قَالُوا أَجِئْتَنَا لِنَعْبُدَ اللَّهَ وَحْدَهُ وَنَذَرَ مَا كَانَ يَعْبُدُ آبَاؤُنَا ۖ فَأْتِنَا بِمَا تَعِدُنَا إِن كُنتَ مِنَ الصَّادِقِينَ ٧٠
🔤 Transliteration
Qaalooo aji`tanaa lina`budal laaha wahdahoo wa nazara maa kaana ya`budu aabaaa`u naa faatinaa bimaa ta`idunaaa in kunta minas saadiqeen
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
ထိုအခါ၊ ၎င်း(နဗီတမန်တော်ဟူဒ်၏အမျိုးသား)တို့က (အို-ဟူဒ်) ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်တစ်ဆူတည်းကိုသာ ကိုးကွယ်၍မိမိတို့၏ အဖ၊ ဘိုးဘေး၊ ဘီဘင်တို့ကိုးကွယ်ခဲ့ကြသည့် (ဘုရား)များကိုစွန့်လွှတ်ရန် အသင်သည်ကျွန်ုပ်တို့ထံ ရောက်ရှိလာခဲ့ပါသလော။ သို့ဖြစ်လျှင် အကယ်၍သာ အသင်သည် မှန်ကန်စွာပြောဆိုသူတဦးဖြစ်ပါမူ အသင်ခြိမ်းခြောက်လေ့ရှိသော(ပြစ်ဒဏ်)ကို ယူခဲ့ပါလေ ဟုပြောဆိုကြကုန်၏။
🌐 Additional reference in ภาษาไทย
ကမ္ဘာ့ကျမ်းတော်မြတ်ကုရ်အာန်၏ အလ်-အာအ်ရာဖ်စူရာ (အခန်း ၇)၊ အာယသ်တော် (၇၀) တွင် ဖော်ပြထားသော ဝေါဟာရများ၏ အဓိပ္ပာယ်များ- قَالُوا (ကာလူး) — သူတို့ဆိုကြသည်။أَجِئْتَنَا (အာဂျိအ်သနာ) — သင်သည် ကျွန်ုပ်တို့ထံ လာခဲ့သလော။لِنَعْبُدَ اللَّهَ وَحْدَهُ (လိနာအ်ဗုဒလ္လာဟ ဝဟ်ဒဟူ) — ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်ကို တစ်ပါးတည်း ကိုးကွယ်ရန်အတွက်။وَنَذَرَ (ဝနဇရ) — စွန့်လွှတ်ရန်။مَا كَانَ يَعْبُدُ آبَاؤُنَا (မာ ကာန ယအ်ဗုဒု အာဗာဥနာ) — ကျွန်ုပ်တို့၏ ဘိုးဘေးများ ကိုးကွယ်ခဲ့ကြသော (ရုပ်တုများ) ကို။فَأْتِنَا (ဖအ်သိနာ) — သို့ဖြစ်လျှင် ကျွန်ုပ်တို့ထံ ယူဆောင်လာပါ။بِمَا تَعِدُنَا (ဗိမာ သာအိဒုနာ) — သင်သည် ကျွန်ုပ်တို့အား ကတိပြုထားသော (ပြစ်ဒဏ်) ကို။إِن كُنتَ مِنَ الصَّادِقِينَ (အင်ကုန်သ မိနဆွာဒိကီန) — အကယ်၍ သင်သည် သစ္စာရှိသူများထဲမှ ဖြစ်ပါက။ဤအာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်- (နဗီတမန်တော်) ဟူဒ် (အလိုင်ဟိစ်စလာမ်) သည် သူ၏လူမျိုးဖြစ်သော အာဒ်လူမျိုးတို့အား အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းကိုသာ ကိုးကွယ်ရန်၊ ရုပ်တုများကို စွန့်လွှတ်ရန် ဖိတ်ခေါ်သောအခါ၊ သူ၏လူမျိုးတို့က ငြင်းပယ်သည့်အနေဖြင့် ဤသို့ဆိုကြသည်။
