အလ်-အာအ်ရာဖ် · 87/206
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အာအ်ရာဖ်
وَإِن كَانَ طَائِفَةٌ مِّنكُمْ آمَنُوا بِالَّذِي أُرْسِلْتُ بِهِ وَطَائِفَةٌ لَّمْ يُؤْمِنُوا فَاصْبِرُوا حَتَّىٰ يَحْكُمَ اللَّهُ بَيْنَنَا ۚ وَهُوَ خَيْرُ الْحَاكِمِينَ ۝٨٧
Wa In kaana taaa`ifatum minkum aamanoo billazeee ursiltu bihee wa taaa`ifatul lam yu`minoo fasbiroo hattaa yahkumual laahu bainanaa; wa Huwa khairul haakimeen
📖 မြန်မာဘာသာ
၎င်းပြင် အကယ်၍ အသင်တို့အနက်မှ အုပ်�ုတစ်စုသည် ငါမှာကြားစေလွှတ်ခြင်းခံရသော အမိန့် ပညတ်တော်များကို သက်ဝင်ယုံကြည်၍ အုပ်စုတစ်စုကမူ မယုံကြည်ဘဲနေခဲ့ကြပါလျှင် ငါတို့၏စပ်ကြားတွင် အလ္လာဟ်အရှင်မြတ်ကစီရင်ဆုံးဖြတ်၍ ပေးတော်မူသည်အထိ အသင်တို့သည် သည်းခံစောင့်ဆိုင်း၍ နေကြလေကုန်။ အမှန်သော်ကား ထိုအရှင်မြတ်သည် အကောင်းဆုံး စီရင်ဆုံးဖြတ်ပေးတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ ဝေါဟာရအနက်ဖွင့်ဆိုချက်များ

  • طَائِفَةٌ (သွာအိဖသွန်) — အုပ်စုတစ်စု၊ လူအတန်တစ်ခု။
  • فَاصْبِرُوا (ဖဆ်ဗိရူ) — သင်တို့သည် သည်းခံကြလော့၊ စောင့်ဆိုင်းကြလော့။
  • يَحْكُمَ (ယဟ်ကုမ) — စီရင်ဆုံးဖြတ်သည်။
  • خَيْرُ الْحَاكِمِينَ (ခိုင်ရုလ် ဟာကိမီန) — စီရင်ဆုံးဖြတ်သူများအနက် အကောင်းဆုံးဖြစ်တော်မူသောအရှင်။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

(တမန်တော်ရှုအိုင်ဗ် (အလိုင်ဟိစ်စလာမ်) က သူ၏လူမျိုးများအား ပြောဆိုခဲ့သည်မှာ) သင်တို့အနက် လူအုပ်စုတစ်စုသည် ကျွန်ုပ်အား အလ္လာဟ်အရှင်မြတ်ထံမှ ပေးအပ်ခဲ့သော သတင်းစကား (တဥ်ဟီးဒ်၊ အလ္လာဟ်တစ်ဆူတည်းကို ယုံကြည်ခြင်း) ကို ယုံကြည်လက်ခံခဲ့ကြပြီး၊ အခြားအုပ်စုတစ်စုမှာမူ ယုံကြည်ခြင်းမရှိကြသေးပါ။ ထိုသို့ဖြစ်လျှင် သင်တို့သည် စောင့်ဆိုင်းသည်းခံကြလော့။ အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့အကြားတွင် အမှန်တရားနှင့်အညီ စီရင်ဆုံးဖြတ်တော်မူမည်ဖြစ်သည်။ အရှင်မြတ်သည် စီရင်ဆုံးဖြတ်သူအားလုံးထက် အကောင်းဆုံး၊ အမှန်ကန်ဆုံး၊ တရားမျှတဆုံး စီရင်တော်မူသောအရှင်ဖြစ်တော်မူသည်။

