ဟူဒ် · 88/123
ဘာသာပြန် အသံနိုင်ငံ — စူရာ ဟူဒ်
قَالَ يَا قَوْمِ أَرَأَيْتُمْ إِن كُنتُ عَلَىٰ بَيِّنَةٍ مِّن رَّبِّي وَرَزَقَنِي مِنْهُ رِزْقًا حَسَنًا ۚ وَمَا أُرِيدُ أَنْ أُخَالِفَكُمْ إِلَىٰ مَا أَنْهَاكُمْ عَنْهُ ۚ إِنْ أُرِيدُ إِلَّا الْإِصْلَاحَ مَا اسْتَطَعْتُ ۚ وَمَا تَوْفِيقِي إِلَّا بِاللَّهِ ۚ عَلَيْهِ تَوَكَّلْتُ وَإِلَيْهِ أُنِيبُ ۝٨٨
Qaala yaa qawmi ara`aitum in kuntu `alaa baiyinatim mir Rabbee wa razaqanee minhu rizqan hasanaa; wa maaa ureedu an ukhaalifakum ilaa maaa anhaakum `anh; in ureedu illal islaaha mastata`t; wa maa tawfeeqeee illaa billaah; `alaihi tawakkaltu wa ilaihi uneeb
📖 မြန်မာဘာသာ
(ထိုအခါ) ယင်း(နဗီတမန်တော်)ရှုအိုက်ဗ်က(မိမိအမျိုးသားတို့အား ဤသို့)ပြောဆို ဖြေကြားခဲ့ လေ၏။ အိုငါ၏အမျိုးသားတို့၊ အကယ်၍ ငါသည် မိမိအရှင်မြတ်ထံတော်မှသက်သေခံအပေါ်၌ တည်ရှိခဲ့ ပါလျှင်လည်းကောင်း၊ ထိုအရှင်မြတ်သည် ငါ့အား မိမိအထံတော်မှ ကောင်းမွန်မြင့်မြတ်သောစားနပ်ရိက္ခာကို ချီးမြှင့်ပေးသနားတော်မူခဲ့ပါလျှင် အသင်တို့သည် မည်သို့ယူဆကြပါသနည်း။ ၎င်းပြင် ငါသည် မိမိကိုယ်တိုင် အသင်တို့အား တားမြစ်သောကိစ္စကို အသင်တို့နှင့်ဆန့်ကျင်၍ ကိုယ်တိုင်ပြုလုပ်ရန် ရည်စူးသည်မဟုတ်ပေ။ အမှန်စင်စစ် ငါသည် မိမိတတ်စွမ်းနိုင်သမျှ ကာလပတ်လုံး (အသင်တို့၏ဆိုးရွားနေသောအခြေအနေကို)ပြုပြင်ရန်သာလျှင် ရည်စူးလေသည်။ သို့ရာတွင် ငါ၏အောင်မြင်မှုကား အလ္လာဟ်အရှင်မြတ်၏ ကူညီမှုအပေါ်၌သာလျှင် ရှိနေပေရာ ငါသည် ထိုအရှင်မြတ်အပေါ်၌သာလျှင် ယုံကြည်အားထား၏။ ထိုမှတစ်ပါး ငါသည်ထို အရှင်မြတ်ဖက်သို့သာလျှင် ပြန်လှည့်မည်ဖြစ်၏။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. အာယသ်တော်တွင် ရှင်းလင်းဖွင့်ဆိုရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ:
  • ဗိုင်နသ် (بَيِّنَة): ထင်ရှားသော သက်သေ၊ ရှင်းလင်းသော အထောက်အထား၊ ဉာဏ်အလင်း။
  • ရိဇ်ကွန်ဟာစန် (رِزْقًا حَسَنًا): ကောင်းမွန်သော ရိဇ်က်၊ ခွင့်ပြုထားသော (ဟလာလ်) သန့်ရှင်းသော ဥစ္စာဓန။
  • အုခွာလိဖကူမ် (أُخَالِفَكُمْ): သင်တို့နှင့် ဆန့်ကျင်ဘက်ပြုခြင်း၊ သင်တို့မလုပ်ရန် တားမြစ်ထားသည့်အရာကို ကိုယ်တိုင်လုပ်ခြင်း။
  • အစ်လာဟ် (الْإِصْلَاح): ပြုပြင်ခြင်း၊ ကောင်းမွန်အောင် ပြင်ဆင်ခြင်း။
  • တောင်ဖီက် (تَوْفِيق): အလ္လာဟ်အရှင်မြတ်က ကောင်းမှုလမ်းစဉ်များကို လွယ်ကူစေတော်မူခြင်း၊ အောင်မြင်မှုပေးတော်မူခြင်း။
  • တဝက္ကုလ် (تَوَكَّلْتُ): အလ္လာဟ်အရှင်မြတ်အပေါ် ယုံကြည်စိတ်ချမှု ထားရှိခြင်း။
  • အုနီးဗ် (أُنِيبُ): ပြန်လည်လှည့်ခြင်း၊ အရှင်မြတ်ထံသို့ ပြန်လည်ချဉ်းကပ်ခြင်း။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်:

