📖 0/604 ဖတ်ပြီးသောစာမျက်နှာများ
📄 160
وَٱذۡكُرُوٓاْ إِذۡ جَعَلَكُمۡ خُلَفَآءَ مِنۢ بَعۡدِ عَادٍ وَبَوَّأَكُمۡ فِي ٱلۡأَرۡضِ تَتَّخِذُونَ مِن سُهُولِهَا قُصُورًا وَتَنۡحِتُونَ ٱلۡجِبَالَ بُيُوتًاۖ فَٱذۡكُرُوٓاْ ءَالَآءَ ٱللَّهِ وَلَا تَعۡثَوۡاْ فِي ٱلۡأَرۡضِ مُفۡسِدِينَ ٧٤ قَالَ ٱلۡمَلَأُ ٱلَّذِينَ ٱسۡتَكۡبَرُواْ مِن قَوۡمِهِۦ لِلَّذِينَ ٱسۡتُضۡعِفُواْ لِمَنۡ ءَامَنَ مِنۡهُمۡ أَتَعۡلَمُونَ أَنَّ صَٰلِحًا مُّرۡسَلٌ مِّن رَّبِّهِۦۚ قَالُوٓاْ إِنَّا بِمَآ أُرۡسِلَ بِهِۦ مُؤۡمِنُونَ ٧٥ قَالَ ٱلَّذِينَ ٱسۡتَكۡبَرُوٓاْ إِنَّا بِٱلَّذِيٓ ءَامَنتُم بِهِۦ كَٰفِرُونَ ٧٦ فَعَقَرُواْ ٱلنَّاقَةَ وَعَتَوۡاْ عَنۡ أَمۡرِ رَبِّهِمۡ وَقَالُواْ يَٰصَٰلِحُ ٱئۡتِنَا بِمَا تَعِدُنَآ إِن كُنتَ مِنَ ٱلۡمُرۡسَلِينَ ٧٧ فَأَخَذَتۡهُمُ ٱلرَّجۡفَةُ فَأَصۡبَحُواْ فِي دَارِهِمۡ جَٰثِمِينَ ٧٨ فَتَوَلَّىٰ عَنۡهُمۡ وَقَالَ يَٰقَوۡمِ لَقَدۡ أَبۡلَغۡتُكُمۡ رِسَالَةَ رَبِّي وَنَصَحۡتُ لَكُمۡ وَلَٰكِن لَّا تُحِبُّونَ ٱلنَّٰصِحِينَ ٧٩ وَلُوطًا إِذۡ قَالَ لِقَوۡمِهِۦٓ أَتَأۡتُونَ ٱلۡفَٰحِشَةَ مَا سَبَقَكُم بِهَا مِنۡ أَحَدٍ مِّنَ ٱلۡعَٰلَمِينَ ٨٠ إِنَّكُمۡ لَتَأۡتُونَ ٱلرِّجَالَ شَهۡوَةً مِّن دُونِ ٱلنِّسَآءِۚ بَلۡ أَنتُمۡ قَوۡمٌ مُّسۡرِفُونَ ٨١
7:74
وَٱذۡكُرُوٓاْ إِذۡ جَعَلَكُمۡ خُلَفَآءَ مِنۢ بَعۡدِ عَادٍ وَبَوَّأَكُمۡ فِي ٱلۡأَرۡضِ تَتَّخِذُونَ مِن سُهُولِهَا قُصُورًا وَتَنۡحِتُونَ ٱلۡجِبَالَ بُيُوتًاۖ فَٱذۡكُرُوٓاْ ءَالَآءَ ٱللَّهِ وَلَا تَعۡثَوۡاْ فِي ٱلۡأَرۡضِ مُفۡسِدِينَ ٧٤
၎င်းပြင် (အို-ဆမူဒ် အမျိုးသားအပေါင်းတို့)အသင်တို့သည် မိမိတို့ိအား ထိုအရှင်မြတ်က အားဒ်အမျိုးသားများမရှိသည့်နောက်တွင် ကိုယ်စားလည်များအဖြစ် ခန့်အပ်တော်မူခဲ့သည်ကိုလည်းကောင်း၊ ပထဝီမြေ၌ မိမိတို့အားနေရာချပေးတော်မူခဲ့သည်ကိုလည်းကောင်း၊ ပြန်လည်သတိရကြလေကုန်။ 4င်းအပြင် အသင်တို့သည် ထိုပထဝီမြေပြင်၏ နူးညံ့သော နေရာများတွင် ခမ်းနားသိုက်မြိုက်သည့် အဆောက်အအုံများ တည်ဆောက်ကြ ကုန်ကြ၏။ ၎င်းပြင် အသင်တို့သည်တောင်များကိုဖောက်ထွင်း ၍ နေအိမ်များ ပြုလုပ်ကြကုန်၏။သို့ဖြစ်ပေရာ အသင်တို့သည် အလ္လာဟ် အရှင်မြတ်၏ကျေးဇူးတော်များကို ပြန်လည်သတိရ ကြလေကုန်။ ၎င်းပြင် အသင်တို့သည် ပထဝီမြေပြင်ဝယ် ဖျက် ဆီးသောင်းကျန်းသူများအဖြစ်မဆိုးသွမ်းကြကုန်လင့်။
7:75
قَالَ ٱلۡمَلَأُ ٱلَّذِينَ ٱسۡتَكۡبَرُواْ مِن قَوۡمِهِۦ لِلَّذِينَ ٱسۡتُضۡعِفُواْ لِمَنۡ ءَامَنَ مِنۡهُمۡ أَتَعۡلَمُونَ أَنَّ صَٰلِحًا مُّرۡسَلٌ مِّن رَّبِّهِۦۚ قَالُوٓاْ إِنَّا بِمَآ أُرۡسِلَ بِهِۦ مُؤۡمِنُونَ ٧٥
ထိုအခါ (နဗီတမန်တော် ဆွာလိဟ်)၏ အမျိုးသားတို့အနက် မောက်မာပလွှားသော အကြီးအကဲများက အားနည်းသူများဟု အထင်ခံကြရသူတို့အနက်မှ သက်ဝင်ယုံကြည်သူတို့အားဆွာလိဟ်သည် ၎င်း၏အရှင်မြတ်အထံတော်မှ စေလွှတ်တော်မူသော ရစူလ်တမန်တော်ဖြစ်ကြောင်း အသင်တို့ယုံကြည်ကြပါသလောဟုမေးမြန်းကြကုန်၏။ ထိုအခါ၎င်း(သက်ဝင်ယုံကြည်သူ)တို့က ကျွန်ုပ်တို့သည် ထို(ရစူလ်တမန်တော်)ဆွာလိဟ် ယူဆောင်လာသော အမိန့်တော်များကို သက် ဝင်ယုံကြည်သူများပင် ဖြစ်ကြပါသည် ဟု ဖြေကြားကြလေသတည်း။
7:76
قَالَ ٱلَّذِينَ ٱسۡتَكۡبَرُوٓاْ إِنَّا بِٱلَّذِيٓ ءَامَنتُم بِهِۦ كَٰفِرُونَ ٧٦
(ထိုအခါ) မောက်မာပလွှားသော သူတို့က မုချဧကန် ငါတို့သည် အသင်တို့ယုံကြည်ကြသည့်အရာကို ငြင်းပယ်သူများပင် စင်စစ်ဖြစ်ကြသည် ဟု ပြောဆိုကြကုန်၏။
7:77
فَعَقَرُواْ ٱلنَّاقَةَ وَعَتَوۡاْ عَنۡ أَمۡرِ رَبِّهِمۡ وَقَالُواْ يَٰصَٰلِحُ ٱئۡتِنَا بِمَا تَعِدُنَآ إِن كُنتَ مِنَ ٱلۡمُرۡسَلِينَ ٧٧
နောက်ဆုံးတွင် ၎င်းတို့သည် ကုလားအုတ်မကို(လည်း)သတ်ဖြတ်ခဲ့ကြ၏။ မိမိတို့အရှင်မြတ်၏အမိန့်တော်ကိုလည်း မထီမဲ့မြင်ပြုလုပ်ခဲ့ကြ၏။ ထို့ပြင် ၎င်းတို့က ‘အို-ဆွာလိဟ် အသင်သည် အကယ်၍ ရစူလ်တမန်တော်တို့တွင်တစ်ပါး အပါအဝင်ဖြစ်ခဲ့လျှင် အသင် ကျွန်ုပ်တို့အား ခြိမ်းခြောက်လေ့ရှိသော (ပြစ်ဒဏ်)ကို ကျွန်ုပ်တို့ထံယူခဲ့ပါလေ’ဟူ၍လည်း ပြောဆိုခဲ့ကြကုန်၏။
7:78
فَأَخَذَتۡهُمُ ٱلرَّجۡفَةُ فَأَصۡبَحُواْ فِي دَارِهِمۡ جَٰثِمِينَ ٧٨
သို့ဖြစ်ပေရာ ငလျင်သည် ၎င်းတို့အား ဖမ်းဆီးသိမ်းယူခဲ့လေသည်။ ထို့ကြောင့် ၎င်းတို့သည် မိမိတို့ နေအိမ်(ဝါ)မြို့ရွာ၌ မှောက်လျက်သား(မြေနှင့်တစ်သားတည်းဖြစ်ကာသေကြေပျက်စီး) သွားခဲ့ကြကုန်၏။
7:79
فَتَوَلَّىٰ عَنۡهُمۡ وَقَالَ يَٰقَوۡمِ لَقَدۡ أَبۡلَغۡتُكُمۡ رِسَالَةَ رَبِّي وَنَصَحۡتُ لَكُمۡ وَلَٰكِن لَّا تُحِبُّونَ ٱلنَّٰصِحِينَ ٧٩
ထိုအခါ ယင်း(နဗီတမန်တော်) ဆွာလိဟ်သည် ၎င်းတို့ဘက်မှ မျက်နှာလွှဲ၍ ထွက်ခဲ့လေသည်။ ထို့ပြင်အို-ငါ၏အမျိုးသားတို့ ငါသည် မိမိအရှင်မြတ်က မှာကြားတော်မူလိုက်သော အမိန့်တော်ကိုလည်း အသင်တို့ထံ ဧကန်စင်စစ် ပို့ဆောင်ခဲ့ပြီးဖြစ်၏။ ၎င်းပြင် ငါသည် အသင်တို့၏ကောင်းကျိုးကိုလည်း သယ်ပိုးရွက်ဆောင်ခဲ့သည်။ သို့ရာတွင်အသင် တို့သည်ကား ကောင်းကျိုးသယ်ပိုးရွက်ဆောင်သူတို့ကိုပင် မနှစ်သက်ကြပါ ဟု ပြောကြားခဲ့လေသည်။
7:80
وَلُوطًا إِذۡ قَالَ لِقَوۡمِهِۦٓ أَتَأۡتُونَ ٱلۡفَٰحِشَةَ مَا سَبَقَكُم بِهَا مِنۡ أَحَدٍ مِّنَ ٱلۡعَٰلَمِينَ ٨٠
ထိုနည်းတူစွာ (ငါအရှင်မြတ်သည် နဗီတမန်တော်)လူတ်ကို(လည်း စေလွှတ်တော်မူခဲ့လေသည်။) တစ်ရံရောအခါ ထို(နဗီတမန်တော်လူတ်)က မိမိအမျိုးသားတု့ိအား(ဤသို့)ပြောကြားခဲ့လေ၏။ (ဟယ်-အချင်းတို့) အသင်တို့သည်အကြင် စက်ဆုပ်ရွံ့ရှာဖွယ်ကိစ္စကို ကျူးလွန်ကြလေသလော။ယင်း စက်ဆုပ်ရွံ့ရှာဖွယ်ကိစ္စကို အသင်တို့၏အလျင် စကြဝဠာခပ်သိမ်းတို့အနက် မည်သူတဦးတယောက်မျှ ကျူးလွန်ခဲ့သည်မရှိခဲ့ပေ။
7:81
إِنَّكُمۡ لَتَأۡتُونَ ٱلرِّجَالَ شَهۡوَةً مِّن دُونِ ٱلنِّسَآءِۚ بَلۡ أَنتُمۡ قَوۡمٌ مُّسۡرِفُونَ ٨١
မုချဧကန် အသင်တို့သည် မိန်းမတို့ကိုစွန့်၍[ယောက်ျား များထံ ကာမဂုဏ်ခံစားရန်သွားကြကုန်သည်]။(တစ်နည်း-ယောက်ျားများထံ ကာမဂုဏ်ခံစားရန် သွားကြ ကုန်၏။) ထိုမျှမက အသင်တို့သည် (အရာရာတွင်လည်း အလွန်အမင်း)စည်းကမ်းကျူးလွန်သူများပင် ဖြစ်ကြကုန် သတည်း။
العربيةEnglishBahasa IndonesiaTürkçeРусскийفارسیFrançaisاردوবাংলাDeutschEspañol中文हिन्दीPortuguêsItalianoภาษาไทยPolskiNederlandsShqipKiswahiliO'zbekதமிழ்MelayuBosanskiSoomaaliAzərbaycanکوردی한국어日本語SvenskaDanskNorskپښتوമലയാളംසිංහලTamazightHausaአማርኛБългарскиТоҷикӣҚазақшаFilipinoسنڌيYorùbáFulfuldeТатарчаئۇيغۇرچەКыргызчаਪੰਜਾਬੀJawaతెలుగుမြန်မာગુજરાતીOromoमराठीTiếng ViệtMalagasyНохчийнWolofދިވެހިಕನ್ನಡУкраїнськаΕλληνικάქართულიខ្មែរدریQafar afMaranaoनेपाली
ကုရ်အာန်ကျမ်း
Saturday, August 22, 2026
Don't forget us in your sincere prayers