“အို ဟူဒ်၊ သင်သည် ကျွန်ုပ်တို့ထံသို့ လာခဲ့သည်မှာ ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်ကို တစ်ပါးတည်းသာ ကိုးကွယ်ရန်နှင့် ကျွန်ုပ်တို့၏ ဘိုးဘေးဘီဘင်များ ကိုးကွယ်ခဲ့ကြသော ရုပ်တုများကို စွန့်လွှတ်ရန်အတွက်လော။ သင်သည် သစ္စာရှိသူတစ်ဦးဖြစ်ပါက သင်ကတိပြုထားသော ပြစ်ဒဏ်ကို ကျွန်ုပ်တို့ထံ ယူဆောင်လာပါ။”
သူတို့သည် ဤစကားကို ပြောင်လှောင်သည့်အနေဖြင့် ဆိုကြခြင်းဖြစ်သည်။ အမှန်စင်စစ်တွင် သူတို့သည် ဘိုးဘေးများ၏ လမ်းစဉ်ကို လိုက်နာခြင်းကို အကြောင်းပြချက်အဖြစ် အသုံးပြု၍ အမှန်တရားကို လက်ခံရန် ငြင်းဆန်ခဲ့ကြသည်။ ဘိုးဘေးများ၏ လုပ်ရပ်သည် အမှန်တရားဖြစ်နိုင်သည်ဟု သူတို့ယူဆခဲ့ကြသော်လည်း၊ အမှန်တရားသည် လူအများစု လုပ်ဆောင်နေခြင်းဖြင့် မဟုတ်ဘဲ၊ အလ္လာဟ်အရှင်မြတ်၏ ညွှန်ကြားချက်ဖြင့်သာ တိုင်းတာရမည်ဖြစ်သည်။
ဤအာယသ်တော်မှ ရ
قَالُوٓاْ أَجِئۡتَنَا لِنَعۡبُدَ ٱللَّهَ وَحۡدَهُۥ وَنَذَرَ مَا كَانَ يَعۡبُدُ ءَابَآؤُنَا فَأۡتِنَا بِمَا تَعِدُنَآ إِن كُنتَ مِنَ ٱلصَّٰدِقِينَ ٧٠
ထိုအခါ၊ ၎င်း(နဗီတမန်တော်ဟူဒ်၏အမျိုးသား)တို့က (အို-ဟူဒ်) ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်တစ်ဆူတည်းကိုသာ ကိုးကွယ်၍မိမိတို့၏ အဖ၊ ဘိုးဘေး၊ ဘီဘင်တို့ကိုးကွယ်ခဲ့ကြသည့် (ဘုရား)များကိုစွန့်လွှတ်ရန် အသင်သည်ကျွန်ုပ်တို့ထံ ရောက်ရှိလာခဲ့ပါသလော။ သို့ဖြစ်လျှင် အကယ်၍သာ အသင်သည် မှန်ကန်စွာပြောဆိုသူတဦးဖြစ်ပါမူ အသင်ခြိမ်းခြောက်လေ့ရှိသော(ပြစ်ဒဏ်)ကို ယူခဲ့ပါလေ ဟုပြောဆိုကြကုန်၏။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 68-72 — စူရာ အလ်-အာအ်ရာဖ်
68 أُبَلِّغُكُمْ رِسَالَاتِ رَبِّي وَأَنَا لَكُمْ نَاصِحٌ أَمِينٌ
