📖 0/604 ဖတ်ပြီးသောစာမျက်နှာများ
📄 231
فَلَمَّا جَآءَ أَمۡرُنَا جَعَلۡنَا عَٰلِيَهَا سَافِلَهَا وَأَمۡطَرۡنَا عَلَيۡهَا حِجَارَةً مِّن سِجِّيلٍ مَّنضُودٍ  ۝٨٢ مُّسَوَّمَةً عِندَ رَبِّكَۖ وَمَا هِيَ مِنَ ٱلظَّٰلِمِينَ بِبَعِيدٍ  ۝٨٣ ۞ وَإِلَىٰ مَدۡيَنَ أَخَاهُمۡ شُعَيۡبًاۚ قَالَ يَٰقَوۡمِ ٱعۡبُدُواْ ٱللَّهَ مَا لَكُم مِّنۡ إِلَٰهٍ غَيۡرُهُۥۖ وَلَا تَنقُصُواْ ٱلۡمِكۡيَالَ وَٱلۡمِيزَانَۖ إِنِّيٓ أَرَىٰكُم بِخَيۡرٍ وَإِنِّيٓ أَخَافُ عَلَيۡكُمۡ عَذَابَ يَوۡمٍ مُّحِيطٍ  ۝٨٤ وَيَٰقَوۡمِ أَوۡفُواْ ٱلۡمِكۡيَالَ وَٱلۡمِيزَانَ بِٱلۡقِسۡطِۖ وَلَا تَبۡخَسُواْ ٱلنَّاسَ أَشۡيَآءَهُمۡ وَلَا تَعۡثَوۡاْ فِي ٱلۡأَرۡضِ مُفۡسِدِينَ  ۝٨٥ بَقِيَّتُ ٱللَّهِ خَيۡرٌ لَّكُمۡ إِن كُنتُم مُّؤۡمِنِينَۚ وَمَآ أَنَا۠ عَلَيۡكُم بِحَفِيظٍ  ۝٨٦ قَالُواْ يَٰشُعَيۡبُ أَصَلَوٰتُكَ تَأۡمُرُكَ أَن نَّتۡرُكَ مَا يَعۡبُدُ ءَابَآؤُنَآ أَوۡ أَن نَّفۡعَلَ فِيٓ أَمۡوَٰلِنَا مَا نَشَٰٓؤُاْۖ إِنَّكَ لَأَنتَ ٱلۡحَلِيمُ ٱلرَّشِيدُ  ۝٨٧ قَالَ يَٰقَوۡمِ أَرَءَيۡتُمۡ إِن كُنتُ عَلَىٰ بَيِّنَةٍ مِّن رَّبِّي وَرَزَقَنِي مِنۡهُ رِزۡقًا حَسَنًاۚ وَمَآ أُرِيدُ أَنۡ أُخَالِفَكُمۡ إِلَىٰ مَآ أَنۡهَىٰكُمۡ عَنۡهُۚ إِنۡ أُرِيدُ إِلَّا ٱلۡإِصۡلَٰحَ مَا ٱسۡتَطَعۡتُۚ وَمَا تَوۡفِيقِيٓ إِلَّا بِٱللَّهِۚ عَلَيۡهِ تَوَكَّلۡتُ وَإِلَيۡهِ أُنِيبُ  ۝٨٨
11:82
فَلَمَّا جَآءَ أَمۡرُنَا جَعَلۡنَا عَٰلِيَهَا سَافِلَهَا وَأَمۡطَرۡنَا عَلَيۡهَا حِجَارَةً مِّن سِجِّيلٍ مَّنضُودٍ  ۝٨٢
ထို့နောက် ငါအရှင်မြတ်၏အမိန့်တော်ရောက်ရှိလာသောအခါ ငါအရှင်မြတ်သည် ထိုမြို့ရွာကို အထက်အောက်(ပြောင်းပြန်)လှန်ပစ်တော်မူခဲ့လေသည်။ ထို့ပြင်ငါအရှင်မြတ်သည် မြို့ရွာပေါ်သို့ ရွှံ့၊ ကျောက်ခဲမိုးကို ရွာသွန်းချစေတော်မူခဲ့လေသည်။
11:83
مُّسَوَّمَةً عِندَ رَبِّكَۖ وَمَا هِيَ مِنَ ٱلظَّٰلِمِينَ بِبَعِيدٍ  ۝٨٣
(ထိုကျောက်ခဲများသည်) အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ အထူး အမှတ်တံဆိပ်ခတ်နှိပ်ပြီးဖြစ်သော (ကျောက်ခဲများဖြစ်သည်)။ စင်စစ်ထိုမြို့ရွာသည် မတရားပြုမူကြကုန်သော (မက္ကာဟ်မြို့သား)တို့နှင့်ကား ဝေးကွာသည်မဟုတ်ပေ။
11:84
۞ وَإِلَىٰ مَدۡيَنَ أَخَاهُمۡ شُعَيۡبًاۚ قَالَ يَٰقَوۡمِ ٱعۡبُدُواْ ٱللَّهَ مَا لَكُم مِّنۡ إِلَٰهٍ غَيۡرُهُۥۖ وَلَا تَنقُصُواْ ٱلۡمِكۡيَالَ وَٱلۡمِيزَانَۖ إِنِّيٓ أَرَىٰكُم بِخَيۡرٍ وَإِنِّيٓ أَخَافُ عَلَيۡكُمۡ عَذَابَ يَوۡمٍ مُّحِيطٍ  ۝٨٤
ထိုနည်းတူစွာ (ငါအရှင်မြတ်သည်) မဒ်ယန်မြို့သားတို့ထံ ၎င်းတို့၏ ညီအစ်ကိုသားချင်းဖြစ်သော (နဗီတမန်တော်)ရှုအိုက်ဗ်အား (စေလွှတ်တော် မူခဲ့လေသည်။) (ထိုအခါ)ယင်း(နဗီတမန်တော်)ရှုအိုက်ဗ်သည် (၎င်းတို့အားဤသို့) ပြောဆိုဟောကြား ခဲ့လေသည်။ အို-ငါ၏အမျိုးသားတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်သာလျှင် ခဝပ်ကိုးကွယ်ဆည်းကပ်ကြလေကုန်။ အသင်တို့၌ ထိုအရှင်မြတ်မှ တစ်ပါး ဆည်းကပ်ကိုးကွယ်ရာ အရှင်ဟူ၍ အလျင်းမရှိချေ။ ထို့ပြင် အသင်တို့သည် (တောင်းတင်းအစရှိသော)ပမာဏ အချင်အတွယ်ကိုလည်းကောင်း၊ အလေးချိန်ကိုလည်းကောင်း၊ မလျှော့ကြကုန်လင့်။ ဧကန်စင်စစ် ငါသည် အသင်တို့ကောင်းစားလျက်ရှိနေကြသည်ကို မြင်နေပေသည်။ သို့ရာတွင် ဧကန်မလွဲ ငါသည်အသင်တို့အပေါ်ဝယ် ဝန်းခြုံမည့်နေ့၏ ပြစ်ဒဏ်ကို စိုးရိမ်မိပေသတည်း။
11:85
وَيَٰقَوۡمِ أَوۡفُواْ ٱلۡمِكۡيَالَ وَٱلۡمِيزَانَ بِٱلۡقِسۡطِۖ وَلَا تَبۡخَسُواْ ٱلنَّاسَ أَشۡيَآءَهُمۡ وَلَا تَعۡثَوۡاْ فِي ٱلۡأَرۡضِ مُفۡسِدِينَ  ۝٨٥
ထိုမှတစ်ပါး အို-ငါ၏အမျိုးသားတို့၊ အသင် တို့သည် (တောင်း၊တင်းစသော)ပမာဏအချင်အတွယ်များ ကိုလည်းကောင်း၊ အလေးချိန်ကိုလည်းကောင်း၊ အပြည့်ပေးကြလေကုန်။ ထို့ပြင် အသင်တို့သည် လူတို့အား (အရောင်းအဝယ်ပြုကြသောအခါဝယ်) ၎င်းတို့ပစ္စည်းများကို လျော့၍ မပေးကြကုန်လင့်။ ၎င်းပြင် အသင်တို့သည် ကမ္ဘာမြေဝယ်ဖျက်ဆီးသူများ အဖြစ်ဖြင့် မသောင်းကျန်းကြကုန်လင့်။
11:86
بَقِيَّتُ ٱللَّهِ خَيۡرٌ لَّكُمۡ إِن كُنتُم مُّؤۡمِنِينَۚ وَمَآ أَنَا۠ عَلَيۡكُم بِحَفِيظٍ  ۝٨٦
အကယ်၍ အသင်တို့သည် မုအ်မင်န် သက်ဝင်ယုံကြည်သူများဖြစ်ကြပါလျှင် အလ္လာဟ်အရှင်မြတ် (ချီးမြှင့်တော်မူသော အရာများအနက်မှ) ကြွင်းကျန်သော ဟလာလ်(ပစ္စည်း)ကား အသင်တို့အဖို့ အကောင်းဆုံးပင်။ စင်စစ်သော်ကား ငါသည် အသင်တို့အား (အလ္လာဟ်အရှင်မြတ်၏ ပြစ်ဒဏ်မှ)ထိန်းသိမ်းစောင့်ရှောက်သူမဟုတ်ချေ။ (တာဝန်ခံမဟုတ်ချေ)
11:87
قَالُواْ يَٰشُعَيۡبُ أَصَلَوٰتُكَ تَأۡمُرُكَ أَن نَّتۡرُكَ مَا يَعۡبُدُ ءَابَآؤُنَآ أَوۡ أَن نَّفۡعَلَ فِيٓ أَمۡوَٰلِنَا مَا نَشَٰٓؤُاْۖ إِنَّكَ لَأَنتَ ٱلۡحَلِيمُ ٱلرَّشِيدُ  ۝٨٧
