۞ تِلْكَ الرُّسُلُ فَضَّلْنَا بَعْضَهُمْ عَلَىٰ بَعْضٍ ۘ مِّنْهُم مَّن كَلَّمَ اللَّهُ ۖ وَرَفَعَ بَعْضَهُمْ دَرَجَاتٍ ۚ وَآتَيْنَا عِيسَى ابْنَ مَرْيَمَ الْبَيِّنَاتِ وَأَيَّدْنَاهُ بِرُوحِ الْقُدُسِ ۗ وَلَوْ شَاءَ اللَّهُ مَا اقْتَتَلَ الَّذِينَ مِن بَعْدِهِم مِّن بَعْدِ مَا جَاءَتْهُمُ الْبَيِّنَاتُ وَلَٰكِنِ اخْتَلَفُوا فَمِنْهُم مَّنْ آمَنَ وَمِنْهُم مَّن كَفَرَ ۚ وَلَوْ شَاءَ اللَّهُ مَا اقْتَتَلُوا وَلَٰكِنَّ اللَّهَ يَفْعَلُ مَا يُرِيدُ ٢٥٣
🔤 Transliteration
Tilkar Rusulu faddalnaa ba`dahum `alaa ba`d; minhum man kallamal laahu wa rafa`a ba`dahum darajaat; wa aatainaa `Eesab na Maryamal baiyinaati wa ayyadnaahu bi Roohil Qudus; wa law shaaa`al laahu maqtatalal lazeena mimba`dihim mim ba`di maa jaaa`athumul baiyinaatu wa laakinikh talafoo faminhum man aamana wa minhum man kafar; wa law shaaa`al laahu maq tataloo wa laakinnallaaha yaf`alu maa yureed
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
ဤသူတို့သည်ကာ တမန်တော်များပင်တည်းငါအရှင်မြတ်သည် ယင်းတမန်တော်များအနက် အချို့သောတမန်တော်များကို အချို့သော တမန်တော်များထက် ပိုမိုဂုဏ်ဒြဗ် ခြီးမြှင့်တော်မူခဲ့ လေပြီ။ ထိုတမန်တော်များတွင်အလ္လာဟ်အရှင်မြတ် (ကိုယ်တော်တိုင် တိုက်ရိုက်)စကားပြောကြားတော် မူခဲ့သော တမန်တော်များ လည်းရှိ၏။4င်းပြင် ထိုအင်မြတ်သည် ယင်းတမန်တော် များအနက်အချို့ကို ဂုဏ်ဒြဗ်များစွာ ခြီးမြှင့်မြှောက်စားတော် မူခဲ့လေသည်။4င်းပြင် ငါအရှင်မြတ်သည် မရ်ယမ်၏သား (နဗီတမန်တော်)အီစာအား ထင်ရှား လှစွာသောသက်သေခံ လက္ခဏာတော်များကို ခြီးမြှင့်တော်မူခဲ့သည့်ပြင် ရူဟုလ်ကုဒုစ် ခေါ် စေတမန်’ဂျိဗ်ရီလ်’ ဖြင့်လည်းကူညီထောက်မတော် မူခဲ့လေသည်။အကယ်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလို ဆန္ဒရှိတော်မူခဲ့ပါမူ ယင်းတမန်တော်များ ပွင့်ပြီးသည့်နောက်ရှိခဲ့သော နောက်လိုက်တပည့်သားတို့သည် မိမိတို့ထံဝယ်ထင်ရှားလှစွာသော သက်သေခံ လက္ခဏာတော်များ ရောက်ရှိပြီးသည့်နောက် အချင်းချင်းသတ်ဖြတ်ကြမည် မဟုတ်ပေ၊ သို့ရာတွင် ယင်းသူတို့သည် အချင်းချင်း