တမန်တော် ရှုအိုင်ဗ် (အလိုင်ဟိစ်စလာမ်) က မိမိ၏လူမျိုးများအား ဤသို့ပြောကြားခဲ့သည် — အို ကျွန်ုပ်၏လူမျိုးတို့၊ ကျွန်ုပ်သည် ကျွန်ုပ်၏အရှင်မြတ်ထံမှ ထင်ရှားသော သက်သေအထောက်အထားနှင့် ဉာဏ်အလင်းပေါ်တွင် ရပ်တည်နေပါက၊ ထို့အပြင် အရှင်မြတ်သည် ကျွန်ုပ်အား မိမိထံမှ ကောင်းမွန်သန့်ရှင်းသော ရိဇ်က်ကို ချီးမြှင့်ပေးသနားတော်မူပါက သင်တို့ မည်သို့ယူဆကြသနည်း။ ကျွန်ုပ်သည် သင်တို့အား တားမြစ်ထားသည့်အရာများကို ကိုယ်တိုင်လုပ်ဆောင်၍ သင်တို့နှင့် ဆန့်ကျင်ဘက်ပြုလိုသည့် ဆန္ဒမရှိပါ။ ကျွန်ုပ်သည် မိမိတတ်နိုင်သမျှ အတိုင်းအတာအတွင်း ပြုပြင်ရေးကိုသာ ရည်ရွယ်ပါသည်။ ကျွန်ုပ်၏ အောင်မြင်မှုသည် အလ္လာဟ်အရှင်မြတ်နှင့်သာ ဆက်စပ်နေပါသည်။ အရှင်မြတ်အပေါ်တွင်သာ ကျွန်ုပ် ယုံကြည်စိတ်ချမှု ထားရှိပြီး အရှင်မြတ်ထံတော်သို့သာ ပြန်လည်ချဉ်းကပ်ပါသည်။

တမန်တော်ရှုအိုင်ဗ်သည် မိမိလူမျိုးများအား အလ္လာဟ်အရှင်မြတ်ကို ကိုးကွယ်ဆည်းကပ်ရန်၊ တစ်ဆူတည်းသော အရှင်မြတ်ကို ယုံကြည်ရန် ဖိတ်ခေါ်ရာတွင် မိမိတွင် အရှင်မြတ်ထံမှ ရရှိထားသော ထင်ရှားသည့် သက်သေအထောက်အထားနှင့် နဗီတမန်တော်အဖြစ် ဂုဏ်ပုဒ်ကို အခြေခံပြုကာ ဖိတ်ခေါ်နေခြင်းဖြစ်သည်။ ထို့အပြင် အရှင်မြတ်သည် သူ့အား



