ယူစူဖ် · 67/111
ဘာသာပြန် အသံနိုင်ငံ — စူရာ ယူစူဖ်
وَقَالَ يَا بَنِيَّ لَا تَدْخُلُوا مِن بَابٍ وَاحِدٍ وَادْخُلُوا مِنْ أَبْوَابٍ مُّتَفَرِّقَةٍ ۖ وَمَا أُغْنِي عَنكُم مِّنَ اللَّهِ مِن شَيْءٍ ۖ إِنِ الْحُكْمُ إِلَّا لِلَّهِ ۖ عَلَيْهِ تَوَكَّلْتُ ۖ وَعَلَيْهِ فَلْيَتَوَكَّلِ الْمُتَوَكِّلُونَ ۝٦٧
Wa qaala yaa baniyya laa tadkhuloo mim baabinw waa hidinw wadkhuloo min abwaabim mutafarriqah; wa maaa ughnee `ankum minal laahi min shai`in; inil hukmu illaa lillaahi `alaihi tawakkaltu wa `alaihi fal yatawakkalil Mutawakkiloon
📖 မြန်မာဘာသာ
၎င်းပြင် ထိုဖခမည်းတော်က(ဆက်လက်၍ ဤုသို့) ပြောဆိုမှာကြားခဲ့ပြန်လေသည်။ အို-ငါ၏ (ချစ်)သားတို့၊အသင်တို့သည် (အီဂျစ်မြို့တော်သို့ ဝင်သောအခါ) တံခါးပေါက်တစ်ပေါက်တည်းမှ မဝင်ကြကုန်လင့်။ သို့ရာတွင် အသင်တို့သည် တခြားစီဖြစ်သောတံခါးများမှ ဝင်ကြေလေကုန်။ စင်စစ်သော်ကား ငါ(၏အကြံပေးချက်)သည် အသင်တို့အဖို့ အလ္လာဟ်အရှင်မြတ်(၏အလိုတော်)နှင့်ယှဉ်ပြိုင်၍ အနည်းငယ်မျှပင်အသုံးကျမည်မဟုတ်ပေ။ အမိန့် အာဏာသည်ကား အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားမည်သူ တစ်ဦးတစ်ယောက်၌မျှမရှိချေ။ စင်စစ်တမူကား ယုံကြည်အားထား လွှဲအပ်သူတို့သည်ထိုအလ္လာဟ်အရှင်မြတ် အပေါ်၌သာလျှင် ယုံကြည်အားထားလွှဲအပ်ထိုက်ပေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ

  • يَا بَنِيَّ — အို ငါ့သားတို့
  • لَا تَدْخُلُوا مِن بَابٍ وَاحِدٍ — တစ်ပေါက်တည်းမှ မဝင်ကြနှင့်
  • وَادْخُلُوا مِنْ أَبْوَابٍ مُّتَفَرِّقَةٍ — မတူညီသော တံခါးပေါက်များစွာမှ ဝင်ကြပါ
  • وَمَا أُغْنِي عَنكُم مِّنَ اللَّهِ مِن شَيْءٍ — အလ္လာဟ်အရှင်မြတ်ထံတော်မှ မည်သည့်အရာကိုမျှ ကျွန်ုပ်သည် သင်တို့အတွက် မတားဆီးနိုင်ပါ
  • إِنِ الْحُكْمُ إِلَّا لِلَّهِ — စီရင်ဆုံးဖြတ်ခွင့်သည် အလ္လာဟ်အရှင်မြတ်အတွက်သာလျှင် ဖြစ်သည်
  • تَوَكَّلْتُ — ကျွန်ုပ်သည် ယုံကြည်စိတ်ချအပ်နှံခဲ့သည်
  • الْمُتَوَكِّلُونَ — ယုံကြည်စိတ်ချအပ်နှံသူများ

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

တမန်တော် ယအ်ကူဗ် (အလိုင်ဟိစ်စလာမ်) သည် သူ၏သားတို့အား ဤသို့ မှာကြားခဲ့သည် — အို ငါ့သားတို့၊ သင်တို့သည် အီဂျစ်ပြည်သို့ ဝင်ရောက်သောအခါ တစ်ပေါက်တည်းမှ အတူတကွ မဝင်ကြနှင့်။ မတူညီသော တံခါးပေါက်များစွာမှ ခွဲ၍ ဝင်ကြပါ။ အကြောင်းမှာ သင်တို့သည် ရုပ်အဆင်းလှပသောကြောင့် မျက်စိအန္တရာယ် (အိုက်န်) ကျရောက်မည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။

သို့သော် ဤအကြံဉာဏ်သည် အလ္လာဟ်အရှင်မြတ်၏ စီရင်ဆုံးဖြတ်ချက်ကို မည်သည့်နည်းနှင့်မျှ ပြောင်းလဲနိုင်သည် မဟုတ်ပါ။ သင်တို့သည် ခွဲ၍ဝင်သည်ဖြစ်စေ၊ အတူတကွဝင်သည်ဖြစ်စေ၊ အလ္လာဟ်အရှင်မြတ် သတ်မှတ်ထားတော်မူသော အရာသည် ဖြစ်ပေါ်လာမည်သာ ဖြစ်သည်။ ကျွန်ုပ်သည် သင်တို့အတွက် အလ္လာဟ်အရှင်မြတ်ထံတော်မှ မည်သည့်အရာကိုမျှ မတားဆီးနိုင်ပါ။ စီရင်ဆုံးဖြတ်ခွင့်သည် အလ္လာဟ်အရှင်မြတ်အတွက်သာလျှင် ဖြစ်သည်။ ထိုအရှင်မြတ်အပေါ်သာလျှင် ကျွန်ုပ်သည် ယုံကြည်စိတ်ချအပ်နှံခဲ့သည်။ ယုံကြည်စိတ်ချအပ်နှံသူအားလုံးသည်လည်း ထိုအရှင်မြတ်အပေါ်သာလျှင် ယုံကြည်စိတ်ချအပ်နှံကြရမည် ဖြစ်သည်။

ဤအာယသ်တော်သည် အလ္လာဟ်အရှင်မြတ်ကို ယုံကြည်စိတ်ချအပ်နှံခြင်း (တဝက္ကုလ်) ၏ အဓိပ္ပာယ်ကို ရှင်းလင်းစွာ ဖော်ပြထားသည်။ လူသားသည် မိမိတတ်နိုင်သမျှ ကြိုးစားအားထုတ်ရမည်၊ အကြောင်းရင်းများကို ဖန်တီးရမည်၊ သို့သော် ရလဒ်ကို အလ္လာဟ်အရှင်မြတ်ထံသာ အပ်နှံရမည်။ အကြောင်းမှာ စီရင်ဆုံးဖြတ



📜 အာယာသ် 65-69 — စူရာ ယူစူဖ်

65وَلَمَّا فَتَحُوا مَتَاعَهُمْ وَجَدُوا بِضَاعَتَهُمْ رُدَّتْ إِلَيْهِمْ ۖ قَالُوا يَا أَبَانَا مَا نَبْغِي ۖ هَٰذِهِ بِضَاعَتُنَا رُدَّتْ إِلَيْنَا ۖ وَنَمِيرُ أَهْلَنَا وَنَحْفَظُ أَخَانَا وَنَزْدَادُ كَيْلَ بَعِيرٍ ۖ ذَٰلِكَ كَيْلٌ يَسِيرٌ
ထို့နောက် ၎င်းတို့သည် မိမိတို့၏ ပစ္စည်းကိုဖွင့်ခဲ့ကြသောအခါ မိမိတို့ အရင်းအနှီးပြုသော ပစ္စည်းကို ၎င်းတို့အား ပြန်လည်ထည့်ပေးလိုက်သည်ကို တွေ့ရှိခဲ့ကြလေသည်။(ထိုအခါ) ၎င်းတို့က (ဤသို့) လျှောက်ထားကြပြန်လေသည်။အို-ကျွန်တော်မျိုးတို့၏ ဖခမည်းတော်၊ ကျွန်တော်မျိုးတို့ မည်သည့်အရာကို အလိုရှိကြပါသေးသနည်း၊ ဤသည် ကျွန်တော်မျိုး တို့ အရင်းအနှီးပြုသောပစ္စည်းပင် ဖြစ်ပါသည်။ ထိုအရင်းအနှီးပြုသောပစ္စည်းသည်လည်း ကျွန်တော်မျိုးတို့အား ပြန်ပေးထားပြီး ဖြစ်ပါသည်။ ၎င်းပြင် ကျွန်တော်မျိုးတို့သည် မိမိတို့အိမ်သူအိမ်သားများအဖို့(ထပ်မံ၍)စားနပ်ရိက္ခာများ ယူဆောင်လာကြပါမည်။ ထိုမှတစ်ပါး၊ ကျွန်တော်မျိုးတို့သည် မိမိတို့ညီတော်အားလည်း ထိန်းသိမ်းစောင့်ရှောက်ကြပါမည်။ ထို့ပြင်ကျွန်တော်မျိုးတို့သည် ကုလားအုတ်တစ်စီးစာ (စားနပ်ရိက္ခာ)ကိုလည်း ပိုမို၍ယူဆောင်လာကြပါမည်။ ဤကား လွယ်ကူစွာရရှိမည်ဖြစ်သောရိက္ခာပင်ဖြစ်ပါသည်။ (တစ်နည်း-ယခု ကျွန်တော်မျိုးတို့ ယူဆောင်လာခဲ့ကြသော) ဤ(ရိက္ခာ)သည်ကားအလွန်နည်းလှပါသည်။
66قَالَ لَنْ أُرْسِلَهُ مَعَكُمْ حَتَّىٰ تُؤْتُونِ مَوْثِقًا مِّنَ اللَّهِ لَتَأْتُنَّنِي بِهِ إِلَّا أَن يُحَاطَ بِكُمْ ۖ فَلَمَّا آتَوْهُ مَوْثِقَهُمْ قَالَ اللَّهُ عَلَىٰ مَا نَقُولُ وَكِيلٌ
(ထိုအခါ) ထိုဖခမည်းတော်က အသင်တို့သည်ငါ့အား အလ္လာဟ်အရှင်မြတ်ကို တိုင်တည်၍ အသင်တို့ကိုယ်တိုင် (ဘေးရန်များ) ဝန်းဝိုင်းခြင်းကို ခံကြရသည်မှအပ ယင်းညီတော်အား ငါ့ထံသို့(ပြန်လည်၍ခေါ်)ယူခဲ့ကြမည်ဟူ၍ တစ်စုံတစ်ရာ(ခိုင်မာသော) အာမခံချက် မပေးသမျှ ကာလပတ်လုံးငါသည် ယင်း ညီတော်အား အသင်တို့နှင့်အတူ အလျှင်းစေလွှတ်မည် မဟုတ်ဟု ပြောကြားခဲ့လေသည်။ ထို့နောက် ၎င်းတို့သည် ထိုဖခမည်းတော်အား မိမိတို့၏အာမခံချက်ကို ပေးခဲ့ကြသောအခါ ထိုဖခမည်းတော်က အလ္လာဟ်အရှင်မြတ်သည် ငါတို့ပြောဆိုကြကုန်သော အကြောင်းအရာနှင့်စပ်လျဉ်း၍ လွှဲအပ်ခြင်းခံရတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူသည်ဟုပြောဆိုခဲ့လေ၏။
67وَقَالَ يَا بَنِيَّ لَا تَدْخُلُوا مِن بَابٍ وَاحِدٍ وَادْخُلُوا مِنْ أَبْوَابٍ مُّتَفَرِّقَةٍ ۖ وَمَا أُغْنِي عَنكُم مِّنَ اللَّهِ مِن شَيْءٍ ۖ إِنِ الْحُكْمُ إِلَّا لِلَّهِ ۖ عَلَيْهِ تَوَكَّلْتُ ۖ وَعَلَيْهِ فَلْيَتَوَكَّلِ الْمُتَوَكِّلُونَ
၎င်းပြင် ထိုဖခမည်းတော်က(ဆက်လက်၍ ဤုသို့) ပြောဆိုမှာကြားခဲ့ပြန်လေသည်။ အို-ငါ၏ (ချစ်)သားတို့၊အသင်တို့သည် (အီဂျစ်မြို့တော်သို့ ဝင်သောအခါ) တံခါးပေါက်တစ်ပေါက်တည်းမှ မဝင်ကြကုန်လင့်။ သို့ရာတွင် အသင်တို့သည် တခြားစီဖြစ်သောတံခါးများမှ ဝင်ကြေလေကုန်။ စင်စစ်သော်ကား ငါ(၏အကြံပေးချက်)သည် အသင်တို့အဖို့ အလ္လာဟ်အရှင်မြတ်(၏အလိုတော်)နှင့်ယှဉ်ပြိုင်၍ အနည်းငယ်မျှပင်အသုံးကျမည်မဟုတ်ပေ။ အမိန့် အာဏာသည်ကား အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားမည်သူ တစ်ဦးတစ်ယောက်၌မျှမရှိချေ။ စင်စစ်တမူကား ယုံကြည်အားထား လွှဲအပ်သူတို့သည်ထိုအလ္လာဟ်အရှင်မြတ် အပေါ်၌သာလျှင် ယုံကြည်အားထားလွှဲအပ်ထိုက်ပေသတည်း။
68وَلَمَّا دَخَلُوا مِنْ حَيْثُ أَمَرَهُمْ أَبُوهُم مَّا كَانَ يُغْنِي عَنْهُم مِّنَ اللَّهِ مِن شَيْءٍ إِلَّا حَاجَةً فِي نَفْسِ يَعْقُوبَ قَضَاهَا ۚ وَإِنَّهُ لَذُو عِلْمٍ لِّمَا عَلَّمْنَاهُ وَلَٰكِنَّ أَكْثَرَ النَّاسِ لَا يَعْلَمُونَ
ထို့နောက် ၎င်းတို့သည်(အီဂျစ်မြို့တော်သို့) မိမိတို့အား မိမိတို့၏ဖခမည်းတော်က မှာကြားခဲ့သည့် နည်းအတိုင်းဝင်ရောက်ခဲ့ကြသောအခါ (ထိုဖခမည်းတော် နဗီတမန်တော်ယအ်ကူဗ်၏) အကြံပေးချက်သည် ယအ်ကူဗ်၏စိတ်ထဲတွင်အလိုဆန္ဒတစ်ခုရှိခဲ့သည်ကို ထိုယအ်ကူဗ်က ပြီးမြောက်အောင်ရွက်ဆောင်ကြည့်ခဲ့သည်မှအပ အလ္လာဟ်အရှင်မြတ်(၏အလိုတော်)နှင့်ဆန့်ကျင်၍ လုံးဝအသုံးမဝင်ခဲ့ချေ။ စင်စစ်မူကား မလွဲဧကန် ထိုယအ်ကူဗ်သည် ငါအရှင်မြတ်က ၎င်းအားပညာသင်ကြား ပို့ချတော်မူခဲ့သောကြောင့် ပညာရှင်တစ်ဦးအမှန်ပင် ဖြစ်ခဲ့ပေသည်။ သို့ရာတွင် လူသားတို့အနက် အများစုမှာမူ မသိနားမလည်ကြချေ။
69وَلَمَّا دَخَلُوا عَلَىٰ يُوسُفَ آوَىٰ إِلَيْهِ أَخَاهُ ۖ قَالَ إِنِّي أَنَا أَخُوكَ فَلَا تَبْتَئِسْ بِمَا كَانُوا يَعْمَلُونَ
တစ်ဖန် ၎င်းတို့သည် ယူဆွဖ်၏ထံ ဝင်ရောက်ခဲ့ကြသောအခါ ထိုယူဆွဖ်သည် မိမိညီတော်အား မိမိထံတွင်နေရာထိုင်ခင်းပေးခဲ့လေသည်။ (ထို့နောက်) ယင်းယူဆွဖ်ကဧကန်စင်စစ် ငါသည် အသင်၏နောင်တော်(ယူဆွဖ်)ပင်ဖြစ်ပေသည်။ သို့ဖြစ်ပေရာ အသင်သည် ၎င်းတို့ပြုလုပ်ခဲ့ကြသော ကိစ္စရပ်များ နှင့်စပ်လျဉ်း၍ စိတ်ဒုက္ခမဖြစ်ပါလေနှင့်ဟုပြောဆို (နှစ်သိမ့်စေ)ခဲ့လေသတည်း။
ယူစူဖ်ကုရ်အာန် ညွှန်းကိန်း
111အာယာသ်
MeccanRevelation
67အာယာသ်

ဘာသာပြန် — ယူစူဖ် 67

စူရာ ယူစူဖ် အာယာသ် 67 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းပြင် ထိုဖခမည်းတော်က(ဆက်လက်၍ ဤုသို့) ပြောဆိုမှာကြားခဲ့ပြန်လေသည်။ အို-ငါ၏ (ချစ်)သားတို့၊အသင်တို့သည် (အီဂျစ်မြို့တော်သို့ ဝင်သောအခါ) တံခါးပေါက်တစ်ပေါက်တည်းမှ မဝင်ကြကုန်လင့်။…

စူရာ အာယာသ် 67/111 — စူရာ ယူစူဖ် يوسف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ယူစူဖ် နားထောင်, စူရာ ယူစူဖ် ဘာသာပြန်, စူရာ ယူစူဖ် mp3, စူရာ ယူစူဖ် pdf. အာယာသ် 65–69. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers