وَلَمَّا دَخَلُوا مِنْ حَيْثُ أَمَرَهُمْ أَبُوهُم مَّا كَانَ يُغْنِي عَنْهُم مِّنَ اللَّهِ مِن شَيْءٍ إِلَّا حَاجَةً فِي نَفْسِ يَعْقُوبَ قَضَاهَا ۚ وَإِنَّهُ لَذُو عِلْمٍ لِّمَا عَلَّمْنَاهُ وَلَٰكِنَّ أَكْثَرَ النَّاسِ لَا يَعْلَمُونَ ٦٨
🔤 Transliteration
Wa lammaa dakhaloo min haisu amarahum aboohum maa kaana yughnee `anhum minal laahi min shai`in illaa haajatan fee nafsi Ya`qooba qadaahaa; wa innahoo lazoo `ilmil limaa `allamnaahu wa laakinna aksaran naasi laa ya`lamoon
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
ထို့နောက် ၎င်းတို့သည်(အီဂျစ်မြို့တော်သို့) မိမိတို့အား မိမိတို့၏ဖခမည်းတော်က မှာကြားခဲ့သည့် နည်းအတိုင်းဝင်ရောက်ခဲ့ကြသောအခါ (ထိုဖခမည်းတော် နဗီတမန်တော်ယအ်ကူဗ်၏) အကြံပေးချက်သည် ယအ်ကူဗ်၏စိတ်ထဲတွင်အလိုဆန္ဒတစ်ခုရှိခဲ့သည်ကို ထိုယအ်ကူဗ်က ပြီးမြောက်အောင်ရွက်ဆောင်ကြည့်ခဲ့သည်မှအပ အလ္လာဟ်အရှင်မြတ်(၏အလိုတော်)နှင့်ဆန့်ကျင်၍ လုံးဝအသုံးမဝင်ခဲ့ချေ။ စင်စစ်မူကား မလွဲဧကန် ထိုယအ်ကူဗ်သည် ငါအရှင်မြတ်က ၎င်းအားပညာသင်ကြား ပို့ချတော်မူခဲ့သောကြောင့် ပညာရှင်တစ်ဦးအမှန်ပင် ဖြစ်ခဲ့ပေသည်။ သို့ရာတွင် လူသားတို့အနက် အများစုမှာမူ မသိနားမလည်ကြချေ။
🌐 Additional reference in ภาษาไทย
وَلَمَّا دَخَلُواْ مِنۡ حَيۡثُ أَمَرَهُمۡ أَبُوهُم مَّا كَانَ يُغۡنِي عَنۡهُم مِّنَ ٱللَّهِ مِن شَيۡءٍ إِلَّا حَاجَةً فِي نَفۡسِ يَعۡقُوبَ قَضَىٰهَاۚ وَإِنَّهُۥ لَذُو عِلۡمٍ لِّمَا عَلَّمۡنَٰهُ وَلَٰكِنَّ أَكۡثَرَ ٱلنَّاسِ لَا يَعۡلَمُونَ ٦٨
ထို့နောက် ၎င်းတို့သည်(အီဂျစ်မြို့တော်သို့) မိမိတို့အား မိမိတို့၏ဖခမည်းတော်က မှာကြားခဲ့သည့် နည်းအတိုင်းဝင်ရောက်ခဲ့ကြသောအခါ (ထိုဖခမည်းတော် နဗီတမန်တော်ယအ်ကူဗ်၏) အကြံပေးချက်သည် ယအ်ကူဗ်၏စိတ်ထဲတွင်အလိုဆန္ဒတစ်ခုရှိခဲ့သည်ကို ထိုယအ်ကူဗ်က ပြီးမြောက်အောင်ရွက်ဆောင်ကြည့်ခဲ့သည်မှအပ အလ္လာဟ်အရှင်မြတ်(၏အလိုတော်)နှင့်ဆန့်ကျင်၍ လုံးဝအသုံးမဝင်ခဲ့ချေ။ စင်စစ်မူကား မလွဲဧကန် ထိုယအ်ကူဗ်သည် ငါအရှင်မြတ်က ၎င်းအားပညာသင်ကြား ပို့ချတော်မူခဲ့သောကြောင့် ပညာရှင်တစ်ဦးအမှန်ပင် ဖြစ်ခဲ့ပေသည်။ သို့ရာတွင် လူသားတို့အနက် အများစုမှာမူ မသိနားမလည်ကြချေ။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 66-70 — စူရာ ယူစူဖ်