📜 အာယာသ် 86-90 — စူရာ ဟူဒ်

86بَقِيَّتُ اللَّهِ خَيْرٌ لَّكُمْ إِن كُنتُم مُّؤْمِنِينَ ۚ وَمَا أَنَا عَلَيْكُم بِحَفِيظٍ
အကယ်၍ အသင်တို့သည် မုအ်မင်န် သက်ဝင်ယုံကြည်သူများဖြစ်ကြပါလျှင် အလ္လာဟ်အရှင်မြတ် (ချီးမြှင့်တော်မူသော အရာများအနက်မှ) ကြွင်းကျန်သော ဟလာလ်(ပစ္စည်း)ကား အသင်တို့အဖို့ အကောင်းဆုံးပင်။ စင်စစ်သော်ကား ငါသည် အသင်တို့အား (အလ္လာဟ်အရှင်မြတ်၏ ပြစ်ဒဏ်မှ)ထိန်းသိမ်းစောင့်ရှောက်သူမဟုတ်ချေ။ (တာဝန်ခံမဟုတ်ချေ)
87قَالُوا يَا شُعَيْبُ أَصَلَاتُكَ تَأْمُرُكَ أَن نَّتْرُكَ مَا يَعْبُدُ آبَاؤُنَا أَوْ أَن نَّفْعَلَ فِي أَمْوَالِنَا مَا نَشَاءُ ۖ إِنَّكَ لَأَنتَ الْحَلِيمُ الرَّشِيدُ
၎င်း(အမျိုးသား)တို့က(နဗီတမန်တော် ရှုအိုက်ဗ်အားဤသို့)ပြောဆိုခဲ့ကြ၏။ အို-ရှုအိုက်ဗ်၊ အသင်၏ ဆွလာတ်ဝတ်ပြုမှုသည်(သာသနာသည်)အသင့်အား ကျွန်ုပ်တို့(၏အကြီးအကဲများဖြစ်ကြကုန်သော)အဖ၊ဘိုး၊ဘေးတို့ကိုးကွယ်ဆည်းကပ်ကြလေသောဘုရားများကို ကျွန်ုပ်တို့စွန့်လွှတ်ရန်လည်း ကောင်း၊ကျွန်ုပ်တို့သည် မိမိတို့ဥစ္စာပစ္စည်းများတွင် မိမိတို့အလိုကျပြုလုပ်ကြသည်ကို ကျွန်ုပ်တို့ စွန့်လွှတ်ရန်လည်းကောင်း၊ စေခိုင်းပါသလော။ ဧကန်အမှန် အသင်တစ်ဦးသည်(ပင်ဣန္ဒြေ)နှင့်ပြည့်စုံသောသူ၊ ရိုးသားဖြောင့်မတ်သောသူ ဖြစ်သည်လော။
88قَالَ يَا قَوْمِ أَرَأَيْتُمْ إِن كُنتُ عَلَىٰ بَيِّنَةٍ مِّن رَّبِّي وَرَزَقَنِي مِنْهُ رِزْقًا حَسَنًا ۚ وَمَا أُرِيدُ أَنْ أُخَالِفَكُمْ إِلَىٰ مَا أَنْهَاكُمْ عَنْهُ ۚ إِنْ أُرِيدُ إِلَّا الْإِصْلَاحَ مَا اسْتَطَعْتُ ۚ وَمَا تَوْفِيقِي إِلَّا بِاللَّهِ ۚ عَلَيْهِ تَوَكَّلْتُ وَإِلَيْهِ أُنِيبُ
(ထိုအခါ) ယင်း(နဗီတမန်တော်)ရှုအိုက်ဗ်က(မိမိအမျိုးသားတို့အား ဤသို့)ပြောဆို ဖြေကြားခဲ့ လေ၏။ အိုငါ၏အမျိုးသားတို့၊ အကယ်၍ ငါသည် မိမိအရှင်မြတ်ထံတော်မှသက်သေခံအပေါ်၌ တည်ရှိခဲ့ ပါလျှင်လည်းကောင်း၊ ထိုအရှင်မြတ်သည် ငါ့အား မိမိအထံတော်မှ ကောင်းမွန်မြင့်မြတ်သောစားနပ်ရိက္ခာကို ချီးမြှင့်ပေးသနားတော်မူခဲ့ပါလျှင် အသင်တို့သည် မည်သို့ယူဆကြပါသနည်း။ ၎င်းပြင် ငါသည် မိမိကိုယ်တိုင် အသင်တို့အား တားမြစ်သောကိစ္စကို အသင်တို့နှင့်ဆန့်ကျင်၍ ကိုယ်တိုင်ပြုလုပ်ရန် ရည်စူးသည်မဟုတ်ပေ။ အမှန်စင်စစ် ငါသည် မိမိတတ်စွမ်းနိုင်သမျှ ကာလပတ်လုံး (အသင်တို့၏ဆိုးရွားနေသောအခြေအနေကို)ပြုပြင်ရန်သာလျှင် ရည်စူးလေသည်။ သို့ရာတွင် ငါ၏အောင်မြင်မှုကား အလ္လာဟ်အရှင်မြတ်၏ ကူညီမှုအပေါ်၌သာလျှင် ရှိနေပေရာ ငါသည် ထိုအရှင်မြတ်အပေါ်၌သာလျှင် ယုံကြည်အားထား၏။ ထိုမှတစ်ပါး ငါသည်ထို အရှင်မြတ်ဖက်သို့သာလျှင် ပြန်လှည့်မည်ဖြစ်၏။
