ဟူဒ် · 84/123
ဘာသာပြန် အသံနိုင်ငံ — စူရာ ဟူဒ်
۞ وَإِلَىٰ مَدْيَنَ أَخَاهُمْ شُعَيْبًا ۚ قَالَ يَا قَوْمِ اعْبُدُوا اللَّهَ مَا لَكُم مِّنْ إِلَٰهٍ غَيْرُهُ ۖ وَلَا تَنقُصُوا الْمِكْيَالَ وَالْمِيزَانَ ۚ إِنِّي أَرَاكُم بِخَيْرٍ وَإِنِّي أَخَافُ عَلَيْكُمْ عَذَابَ يَوْمٍ مُّحِيطٍ ۝٨٤
Wa ilaa Madyana akhaahum Shu`aibaa; qaala yaa qawmi` budul laaha maa lakum min ilaahin ghairuhoo wa laa tanqusul mikyaala walmeezaan; inneee araakum bikhairinw wa innee akhaafu `alaikum `azaaba Yawmim muheet
📖 မြန်မာဘာသာ
ထိုနည်းတူစွာ (ငါအရှင်မြတ်သည်) မဒ်ယန်မြို့သားတို့ထံ ၎င်းတို့၏ ညီအစ်ကိုသားချင်းဖြစ်သော (နဗီတမန်တော်)ရှုအိုက်ဗ်အား (စေလွှတ်တော် မူခဲ့လေသည်။) (ထိုအခါ)ယင်း(နဗီတမန်တော်)ရှုအိုက်ဗ်သည် (၎င်းတို့အားဤသို့) ပြောဆိုဟောကြား ခဲ့လေသည်။ အို-ငါ၏အမျိုးသားတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်သာလျှင် ခဝပ်ကိုးကွယ်ဆည်းကပ်ကြလေကုန်။ အသင်တို့၌ ထိုအရှင်မြတ်မှ တစ်ပါး ဆည်းကပ်ကိုးကွယ်ရာ အရှင်ဟူ၍ အလျင်းမရှိချေ။ ထို့ပြင် အသင်တို့သည် (တောင်းတင်းအစရှိသော)ပမာဏ အချင်အတွယ်ကိုလည်းကောင်း၊ အလေးချိန်ကိုလည်းကောင်း၊ မလျှော့ကြကုန်လင့်။ ဧကန်စင်စစ် ငါသည် အသင်တို့ကောင်းစားလျက်ရှိနေကြသည်ကို မြင်နေပေသည်။ သို့ရာတွင် ဧကန်မလွဲ ငါသည်အသင်တို့အပေါ်ဝယ် ဝန်းခြုံမည့်နေ့၏ ပြစ်ဒဏ်ကို စိုးရိမ်မိပေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ:
  • မဒ်ယန် (مَدْيَن): ရှုအိုင်ဗ် (عليه السلام) ၏ လူမျိုးနေထိုင်ရာ မြို့ရွာ ဒေသအမည် ဖြစ်သည်။
  • မိက္ကယာလ် (الْمِكْيَال): ကောက်ပဲသီးနှံ စသည်တို့ကို ခြင်တွယ်ရာတွင် အသုံးပြုသော အတိုင်းအတာ ဗူး ဖြစ်သည်။
  • မီဇာန် (الْمِيزَان): အလေးချိန် ချိန်တွယ်ရာတွင် အသုံးပြုသော ချိန်ခွင် ဖြစ်သည်။
  • မုဟီသ် (مُّحِيطٍ): လွှမ်းခြုံဖုံးလွှမ်းသော၊ ဝန်းရံထားသော ဟု အဓိပ္ပာယ်ရသည်။
  1. အာယသ်တော်၏ အဓိပ္ပာယ် ရှင်းလင်းချက်:

အလ္လာဟ်အရှင်မြတ်သည် မဒ်ယန်မြို့သူမြို့သားများထံသို့ သူတို့၏ ညီအစ်ကို ရှုအိုင်ဗ် (عليه السلام) ကို တမန်တော်အဖြစ် စေလွှတ်တော်မူခဲ့သည်။ ရှုအိုင်ဗ် (عليه السلام) က သူ၏ လူမျိုးများအား ဤသို့ ဟောကြားခဲ့သည်။

အို ကျွန်ုပ်၏ လူမျိုးတို့၊ အလ္လာဟ်အရှင်မြတ်ကို တစ်ဆူတည်း ကိုးကွယ်ကြပါ။ ထိုအရှင်မြတ်မှတစ်ပါး သင်တို့ ကိုးကွယ်ထိုက်သော အခြားကိုးကွယ်ရာ မရှိပါ။ ထို့ကြောင့် ကိုးကွယ်မှုကို ထိုအရှင်မြတ်အတွက်သာ သီးသန့်ထားရှိကြပါ။

