အလ်-ဗကရ · 252/286
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဗကရ
تِلْكَ آيَاتُ اللَّهِ نَتْلُوهَا عَلَيْكَ بِالْحَقِّ ۚ وَإِنَّكَ لَمِنَ الْمُرْسَلِينَ ۝٢٥٢
Tilka Aayaatul laahi natloohaa `alaika bilhaqq; wa innaka laminal mursaleen
📖 မြန်မာဘာသာ
(အို-နဗီတမန်တော်) ဤသည်တို့သည် အလ္လာဟ် အရှင်မြတ်၏မုက္ခပါဌ်တော်များပင်ဖြစ်သည်၊ ငါအဲရှင်မြတ် သည်အသင့်အား ထိုမုက္ခပါဌ်တော်များ ကိုမှန်ကန်စွာကြား သိစေတော်မူသည်၊ ၎င်းပြင် အသင်သည်စေလွှတ်တော်မူ ခြင်း ခ့ရသော’ရစူလ်’တမန်တော်များတွင်မုချတစ်ပါးအပါအဝင်ဖြစ် လေသည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ:
  • تِلْكَ (သိလ်ကာ): ထို၊ ယင်းတို့သည်။ ဤနေရာတွင် ရှေးဦးစွာ ဖော်ပြခဲ့ပြီးသော ဖြစ်ရပ်များ၊ သတင်းများကို ညွှန်းဆိုသည်။
  • آيَاتُ اللَّهِ (အာယာသုလ္လာဟ်): အလ္လာဟ်အရှင်မြတ်၏ သက်သေလက္ခဏာများ၊ အထောက်အထားများ၊ နိမိတ်လက္ခဏာများ။
  • نَتْلُوهَا (နသ္လူဟာ): ငါအရှင်မြတ်သည် ယင်းတို့ကို ဖတ်ကြားပေးသွင်းတော်မူသည်။
  • بِالْحَقِّ (ဗိလ်ဟက္က်): အမှန်တရားနှင့်တကွ၊ မှန်ကန်စွာ။
  • الْمُرْسَلِينَ (အလ်မုရ်သလီန): ရစူလ်တမန်တော်များ၊ အလ္လာဟ်အရှင်မြတ် စေလွှတ်တော်မူသော တမန်တော်များ။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်:

(အို—နဗီတမန်တော်) ဤဖော်ပြခဲ့ပြီးသော သတင်းအချက်အလက်များနှင့် ဖြစ်ရပ်များသည် အလ္လာဟ်အရှင်မြတ်၏ သက်သေလက္ခဏာများနှင့် အထောက်အထားများ ဖြစ်ကြသည်။ ငါအရှင်မြတ်သည် ယင်းတို့ကို အမှန်တရားနှင့်တကွ၊ မှန်ကန်သောအားဖြင့် အသင်၏အပေါ်၌ ဖတ်ကြားပေးသွင်းတော်မူသည်။ ယင်းတို့တွင် သတင်းအချက်အလက်များ၌ မှန်ကန်မှုနှင့် စီရင်ဆုံးဖြတ်ချက်များ၌ တရားမျှတမှုတို့ ပါဝင်ကြသည်။ ထို့ပြင် ဧကန်စင်စစ် အသင်သည် လောကခပ်သိမ်းတို့၏ အရှင်မြတ်ထံတော်မှ စေလွှတ်တော်မူခြင်းခံရသော ရစူလ်တမန်တော်များထဲတွင် အပါအဝင် ဖြစ်သည်မှာ ဧကန်အမှန်ပင်။