၎င်း(အမျိုးသား)တို့က(နဗီတမန်တော် ရှုအိုက်ဗ်အားဤသို့)ပြောဆိုခဲ့ကြ၏။ အို-ရှုအိုက်ဗ်၊ အသင်၏ ဆွလာတ်ဝတ်ပြုမှုသည်(သာသနာသည်)အသင့်အား ကျွန်ုပ်တို့(၏အကြီးအကဲများဖြစ်ကြကုန်သော)အဖ၊ဘိုး၊ဘေးတို့ကိုးကွယ်ဆည်းကပ်ကြလေသောဘုရားများကို ကျွန်ုပ်တို့စွန့်လွှတ်ရန်လည်း ကောင်း၊ကျွန်ုပ်တို့သည် မိမိတို့ဥစ္စာပစ္စည်းများတွင် မိမိတို့အလိုကျပြုလုပ်ကြသည်ကို ကျွန်ုပ်တို့ စွန့်လွှတ်ရန်လည်းကောင်း၊ စေခိုင်းပါသလော။ ဧကန်အမှန် အသင်တစ်ဦးသည်(ပင်ဣန္ဒြေ)နှင့်ပြည့်စုံသောသူ၊ ရိုးသားဖြောင့်မတ်သောသူ ဖြစ်သည်လော။
11:88
قَالَ يَٰقَوۡمِ أَرَءَيۡتُمۡ إِن كُنتُ عَلَىٰ بَيِّنَةٍ مِّن رَّبِّي وَرَزَقَنِي مِنۡهُ رِزۡقًا حَسَنًاۚ وَمَآ أُرِيدُ أَنۡ أُخَالِفَكُمۡ إِلَىٰ مَآ أَنۡهَىٰكُمۡ عَنۡهُۚ إِنۡ أُرِيدُ إِلَّا ٱلۡإِصۡلَٰحَ مَا ٱسۡتَطَعۡتُۚ وَمَا تَوۡفِيقِيٓ إِلَّا بِٱللَّهِۚ عَلَيۡهِ تَوَكَّلۡتُ وَإِلَيۡهِ أُنِيبُ  ۝٨٨
(ထိုအခါ) ယင်း(နဗီတမန်တော်)ရှုအိုက်ဗ်က(မိမိအမျိုးသားတို့အား ဤသို့)ပြောဆို ဖြေကြားခဲ့ လေ၏။ အိုငါ၏အမျိုးသားတို့၊ အကယ်၍ ငါသည် မိမိအရှင်မြတ်ထံတော်မှသက်သေခံအပေါ်၌ တည်ရှိခဲ့ ပါလျှင်လည်းကောင်း၊ ထိုအရှင်မြတ်သည် ငါ့အား မိမိအထံတော်မှ ကောင်းမွန်မြင့်မြတ်သောစားနပ်ရိက္ခာကို ချီးမြှင့်ပေးသနားတော်မူခဲ့ပါလျှင် အသင်တို့သည် မည်သို့ယူဆကြပါသနည်း။ ၎င်းပြင် ငါသည် မိမိကိုယ်တိုင် အသင်တို့အား တားမြစ်သောကိစ္စကို အသင်တို့နှင့်ဆန့်ကျင်၍ ကိုယ်တိုင်ပြုလုပ်ရန် ရည်စူးသည်မဟုတ်ပေ။ အမှန်စင်စစ် ငါသည် မိမိတတ်စွမ်းနိုင်သမျှ ကာလပတ်လုံး (အသင်တို့၏ဆိုးရွားနေသောအခြေအနေကို)ပြုပြင်ရန်သာလျှင် ရည်စူးလေသည်။ သို့ရာတွင် ငါ၏အောင်မြင်မှုကား အလ္လာဟ်အရှင်မြတ်၏ ကူညီမှုအပေါ်၌သာလျှင် ရှိနေပေရာ ငါသည် ထိုအရှင်မြတ်အပေါ်၌သာလျှင် ယုံကြည်အားထား၏။ ထိုမှတစ်ပါး ငါသည်ထို အရှင်မြတ်ဖက်သို့သာလျှင် ပြန်လှည့်မည်ဖြစ်၏။


📚Juz 12 📄231 / 604



Mishary Rashid Alafasy
Mahmoud Khalil Al-Husary
Abdurrahman As-Sudais
Mohamed Siddiq Al-Minshawi
Abdul Basit Abdul Samad
Ali Al-Hudhaify
Ahmed ibn Ali al-Ajamy
Abu Bakr Ash-Shaatree
Muhammad Ayyoub
Abdullah Basfar
Abdullah Al-Juhani
Maher Al Muaiqly
0:00
0:00
-

ကုရ်အာန်ကျမ်း


Tuesday, August 25, 2026

Don't forget us in your sincere prayers