📖 0/604 ဖတ်ပြီးသောစာမျက်နှာများ
📄 204
وَٱلَّذِينَ ٱتَّخَذُواْ مَسۡجِدًا ضِرَارًا وَكُفۡرًا وَتَفۡرِيقَۢا بَيۡنَ ٱلۡمُؤۡمِنِينَ وَإِرۡصَادًا لِّمَنۡ حَارَبَ ٱللَّهَ وَرَسُولَهُۥ مِن قَبۡلُۚ وَلَيَحۡلِفُنَّ إِنۡ أَرَدۡنَآ إِلَّا ٱلۡحُسۡنَىٰۖ وَٱللَّهُ يَشۡهَدُ إِنَّهُمۡ لَكَٰذِبُونَ ١٠٧ لَا تَقُمۡ فِيهِ أَبَدًاۚ لَّمَسۡجِدٌ أُسِّسَ عَلَى ٱلتَّقۡوَىٰ مِنۡ أَوَّلِ يَوۡمٍ أَحَقُّ أَن تَقُومَ فِيهِۚ فِيهِ رِجَالٌ يُحِبُّونَ أَن يَتَطَهَّرُواْۚ وَٱللَّهُ يُحِبُّ ٱلۡمُطَّهِّرِينَ ١٠٨ أَفَمَنۡ أَسَّسَ بُنۡيَٰنَهُۥ عَلَىٰ تَقۡوَىٰ مِنَ ٱللَّهِ وَرِضۡوَٰنٍ خَيۡرٌ أَم مَّنۡ أَسَّسَ بُنۡيَٰنَهُۥ عَلَىٰ شَفَا جُرُفٍ هَارٍ فَٱنۡهَارَ بِهِۦ فِي نَارِ جَهَنَّمَۗ وَٱللَّهُ لَا يَهۡدِي ٱلۡقَوۡمَ ٱلظَّٰلِمِينَ ١٠٩ لَا يَزَالُ بُنۡيَٰنُهُمُ ٱلَّذِي بَنَوۡاْ رِيبَةً فِي قُلُوبِهِمۡ إِلَّآ أَن تَقَطَّعَ قُلُوبُهُمۡۗ وَٱللَّهُ عَلِيمٌ حَكِيمٌ ١١٠ ۞ إِنَّ ٱللَّهَ ٱشۡتَرَىٰ مِنَ ٱلۡمُؤۡمِنِينَ أَنفُسَهُمۡ وَأَمۡوَٰلَهُم بِأَنَّ لَهُمُ ٱلۡجَنَّةَۚ يُقَٰتِلُونَ فِي سَبِيلِ ٱللَّهِ فَيَقۡتُلُونَ وَيُقۡتَلُونَۖ وَعۡدًا عَلَيۡهِ حَقًّا فِي ٱلتَّوۡرَىٰةِ وَٱلۡإِنجِيلِ وَٱلۡقُرۡءَانِۚ وَمَنۡ أَوۡفَىٰ بِعَهۡدِهِۦ مِنَ ٱللَّهِۚ فَٱسۡتَبۡشِرُواْ بِبَيۡعِكُمُ ٱلَّذِي بَايَعۡتُم بِهِۦۚ وَذَٰلِكَ هُوَ ٱلۡفَوۡزُ ٱلۡعَظِيمُ ١١١
9:107
وَٱلَّذِينَ ٱتَّخَذُواْ مَسۡجِدًا ضِرَارًا وَكُفۡرًا وَتَفۡرِيقَۢا بَيۡنَ ٱلۡمُؤۡمِنِينَ وَإِرۡصَادًا لِّمَنۡ حَارَبَ ٱللَّهَ وَرَسُولَهُۥ مِن قَبۡلُۚ وَلَيَحۡلِفُنَّ إِنۡ أَرَدۡنَآ إِلَّا ٱلۡحُسۡنَىٰۖ وَٱللَّهُ يَشۡهَدُ إِنَّهُمۡ لَكَٰذِبُونَ ١٠٧
ထိုမှတစ်ပါး (၎င်းတို့တွင်) အကြင်သူတို့သည်လည်း ရှိကြကုန်၏။ ထိုသူတို့သည် မတ်စ်ဂျစ်ဒ်ဗလီဝတ်ကျောင်းတစ်ဆောင်ကို (အစ္စလာမ်သာသနာတော်နှင့်မုစ်လင်မ်တို့အား)အကျိုးယုတ်စေခြင်းငှာလည်းကောင်း၊(နဗီတမန်တော်မြတ်အားကဲ့ရဲ့ခြင်းအားဖြင့်) သွေဖည်ငြင်း ပယ်ခြင်းငှာလည်းကောင်း၊မုစ်လင်မ်တို့ အချင်းချင်းတွင် သွေးခွဲခြင်းငှာလည်းကောင်း၊ယခင်က အလ္လာဟ်အရှင်မြတ်နှင့် ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်အား တိုက်ခိုက်ခဲ့ကြသောသူများ ကင်းထောက်ရာဌာနတစ်ခုရရှိစေခြင်းငှာလည်းကောင်း တည်�ောက်ခဲ့ကြကုန်၏။ တစ်ဖန် ထိုသူတို့ကကျွန်တော်မျိုးတို့သည် အကောင်းကိုသာ ရည်စူးခဲ့ကြပါသည် ဟု ကျိန်ဆို ကြပေလိမ့်မည်။သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့ ဧကန်မလွဲမုသာဝါဒီများ ဖြစ်ကြသည်ကို သက်သေခံတော်မူ၏။