  1. ဤအာယသ်တော်မှ ရရှိနိုင်သော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ:
  • အလ္လာဟ်အရှင်မြတ်သည် မိမိ၏ အာယသ်တော်များကို အမှန်တရားနှင့်တကွ ဖတ်ကြားပေးသွင်းတော်မူကြောင်း သိရှိရသည်။ ကုရ်အာန်ကျမ်းတော်မြတ်သည် လုံးဝမှန်ကန်သော၊ သံသယကင်းသော ကျမ်းတော်ဖြစ်သည်။
  • နဗီတမန်တော်မုဟမ္မဒ် (ဆွ) သည် အလ္လာဟ်အရှင်မြတ်၏ စေလွှတ်တော်မူခြင်းခံရသော ရစူလ်တမန်တော်အစစ်အမှန် ဖြစ်ကြောင်း ဤအာယသ်တော်က အတည်ပြုပေးသည်။
  • ကုရ်အာန်ကျမ်းတော်မြတ်တွင် ဖော်ပြထားသော ရှေးခေတ်ဖြစ်ရပ်များနှင့် သတင်းများသည် အလ္လာဟ်အရှင်မြတ်၏ သက်သေလက္ခဏာများဖြစ်ပြီး လူသားတို့အတွက် တရားရရှိရန် သင်ခန်းစာများ ဖြစ်ကြသည်။
  • အလ္လာဟ်အရှင်မြတ်သည် မိမိ၏ တမန်တော်များကို အမြဲတမ်း ထောက်ပံ့ကူညီတော်မူပြီး သူတို့၏ ဖိတ်ခေါ


