وَإِلَىٰ مَدْيَنَ أَخَاهُمْ شُعَيْبًا ۗ قَالَ يَا قَوْمِ اعْبُدُوا اللَّهَ مَا لَكُم مِّنْ إِلَٰهٍ غَيْرُهُ ۖ قَدْ جَاءَتْكُم بَيِّنَةٌ مِّن رَّبِّكُمْ ۖ فَأَوْفُوا الْكَيْلَ وَالْمِيزَانَ وَلَا تَبْخَسُوا النَّاسَ أَشْيَاءَهُمْ وَلَا تُفْسِدُوا فِي الْأَرْضِ بَعْدَ إِصْلَاحِهَا ۚ ذَٰلِكُمْ خَيْرٌ لَّكُمْ إِن كُنتُم مُّؤْمِنِينَ ٨٥
🔤 Transliteration
Wa ilaa Madyana akhaahum Shu`aybaa; qaala yaa qawmi` budul laaha maa lakum min ilaahin ghairuhoo qad jaaa`atkum baiyinatum mir Rabbikum fa awful kaila walmeezaana wa laa tabkhasun naasa ashyaa`ahum wa laa tufsidoo fil ardi ba`da islaahihaa; zaalikum khairul lakum in kuntum mu`mineen
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
ထိုနည်းတူစွာ (ငါအရှင်မြတ်သည်) မဒ်ယန်(မြို့သားများထံ)သို့ ၎င်းတို့၏ညီအစ်ကိုသားချင်းဖြစ်သော (နဗီတမန်တော်)ရှုအိုက်ဗ်ကို (စေလွှတ်တော်မူခဲ့လေသည်။)ထို(နဗီတမန်တော်) ရှုအိုက်ဗ်သည် (မိမိတု့ိ အမျိုးသားတို့အားဤသို့)ပြောကြားခဲ့လေ၏။ အို-ငါ၏အမျိုးသားတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကိုသာလျှင် ခဝပ်ကိုးကွယ်ကြလေကုန်။ အသင်တို့ ၌ အလ္လာဟ်အရှင်မြတ်အပြင် အခြားခဝပ်ကိုးကွယ်ရာဟူ၍ အလျင်းမရှိပြီ။ အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ ထင်ရှားလှစွာသောသက်သေသာဓကသည် အသင်တို့ထံ ရောက်ရှိလာခဲ့ချေပြီ။ သို့ဖြစ်ပေရာ အသင်တို့သည် (ခွက်၊ စလယ်၊ တောင်း စသော) ပမာဏအခြင်အတွယ်(များ)ကိုလည်းကောင်း၊ အလေးချိန်(များ)ကိုလည်ကောင်း၊ ချိန်တွယ်ရာတွင် တရားမျှတစွာဖြင့် အပြည့်(ချိန်တွယ်၍) ပေးကြလေကုန်။ ၎င်းပြင် အသင်တို့သည်လူတို့အား ၎င်းတို့၏ဥစ္စာပစ္စည်းများကို မတရားသဖြင့်လျှော့၍ပေးခြင်းကိုလည်း မပြုကြကုန်လင့်။ ထို့ပြင် အသင်တို့သည် ကမ္ဘာမြေပြင် တင့်တယ်ကောင်းမွန်လာပြီးနောက်ထိုကမ္ဘာမြေပြင်ဝယ် ပျက်စီးရာပျက်စီးကြောင်းများကို အသင်မပြုလုပ်ကြကုန်လင့်။ ဤသည်ကား အကယ်၍သာ အသင်တို့သည် မုအ်မင်န် သက်ဝင်ယုံကြည်သူများ ဖြစ်ကြပါလျှင်အသင်တို့အဖို့ အကောင်းဆုံးပင် ဖြစ်ချေသတည်း။
🌐 Additional reference in ภาษาไทย
