📖 0/604 ဖတ်ပြီးသောစာမျက်နှာများ
📄 243
قَالَ هَلۡ ءَامَنُكُمۡ عَلَيۡهِ إِلَّا كَمَآ أَمِنتُكُمۡ عَلَىٰٓ أَخِيهِ مِن قَبۡلُ فَٱللَّهُ خَيۡرٌ حَٰفِظًاۖ وَهُوَ أَرۡحَمُ ٱلرَّٰحِمِينَ  ۝٦٤ وَلَمَّا فَتَحُواْ مَتَٰعَهُمۡ وَجَدُواْ بِضَٰعَتَهُمۡ رُدَّتۡ إِلَيۡهِمۡۖ قَالُواْ يَٰٓأَبَانَا مَا نَبۡغِيۖ هَٰذِهِۦ بِضَٰعَتُنَا رُدَّتۡ إِلَيۡنَاۖ وَنَمِيرُ أَهۡلَنَا وَنَحۡفَظُ أَخَانَا وَنَزۡدَادُ كَيۡلَ بَعِيرٍۖ ذَٰلِكَ كَيۡلٌ يَسِيرٌ  ۝٦٥ قَالَ لَنۡ أُرۡسِلَهُۥ مَعَكُمۡ حَتَّىٰ تُؤۡتُونِ مَوۡثِقًا مِّنَ ٱللَّهِ لَتَأۡتُنَّنِي بِهِۦٓ إِلَّآ أَن يُحَاطَ بِكُمۡۖ فَلَمَّآ ءَاتَوۡهُ مَوۡثِقَهُمۡ قَالَ ٱللَّهُ عَلَىٰ مَا نَقُولُ وَكِيلٌ  ۝٦٦ وَقَالَ يَٰبَنِيَّ لَا تَدۡخُلُواْ مِنۢ بَابٍ وَٰحِدٍ وَٱدۡخُلُواْ مِنۡ أَبۡوَٰبٍ مُّتَفَرِّقَةٍۖ وَمَآ أُغۡنِي عَنكُم مِّنَ ٱللَّهِ مِن شَيۡءٍۖ إِنِ ٱلۡحُكۡمُ إِلَّا لِلَّهِۖ عَلَيۡهِ تَوَكَّلۡتُۖ وَعَلَيۡهِ فَلۡيَتَوَكَّلِ ٱلۡمُتَوَكِّلُونَ  ۝٦٧ وَلَمَّا دَخَلُواْ مِنۡ حَيۡثُ أَمَرَهُمۡ أَبُوهُم مَّا كَانَ يُغۡنِي عَنۡهُم مِّنَ ٱللَّهِ مِن شَيۡءٍ إِلَّا حَاجَةً فِي نَفۡسِ يَعۡقُوبَ قَضَىٰهَاۚ وَإِنَّهُۥ لَذُو عِلۡمٍ لِّمَا عَلَّمۡنَٰهُ وَلَٰكِنَّ أَكۡثَرَ ٱلنَّاسِ لَا يَعۡلَمُونَ  ۝٦٨ وَلَمَّا دَخَلُواْ عَلَىٰ يُوسُفَ ءَاوَىٰٓ إِلَيۡهِ أَخَاهُۖ قَالَ إِنِّيٓ أَنَا۠ أَخُوكَ فَلَا تَبۡتَئِسۡ بِمَا كَانُواْ يَعۡمَلُونَ  ۝٦٩
12:64
قَالَ هَلۡ ءَامَنُكُمۡ عَلَيۡهِ إِلَّا كَمَآ أَمِنتُكُمۡ عَلَىٰٓ أَخِيهِ مِن قَبۡلُ فَٱللَّهُ خَيۡرٌ حَٰفِظًاۖ وَهُوَ أَرۡحَمُ ٱلرَّٰحِمِينَ  ۝٦٤
