📖 0/604 ဖတ်ပြီးသောစာမျက်နှာများ
📄 161
وَمَا كَانَ جَوَابَ قَوۡمِهِۦٓ إِلَّآ أَن قَالُوٓاْ أَخۡرِجُوهُم مِّن قَرۡيَتِكُمۡۖ إِنَّهُمۡ أُنَاسٌ يَتَطَهَّرُونَ  ۝٨٢ فَأَنجَيۡنَٰهُ وَأَهۡلَهُۥٓ إِلَّا ٱمۡرَأَتَهُۥ كَانَتۡ مِنَ ٱلۡغَٰبِرِينَ  ۝٨٣ وَأَمۡطَرۡنَا عَلَيۡهِم مَّطَرًاۖ فَٱنظُرۡ كَيۡفَ كَانَ عَٰقِبَةُ ٱلۡمُجۡرِمِينَ  ۝٨٤ وَإِلَىٰ مَدۡيَنَ أَخَاهُمۡ شُعَيۡبًاۚ قَالَ يَٰقَوۡمِ ٱعۡبُدُواْ ٱللَّهَ مَا لَكُم مِّنۡ إِلَٰهٍ غَيۡرُهُۥۖ قَدۡ جَآءَتۡكُم بَيِّنَةٌ مِّن رَّبِّكُمۡۖ فَأَوۡفُواْ ٱلۡكَيۡلَ وَٱلۡمِيزَانَ وَلَا تَبۡخَسُواْ ٱلنَّاسَ أَشۡيَآءَهُمۡ وَلَا تُفۡسِدُواْ فِي ٱلۡأَرۡضِ بَعۡدَ إِصۡلَٰحِهَاۚ ذَٰلِكُمۡ خَيۡرٌ لَّكُمۡ إِن كُنتُم مُّؤۡمِنِينَ  ۝٨٥ وَلَا تَقۡعُدُواْ بِكُلِّ صِرَٰطٍ تُوعِدُونَ وَتَصُدُّونَ عَن سَبِيلِ ٱللَّهِ مَنۡ ءَامَنَ بِهِۦ وَتَبۡغُونَهَا عِوَجًاۚ وَٱذۡكُرُوٓاْ إِذۡ كُنتُمۡ قَلِيلًا فَكَثَّرَكُمۡۖ وَٱنظُرُواْ كَيۡفَ كَانَ عَٰقِبَةُ ٱلۡمُفۡسِدِينَ  ۝٨٦ وَإِن كَانَ طَآئِفَةٌ مِّنكُمۡ ءَامَنُواْ بِٱلَّذِيٓ أُرۡسِلۡتُ بِهِۦ وَطَآئِفَةٌ لَّمۡ يُؤۡمِنُواْ فَٱصۡبِرُواْ حَتَّىٰ يَحۡكُمَ ٱللَّهُ بَيۡنَنَاۚ وَهُوَ خَيۡرُ ٱلۡحَٰكِمِينَ  ۝٨٧
7:82
وَمَا كَانَ جَوَابَ قَوۡمِهِۦٓ إِلَّآ أَن قَالُوٓاْ أَخۡرِجُوهُم مِّن قَرۡيَتِكُمۡۖ إِنَّهُمۡ أُنَاسٌ يَتَطَهَّرُونَ  ۝٨٢
ထို(နဗီတမန်တော်လူတ်)၏အမျိုးသားတို့က(မိမိတို့အချင်းချင်း) အသင်တို့သည် ထို(လူတ်နှင့်တကွ မုအ်မင်န် သက်ဝင်ယုံကြည်သူ)တို့ကို မိမိတို့မြို့ရွာမှ နှင်ထုတ်ကြလေကုန်။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် သန့်ရှင်းစင်ကြယ်ဟန်ဆောင်သူများသာ ဖြစ်ကြကုန်သည်ဟု ပြောဆိုခြင်းမှတစ်ပါး မည်သို့မျှ ဖြေကြားနိုင်ခြင်း မရှိခဲ့ကြပေ။
7:83
فَأَنجَيۡنَٰهُ وَأَهۡلَهُۥٓ إِلَّا ٱمۡرَأَتَهُۥ كَانَتۡ مِنَ ٱلۡغَٰبِرِينَ  ۝٨٣
ထို့နောက် ငါအရှင်မြတ်သည်(နဗီတမန်တော်)လူတ်၏ ကြင်ရာမှတစ်ပါး ထိုလူတ်နှင့်တကွ အိမ်သူအိမ်သားတို့ကိုပါ ကယ်ဆယ်တော်မူခဲ့လေသည်။ ထိုကြင်ရာသည် နောက်ကျန်ရစ်သူတို့တွင် အပါအဝင် ဖြစ်ခဲ့ချေသည်။