၁။ စကားလုံးများ၏ အဓိပ္ပာယ်ရှင်းလင်းချက်
မဒ်ယန် (مَدْيَن ): တမန်တော် ရှုအိုင်ဗ် (အလိုင်ဟိစ်စလာမ်) ၏ လူမျိုးစု၏ အမည်ဖြစ်ပြီး၊ ၎င်းသည် တမန်တော် အိဗ်ရာဟီမ် (အလိုင်ဟိစ်စလာမ်) ၏ သားတော်တစ်ပါး၏ အမည်ဖြစ်ကာ ထိုမြို့သည် ထိုအမည်ဖြင့် ခေါ်ဝေါ်ခဲ့ခြင်းဖြစ်သည်။ အခွာဟုမ် (أَخَاهُمْ ): သူတို့၏ ညီအစ်ကိုဟု အဓိပ္ပာယ်ရပြီး၊ သွေးသားတော်စပ်မှုအားဖြင့် ညီအစ်ကိုဖြစ်သည်၊ သို့သော် ဒီန်သာသနာအားဖြင့် မဟုတ်ပေ။ ဗိုင်ယိနဟ် (بَيِّنَة ): ထင်ရှားသော သက်သေအထောက်အထား၊ ရှင်းလင်းသော အထောက်အထားဟု အဓိပ္ပာယ်ရသည်။ အလ်ကယ်လ် (الْكَيْلَ ): ချိန်တွယ်ခြင်း၊ တိုင်းတာခြင်းကို အပြည့်အဝ ဖြည့်ဆည်းပေးခြင်းဟု အဓိပ္ပာယ်ရသည်။ အလ်မီဇာန် (الْمِيزَانَ ): ချိန်ခွင်ဖြစ်ပြီး၊ အလေးချိန်ကို တိကျမှန်ကန်စွာ ချိန်ပေးခြင်းကို ဆိုလိုသည်။ တဗ်ခုစူ (تَبْخَسُوا ): လျှော့ချခြင်း၊ နည်းပါးစေခြင်းဟု အဓိပ္ပာယ်ရသည်။ ၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်
အလ္လာဟ်အရှင်မြတ်သည် မဒ်ယန်မြို့သူမြို့သားများထံသို့ သူတို့၏ ညီအစ်ကိုဖြစ်သူ တမန်တော် ရှုအိုင်ဗ် (အလိုင်ဟိစ်စလာမ်) ကို စေလွှတ်တော်မူခဲ့သည်။ တမန်တော်ရှုအိုင်ဗ်သည် သူ၏လူမျိုးများအား ဟောကြားခဲ့သည်။ အို ကျွန်ုပ်၏လူမျိုးတို့၊ အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းကိုသာ ခဝပ်ကိုးကွယ်ကြပါ။ သင်တို့အတွက် ထိုအရှင်မြတ်မှတစ်ပါး ခဝပ်ကိုးကွယ်ထိုက်သော အခြားအရှင်မြတ်ဟူ၍ မရှိပါ။ သင်တို့ထံသို့ သင်တို့၏ အရှင်မြတ်ထံတော်မှ ထင်ရှားသော သက်သေအထောက်အထား ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ထို့ကြောင့် သင်တို့သည် ချိန်တွယ်တိုင်းတာရာတွင် အပြည့်အဝ ဖြည့်ဆည်းပေးကြပါ။ ချိန်ခွင်ကိုလည်း တိကျမှန်ကန်စွာ ချိန်ပေးကြပါ။ လူများအား သူတို့၏ ပစ္စည်းဥစ္စာများကို လျှော့ချ၍ မပေးကြပါနှင့်။ မြေကြီးပေါ်တွင် ပြုပြင်ပြီးဖြစ်သော အခြေအနေကို ပျက်စီးစေခြင်း မပြုကြပါနှင့်။ ဤအရာများသည် သင်တို့အတွက် ပိုမိုကောင်းမွန်သည်။ အကယ်၍ သင်တို့သည် သက်ဝင်ယုံကြည်သူများ ဖြစ်ကြပါက။
တမန်တော်ရှုအိုင်ဗ်သည် သူ၏လူမျိုးများအား ပထမဆုံးအနေဖြင့် အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းကိုသာ ခဝပ်ကိုးကွယ်ရန် ဖိ