📜 အာယာသ် 250-254 — စူရာ အလ်-ဗကရ

250وَلَمَّا بَرَزُوا لِجَالُوتَ وَجُنُودِهِ قَالُوا رَبَّنَا أَفْرِغْ عَلَيْنَا صَبْرًا وَثَبِّتْ أَقْدَامَنَا وَانصُرْنَا عَلَى الْقَوْمِ الْكَافِرِينَ
ထို့နောက်တဖန် ယင်းသူတို့သည် ဂျာလူတ် ဘုရင်နှင့်လည်းကောင်း၊ ယင်း(ဂျာလူတ်)၏ စစ်သည်ရဲမက် တို့နှင့်လည်းကောင်း၊ (စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ရန်) မျက်နှာ ချင်းဆိုင်ကြသောအခါ (အလ္လာဟ်အရှင်မြတ်အထံတော်၌) အို-ကျွန်တော်မျိုးတို့အား မွေးမြူတော်မူ သောအရှင်၊ အရှင် မြတ်သည် ကျွန်တော်မျိုးတို့ အပေါ်ဝယ် ဇွဲသတိ္တကို သွန်း လောင်း၍ ပေးသနား တော်မူပါ။ ၎င်းပြင် အရှင်မြတ်သည် ကျွန်တော်မျိုး တို့၏ခြေများကို ခိုင်မြဲစွာ ရပ်တည်စေတော်မူပါ။ ထို့ပြင် အရှင်မြတ်သည် ကျွန် တော်မျိုးတို့အား ‘ကာဖိရ်’ မယုံမကြည် သွေဖည်ငြင်းပယ်ကြကုန် သောသူတို့အပေါ်၌ အောင်မြင်မှုရရန်ကူညီစောင်မ တော်မူပါဟု ရွတ်ဆို(ပတ္ထနာ) ပြုကြကုန်၏။
251فَهَزَمُوهُم بِإِذْنِ اللَّهِ وَقَتَلَ دَاوُودُ جَالُوتَ وَآتَاهُ اللَّهُ الْمُلْكَ وَالْحِكْمَةَ وَعَلَّمَهُ مِمَّا يَشَاءُ ۗ وَلَوْلَا دَفْعُ اللَّهِ النَّاسَ بَعْضَهُم بِبَعْضٍ لَّفَسَدَتِ الْأَرْضُ وَلَٰكِنَّ اللَّهَ ذُو فَضْلٍ عَلَى الْعَالَمِينَ
ထို(ကဲ့သို့ ဆုတောင်းပတ္ထနာပြုခဲ့ကြပြီး)နောက် ယင်း(တွာလူတ် ဘုရင်၏စစ်သည်တော်)တို့သည် အလ္လာဟ် အရှင်မြတ်၏အမိန့်တော်ဖြင့် ထို (ဂျာလူတ် ၏စစ်သည် ရဲမက်)တို့ကိုတွန်းလှန်ဖြိုဖျက်၍ စစ်ရေးနိမ့်စေခဲ့ကြလေသည်။ ‘ဒါဝူဒ်’ သည်လည်း ‘ဂျာလူတ်’ကို က�ပ်မျက်ခဲ့လေ၏။ ထို့နောက် အလ္လာဟ်အရှင်မြတ်သည် ထိုဒါဝူဒ်အားဩဇာအာဏာကို လည်းကောင်း၊ ဉာဏ်ပညာ အမြော်အမြင်(ဝါ)နဗီတမန် တော်၏ဂုဏ်ထူးကိုလည်းကောင်း၊ ခြီးမြှင့် ပေးသနားတော်မူခဲ့ လေသည်။ ထိုမှတပါးတုံ အရှင်မြတ်သည် စကြာဝဠာ အပေါင်း တို့ အပေါ်၌ ကျေးဇူးတော်ရှင်ဖြစ်တော်မူလေသည်။
252تِلْكَ آيَاتُ اللَّهِ نَتْلُوهَا عَلَيْكَ بِالْحَقِّ ۚ وَإِنَّكَ لَمِنَ الْمُرْسَلِينَ
(အို-နဗီတမန်တော်) ဤသည်တို့သည် အလ္လာဟ် အရှင်မြတ်၏မုက္ခပါဌ်တော်များပင်ဖြစ်သည်၊ ငါအဲရှင်မြတ် သည်အသင့်အား ထိုမုက္ခပါဌ်တော်များ ကိုမှန်ကန်စွာကြား သိစေတော်မူသည်၊ ၎င်းပြင် အသင်သည်စေလွှတ်တော်မူ ခြင်း ခ့ရသော’ရစူလ်’တမန်တော်များတွင်မုချတစ်ပါးအပါအဝင်ဖြစ် လေသည်။
253۞ تِلْكَ الرُّسُلُ فَضَّلْنَا بَعْضَهُمْ عَلَىٰ بَعْضٍ ۘ مِّنْهُم مَّن كَلَّمَ اللَّهُ ۖ وَرَفَعَ بَعْضَهُمْ دَرَجَاتٍ ۚ وَآتَيْنَا عِيسَى ابْنَ مَرْيَمَ الْبَيِّنَاتِ وَأَيَّدْنَاهُ بِرُوحِ الْقُدُسِ ۗ وَلَوْ شَاءَ اللَّهُ مَا اقْتَتَلَ الَّذِينَ مِن بَعْدِهِم مِّن بَعْدِ مَا جَاءَتْهُمُ الْبَيِّنَاتُ وَلَٰكِنِ اخْتَلَفُوا فَمِنْهُم مَّنْ آمَنَ وَمِنْهُم مَّن كَفَرَ ۚ وَلَوْ شَاءَ اللَّهُ مَا اقْتَتَلُوا وَلَٰكِنَّ اللَّهَ يَفْعَلُ مَا يُرِيدُ