9:108
لَا تَقُمۡ فِيهِ أَبَدًاۚ لَّمَسۡجِدٌ أُسِّسَ عَلَى ٱلتَّقۡوَىٰ مِنۡ أَوَّلِ يَوۡمٍ أَحَقُّ أَن تَقُومَ فِيهِۚ فِيهِ رِجَالٌ يُحِبُّونَ أَن يَتَطَهَّرُواْۚ وَٱللَّهُ يُحِبُّ ٱلۡمُطَّهِّرِينَ ١٠٨
(အို-နဗီတမန်တော်) အသင်သည် ထိုဗလီဝတ်ကျောင်းတွင် မည်သည့်အခါ၌မျှ (ဆွလာတ်ဝတ်ပြုရန်) မတ်တတ်မရပ်ပါလေနှင့်။ မုချဧကန် အကြင် မတ်စ်ဂျစ်ဒ်ဗလီဝတ်ကျောင်းတော်သည် ပထမနေ့မှစ၍ (အလ္လာဟ်အရှင်မြတ်အား) ကြောက်ရွံ့ရိုသေခန့်ညားခြင်းအပေါ်၌(မူတည်၍) အုတ်မြစ်ချခဲ့ပြီးဖြစ်၏။ အသင်သည် ထိုဗလီဝတ်ကျောင်းတော်၌သာလျှင် ပိုမို၍ ရပ်ထိုက်၏။ ထိုဗလီဝတ်ကျောင်း တော်တွင်အလွန်သန့်ရှင်းစင်ကြယ်ကြရန် နှစ်သက်သောသူတို့သည် ရှိကြကုန်၏။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အလွန်သန့်ရှင်း စင်ကြယ်ကြကုန်သော သူတို့အား နှစ်မြို့တော်မူချေသတည်း။
9:109
أَفَمَنۡ أَسَّسَ بُنۡيَٰنَهُۥ عَلَىٰ تَقۡوَىٰ مِنَ ٱللَّهِ وَرِضۡوَٰنٍ خَيۡرٌ أَم مَّنۡ أَسَّسَ بُنۡيَٰنَهُۥ عَلَىٰ شَفَا جُرُفٍ هَارٍ فَٱنۡهَارَ بِهِۦ فِي نَارِ جَهَنَّمَۗ وَٱللَّهُ لَا يَهۡدِي ٱلۡقَوۡمَ ٱلظَّٰلِمِينَ ١٠٩
သို့ဖြစ်ပေရာ အကြင်သူသည် မိမိအဆောက်အအုံကို (အလ္လာဟ်အရှင်မြတ်အား) ကြောက်ရွံ့ခန့်ညားခြင်းအပေါ်၌လည်းကောင်း၊ (ထိုအရှင်မြတ်၏) ကျေနပ်မှုအပေါ်၌လည်းကောင်း အုတ်မြစ်ချခဲ့၏၊ ထိုသူသည် ပို၍ကောင်းလေသလော။ သို့တည်းမဟုတ် အကြင်သူသည် ပို၍ကောင်းလေသလော။ ထိုသူသည် မိမိအဆောက်အအုံကို ပြိုကျအံ့ဆဲဆဲဖြစ်သော ချောက်ကမ်းပါးပေါ်၌ အုတ်မြစ်ချခဲ့လေသည်။ သို့ဖြစ်ပေရာ ထိုအဆောက်အအုံသည် ထိုသူနှင့်တကွ ဂျဟန္နမ်ငရဲဘုံ၏မီးထဲသို့ ပြိုကျသွားခဲ့လေသည်။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် မတရားကျင့်မှု ပြုလုပ်သောသူတို့အား တရားလမ်းမှန်သို့ ပို့တော်မူသည်မဟုတ်ပေ။
9:110
لَا يَزَالُ بُنۡيَٰنُهُمُ ٱلَّذِي بَنَوۡاْ رِيبَةً فِي قُلُوبِهِمۡ إِلَّآ أَن تَقَطَّعَ قُلُوبُهُمۡۗ وَٱللَّهُ عَلِيمٌ حَكِيمٌ ١١٠
၎င်းတို့တည်ဆောက်ခဲ့ကြသော အဆောက်အအုံမှာ ၎င်းတို့၏စိတ်နှလုံးများ အစိတ်စိတ်အပိုင်းပိုင်း ဖြစ်မသွားသမျှကာလပတ်လုံး ၎င်းတို့၏စိတ်နှလုံးများတွင် အမြဲတစေ ထင့်လျက်ပင် ရှိချေမည်။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကိုသိတော်မူသောအရှင်၊နက်နဲသိမ်မွေ့ သော ကျိုးကြောင်းဆင်ခြင်တုံတရားနှင့် ပြည့်စုံတော် မူသောအရှင် ဖြစ်တော်မူပေသတည်း။