(ထိုအခါ)ထိုခမည်းတော်သည် (ဤသို့) ပြန်ကြားခဲ့လေ၏။ ငါသည် အသင်တို့အပေါ်ဝယ် ယင်းညီတော်နှင့်ပတ်သက်၍ ယခင်က ၎င်း၏နောင်တော်(ယူဆွဖ်)နှင့်ပတ်သက်၍ယုံကြည်စိတ်ချဘိ သကဲ့သို့ပင် ယုံကြည်ရမည်သာဖြစ်သည်။သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် အကောင်းဆုံးစောင့်ရှောက်တော်မူသောအရှင်၊ ကရုဏာပြုသူတို့တွင် ကရုဏာအပြုဆုံးသောအရှင်၊ ဖြစ်တော်မူပေသတည်း။
12:65
وَلَمَّا فَتَحُواْ مَتَٰعَهُمۡ وَجَدُواْ بِضَٰعَتَهُمۡ رُدَّتۡ إِلَيۡهِمۡۖ قَالُواْ يَٰٓأَبَانَا مَا نَبۡغِيۖ هَٰذِهِۦ بِضَٰعَتُنَا رُدَّتۡ إِلَيۡنَاۖ وَنَمِيرُ أَهۡلَنَا وَنَحۡفَظُ أَخَانَا وَنَزۡدَادُ كَيۡلَ بَعِيرٍۖ ذَٰلِكَ كَيۡلٌ يَسِيرٌ  ۝٦٥
ထို့နောက် ၎င်းတို့သည် မိမိတို့၏ ပစ္စည်းကိုဖွင့်ခဲ့ကြသောအခါ မိမိတို့ အရင်းအနှီးပြုသော ပစ္စည်းကို ၎င်းတို့အား ပြန်လည်ထည့်ပေးလိုက်သည်ကို တွေ့ရှိခဲ့ကြလေသည်။(ထိုအခါ) ၎င်းတို့က (ဤသို့) လျှောက်ထားကြပြန်လေသည်။အို-ကျွန်တော်မျိုးတို့၏ ဖခမည်းတော်၊ ကျွန်တော်မျိုးတို့ မည်သည့်အရာကို အလိုရှိကြပါသေးသနည်း၊ ဤသည် ကျွန်တော်မျိုး တို့ အရင်းအနှီးပြုသောပစ္စည်းပင် ဖြစ်ပါသည်။ ထိုအရင်းအနှီးပြုသောပစ္စည်းသည်လည်း ကျွန်တော်မျိုးတို့အား ပြန်ပေးထားပြီး ဖြစ်ပါသည်။ ၎င်းပြင် ကျွန်တော်မျိုးတို့သည် မိမိတို့အိမ်သူအိမ်သားများအဖို့(ထပ်မံ၍)စားနပ်ရိက္ခာများ ယူဆောင်လာကြပါမည်။ ထိုမှတစ်ပါး၊ ကျွန်တော်မျိုးတို့သည် မိမိတို့ညီတော်အားလည်း ထိန်းသိမ်းစောင့်ရှောက်ကြပါမည်။ ထို့ပြင်ကျွန်တော်မျိုးတို့သည် ကုလားအုတ်တစ်စီးစာ (စားနပ်ရိက္ခာ)ကိုလည်း ပိုမို၍ယူဆောင်လာကြပါမည်။ ဤကား လွယ်ကူစွာရရှိမည်ဖြစ်သောရိက္ခာပင်ဖြစ်ပါသည်။ (တစ်နည်း-ယခု ကျွန်တော်မျိုးတို့ ယူဆောင်လာခဲ့ကြသော) ဤ(ရိက္ခာ)သည်ကားအလွန်နည်းလှပါသည်။
12:66
قَالَ لَنۡ أُرۡسِلَهُۥ مَعَكُمۡ حَتَّىٰ تُؤۡتُونِ مَوۡثِقًا مِّنَ ٱللَّهِ لَتَأۡتُنَّنِي بِهِۦٓ إِلَّآ أَن يُحَاطَ بِكُمۡۖ فَلَمَّآ ءَاتَوۡهُ مَوۡثِقَهُمۡ قَالَ ٱللَّهُ عَلَىٰ مَا نَقُولُ وَكِيلٌ  ۝٦٦
(ထိုအခါ) ထိုဖခမည်းတော်က အသင်တို့သည်ငါ့အား အလ္လာဟ်အရှင်မြတ်ကို တိုင်တည်၍ အသင်တို့ကိုယ်တိုင် (ဘေးရန်များ) ဝန်းဝိုင်းခြင်းကို ခံကြရသည်မှအပ ယင်းညီတော်အား ငါ့ထံသို့(ပြန်လည်၍ခေါ်)ယူခဲ့ကြမည်ဟူ၍ တစ်စုံတစ်ရာ(ခိုင်မာသော) အာမခံချက် မပေးသမျှ ကာလပတ်လုံးငါသည် ယင်း ညီတော်အား အသင်တို့နှင့်အတူ အလျှင်းစေလွှတ်မည် မဟုတ်ဟု ပြောကြားခဲ့လေသည်။ ထို့နောက် ၎င်းတို့သည် ထိုဖခမည်းတော်အား မိမိတို့၏အာမခံချက်ကို ပေးခဲ့ကြသောအခါ ထိုဖခမည်းတော်က အလ္လာဟ်အရှင်မြတ်သည် ငါတို့ပြောဆိုကြကုန်သော အကြောင်းအရာနှင့်စပ်လျဉ်း၍ လွှဲအပ်ခြင်းခံရတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူသည်ဟုပြောဆိုခဲ့လေ၏။
12:67
وَقَالَ يَٰبَنِيَّ لَا تَدۡخُلُواْ مِنۢ بَابٍ وَٰحِدٍ وَٱدۡخُلُواْ مِنۡ أَبۡوَٰبٍ مُّتَفَرِّقَةٍۖ وَمَآ أُغۡنِي عَنكُم مِّنَ ٱللَّهِ مِن شَيۡءٍۖ إِنِ ٱلۡحُكۡمُ إِلَّا لِلَّهِۖ عَلَيۡهِ تَوَكَّلۡتُۖ وَعَلَيۡهِ فَلۡيَتَوَكَّلِ ٱلۡمُتَوَكِّلُونَ  ۝٦٧
၎င်းပြင် ထိုဖခမည်းတော်က(ဆက်လက်၍ ဤုသို့) ပြောဆိုမှာကြားခဲ့ပြန်လေသည်။ အို-ငါ၏ (ချစ်)သားတို့၊အသင်တို့သည် (အီဂျစ်မြို့တော်သို့ ဝင်သောအခါ) တံခါးပေါက်တစ်ပေါက်တည်းမှ မဝင်ကြကုန်လင့်။ သို့ရာတွင် အသင်တို့သည် တခြားစီဖြစ်သောတံခါးများမှ ဝင်ကြေလေကုန်။ စင်စစ်သော်ကား ငါ(၏အကြံပေးချက်)သည် အသင်တို့အဖို့ အလ္လာဟ်အရှင်မြတ်(၏အလိုတော်)နှင့်ယှဉ်ပြိုင်၍ အနည်းငယ်မျှပင်အသုံးကျမည်မဟုတ်ပေ။ အမိန့် အာဏာသည်ကား အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားမည်သူ တစ်ဦးတစ်ယောက်၌မျှမရှိချေ။ စင်စစ်တမူကား ယုံကြည်အားထား လွှဲအပ်သူတို့သည်ထိုအလ္လာဟ်အရှင်မြတ် အပေါ်၌သာလျှင် ယုံကြည်အားထားလွှဲအပ်ထိုက်ပေသတည်း။
12:68
وَلَمَّا دَخَلُواْ مِنۡ حَيۡثُ أَمَرَهُمۡ أَبُوهُم مَّا كَانَ يُغۡنِي عَنۡهُم مِّنَ ٱللَّهِ مِن شَيۡءٍ إِلَّا حَاجَةً فِي نَفۡسِ يَعۡقُوبَ قَضَىٰهَاۚ وَإِنَّهُۥ لَذُو عِلۡمٍ لِّمَا عَلَّمۡنَٰهُ وَلَٰكِنَّ أَكۡثَرَ ٱلنَّاسِ لَا يَعۡلَمُونَ  ۝٦٨
ထို့နောက် ၎င်းတို့သည်(အီဂျစ်မြို့တော်သို့) မိမိတို့အား မိမိတို့၏ဖခမည်းတော်က မှာကြားခဲ့သည့် နည်းအတိုင်းဝင်ရောက်ခဲ့ကြသောအခါ (ထိုဖခမည်းတော် နဗီတမန်တော်ယအ်ကူဗ်၏) အကြံပေးချက်သည် ယအ်ကူဗ်၏စိတ်ထဲတွင်အလိုဆန္ဒတစ်ခုရှိခဲ့သည်ကို ထိုယအ်ကူဗ်က ပြီးမြောက်အောင်ရွက်ဆောင်ကြည့်ခဲ့သည်မှအပ အလ္လာဟ်အရှင်မြတ်(၏အလိုတော်)နှင့်ဆန့်ကျင်၍ လုံးဝအသုံးမဝင်ခဲ့ချေ။ စင်စစ်မူကား မလွဲဧကန် ထိုယအ်ကူဗ်သည် ငါအရှင်မြတ်က ၎င်းအားပညာသင်ကြား ပို့ချတော်မူခဲ့သောကြောင့် ပညာရှင်တစ်ဦးအမှန်ပင် ဖြစ်ခဲ့ပေသည်။ သို့ရာတွင် လူသားတို့အနက် အများစုမှာမူ မသိနားမလည်ကြချေ။
12:69
وَلَمَّا دَخَلُواْ عَلَىٰ يُوسُفَ ءَاوَىٰٓ إِلَيۡهِ أَخَاهُۖ قَالَ إِنِّيٓ أَنَا۠ أَخُوكَ فَلَا تَبۡتَئِسۡ بِمَا كَانُواْ يَعۡمَلُونَ  ۝٦٩
တစ်ဖန် ၎င်းတို့သည် ယူဆွဖ်၏ထံ ဝင်ရောက်ခဲ့ကြသောအခါ ထိုယူဆွဖ်သည် မိမိညီတော်အား မိမိထံတွင်နေရာထိုင်ခင်းပေးခဲ့လေသည်။ (ထို့နောက်) ယင်းယူဆွဖ်ကဧကန်စင်စစ် ငါသည် အသင်၏နောင်တော်(ယူဆွဖ်)ပင်ဖြစ်ပေသည်။ သို့ဖြစ်ပေရာ အသင်သည် ၎င်းတို့ပြုလုပ်ခဲ့ကြသော ကိစ္စရပ်များ နှင့်စပ်လျဉ်း၍ စိတ်ဒုက္ခမဖြစ်ပါလေနှင့်ဟုပြောဆို (နှစ်သိမ့်စေ)ခဲ့လေသတည်း။


📚Juz 13 📄243 / 604



Mishary Rashid Alafasy
Mahmoud Khalil Al-Husary
Abdurrahman As-Sudais
Mohamed Siddiq Al-Minshawi
Abdul Basit Abdul Samad
Ali Al-Hudhaify
Ahmed ibn Ali al-Ajamy
Abu Bakr Ash-Shaatree
Muhammad Ayyoub
Abdullah Basfar
Abdullah Al-Juhani
Maher Al Muaiqly
0:00
0:00
-

ကုရ်အာန်ကျမ်း


Tuesday, August 25, 2026

Don't forget us in your sincere prayers