7:84
وَأَمۡطَرۡنَا عَلَيۡهِم مَّطَرًاۖ فَٱنظُرۡ كَيۡفَ كَانَ عَٰقِبَةُ ٱلۡمُجۡرِمِينَ  ۝٨٤
ထို့ပြင် ငါအရှင်မြတ်သည် ၎င်းတို့အပေါ်၌မိုးတစ်မျိုး(ဝါ)ခဲမိုးကို ရွာသွန်းစေတော်မူခဲ့လေသည်။ သို့ဖြစ်ပေရာ ပြစ်မှုဒုစရိုက်ကျူးလွန်သူတို့၏အကျိုးသည် မည်သို့ဖြစ်ခဲ့သည်ကို အသင်ရှုပါလေ။(ရကူ)
7:85
وَإِلَىٰ مَدۡيَنَ أَخَاهُمۡ شُعَيۡبًاۚ قَالَ يَٰقَوۡمِ ٱعۡبُدُواْ ٱللَّهَ مَا لَكُم مِّنۡ إِلَٰهٍ غَيۡرُهُۥۖ قَدۡ جَآءَتۡكُم بَيِّنَةٌ مِّن رَّبِّكُمۡۖ فَأَوۡفُواْ ٱلۡكَيۡلَ وَٱلۡمِيزَانَ وَلَا تَبۡخَسُواْ ٱلنَّاسَ أَشۡيَآءَهُمۡ وَلَا تُفۡسِدُواْ فِي ٱلۡأَرۡضِ بَعۡدَ إِصۡلَٰحِهَاۚ ذَٰلِكُمۡ خَيۡرٌ لَّكُمۡ إِن كُنتُم مُّؤۡمِنِينَ  ۝٨٥
ထိုနည်းတူစွာ (ငါအရှင်မြတ်သည်) မဒ်ယန်(မြို့သားများထံ)သို့ ၎င်းတို့၏ညီအစ်ကိုသားချင်းဖြစ်သော (နဗီတမန်တော်)ရှုအိုက်ဗ်ကို (စေလွှတ်တော်မူခဲ့လေသည်။)ထို(နဗီတမန်တော်) ရှုအိုက်ဗ်သည် (မိမိတု့ိ အမျိုးသားတို့အားဤသို့)ပြောကြားခဲ့လေ၏။ အို-ငါ၏အမျိုးသားတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကိုသာလျှင် ခဝပ်ကိုးကွယ်ကြလေကုန်။ အသင်တို့ ၌ အလ္လာဟ်အရှင်မြတ်အပြင် အခြားခဝပ်ကိုးကွယ်ရာဟူ၍ အလျင်းမရှိပြီ။ အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ ထင်ရှားလှစွာသောသက်သေသာဓကသည် အသင်တို့ထံ ရောက်ရှိလာခဲ့ချေပြီ။ သို့ဖြစ်ပေရာ အသင်တို့သည် (ခွက်၊ စလယ်၊ တောင်း စသော) ပမာဏအခြင်အတွယ်(များ)ကိုလည်းကောင်း၊ အလေးချိန်(များ)ကိုလည်ကောင်း၊ ချိန်တွယ်ရာတွင် တရားမျှတစွာဖြင့် အပြည့်(ချိန်တွယ်၍) ပေးကြလေကုန်။ ၎င်းပြင် အသင်တို့သည်လူတို့အား ၎င်းတို့၏ဥစ္စာပစ္စည်းများကို မတရားသဖြင့်လျှော့၍ပေးခြင်းကိုလည်း မပြုကြကုန်လင့်။ ထို့ပြင် အသင်တို့သည် ကမ္ဘာမြေပြင် တင့်တယ်ကောင်းမွန်လာပြီးနောက်ထိုကမ္ဘာမြေပြင်ဝယ် ပျက်စီးရာပျက်စီးကြောင်းများကို အသင်မပြုလုပ်ကြကုန်လင့်။ ဤသည်ကား အကယ်၍သာ အသင်တို့သည် မုအ်မင်န် သက်ဝင်ယုံကြည်သူများ ဖြစ်ကြပါလျှင်အသင်တို့အဖို့ အကောင်းဆုံးပင် ဖြစ်ချေသတည်း။
7:86
وَلَا تَقۡعُدُواْ بِكُلِّ صِرَٰطٍ تُوعِدُونَ وَتَصُدُّونَ عَن سَبِيلِ ٱللَّهِ مَنۡ ءَامَنَ بِهِۦ وَتَبۡغُونَهَا عِوَجًاۚ وَٱذۡكُرُوٓاْ إِذۡ كُنتُمۡ قَلِيلًا فَكَثَّرَكُمۡۖ وَٱنظُرُواْ كَيۡفَ كَانَ عَٰقِبَةُ ٱلۡمُفۡسِدِينَ  ۝٨٦
ထို့ပြင် အသင်တို့သည် (သက်ဝင်ယုံကြည်သူတို့အား) ခြိမ်းခြောက်ရန်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၏လမ်းတော်မှ ထိုအရှင်မြတ်အားယုံကြည်သူတို့ကို ပိတ်ပင်တားဆီးရန်လည်းကောင်း၊ ထို(အရှင်မြတ်၏)လမ်းတော်၌ ကွေ့ကောက်မှုကို ရှာဖွေရန်လည်းကောင်း၊ မည်သည့်လမ်းပေါ်၌မျှမထိုင်ကြကုန်လင့်။ ထိုမှတစ်ပါး အသင်တို့သည် အနည်းငယ်မျှသာရှိခဲ့ကြရာ ထိုအရှင်မြတ်သည် အသင်တို့အား တိုးပွားများပြားစေတော်မူခဲ့သည်ကိုလည်း ပြန်လည်သတိရ ရှိကြလေကုန်။ ထို့ပြင် အသင်တို့သည် ပျက်စီးရာပျက်စီးကြောင်း ပြုလုပ်သောသူတို့၏ နောက်ဆုံးအကျိုးသည် မည်သို့ဖြစ်ခဲ့သည်ကိုလည်း ရှုကြလေကုန်။
7:87
وَإِن كَانَ طَآئِفَةٌ مِّنكُمۡ ءَامَنُواْ بِٱلَّذِيٓ أُرۡسِلۡتُ بِهِۦ وَطَآئِفَةٌ لَّمۡ يُؤۡمِنُواْ فَٱصۡبِرُواْ حَتَّىٰ يَحۡكُمَ ٱللَّهُ بَيۡنَنَاۚ وَهُوَ خَيۡرُ ٱلۡحَٰكِمِينَ  ۝٨٧
၎င်းပြင် အကယ်၍ အသင်တို့အနက်မှ အုပ်�ုတစ်စုသည် ငါမှာကြားစေလွှတ်ခြင်းခံရသော အမိန့် ပညတ်တော်များကို သက်ဝင်ယုံကြည်၍ အုပ်စုတစ်စုကမူ မယုံကြည်ဘဲနေခဲ့ကြပါလျှင် ငါတို့၏စပ်ကြားတွင် အလ္လာဟ်အရှင်မြတ်ကစီရင်ဆုံးဖြတ်၍ ပေးတော်မူသည်အထိ အသင်တို့သည် သည်းခံစောင့်ဆိုင်း၍ နေကြလေကုန်။ အမှန်သော်ကား ထိုအရှင်မြတ်သည် အကောင်းဆုံး စီရင်ဆုံးဖြတ်ပေးတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။


📚 8 📄161 / 604



M Mishary Rashid Alafasy
M Mahmoud Khalil Al-Husary
A Abdurrahman As-Sudais
M Mohamed Siddiq Al-Minshawi
A Abdul Basit Abdul Samad
A Ali Al-Hudhaify
A Ahmed ibn Ali al-Ajamy
A Abu Bakr Ash-Shaatree
M Muhammad Ayyoub
A Abdullah Basfar
A Abdullah Al-Juhani
M Maher Al Muaiqly
0:00
0:00
-

ကုရ်အာန်ကျမ်း


Friday, October 9, 2026

Don't forget us in your sincere prayers