)ရန် လွှတ်ထားကြလေကုန်။ ၎င်းပြင် အသင်တို့သည် ထိုကုလားအုတ်မကိုမကောင်းသောစေတနာနှင့် မထိကြကုန်လင့်။ သို့မဟုတ်လျှင်ပြင်းပြနာကျင်ဖွယ်ဖြစ်သောပြစ်ဒဏ်သည် အသင်တို့အား ဖမ်းဆီးကွပ်မျက်လိမ့်မည် ဟု ပြောကြားတော်မူခဲ့လေသတည်း။


📚Juz 8 📄159 / 604



Mishary Rashid Alafasy
Mahmoud Khalil Al-Husary
Abdurrahman As-Sudais
Mohamed Siddiq Al-Minshawi
Abdul Basit Abdul Samad
Ali Al-Hudhaify
Ahmed ibn Ali al-Ajamy
Abu Bakr Ash-Shaatree
Muhammad Ayyoub
Abdullah Basfar
Abdullah Al-Juhani
Maher Al Muaiqly
0:00
0:00
-

ကုရ်အာန်ကျမ်း


Saturday, August 22, 2026

Don't forget us in your sincere prayers