ဤအာယသ်တော်တွင် တမန်တော်ရှုအိုင်ဗ် (အလိုင်ဟိစ်စလာမ်) သည် သူ၏လူမျိုးများအား ယုံကြည်သူများနှင့် မယုံကြည်သူများအကြား ကွဲပြားမှုဖြစ်ပေါ်လာချိန်တွင် အလ္လာဟ်အရှင်မြတ်၏ စီရင်ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းရန် ညွှန်ကြားခဲ့ခြင်းဖြစ်သည်။ ဤသည်မှာ မယုံကြည်သူများအား သူတို့၏မယုံကြည်မှုအပေါ် ဆက်လက်ရပ်တည်ရန် အမိန့်ပေးခြင်းမဟုတ်ဘဲ၊ သတိပေးချက်နှင့် ခြိမ်းခြောက်ချက်ဖြစ်သည်။ အကြောင်းမှာ အလ္လာဟ်အရှင်မြတ်သည် အမှန်တရားကို ဖော်ထုတ်တော်မူမည်ဖြစ်ပြီး၊ ယုံကြည်သူများကို ကယ်တင်တော်မူကာ မယုံကြည်သူများကို ပျက်စီးစေတော်မူမည်ဖြစ်သည်။ အရှင်မြတ်သည် အကောင်းဆုံးသော စီရင်ဆုံးဖြတ်သူဖြစ်တော်မူသောကြောင့်၊ မည်သူမျှ အရှင်မြတ်၏ စီရင်ချက်ကို ကျော်လွှားနိုင်မည်မဟုတ်ပေ။

၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ

  • အလ္လာဟ်အရှင်မြတ်သည် အမှန်တရားကို အမြဲဖော်ထုတ်တော်မူသည်။ မည်မျှပင် မယုံကြည်သူများ အင်အားကြီးမားစေကာမူ၊ နောက်ဆုံးတွင် အမှန်တရားနှင့် တရားမျှတမှုသည် အောင်ပ


📜 အာယာသ် 85-89 — စူရာ အလ်-အာအ်ရာဖ်

85وَإِلَىٰ مَدْيَنَ أَخَاهُمْ شُعَيْبًا ۗ قَالَ يَا قَوْمِ اعْبُدُوا اللَّهَ مَا لَكُم مِّنْ إِلَٰهٍ غَيْرُهُ ۖ قَدْ جَاءَتْكُم بَيِّنَةٌ مِّن رَّبِّكُمْ ۖ فَأَوْفُوا الْكَيْلَ وَالْمِيزَانَ وَلَا تَبْخَسُوا النَّاسَ أَشْيَاءَهُمْ وَلَا تُفْسِدُوا فِي الْأَرْضِ بَعْدَ إِصْلَاحِهَا ۚ ذَٰلِكُمْ خَيْرٌ لَّكُمْ إِن كُنتُم مُّؤْمِنِينَ
ထိုနည်းတူစွာ (ငါအရှင်မြတ်သည်) မဒ်ယန်(မြို့သားများထံ)သို့ ၎င်းတို့၏ညီအစ်ကိုသားချင်းဖြစ်သော (နဗီတမန်တော်)ရှုအိုက်ဗ်ကို (စေလွှတ်တော်မူခဲ့လေသည်။)ထို(နဗီတမန်တော်) ရှုအိုက်ဗ်သည် (မိမိတု့ိ အမျိုးသားတို့အားဤသို့)ပြောကြားခဲ့လေ၏။ အို-ငါ၏အမျိုးသားတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကိုသာလျှင် ခဝပ်ကိုးကွယ်ကြလေကုန်။ အသင်တို့ ၌ အလ္လာဟ်အရှင်မြတ်အပြင် အခြားခဝပ်ကိုးကွယ်ရာဟူ၍ အလျင်းမရှိပြီ။ အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ ထင်ရှားလှစွာသောသက်သေသာဓကသည် အသင်တို့ထံ ရောက်ရှိလာခဲ့ချေပြီ။ သို့ဖြစ်ပေရာ အသင်တို့သည် (ခွက်၊ စလယ်၊ တောင်း စသော) ပမာဏအခြင်အတွယ်(များ)ကိုလည်းကောင်း၊ အလေးချိန်(များ)ကိုလည်ကောင်း၊ ချိန်တွယ်ရာတွင် တရားမျှတစွာဖြင့် အပြည့်(ချိန်တွယ်၍) ပေးကြလေကုန်။ ၎င်းပြင် အသင်တို့သည်လူတို့အား ၎င်းတို့၏ဥစ္စာပစ္စည်းများကို မတရားသဖြင့်လျှော့၍ပေးခြင်းကိုလည်း မပြုကြကုန်လင့်။ ထို့ပြင် အသင်တို့သည် ကမ္ဘာမြေပြင် တင့်တယ်ကောင်းမွန်လာပြီးနောက်ထိုကမ္ဘာမြေပြင်ဝယ် ပျက်စီးရာပျက်စီးကြောင်းများကို အသင်မပြုလုပ်ကြကုန်လင့်။ ဤသည်ကား အကယ်၍သာ အသင်တို့သည် မုအ်မင်န် သက်ဝင်ယုံကြည်သူများ ဖြစ်ကြပါလျှင်အသင်တို့အဖို့ အကောင်းဆုံးပင် ဖြစ်ချေသတည်း။
86وَلَا تَقْعُدُوا بِكُلِّ صِرَاطٍ تُوعِدُونَ وَتَصُدُّونَ عَن سَبِيلِ اللَّهِ مَنْ آمَنَ بِهِ وَتَبْغُونَهَا عِوَجًا ۚ وَاذْكُرُوا إِذْ كُنتُمْ قَلِيلًا فَكَثَّرَكُمْ ۖ وَانظُرُوا كَيْفَ كَانَ عَاقِبَةُ الْمُفْسِدِينَ
ထို့ပြင် အသင်တို့သည် (သက်ဝင်ယုံကြည်သူတို့အား) ခြိမ်းခြောက်ရန်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၏လမ်းတော်မှ ထိုအရှင်မြတ်အားယုံကြည်သူတို့ကို ပိတ်ပင်တားဆီးရန်လည်းကောင်း၊ ထို(အရှင်မြတ်၏)လမ်းတော်၌ ကွေ့ကောက်မှုကို ရှာဖွေရန်လည်းကောင်း၊ မည်သည့်လမ်းပေါ်၌မျှမထိုင်ကြကုန်လင့်။ ထိုမှတစ်ပါး အသင်တို့သည် အနည်းငယ်မျှသာရှိခဲ့ကြရာ ထိုအရှင်မြတ်သည် အသင်တို့အား တိုးပွားများပြားစေတော်မူခဲ့သည်ကိုလည်း ပြန်လည်သတိရ ရှိကြလေကုန်။ ထို့ပြင် အသင်တို့သည် ပျက်စီးရာပျက်စီးကြောင်း ပြုလုပ်သောသူတို့၏ နောက်ဆုံးအကျိုးသည် မည်သို့ဖြစ်ခဲ့သည်ကိုလည်း ရှုကြလေကုန်။
87وَإِن كَانَ طَائِفَةٌ مِّنكُمْ آمَنُوا بِالَّذِي أُرْسِلْتُ بِهِ وَطَائِفَةٌ لَّمْ يُؤْمِنُوا فَاصْبِرُوا حَتَّىٰ يَحْكُمَ اللَّهُ بَيْنَنَا ۚ وَهُوَ خَيْرُ الْحَاكِمِينَ
၎င်းပြင် အကယ်၍ အသင်တို့အနက်မှ အုပ်�ုတစ်စုသည် ငါမှာကြားစေလွှတ်ခြင်းခံရသော အမိန့် ပညတ်တော်များကို သက်ဝင်ယုံကြည်၍ အုပ်စုတစ်စုကမူ မယုံကြည်ဘဲနေခဲ့ကြပါလျှင် ငါတို့၏စပ်ကြားတွင် အလ္လာဟ်အရှင်မြတ်ကစီရင်ဆုံးဖြတ်၍ ပေးတော်မူသည်အထိ အသင်တို့သည် သည်းခံစောင့်ဆိုင်း၍ နေကြလေကုန်။ အမှန်သော်ကား ထိုအရှင်မြတ်သည် အကောင်းဆုံး စီရင်ဆုံးဖြတ်ပေးတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
88۞ قَالَ الْمَلَأُ الَّذِينَ اسْتَكْبَرُوا مِن قَوْمِهِ لَنُخْرِجَنَّكَ يَا شُعَيْبُ وَالَّذِينَ آمَنُوا مَعَكَ مِن قَرْيَتِنَا أَوْ لَتَعُودُنَّ فِي مِلَّتِنَا ۚ قَالَ أَوَلَوْ كُنَّا كَارِهِينَ
ထိုအခါ ယင်းနဗီတမန်တော်(ရှုအိုက်ဗ်)၏အမျိုးသားတို့အနက်မှ မောက်မာပလွှားကြသော အကြီးအကဲ တို့ကအို-ရှုအိုက်ဗ် ကျွန်ုတို့သည် အသင်နှင့်တကွ အသင်နှင့် အတူသက်ဝင်ယုံကြည်သောသူတို့ကိုပါ မိမိတို့မြို့ရွာမှ မုချနှင်ထုတ်ပစ်ကြမည်။ သို့မဟုတ်လျှင် အသင်တို့သည် ကျွန်ုပ်တို့၏ ဘာသာ သာသနာတွင်းသို့ ပြန်လည် (ဝင်)ခဲ့ကြလေကုန် ဟု ပြောဆိုခဲ့ကြလေသည်။ ထိုအခါ ထိုနဗီတမန်တော် (ရှုအိုက်ဗ်)ကငါတို့သည် (အသင်တို့၏ဘာသာကို) စက်ဆုပ်ပါလျက်နှင့်ပင်(ပြန်ဝင်ကြရပါမည်)လောဟု ဖြေကြားခဲ့လေသတည်း။
89قَدِ افْتَرَيْنَا عَلَى اللَّهِ كَذِبًا إِنْ عُدْنَا فِي مِلَّتِكُم بَعْدَ إِذْ نَجَّانَا اللَّهُ مِنْهَا ۚ وَمَا يَكُونُ لَنَا أَن نَّعُودَ فِيهَا إِلَّا أَن يَشَاءَ اللَّهُ رَبُّنَا ۚ وَسِعَ رَبُّنَا كُلَّ شَيْءٍ عِلْمًا ۚ عَلَى اللَّهِ تَوَكَّلْنَا ۚ رَبَّنَا افْتَحْ بَيْنَنَا وَبَيْنَ قَوْمِنَا بِالْحَقِّ وَأَنتَ خَيْرُ الْفَاتِحِينَ
အကယ်၍သာ ငါတို့သည် အသင်တို့၏ ဘာသာသာသနာအတွင်းသို့ အလ္လာဟ်အရှင်မြတ်က ငါတို့အား ထိုဘာသာမှ ကယ်ဆယ်တော်မူပြီးနောက် ပြန်လည်ဝင်ရောက်ခဲ့ကြပါလျှင် အမှန်စင်စစ် ငါတို့သည် အလ္လာဟ်အရှင်မြတ်အပေါ်၌ကြံဖန်လီဆယ်၍ မုသားစွပ်စွဲသူများသာ ဖြစ်ကြပေအံ့။ စင်စစ်သော်ကား ငါတို့သည် ငါတို့၏အရှင်ဖြစ်တော်မူသောအလ္လာဟ်အရှင်မြတ်က အလိုရှိတော်မူသည်မှအပ ငါတို့အဖို့ထိုဘာသာတွင်းသို့ ပြန်ဝင်ကြရန်မဖြစ်နိုင်ပေ။ ငါတို့၏ အရှင်မြတ်သည် အသိပညာအားဖြင့် အရာခပ်သိမ်းတို့ကို လွှမ်းခြုံလျက်ရှိတော်မူ၏။ ငါတို့သည် အလ္လာဟ်အရှင်မြတ်အပေါ်၌သာလျှင် ယုံကြည်စိတ်ချ လွှဲအပ်ခဲ့ကြချေပြီ။ အို-ကျွန်တော် မျိုးတို့၏အရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော် မျိုးတို့နှင့် ကျွန်တော်မျိုးတို့၏အမျိုးသားတို့ စပ်ကြားဝယ် မှန်ကန်စွာ စီရင်ဆုံးဖြတ်၍ ပေးသနားတော်မူပါ။ အမှန်သော်ကား အရှင်မြတ်သည်ပင်လျှင် အကောင်းဆုံး စီရင်ဆုံးဖြတ်၍ ပေးတော်မူသောအရှင်ဖြစ်တော် မူပါသတည်း။
အလ်-အာအ်ရာဖ်ကုရ်အာန် ညွှန်းကိန်း
206အာယာသ်
MeccanRevelation
87အာယာသ်

ဘာသာပြန် — အလ်-အာအ်ရာဖ် 87

စူရာ အလ်-အာအ်ရာဖ် အာယာသ် 87 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းပြင် အကယ်၍ အသင်တို့အနက်မှ အုပ်�ုတစ်စုသည် ငါမှာကြားစေလွှတ်ခြင်းခံရသော အမိန့် ပညတ်တော်များကို သက်ဝင်ယုံကြည်၍ အုပ်စုတစ်စုကမူ မယုံကြည်ဘဲနေခဲ့ကြပါလျှင်…

စူရာ အာယာသ် 87/206 — စူရာ အလ်-အာအ်ရာဖ် الأعراف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အာအ်ရာဖ် နားထောင်, စူရာ အလ်-အာအ်ရာဖ် ဘာသာပြန်, စူရာ အလ်-အာအ်ရာဖ် mp3, စူရာ အလ်-အာအ်ရာဖ် pdf. အာယာသ် 85–89. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Sunday, October 18, 2026

Don't forget us in your sincere prayers