وَإِلَىٰ مَدۡيَنَ أَخَاهُمۡ شُعَيۡبًاۚ قَالَ يَٰقَوۡمِ ٱعۡبُدُواْ ٱللَّهَ مَا لَكُم مِّنۡ إِلَٰهٍ غَيۡرُهُۥۖ قَدۡ جَآءَتۡكُم بَيِّنَةٌ مِّن رَّبِّكُمۡۖ فَأَوۡفُواْ ٱلۡكَيۡلَ وَٱلۡمِيزَانَ وَلَا تَبۡخَسُواْ ٱلنَّاسَ أَشۡيَآءَهُمۡ وَلَا تُفۡسِدُواْ فِي ٱلۡأَرۡضِ بَعۡدَ إِصۡلَٰحِهَاۚ ذَٰلِكُمۡ خَيۡرٌ لَّكُمۡ إِن كُنتُم مُّؤۡمِنِينَ ٨٥
ထိုနည်းတူစွာ (ငါအရှင်မြတ်သည်) မဒ်ယန်(မြို့သားများထံ)သို့ ၎င်းတို့၏ညီအစ်ကိုသားချင်းဖြစ်သော (နဗီတမန်တော်)ရှုအိုက်ဗ်ကို (စေလွှတ်တော်မူခဲ့လေသည်။)ထို(နဗီတမန်တော်) ရှုအိုက်ဗ်သည် (မိမိတု့ိ အမျိုးသားတို့အားဤသို့)ပြောကြားခဲ့လေ၏။ အို-ငါ၏အမျိုးသားတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကိုသာလျှင် ခဝပ်ကိုးကွယ်ကြလေကုန်။ အသင်တို့ ၌ အလ္လာဟ်အရှင်မြတ်အပြင် အခြားခဝပ်ကိုးကွယ်ရာဟူ၍ အလျင်းမရှိပြီ။ အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ ထင်ရှားလှစွာသောသက်သေသာဓကသည် အသင်တို့ထံ ရောက်ရှိလာခဲ့ချေပြီ။ သို့ဖြစ်ပေရာ အသင်တို့သည် (ခွက်၊ စလယ်၊ တောင်း စသော) ပမာဏအခြင်အတွယ်(များ)ကိုလည်းကောင်း၊ အလေးချိန်(များ)ကိုလည်ကောင်း၊ ချိန်တွယ်ရာတွင် တရားမျှတစွာဖြင့် အပြည့်(ချိန်တွယ်၍) ပေးကြလေကုန်။ ၎င်းပြင် အသင်တို့သည်လူတို့အား ၎င်းတို့၏ဥစ္စာပစ္စည်းများကို မတရားသဖြင့်လျှော့၍ပေးခြင်းကိုလည်း မပြုကြကုန်လင့်။ ထို့ပြင် အသင်တို့သည် ကမ္ဘာမြေပြင် တင့်တယ်ကောင်းမွန်လာပြီးနောက်ထိုကမ္ဘာမြေပြင်ဝယ် ပျက်စီးရာပျက်စီးကြောင်းများကို အသင်မပြုလုပ်ကြကုန်လင့်။ ဤသည်ကား အကယ်၍သာ အသင်တို့သည် မုအ်မင်န် သက်ဝင်ယုံကြည်သူများ ဖြစ်ကြပါလျှင်အသင်တို့အဖို့ အကောင်းဆုံးပင် ဖြစ်ချေသတည်း။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 83-87 — စူရာ အလ်-အာအ်ရာဖ်
83 فَأَنجَيْنَاهُ وَأَهْلَهُ إِلَّا امْرَأَتَهُ كَانَتْ مِنَ الْغَابِرِينَ
ထို့နောက် ငါအရှင်မြတ်သည်(နဗီတမန်တော်)လူတ်၏ ကြင်ရာမှတစ်ပါး ထိုလူတ်နှင့်တကွ အိမ်သူအိမ်သားတို့ကိုပါ ကယ်ဆယ်တော်မူခဲ့လေသည်။ ထိုကြင်ရာသည် နောက်ကျန်ရစ်သူတို့တွင် အပါအဝင် ဖြစ်ခဲ့ချေသည်။