9:111
۞ إِنَّ ٱللَّهَ ٱشۡتَرَىٰ مِنَ ٱلۡمُؤۡمِنِينَ أَنفُسَهُمۡ وَأَمۡوَٰلَهُم بِأَنَّ لَهُمُ ٱلۡجَنَّةَۚ يُقَٰتِلُونَ فِي سَبِيلِ ٱللَّهِ فَيَقۡتُلُونَ وَيُقۡتَلُونَۖ وَعۡدًا عَلَيۡهِ حَقًّا فِي ٱلتَّوۡرَىٰةِ وَٱلۡإِنجِيلِ وَٱلۡقُرۡءَانِۚ وَمَنۡ أَوۡفَىٰ بِعَهۡدِهِۦ مِنَ ٱللَّهِۚ فَٱسۡتَبۡشِرُواْ بِبَيۡعِكُمُ ٱلَّذِي بَايَعۡتُم بِهِۦۚ وَذَٰلِكَ هُوَ ٱلۡفَوۡزُ ٱلۡعَظِيمُ ١١١
ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မုအ်မင်န် သက်ဝင်ယုံကြည်သူတို့ထံမှ ထိုသူတို့၏ အသက်ဇီဝိန်များကိုလည်းကောင်း၊ ထိုသူတို့၏ ဥစ္စာပစ္စည်းများကိုလည်းကောင်းထိုသူတို့အဖို့ ဂျန္နတ်အမတသုခဘုံ(သည်အစားပေးရန်) ရှိသည်ဟူ၍ ဝယ်ယူတော်မူခဲ့လေသည်။ ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်၏ လမ်းတော်၌ စက်မက်ပြိုင်ဆိုင်တိုက်ခိုက်ကြကုန်၏။ သို့ဖြစ်ပေရာ (ရံဖန်ရံခါ) ထိုသူတို့သည် (ရန်သူတို့အား) သတ်ဖြတ်ကြ၍ (ရံဖန်ရံခါ) ထိုသူတို့သည် (ရန်သူတို့၏)သတ်ဖြတ်မှုကို ခံကြရကုန်၏။ ထိုအရှင်မြတ်သည် မိမိ၏အပေါ်၌တာဝန်ရှိကြောင်း၊ တောင်ဝ်ရာတ် ကျမ်းမြတ်တွင်လည်းကောင်း၊ အင်(န်)ဂျီလ်’ ကျမ်းမြတ်တွင်လည်းကောင်း၊ ကုရ်အာန်ကျမ်းတော်မြတ်တွင်လည်းကောင်း၊ မှန်ကန်စွာ ကတိပြုထားတော်မူခဲ့လေသည်။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်ထက် ပို၍ မိမိ၏ကတိကို ပြည့်စုံပြီးစီးအောင် ဆောင်ရွက်သူမည်သူရှိသနည်း။ သို့ဖြစ်ပေရာ အသင်တို့သည် မိမိတို့၏အရောင်းအဝယ်ပြုခဲ့ကြသောရောင်းဝယ်မှုနှင့်စပ်လျဉ်း၍ ဝမ်းမြောက်ပျော်ရွှင်ကြလေကုန်။ အမှန်သော်ကား ဤသည်သာလျှင် အလွန်ကြီးကျယ်မြင့်မြတ်လှစွာသော အောင်မြင်မှုတည်း။
العربيةEnglishBahasa IndonesiaTürkçeРусскийفارسیFrançaisاردوবাংলাDeutschEspañol中文हिन्दीPortuguêsItalianoภาษาไทยPolskiNederlandsShqipKiswahiliO'zbekதமிழ்MelayuBosanskiSoomaaliAzərbaycanکوردی한국어日本語SvenskaDanskNorskپښتوമലയാളംසිංහලTamazightHausaአማርኛБългарскиТоҷикӣҚазақшаFilipinoسنڌيYorùbáFulfuldeТатарчаئۇيغۇرچەКыргызчаਪੰਜਾਬੀJawaతెలుగుမြန်မာગુજરાતીOromoमराठीTiếng ViệtMalagasyНохчийнWolofދިވެހިಕನ್ನಡУкраїнськаΕλληνικάქართულიខ្មែរدریQafar afMaranaoनेपाली
ကုရ်အာန်ကျမ်း
Sunday, August 23, 2026
Don't forget us in your sincere prayers