66 قَالَ لَنْ أُرْسِلَهُ مَعَكُمْ حَتَّىٰ تُؤْتُونِ مَوْثِقًا مِّنَ اللَّهِ لَتَأْتُنَّنِي بِهِ إِلَّا أَن يُحَاطَ بِكُمْ ۖ فَلَمَّا آتَوْهُ مَوْثِقَهُمْ قَالَ اللَّهُ عَلَىٰ مَا نَقُولُ وَكِيلٌ
(ထိုအခါ) ထိုဖခမည်းတော်က အသင်တို့သည်ငါ့အား အလ္လာဟ်အရှင်မြတ်ကို တိုင်တည်၍ အသင်တို့ကိုယ်တိုင် (ဘေးရန်များ) ဝန်းဝိုင်းခြင်းကို ခံကြရသည်မှအပ ယင်းညီတော်အား ငါ့ထံသို့(ပြန်လည်၍ခေါ်)ယူခဲ့ကြမည်ဟူ၍ တစ်စုံတစ်ရာ(ခိုင်မာသော) အာမခံချက် မပေးသမျှ ကာလပတ်လုံးငါသည် ယင်း ညီတော်အား အသင်တို့နှင့်အတူ အလျှင်းစေလွှတ်မည် မဟုတ်ဟု ပြောကြားခဲ့လေသည်။ ထို့နောက် ၎င်းတို့သည် ထိုဖခမည်းတော်အား မိမိတို့၏အာမခံချက်ကို ပေးခဲ့ကြသောအခါ ထိုဖခမည်းတော်က အလ္လာဟ်အရှင်မြတ်သည် ငါတို့ပြောဆိုကြကုန်သော အကြောင်းအရာနှင့်စပ်လျဉ်း၍ လွှဲအပ်ခြင်းခံရတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူသည်ဟုပြောဆိုခဲ့လေ၏။
67 وَقَالَ يَا بَنِيَّ لَا تَدْخُلُوا مِن بَابٍ وَاحِدٍ وَادْخُلُوا مِنْ أَبْوَابٍ مُّتَفَرِّقَةٍ ۖ وَمَا أُغْنِي عَنكُم مِّنَ اللَّهِ مِن شَيْءٍ ۖ إِنِ الْحُكْمُ إِلَّا لِلَّهِ ۖ عَلَيْهِ تَوَكَّلْتُ ۖ وَعَلَيْهِ فَلْيَتَوَكَّلِ الْمُتَوَكِّلُونَ
၎င်းပြင် ထိုဖခမည်းတော်က(ဆက်လက်၍ ဤုသို့) ပြောဆိုမှာကြားခဲ့ပြန်လေသည်။ အို-ငါ၏ (ချစ်)သားတို့၊အသင်တို့သည် (အီဂျစ်မြို့တော်သို့ ဝင်သောအခါ) တံခါးပေါက်တစ်ပေါက်တည်းမှ မဝင်ကြကုန်လင့်။ သို့ရာတွင် အသင်တို့သည် တခြားစီဖြစ်သောတံခါးများမှ ဝင်ကြေလေကုန်။ စင်စစ်သော်ကား ငါ(၏အကြံပေးချက်)သည် အသင်တို့အဖို့ အလ္လာဟ်အရှင်မြတ်(၏အလိုတော်)နှင့်ယှဉ်ပြိုင်၍ အနည်းငယ်မျှပင်အသုံးကျမည်မဟုတ်ပေ။ အမိန့် အာဏာသည်ကား အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားမည်သူ တစ်ဦးတစ်ယောက်၌မျှမရှိချေ။ စင်စစ်တမူကား ယုံကြည်အားထား လွှဲအပ်သူတို့သည်ထိုအလ္လာဟ်အရှင်မြတ် အပေါ်၌သာလျှင် ယုံကြည်အားထားလွှဲအပ်ထိုက်ပေသတည်း။
68 وَلَمَّا دَخَلُوا مِنْ حَيْثُ أَمَرَهُمْ أَبُوهُم مَّا كَانَ يُغْنِي عَنْهُم مِّنَ اللَّهِ مِن شَيْءٍ إِلَّا حَاجَةً فِي نَفْسِ يَعْقُوبَ قَضَاهَا ۚ وَإِنَّهُ لَذُو عِلْمٍ لِّمَا عَلَّمْنَاهُ وَلَٰكِنَّ أَكْثَرَ النَّاسِ لَا يَعْلَمُونَ