ဤသူတို့သည်ကာ တမန်တော်များပင်တည်းငါအရှင်မြတ်သည် ယင်းတမန်တော်များအနက် အချို့သောတမန်တော်များကို အချို့သော တမန်တော်များထက် ပိုမိုဂုဏ်ဒြဗ် ခြီးမြှင့်တော်မူခဲ့ လေပြီ။ ထိုတမန်တော်များတွင်အလ္လာဟ်အရှင်မြတ် (ကိုယ်တော်တိုင် တိုက်ရိုက်)စကားပြောကြားတော် မူခဲ့သော တမန်တော်များ လည်းရှိ၏။4င်းပြင် ထိုအင်မြတ်သည် ယင်းတမန်တော် များအနက်အချို့ကို ဂုဏ်ဒြဗ်များစွာ ခြီးမြှင့်မြှောက်စားတော် မူခဲ့လေသည်။4င်းပြင် ငါအရှင်မြတ်သည် မရ်ယမ်၏သား (နဗီတမန်တော်)အီစာအား ထင်ရှား လှစွာသောသက်သေခံ လက္ခဏာတော်များကို ခြီးမြှင့်တော်မူခဲ့သည့်ပြင် ရူဟုလ်ကုဒုစ် ခေါ် စေတမန်’ဂျိဗ်ရီလ်’ ဖြင့်လည်းကူညီထောက်မတော် မူခဲ့လေသည်။အကယ်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလို ဆန္ဒရှိတော်မူခဲ့ပါမူ ယင်းတမန်တော်များ ပွင့်ပြီးသည့်နောက်ရှိခဲ့သော နောက်လိုက်တပည့်သားတို့သည် မိမိတို့ထံဝယ်ထင်ရှားလှစွာသော သက်သေခံ လက္ခဏာတော်များ ရောက်ရှိပြီးသည့်နောက် အချင်းချင်းသတ်ဖြတ်ကြမည် မဟုတ်ပေ၊ သို့ရာတွင် ယင်းသူတို့သည် အချင်းချင်း ကွဲလွဲကြပေရာ ထိုသူတို့အနက် အချို့တို့သည် ယုံကြည်ခြင်း သဒ္ဓါတရား ထားရှိ၍အချို့မှာမူ ‘ကုဖ်ရ်’ သွေဖည် ငြင်းဆန်လျက်ပင် ရှိကြကုန်၏။အကယ်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလိုတော်ရှိခဲ့ပါလျှင် ထိုသူတို့သည် အချင်းချင်း သတ်ဖြတ်ကြမည်မဟုတ်ချေ။သို့ရာတွင် အလ္လာဟ် အရှင်မြတ်သည် မိမိ အလိုတော်ရှိသည်များကို (မိမိ) ပြုလုပ်တော်မူလေသတည်း။
254يَا أَيُّهَا الَّذِينَ آمَنُوا أَنفِقُوا مِمَّا رَزَقْنَاكُم مِّن قَبْلِ أَن يَأْتِيَ يَوْمٌ لَّا بَيْعٌ فِيهِ وَلَا خُلَّةٌ وَلَا شَفَاعَةٌ ۗ وَالْكَافِرُونَ هُمُ الظَّالِمُونَ
အို- မုအ်မင်န်” ယုံကြည်ခြင်း သဒ္ဓါတရားထားရှိကြသူ အပေါင်းတို့၊ ငါအရှင်မြတ်သည် အသင်တို့အားပေးသနားတော်မူသော ဥစ္စာပစ္စည်းများအနက်မှ (အချို့အဝက်ကို) အသင်တို့သည် “ကိယာမတ်” နေ့မရောက်မီပင်လှူဒါန်းပေးကမ်းကြကုန်လော့။ ထိုနေ့တွင် မည်သည့် ရောင်းဝယ်မှုမျှရှိမည်မဟုတ်၊ မိတ်ဆွေဖြစ်မှုလည်း ရှိမည်မဟုတ်၊အသနားခံ တောင်းပေးမှုလည်းရှိမည် မဟုတ်။ “ကာဖိရ်”မယုံမကြည် သွေဖည်ငြင်းပယ် သောသူများသာလျှင် ကျူးကျော်စော်ကားသူများ ဖြစ်ကြသည်။
အလ်-ဗကရကုရ်အာန် ညွှန်းကိန်း
286အာယာသ်
MedinanRevelation
252အာယာသ်

ဘာသာပြန် — အလ်-ဗကရ 252

စူရာ အလ်-ဗကရ အာယာသ် 252 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (အို-နဗီတမန်တော်) ဤသည်တို့သည် အလ္လာဟ် အရှင်မြတ်၏မုက္ခပါဌ်တော်များပင်ဖြစ်သည်၊ ငါအဲရှင်မြတ် သည်အသင့်အား ထိုမုက္ခပါဌ်တော်များ ကိုမှန်ကန်စွာကြား သိစေတော်မူသည်၊ ၎င်းပြင်…

စူရာ အာယာသ် 252/286 — စူရာ အလ်-ဗကရ البقرة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဗကရ နားထောင်, စူရာ အလ်-ဗကရ ဘာသာပြန်, စူရာ အလ်-ဗကရ mp3, စူရာ အလ်-ဗကရ pdf. အာယာသ် 250–254. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Sunday, October 18, 2026

Don't forget us in your sincere prayers