ငါသည် မိမိအရှင်မြတ်က မှာကြားတော် မူလိုက်သောအမိန့်တော်များကို အသင်တို့ထံ ပို့ဆောင်လေသည်။ ၎င်းပြင် ငါသည် အသင်တို့၏ ကောင်းကျိုးကိုလိုလားသူ ယုံကြည်စိတ်ချရသူ အစစ်အမှန်လည်း ဖြစ်ချေသတည်း။
69 أَوَعَجِبْتُمْ أَن جَاءَكُمْ ذِكْرٌ مِّن رَّبِّكُمْ عَلَىٰ رَجُلٍ مِّنكُمْ لِيُنذِرَكُمْ ۚ وَاذْكُرُوا إِذْ جَعَلَكُمْ خُلَفَاءَ مِن بَعْدِ قَوْمِ نُوحٍ وَزَادَكُمْ فِي الْخَلْقِ بَسْطَةً ۖ فَاذْكُرُوا آلَاءَ اللَّهِ لَعَلَّكُمْ تُفْلِحُونَ
အသင်တို့သည် မိမိတို့အရှင်မြတ်အထံတော်မှမိမိတို့အားသတိပေးနှိုးဆော်ရန် ဩဝါဒဓမ္မသည် မိမိတို့အနက်မှ လူတစ်ဦးမှတစ်ဆင့် မိမိတို့ထံ ရောက်ရှိလာသည်ကိုပင် အံ့ဩကြပါသလော။ အသင်တို့သည် မိမိတို့အား ထိုအရှင်မြတ်က (နဗီတမန်တော်)နူဟ်၏ အမျိုးသားများ မရှိသည့်နောက်တွင် နေရာချပေးတော်မူခဲ့သည်ကိုလည်းကောင်း၊အသင်တို့အား အရပ်အမောင်းအားဖြင့် ပိုမိုထွားကြိုင်းကြီးမားစေတော်မူခဲ့သည်ကိုလည်းကောင်း၊ ပြန်လည်သတိရကြလေကုန်။ တဖန်အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ကျေးဇူးတော်များကို ပြန်လည်သတိရကြလေကုန်။ သို့မှသာလျှင်အသင်တို့သည် အောင်မြင်ကြလတ္တံ့။
70 قَالُوا أَجِئْتَنَا لِنَعْبُدَ اللَّهَ وَحْدَهُ وَنَذَرَ مَا كَانَ يَعْبُدُ آبَاؤُنَا ۖ فَأْتِنَا بِمَا تَعِدُنَا إِن كُنتَ مِنَ الصَّادِقِينَ
ထိုအခါ၊ ၎င်း(နဗီတမန်တော်ဟူဒ်၏အမျိုးသား)တို့က (အို-ဟူဒ်) ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်တစ်ဆူတည်းကိုသာ ကိုးကွယ်၍မိမိတို့၏ အဖ၊ ဘိုးဘေး၊ ဘီဘင်တို့ကိုးကွယ်ခဲ့ကြသည့် (ဘုရား)များကိုစွန့်လွှတ်ရန် အသင်သည်ကျွန်ုပ်တို့ထံ ရောက်ရှိလာခဲ့ပါသလော။ သို့ဖြစ်လျှင် အကယ်၍သာ အသင်သည် မှန်ကန်စွာပြောဆိုသူတဦးဖြစ်ပါမူ အသင်ခြိမ်းခြောက်လေ့ရှိသော(ပြစ်ဒဏ်)ကို ယူခဲ့ပါလေ ဟုပြောဆိုကြကုန်၏။
71 قَالَ قَدْ وَقَعَ عَلَيْكُم مِّن رَّبِّكُمْ رِجْسٌ وَغَضَبٌ ۖ أَتُجَادِلُونَنِي فِي أَسْمَاءٍ سَمَّيْتُمُوهَا أَنتُمْ وَآبَاؤُكُم مَّا نَزَّلَ اللَّهُ بِهَا مِن سُلْطَانٍ ۚ فَانتَظِرُوا إِنِّي مَعَكُم مِّنَ الْمُنتَظِرِينَ
ထိုအခါ (နဗီတမန်တော်ဟူဒ်)က (အို-ငါ၏အမျိုးသားတို့) အသင်တို့၏ အရှင်မြတ်အထံတော်မှ ပြစ်ဒဏ်သည်လည်းကောင်း၊ အမျက်တော်သည်လည်းကောင်း၊ အသင်တို့အပေါ်၌ ဧကန်စင်စစ် ကျရောက်အံ့ဆဲဆဲပင်ဖြစ်ချေပြီ။အသင်တို့သည် အကြင် အမည်နာမများနှင့်စပ်လျဉ်း၍ ငါနှင့်အငြင်းအခုံ ပြုကြလေသလော။ ထိုအမည်နာမများကို အသင်တို့နှင့် အသင်တို့၏ဘိုး ဘေး ဘီ ဘင်တို့သည် မှည့်ခေါ်ထားခဲ့ကြသည်။ (အမှန်စင်စစ်သော်ကား) အလ္လာဟ်အရှင်မြတ်သည်ထိုအမည်နာမများနှင့်စပ်လျဉ်း၍ မည်သည့်သက်သေ သာဓကကိုမျှ ချပေးတော်မူခဲ့သည်မရှိချေ။ သို့ဖြစ်ပေရာ အသင်တို့သည်(အလ္လာဟ်အရှင်မြတ်၏ပြစ်ဒဏ်ကို) စောင့်ဆိုင်း၍ နေကြကုန်လော့။ ဧကန်စင်စစ် ငါသည်လည်း အသင်တို့နှင့်အတူ စောင့်ဆိုင်းသူတို့တွင် တစ်ဦးအပါအဝင်ဖြစ်ချေသည် ဟု ဖြေကြားခဲ့လေသတည်း။
72 فَأَنجَيْنَاهُ وَالَّذِينَ مَعَهُ بِرَحْمَةٍ مِّنَّا وَقَطَعْنَا دَابِرَ الَّذِينَ كَذَّبُوا بِآيَاتِنَا ۖ وَمَا كَانُوا مُؤْمِنِينَ
ထို့နောက် ငါအရှင်မြတ်သည် ယင်း(နဗီတမန်တော်ဟူဒ်)ကိုလည်းကောင်း၊ ယင်း(နဗီတမန်တော်ဟူဒ်)၏အပေါင်းပါတို့ကိုလည်းကောင်း၊ မိမိကရုဏာတော်ဖြင့် ကယ်ဆယ်တော်မူခဲ့လေသည်။ ၎င်းပြင် ငါအရှင်မြတ်၏ ဒေသနာတော်များ ကို ငြင်းပယ်သောသူတို့၏ အမြစ်ကို ဖြတ်တောက်တော်မူခဲ့လေသည်။ အမှန်စင်စစ်မူကား ၎င်းတို့သည် မုအ်မင်န် သက်ဝင်ယုံကြည်သူများပင်မဖြစ်ခဲ့ကြချေ။(ရကူ)
ဘာသာပြန် — အလ်-အာအ်ရာဖ် 70 စူရာ အလ်-အာအ်ရာဖ် အာယာသ် 70 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုအခါ၊ ၎င်း(နဗီတမန်တော်ဟူဒ်၏အမျိုးသား)တို့က (အို-ဟူဒ်) ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်တစ်ဆူတည်းကိုသာ ကိုးကွယ်၍မိမိတို့၏ အဖ၊ ဘိုးဘေး၊ ဘီဘင်တို့ကိုးကွယ်ခဲ့ကြသည့် (ဘုရား)များကိုစွန့်လွှတ်ရန်…
စူရာ အာယာသ် 70/206 — စူရာ အလ်-အာအ်ရာဖ် الأعراف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အာအ်ရာဖ် နားထောင်, စူရာ အလ်-အာအ်ရာဖ် ဘာသာပြန်, စူရာ အလ်-အာအ်ရာဖ် mp3, စူရာ အလ်-အာအ်ရာဖ် pdf. အာယာသ် 68–72. မြန်မာဘာသာ: ภาษาไทย.