ထို့နောက် ၎င်းတို့သည်(အီဂျစ်မြို့တော်သို့) မိမိတို့အား မိမိတို့၏ဖခမည်းတော်က မှာကြားခဲ့သည့် နည်းအတိုင်းဝင်ရောက်ခဲ့ကြသောအခါ (ထိုဖခမည်းတော် နဗီတမန်တော်ယအ်ကူဗ်၏) အကြံပေးချက်သည် ယအ်ကူဗ်၏စိတ်ထဲတွင်အလိုဆန္ဒတစ်ခုရှိခဲ့သည်ကို ထိုယအ်ကူဗ်က ပြီးမြောက်အောင်ရွက်ဆောင်ကြည့်ခဲ့သည်မှအပ အလ္လာဟ်အရှင်မြတ်(၏အလိုတော်)နှင့်ဆန့်ကျင်၍ လုံးဝအသုံးမဝင်ခဲ့ချေ။ စင်စစ်မူကား မလွဲဧကန် ထိုယအ်ကူဗ်သည် ငါအရှင်မြတ်က ၎င်းအားပညာသင်ကြား ပို့ချတော်မူခဲ့သောကြောင့် ပညာရှင်တစ်ဦးအမှန်ပင် ဖြစ်ခဲ့ပေသည်။ သို့ရာတွင် လူသားတို့အနက် အများစုမှာမူ မသိနားမလည်ကြချေ။
69 وَلَمَّا دَخَلُوا عَلَىٰ يُوسُفَ آوَىٰ إِلَيْهِ أَخَاهُ ۖ قَالَ إِنِّي أَنَا أَخُوكَ فَلَا تَبْتَئِسْ بِمَا كَانُوا يَعْمَلُونَ
တစ်ဖန် ၎င်းတို့သည် ယူဆွဖ်၏ထံ ဝင်ရောက်ခဲ့ကြသောအခါ ထိုယူဆွဖ်သည် မိမိညီတော်အား မိမိထံတွင်နေရာထိုင်ခင်းပေးခဲ့လေသည်။ (ထို့နောက်) ယင်းယူဆွဖ်ကဧကန်စင်စစ် ငါသည် အသင်၏နောင်တော်(ယူဆွဖ်)ပင်ဖြစ်ပေသည်။ သို့ဖြစ်ပေရာ အသင်သည် ၎င်းတို့ပြုလုပ်ခဲ့ကြသော ကိစ္စရပ်များ နှင့်စပ်လျဉ်း၍ စိတ်ဒုက္ခမဖြစ်ပါလေနှင့်ဟုပြောဆို (နှစ်သိမ့်စေ)ခဲ့လေသတည်း။
70 فَلَمَّا جَهَّزَهُم بِجَهَازِهِمْ جَعَلَ السِّقَايَةَ فِي رَحْلِ أَخِيهِ ثُمَّ أَذَّنَ مُؤَذِّنٌ أَيَّتُهَا الْعِيرُ إِنَّكُمْ لَسَارِقُونَ
ထို့နောက် ထိုယူဆွဖ်သည် ၎င်းတို့အဖို့ စီမံ အပ်သည်တို့ကို အဆင်သင့်ဖြစ်အောင်စီမံ၍ ပေးခဲ့ပြီးသောအခါရေဖလားကို မိမိညီတော်၏ခရီးဆောင် ပစ္စည်းထဲတွင် ထည့်လိုက်လေသည်။ ထို့နောက် ကြေညာသူတစ်ဦးက အို-ခရီးသည်စု၊ ဧကန်မလွဲ အသင်တို့သည် ခိုးသားများပင် ဖြစ်ကြကုန်သည် ဟု ကြေညာ(မောင်းခတ်)ခဲ့လေသည်။
ဘာသာပြန် — ယူစူဖ် 68 စူရာ ယူစူဖ် အာယာသ် 68 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထို့နောက် ၎င်းတို့သည်(အီဂျစ်မြို့တော်သို့) မိမိတို့အား မိမိတို့၏ဖခမည်းတော်က မှာကြားခဲ့သည့် နည်းအတိုင်းဝင်ရောက်ခဲ့ကြသောအခါ (ထိုဖခမည်းတော် နဗီတမန်တော်ယအ်ကူဗ်၏) အကြံပေးချက်သည် ယအ်ကူဗ်၏စိတ်ထဲတွင်အလိုဆန္ဒတစ်ခုရှိခဲ့သည်ကို…
စူရာ အာယာသ် 68/111 — စူရာ ယူစူဖ် يوسف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ယူစူဖ် နားထောင်, စူရာ ယူစူဖ် ဘာသာပြန်, စူရာ ယူစူဖ် mp3, စူရာ ယူစူဖ် pdf. အာယာသ် 66–70. မြန်မာဘာသာ: ภาษาไทย.