ထို့နောက် ရှုအိုင်ဗ် (عليه السلام) က သူတို့၏ စီးပွားရေး အလွဲသုံးစားမှုများကို သတိပေးခဲ့သည်။ လူများထံမှ ပစ္စည်းဥစ္စာ ဝယ်ယူရာတွင် ခြင်တွယ်သော အတိုင်းအတာကို လျှော့ချ၍ မပေးကြရန်၊ ချိန်တွယ်သော အလေးချိန်ကို လျှော့ချ၍ မပေးကြရန် မိန့်ကြားခဲ့သည်။ ဆိုလိုသည်မှာ သူတို့သည် လူများအား ပစ္စည်းရောင်းချရာတွင် အတိုင်းအတာ မပြည့်မမှီ လျှော့ပေး၍ မတရားမှု မပြုလုပ်ကြရန် ဖြစ်သည်။

ထို့နောက် ရှုအိုင်ဗ် (عليه السلام) က ဤသို့ ဆက်လက် မိန့်ကြားခဲ့သည်။ အို ကျွန်ုပ်၏ လူမျိုးတို့၊ ကျွန်ုပ်သည် သင်တို့အား စီးပွားရေး ချမ်းသာကြွယ်ဝမှု၊ စည်းစိမ်ဥစ္စာ ပြည့်စုံမှုတွင် ရှိနေသည်ကို မြင်တွေ့ရသည်။ သင်တို့သည် ချမ်းသာကြွယ်ဝနေပြီ ဖြစ်သောကြောင့် လူများ၏ ပစ္စည်းဥစ္စာကို လျှော့ချယူခြင်းဖြင့် အလ္လာဟ်အရှင်မြတ် ပေးသနားထားသော ဂုဏ်ကျေးဇူးကို ဖျက်ဆီးခြင်း မပြုလုပ်ကြပါနှင့်။

ထို့ပြင် ကျွန်ုပ်သည် သင်တို့အပေါ် ဝန်းရံဖုံးလွှမ်းသော နေ့တစ်နေ့၏ ပြစ်ဒဏ်ကို စိုးရိမ်မိပါသည်။ ထိုနေ့သည် ကိယာမသ်နေ့ ဖြစ်ပြီ



📜 အာယာသ် 82-86 — စူရာ ဟူဒ်

82فَلَمَّا جَاءَ أَمْرُنَا جَعَلْنَا عَالِيَهَا سَافِلَهَا وَأَمْطَرْنَا عَلَيْهَا حِجَارَةً مِّن سِجِّيلٍ مَّنضُودٍ
ထို့နောက် ငါအရှင်မြတ်၏အမိန့်တော်ရောက်ရှိလာသောအခါ ငါအရှင်မြတ်သည် ထိုမြို့ရွာကို အထက်အောက်(ပြောင်းပြန်)လှန်ပစ်တော်မူခဲ့လေသည်။ ထို့ပြင်ငါအရှင်မြတ်သည် မြို့ရွာပေါ်သို့ ရွှံ့၊ ကျောက်ခဲမိုးကို ရွာသွန်းချစေတော်မူခဲ့လေသည်။
83مُّسَوَّمَةً عِندَ رَبِّكَ ۖ وَمَا هِيَ مِنَ الظَّالِمِينَ بِبَعِيدٍ
(ထိုကျောက်ခဲများသည်) အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ အထူး အမှတ်တံဆိပ်ခတ်နှိပ်ပြီးဖြစ်သော (ကျောက်ခဲများဖြစ်သည်)။ စင်စစ်ထိုမြို့ရွာသည် မတရားပြုမူကြကုန်သော (မက္ကာဟ်မြို့သား)တို့နှင့်ကား ဝေးကွာသည်မဟုတ်ပေ။
84۞ وَإِلَىٰ مَدْيَنَ أَخَاهُمْ شُعَيْبًا ۚ قَالَ يَا قَوْمِ اعْبُدُوا اللَّهَ مَا لَكُم مِّنْ إِلَٰهٍ غَيْرُهُ ۖ وَلَا تَنقُصُوا الْمِكْيَالَ وَالْمِيزَانَ ۚ إِنِّي أَرَاكُم بِخَيْرٍ وَإِنِّي أَخَافُ عَلَيْكُمْ عَذَابَ يَوْمٍ مُّحِيطٍ
ထိုနည်းတူစွာ (ငါအရှင်မြတ်သည်) မဒ်ယန်မြို့သားတို့ထံ ၎င်းတို့၏ ညီအစ်ကိုသားချင်းဖြစ်သော (နဗီတမန်တော်)ရှုအိုက်ဗ်အား (စေလွှတ်တော် မူခဲ့လေသည်။) (ထိုအခါ)ယင်း(နဗီတမန်တော်)ရှုအိုက်ဗ်သည် (၎င်းတို့အားဤသို့) ပြောဆိုဟောကြား ခဲ့လေသည်။ အို-ငါ၏အမျိုးသားတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်သာလျှင် ခဝပ်ကိုးကွယ်ဆည်းကပ်ကြလေကုန်။ အသင်တို့၌ ထိုအရှင်မြတ်မှ တစ်ပါး ဆည်းကပ်ကိုးကွယ်ရာ အရှင်ဟူ၍ အလျင်းမရှိချေ။ ထို့ပြင် အသင်တို့သည် (တောင်းတင်းအစရှိသော)ပမာဏ အချင်အတွယ်ကိုလည်းကောင်း၊ အလေးချိန်ကိုလည်းကောင်း၊ မလျှော့ကြကုန်လင့်။ ဧကန်စင်စစ် ငါသည် အသင်တို့ကောင်းစားလျက်ရှိနေကြသည်ကို မြင်နေပေသည်။ သို့ရာတွင် ဧကန်မလွဲ ငါသည်အသင်တို့အပေါ်ဝယ် ဝန်းခြုံမည့်နေ့၏ ပြစ်ဒဏ်ကို စိုးရိမ်မိပေသတည်း။
85وَيَا قَوْمِ أَوْفُوا الْمِكْيَالَ وَالْمِيزَانَ بِالْقِسْطِ ۖ وَلَا تَبْخَسُوا النَّاسَ أَشْيَاءَهُمْ وَلَا تَعْثَوْا فِي الْأَرْضِ مُفْسِدِينَ
ထိုမှတစ်ပါး အို-ငါ၏အမျိုးသားတို့၊ အသင် တို့သည် (တောင်း၊တင်းစသော)ပမာဏအချင်အတွယ်များ ကိုလည်းကောင်း၊ အလေးချိန်ကိုလည်းကောင်း၊ အပြည့်ပေးကြလေကုန်။ ထို့ပြင် အသင်တို့သည် လူတို့အား (အရောင်းအဝယ်ပြုကြသောအခါဝယ်) ၎င်းတို့ပစ္စည်းများကို လျော့၍ မပေးကြကုန်လင့်။ ၎င်းပြင် အသင်တို့သည် ကမ္ဘာမြေဝယ်ဖျက်ဆီးသူများ အဖြစ်ဖြင့် မသောင်းကျန်းကြကုန်လင့်။
86بَقِيَّتُ اللَّهِ خَيْرٌ لَّكُمْ إِن كُنتُم مُّؤْمِنِينَ ۚ وَمَا أَنَا عَلَيْكُم بِحَفِيظٍ
အကယ်၍ အသင်တို့သည် မုအ်မင်န် သက်ဝင်ယုံကြည်သူများဖြစ်ကြပါလျှင် အလ္လာဟ်အရှင်မြတ် (ချီးမြှင့်တော်မူသော အရာများအနက်မှ) ကြွင်းကျန်သော ဟလာလ်(ပစ္စည်း)ကား အသင်တို့အဖို့ အကောင်းဆုံးပင်။ စင်စစ်သော်ကား ငါသည် အသင်တို့အား (အလ္လာဟ်အရှင်မြတ်၏ ပြစ်ဒဏ်မှ)ထိန်းသိမ်းစောင့်ရှောက်သူမဟုတ်ချေ။ (တာဝန်ခံမဟုတ်ချေ)
ဟူဒ်ကုရ်အာန် ညွှန်းကိန်း
123အာယာသ်
MeccanRevelation
84အာယာသ်

ဘာသာပြန် — ဟူဒ် 84

စူရာ ဟူဒ် အာယာသ် 84 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုနည်းတူစွာ (ငါအရှင်မြတ်သည်) မဒ်ယန်မြို့သားတို့ထံ ၎င်းတို့၏ ညီအစ်ကိုသားချင်းဖြစ်သော (နဗီတမန်တော်)ရှုအိုက်ဗ်အား (စေလွှတ်တော် မူခဲ့လေသည်။) (ထိုအခါ)ယင်း(နဗီတမန်တော်)ရှုအိုက်ဗ်သည် (၎င်းတို့အားဤသို့)…

စူရာ အာယာသ် 84/123 — စူရာ ဟူဒ် هود (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ဟူဒ် နားထောင်, စူရာ ဟူဒ် ဘာသာပြန်, စူရာ ဟူဒ် mp3, စူရာ ဟူဒ် pdf. အာယာသ် 82–86. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers