📖 0/604 ဖတ်ပြီးသောစာမျက်နှာများ
📄 205
ٱلتَّٰٓئِبُونَ ٱلۡعَٰبِدُونَ ٱلۡحَٰمِدُونَ ٱلسَّٰٓئِحُونَ ٱلرَّٰكِعُونَ ٱلسَّٰجِدُونَ ٱلۡأٓمِرُونَ بِٱلۡمَعۡرُوفِ وَٱلنَّاهُونَ عَنِ ٱلۡمُنكَرِ وَٱلۡحَٰفِظُونَ لِحُدُودِ ٱللَّهِۗ وَبَشِّرِ ٱلۡمُؤۡمِنِينَ ١١٢ مَا كَانَ لِلنَّبِيِّ وَٱلَّذِينَ ءَامَنُوٓاْ أَن يَسۡتَغۡفِرُواْ لِلۡمُشۡرِكِينَ وَلَوۡ كَانُوٓاْ أُوْلِي قُرۡبَىٰ مِنۢ بَعۡدِ مَا تَبَيَّنَ لَهُمۡ أَنَّهُمۡ أَصۡحَٰبُ ٱلۡجَحِيمِ ١١٣ وَمَا كَانَ ٱسۡتِغۡفَارُ إِبۡرَٰهِيمَ لِأَبِيهِ إِلَّا عَن مَّوۡعِدَةٍ وَعَدَهَآ إِيَّاهُ فَلَمَّا تَبَيَّنَ لَهُۥٓ أَنَّهُۥ عَدُوٌّ لِّلَّهِ تَبَرَّأَ مِنۡهُۚ إِنَّ إِبۡرَٰهِيمَ لَأَوَّٰهٌ حَلِيمٌ ١١٤ وَمَا كَانَ ٱللَّهُ لِيُضِلَّ قَوۡمَۢا بَعۡدَ إِذۡ هَدَىٰهُمۡ حَتَّىٰ يُبَيِّنَ لَهُم مَّا يَتَّقُونَۚ إِنَّ ٱللَّهَ بِكُلِّ شَيۡءٍ عَلِيمٌ ١١٥ إِنَّ ٱللَّهَ لَهُۥ مُلۡكُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۖ يُحۡيِۦ وَيُمِيتُۚ وَمَا لَكُم مِّن دُونِ ٱللَّهِ مِن وَلِيٍّ وَلَا نَصِيرٍ ١١٦ لَّقَد تَّابَ ٱللَّهُ عَلَى ٱلنَّبِيِّ وَٱلۡمُهَٰجِرِينَ وَٱلۡأَنصَارِ ٱلَّذِينَ ٱتَّبَعُوهُ فِي سَاعَةِ ٱلۡعُسۡرَةِ مِنۢ بَعۡدِ مَا كَادَ يَزِيغُ قُلُوبُ فَرِيقٍ مِّنۡهُمۡ ثُمَّ تَابَ عَلَيۡهِمۡۚ إِنَّهُۥ بِهِمۡ رَءُوفٌ رَّحِيمٌ ١١٧
9:112
ٱلتَّٰٓئِبُونَ ٱلۡعَٰبِدُونَ ٱلۡحَٰمِدُونَ ٱلسَّٰٓئِحُونَ ٱلرَّٰكِعُونَ ٱلسَّٰجِدُونَ ٱلۡأٓمِرُونَ بِٱلۡمَعۡرُوفِ وَٱلنَّاهُونَ عَنِ ٱلۡمُنكَرِ وَٱلۡحَٰفِظُونَ لِحُدُودِ ٱللَّهِۗ وَبَشِّرِ ٱلۡمُؤۡمِنِينَ ١١٢
ထိုစစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ကြသော သူများသည် ဝန်ချတောင်းပန်လျက် ရှိကြသူများ၊ ဝတ်ပြုလျက် ရှိကြသူများ၊ ချီးမွမ်း ထောမနာပြုလျက်ရှိကြသူများ၊ ဥပုသ်သီလဆောက်တည်လျက် ရှိကြသူများ၊ ‘ရုကူအ်’ ဦးညွှတ်လျက် ရှိကြသူများ၊ ‘စဂျ်ဒဟ်’ ပျပ်ဝပ်ဦးချလျက်ရှိကြသူများ၊ ထို့ပြင် ကောင်းမှုများကို အမိန့်ပေးညွှန်ကြားလျက်ရှိကြသူများ၊ မကောင်းမှုများမှ တားမြစ်လျက်ရှိကြသူများ ဖြစ်ကြကုန်၏။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်၏ စည်းကမ်းများကို စောင့်စည်းထိန်းသိမ်းသူများဖြစ်ကြကုန်၏။ (အို-နဗီတမန်တော်) အသင်သည် ‘မုအ်မင်န်’သက်ဝင်ယုံကြည်သူတို့အား သတင်းကောင်း ပြောကြားပါလေ။
9:113
مَا كَانَ لِلنَّبِيِّ وَٱلَّذِينَ ءَامَنُوٓاْ أَن يَسۡتَغۡفِرُواْ لِلۡمُشۡرِكِينَ وَلَوۡ كَانُوٓاْ أُوْلِي قُرۡبَىٰ مِنۢ بَعۡدِ مَا تَبَيَّنَ لَهُمۡ أَنَّهُمۡ أَصۡحَٰبُ ٱلۡجَحِيمِ ١١٣
နဗီတမန်တော်မြတ်၌လည်းကောင်း၊၊ ထို့အတူမုအ်မင်န် သက်ဝင်ယုံကြည်သူတို့၌လည်းကောင်း၊ မုရှ်ရစ်က်တို့အဖို့ ၎င်း တို့သည် ၎င်းတို့၏ ဆွေမျိုးနီးစပ်သူများ ဖြစ်ကြသော်လည်း၊ ၎င်းတို့သည် ငရဲသားများဖြစ်ကြောင်း မိမိတို့၌ထင်ရှားခဲ့ပြီးနောက် (အလ္လာဟ်အရှင်မြတ်အထံတော်၌) လွတ်ငြိမ်းချမ်းသာခွင့်ကို ပန်ကြားပေးပိုင်ခွင့်မရှိချေ။
9:114
وَمَا كَانَ ٱسۡتِغۡفَارُ إِبۡرَٰهِيمَ لِأَبِيهِ إِلَّا عَن مَّوۡعِدَةٍ وَعَدَهَآ إِيَّاهُ فَلَمَّا تَبَيَّنَ لَهُۥٓ أَنَّهُۥ عَدُوٌّ لِّلَّهِ تَبَرَّأَ مِنۡهُۚ إِنَّ إِبۡرَٰهِيمَ لَأَوَّٰهٌ حَلِيمٌ ١١٤
စင်စစ်သော်ကား (နဗီတမန်တော်)အစ်ဗ်ရာဟီမ်သည် မိမိဖခင်အဖို့ လွတ်ငြိမ်းချမ်းသာခွင့်ကို ပန်ကြားခဲ့သည်မှာ ထို(နဗီတမန်တော်) အစ်ဗ်ရာဟီမ်သည် ဖခင်အားပေးခဲ့သော ကတိဝန်ခံချက်ကြောင့်သာဖြစ်ပေ၏။ တစ်ဖန် ထို(နဗီတမန်တော်) အစ်ဗ်ရာဟီမ်၌(ဖခင်)သည် အလ္လာဟ်အရှင်မြတ်၏ရန်သူဖြစ်ကြောင်း ထင်ရှားခဲ့သောအခါ ထို(နဗီတမန်တော်)အစ်ဗ်ရာဟီမ်သည် ဖခင်နှင့်(မည်သို့မျှ)မသက်ဆိုင်၊ မပတ်သက်ဟူ၍ ငြင်းဆိုခဲ့လေ၏။ ဧကန်စင်စစ် (နဗီတမန်တော်)အစ်ဗ်ရာဟီမ်သည် စိတ်နှလုံးအလွန်နူးညံ့သူ၊ သည်းခံခြင်းတရားအလွန်ထားရှိသူ ဖြစ်ခဲ့လေသတည်း။
9:115
وَمَا كَانَ ٱللَّهُ لِيُضِلَّ قَوۡمَۢا بَعۡدَ إِذۡ هَدَىٰهُمۡ حَتَّىٰ يُبَيِّنَ لَهُم مَّا يَتَّقُونَۚ إِنَّ ٱللَّهَ بِكُلِّ شَيۡءٍ عَلِيمٌ ١١٥
စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည်မည်သည့်လူမျိုးကိုမဆို ထိုလူမျိုးတို့အား တရားလမ်းမှန်သို့ ပို့တော်မူပြီးနောက်၊ ၎င်းတို့ ရှောင်ကြဉ်ကြရမည့်အရာများကို ထင်ရှားစွာ မိန့်ကြားတော်မူခြင်း ပြုတော်မမူသမျှ ကာလပတ်လုံး လမ်းလွဲစေ တော်မူသည် မဟုတ်ချေ။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိရှိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသည်။
9:116
إِنَّ ٱللَّهَ لَهُۥ مُلۡكُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۖ يُحۡيِۦ وَيُمِيتُۚ وَمَا لَكُم مِّن دُونِ ٱللَّهِ مِن وَلِيٍّ وَلَا نَصِيرٍ ١١٦
ဧကန်စင်စစ် မိုးကောင်းကင်များကို စိုးမိုးအုပ်ချုပ်ခြင်းသည်လည်းကောင်း၊ ပထဝီမြေကို စိုးမိုး အုပ်ချုပ်ခြင်းသည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၌သာရှိချေသည်။ ထိုအရှင်မြတ်သည်သာလျှင် ရှင်စေတော်မူသည်၊ ထိုအရှင်မြတ်သည်သာလျှင် သေစေတော်မူသည်။ ထိုမှတစ်ပါး အလ္လာဟ်အရှင်မြတ်အပြင် အသင်တို့အဖို့ အဆွေခင်ပွန်းဟူ၍လည်းကောင်း၊ ကူညီမိုင်းမမည့်သူဟူ၍လည်းကောင်း တစ်ဦးတစ်ယောက်မျှ မရှိချေ။
9:117
لَّقَد تَّابَ ٱللَّهُ عَلَى ٱلنَّبِيِّ وَٱلۡمُهَٰجِرِينَ وَٱلۡأَنصَارِ ٱلَّذِينَ ٱتَّبَعُوهُ فِي سَاعَةِ ٱلۡعُسۡرَةِ مِنۢ بَعۡدِ مَا كَادَ يَزِيغُ قُلُوبُ فَرِيقٍ مِّنۡهُمۡ ثُمَّ تَابَ عَلَيۡهِمۡۚ إِنَّهُۥ بِهِمۡ رَءُوفٌ رَّحِيمٌ ١١٧
ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် နဗီတမန်တော်မြတ်အပေါ်သို့လည်းကောင်း၊ အကြင် မုဟာဂျီရီန်နှင့် အန်ဆွာရ် သာဝကများအပေါ်သို့လည်းကောင်း၊ ကရုဏာတော်နှင့် လှည့်တော်မူခဲ့လေပြီ။ ယင်းမုဟာဂျီရီန် နှင့်အန်ဆွာရ်သာဝကတို့သည် မိမိတို့အနက် လူတစ်စု၏ စိတ်နှလုံးများတိမ်းစောင်းလုဆဲဆဲဖြစ်ပြီးနောက် ကျပ်တည်းသောအချိန်ကာလ၌ နဗီတမန်တော်မြတ်၏နောက်သို့ လိုက်ခဲ့ကြကုန်၏။ထို့နောက် အရှင်မြတ်သည် ၎င်းတို့အပေါ်၌ ကရုဏာတော်နှင့်လှည့်တော်မူခဲ့လေသည်။ မုချဧကန် ထိုအရှင်မြတ်သည် ၎င်းတို့နှင့်ပတ်သက်၍ အလွန်တရာ သနားကြင်နာတော်မူသောအရှင်အလွန်တရာ ညှာတာတော်မူသောအရှင် ဖြစ်တော်မူ၏။
العربيةEnglishBahasa IndonesiaTürkçeРусскийفارسیFrançaisاردوবাংলাDeutschEspañol中文हिन्दीPortuguêsItalianoภาษาไทยPolskiNederlandsShqipKiswahiliO'zbekதமிழ்MelayuBosanskiSoomaaliAzərbaycanکوردی한국어日本語SvenskaDanskNorskپښتوമലയാളംසිංහලTamazightHausaአማርኛБългарскиТоҷикӣҚазақшаFilipinoسنڌيYorùbáFulfuldeТатарчаئۇيغۇرچەКыргызчаਪੰਜਾਬੀJawaతెలుగుမြန်မာગુજરાતીOromoमराठीTiếng ViệtMalagasyНохчийнWolofދިވެހިಕನ್ನಡУкраїнськаΕλληνικάქართულიខ្មែរدریQafar afMaranaoनेपाली
ကုရ်အာန်ကျမ်း
Sunday, August 23, 2026
Don't forget us in your sincere prayers