84 وَأَمْطَرْنَا عَلَيْهِم مَّطَرًا ۖ فَانظُرْ كَيْفَ كَانَ عَاقِبَةُ الْمُجْرِمِينَ
ထို့ပြင် ငါအရှင်မြတ်သည် ၎င်းတို့အပေါ်၌မိုးတစ်မျိုး(ဝါ)ခဲမိုးကို ရွာသွန်းစေတော်မူခဲ့လေသည်။ သို့ဖြစ်ပေရာ ပြစ်မှုဒုစရိုက်ကျူးလွန်သူတို့၏အကျိုးသည် မည်သို့ဖြစ်ခဲ့သည်ကို အသင်ရှုပါလေ။(ရကူ)
85 وَإِلَىٰ مَدْيَنَ أَخَاهُمْ شُعَيْبًا ۗ قَالَ يَا قَوْمِ اعْبُدُوا اللَّهَ مَا لَكُم مِّنْ إِلَٰهٍ غَيْرُهُ ۖ قَدْ جَاءَتْكُم بَيِّنَةٌ مِّن رَّبِّكُمْ ۖ فَأَوْفُوا الْكَيْلَ وَالْمِيزَانَ وَلَا تَبْخَسُوا النَّاسَ أَشْيَاءَهُمْ وَلَا تُفْسِدُوا فِي الْأَرْضِ بَعْدَ إِصْلَاحِهَا ۚ ذَٰلِكُمْ خَيْرٌ لَّكُمْ إِن كُنتُم مُّؤْمِنِينَ
ထိုနည်းတူစွာ (ငါအရှင်မြတ်သည်) မဒ်ယန်(မြို့သားများထံ)သို့ ၎င်းတို့၏ညီအစ်ကိုသားချင်းဖြစ်သော (နဗီတမန်တော်)ရှုအိုက်ဗ်ကို (စေလွှတ်တော်မူခဲ့လေသည်။)ထို(နဗီတမန်တော်) ရှုအိုက်ဗ်သည် (မိမိတု့ိ အမျိုးသားတို့အားဤသို့)ပြောကြားခဲ့လေ၏။ အို-ငါ၏အမျိုးသားတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကိုသာလျှင် ခဝပ်ကိုးကွယ်ကြလေကုန်။ အသင်တို့ ၌ အလ္လာဟ်အရှင်မြတ်အပြင် အခြားခဝပ်ကိုးကွယ်ရာဟူ၍ အလျင်းမရှိပြီ။ အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ ထင်ရှားလှစွာသောသက်သေသာဓကသည် အသင်တို့ထံ ရောက်ရှိလာခဲ့ချေပြီ။ သို့ဖြစ်ပေရာ အသင်တို့သည် (ခွက်၊ စလယ်၊ တောင်း စသော) ပမာဏအခြင်အတွယ်(များ)ကိုလည်းကောင်း၊ အလေးချိန်(များ)ကိုလည်ကောင်း၊ ချိန်တွယ်ရာတွင် တရားမျှတစွာဖြင့် အပြည့်(ချိန်တွယ်၍) ပေးကြလေကုန်။ ၎င်းပြင် အသင်တို့သည်လူတို့အား ၎င်းတို့၏ဥစ္စာပစ္စည်းများကို မတရားသဖြင့်လျှော့၍ပေးခြင်းကိုလည်း မပြုကြကုန်လင့်။ ထို့ပြင် အသင်တို့သည် ကမ္ဘာမြေပြင် တင့်တယ်ကောင်းမွန်လာပြီးနောက်ထိုကမ္ဘာမြေပြင်ဝယ် ပျက်စီးရာပျက်စီးကြောင်းများကို အသင်မပြုလုပ်ကြကုန်လင့်။ ဤသည်ကား အကယ်၍သာ အသင်တို့သည် မုအ်မင်န် သက်ဝင်ယုံကြည်သူများ ဖြစ်ကြပါလျှင်အသင်တို့အဖို့ အကောင်းဆုံးပင် ဖြစ်ချေသတည်း။
86 وَلَا تَقْعُدُوا بِكُلِّ صِرَاطٍ تُوعِدُونَ وَتَصُدُّونَ عَن سَبِيلِ اللَّهِ مَنْ آمَنَ بِهِ وَتَبْغُونَهَا عِوَجًا ۚ وَاذْكُرُوا إِذْ كُنتُمْ قَلِيلًا فَكَثَّرَكُمْ ۖ وَانظُرُوا كَيْفَ كَانَ عَاقِبَةُ الْمُفْسِدِينَ