89وَيَا قَوْمِ لَا يَجْرِمَنَّكُمْ شِقَاقِي أَن يُصِيبَكُم مِّثْلُ مَا أَصَابَ قَوْمَ نُوحٍ أَوْ قَوْمَ هُودٍ أَوْ قَوْمَ صَالِحٍ ۚ وَمَا قَوْمُ لُوطٍ مِّنكُم بِبَعِيدٍ
အမှန်သော်ကား အို-ငါ၏အမျိုးသားတို့၊ ငါနှင့်စိတ်ဝမ်းကွဲပြားမှုသည် အသင်တို့၌(နဗီတမန်တော်)နူဟ်၏အမျိုးသားတို့၌ သက်ရောက်ခဲ့ဘိသကဲ့သို့သော ဘေးဒုက္ခမျိုးသော်လည်းကောင်း၊(နဗီတမန်တော်)ဟူဒ်၏အမျိုးသားတို့၌သက်ရောက်ခဲ့ဘိသကဲ့သို့သော ဘေးဒုက္ခမျိုးသော်လည်းကောင်း၊(နဗီတမန်တော်) ဆွာလိဟ်၏အမျိုးသားတို့၌ သက်ရောက်ခဲ့ဘိသကဲ့သို့သော ဘေးဒုက္ခမျိုးသော် လည်းကောင်း၊ သက်ရောက်စေရန်အသင်တို့အား အလျဉ်းလှုံ့ဆော်ဖန်တီးသည် မရှိစေရ။ ၎င်းပြင်(နဗီတမန်တော်)လူ(တ်)၏အမျိုးသား တို့(၌သက်ရောက်ခဲ့သောပြစ်ဒဏ်)မှာလည်း သင်တို့နှင့် မဝေးလှပေ။
90وَاسْتَغْفِرُوا رَبَّكُمْ ثُمَّ تُوبُوا إِلَيْهِ ۚ إِنَّ رَبِّي رَحِيمٌ وَدُودٌ
ထိုမှတစ်ပါး အသင်တို့သည် မိမိတို့၏အရှင်မြတ်အထံတော်၌ လွတ်ငြိမ်းချမ်းသာခွင့်ကို ပန်ကြားကြလေကုန်။ထို့နောက် အသင်တို့သည် (မိမိတို့၏အာရုံကို) ထိုအရှင်မြတ်ဖက်သို့သာလျှင် လှည့်ကြလေကုန်။ ဧကန်မလွဲ ငါ့အားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် အလွန်တရာ ချစ်ကြင်တော်မူသော အရှင်မြတ်ပင်တည်း။
ဟူဒ်ကုရ်အာန် ညွှန်းကိန်း
123အာယာသ်
MeccanRevelation
88အာယာသ်

ဘာသာပြန် — ဟူဒ် 88

စူရာ ဟူဒ် အာယာသ် 88 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (ထိုအခါ) ယင်း(နဗီတမန်တော်)ရှုအိုက်ဗ်က(မိမိအမျိုးသားတို့အား ဤသို့)ပြောဆို ဖြေကြားခဲ့ လေ၏။ အိုငါ၏အမျိုးသားတို့၊ အကယ်၍ ငါသည် မိမိအရှင်မြတ်ထံတော်မှသက်သေခံအပေါ်၌ တည်ရှိခဲ့…

စူရာ အာယာသ် 88/123 — စူရာ ဟူဒ် هود (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ဟူဒ် နားထောင်, စူရာ ဟူဒ် ဘာသာပြန်, စူရာ ဟူဒ် mp3, စူရာ ဟူဒ် pdf. အာယာသ် 86–90. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Friday, October 2, 2026

Don't forget us in your sincere prayers