ထို့ပြင် အသင်တို့သည် (သက်ဝင်ယုံကြည်သူတို့အား) ခြိမ်းခြောက်ရန်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၏လမ်းတော်မှ ထိုအရှင်မြတ်အားယုံကြည်သူတို့ကို ပိတ်ပင်တားဆီးရန်လည်းကောင်း၊ ထို(အရှင်မြတ်၏)လမ်းတော်၌ ကွေ့ကောက်မှုကို ရှာဖွေရန်လည်းကောင်း၊ မည်သည့်လမ်းပေါ်၌မျှမထိုင်ကြကုန်လင့်။ ထိုမှတစ်ပါး အသင်တို့သည် အနည်းငယ်မျှသာရှိခဲ့ကြရာ ထိုအရှင်မြတ်သည် အသင်တို့အား တိုးပွားများပြားစေတော်မူခဲ့သည်ကိုလည်း ပြန်လည်သတိရ ရှိကြလေကုန်။ ထို့ပြင် အသင်တို့သည် ပျက်စီးရာပျက်စီးကြောင်း ပြုလုပ်သောသူတို့၏ နောက်ဆုံးအကျိုးသည် မည်သို့ဖြစ်ခဲ့သည်ကိုလည်း ရှုကြလေကုန်။
87 وَإِن كَانَ طَائِفَةٌ مِّنكُمْ آمَنُوا بِالَّذِي أُرْسِلْتُ بِهِ وَطَائِفَةٌ لَّمْ يُؤْمِنُوا فَاصْبِرُوا حَتَّىٰ يَحْكُمَ اللَّهُ بَيْنَنَا ۚ وَهُوَ خَيْرُ الْحَاكِمِينَ
၎င်းပြင် အကယ်၍ အသင်တို့အနက်မှ အုပ်�ုတစ်စုသည် ငါမှာကြားစေလွှတ်ခြင်းခံရသော အမိန့် ပညတ်တော်များကို သက်ဝင်ယုံကြည်၍ အုပ်စုတစ်စုကမူ မယုံကြည်ဘဲနေခဲ့ကြပါလျှင် ငါတို့၏စပ်ကြားတွင် အလ္လာဟ်အရှင်မြတ်ကစီရင်ဆုံးဖြတ်၍ ပေးတော်မူသည်အထိ အသင်တို့သည် သည်းခံစောင့်ဆိုင်း၍ နေကြလေကုန်။ အမှန်သော်ကား ထိုအရှင်မြတ်သည် အကောင်းဆုံး စီရင်ဆုံးဖြတ်ပေးတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
ဘာသာပြန် — အလ်-အာအ်ရာဖ် 85 စူရာ အလ်-အာအ်ရာဖ် အာယာသ် 85 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုနည်းတူစွာ (ငါအရှင်မြတ်သည်) မဒ်ယန်(မြို့သားများထံ)သို့ ၎င်းတို့၏ညီအစ်ကိုသားချင်းဖြစ်သော (နဗီတမန်တော်)ရှုအိုက်ဗ်ကို (စေလွှတ်တော်မူခဲ့လေသည်။)ထို(နဗီတမန်တော်) ရှုအိုက်ဗ်သည် (မိမိတု့ိ အမျိုးသားတို့အားဤသို့)ပြောကြားခဲ့လေ၏။ အို-ငါ၏အမျိုးသားတို့၊…
စူရာ အာယာသ် 85/206 — စူရာ အလ်-အာအ်ရာဖ် الأعراف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အာအ်ရာဖ် နားထောင်, စူရာ အလ်-အာအ်ရာဖ် ဘာသာပြန်, စူရာ အလ်-အာအ်ရာဖ် mp3, စူရာ အလ်-အာအ်ရာဖ် pdf. အာယာသ် 83–87. မြန်မာဘာသာ: ภาษาไทย.