ကွဲလွဲကြပေရာ ထိုသူတို့အနက် အချို့တို့သည် ယုံကြည်ခြင်း သဒ္ဓါတရား ထားရှိ၍အချို့မှာမူ ‘ကုဖ်ရ်’ သွေဖည် ငြင်းဆန်လျက်ပင် ရှိကြကုန်၏။အကယ်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလိုတော်ရှိခဲ့ပါလျှင် ထိုသူတို့သည် အချင်းချင်း သတ်ဖြတ်ကြမည်မဟုတ်ချေ။သို့ရာတွင် အလ္လာဟ် အရှင်မြတ်သည် မိမိ အလိုတော်ရှိသည်များကို (မိမိ) ပြုလုပ်တော်မူလေသတည်း။
🌐 Additional reference in ภาษาไทย
ကလိမ်မာစကားလုံးများ၏အဓိပ္ပာယ်များ တိလ်ကာ (تِلْكَ ): ထို…များ၊ ဤနေရာတွင် ရှေးက အမည်များ ဖော်ပြခဲ့သော တမန်တော်များကို ညွှန်ပြသည်။ ရုစုလ် (الرُّسُلُ ): တမန်တော်များ၊ ရစူလ်များ။ ဖဒ္ဒလ်နာ (فَضَّلْنَا ): ငါအရှင်မြတ်သည် ဂုဏ်ထူးပေးခဲ့သည်၊ အတန်းအစား မြှင့်တင်ခဲ့သည်။ ကလ်လမာ (كَلَّمَ ): စကားပြောဆိုခဲ့သည်။ ဒရဂျာသ် (دَرَجَاتٍ ): အတန်းအစားများ၊ အဆင့်များ။ အယ်ဗိုင်နာသ် (الْبَيِّنَاتِ ): ထင်ရှားသော သက်သေလက္ခဏာများ၊ မုအ္ဂျိဇာတ်များ။ ရူဟုလ်ကုဒုစ် (رُوحِ الْقُدُسِ ): သန့်ရှင်းသောဝိညာဉ်၊ ဂျိဗရီလ် (အလိုင်)။ ဣခ်တလဖူ (اخْتَلَفُوا ): ကွဲပြားခဲ့ကြသည်၊ သဘောထားကွဲလွဲခဲ့ကြသည်။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက် ဤတမန်တော်များသည် အလ္လာဟ်အရှင်မြတ်၏ တမန်တော်များဖြစ်ကြသည်။ အလ္လာဟ်အရှင်မြတ်သည် သူတို့အနက် အချို့ကို အချို့ထက် ဂုဏ်ထူးပေးတော်မူခဲ့သည်။ သူတို့အနက် အလ္လာဟ်အရှင်မြတ်နှင့် တိုက်ရိုက်စကားပြောဆိုခွင့်ရရှိသော တမန်တော်လည်း ရှိသည်။ ဥပမာ တမန်တော်မူဆာ (အလိုင်) ဖြစ်သည်။ အချို့ကို မြင့်မားသော အဆင့်အတန်းများသို့ မြှင့်တင်ပေးတော်မူခဲ့သည်။ ဥပမာ တမန်တော်မုဟမ္မဒ် (ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ်) ဖြစ်သည်။ သူသည် လူသားအားလုံးထံ စေလွှတ်ခြင်းခံရသူဖြစ်ပြီး၊ နဗီတမန်တော်အဆက်အနွယ်ကို သူနှင့်အတူ အဆုံးသတ်စေခဲ့သည်။ သူ၏ အွမ္မသ်ကိုလည်း အခြားအွမ္မသ်များထက် ဂုဏ်ထူးပေးခဲ့သည်။
ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် တမန်တော်အီစာ (အီစာဗင်န်မာရ်ယမ်) အား ထင်ရှားသော သက်သေလက္ခဏာများ၊ မုအ္ဂျိဇာတ်များကို ပေးသနားတော်မူခဲ့သည်။ ဥပမာ မွေးရာပါ မျက်စိကန်းသူကို ပြန်မြင်စေခြင်း၊ အနာကြီးရောဂါရှိသူကို ပျောက်ကင်းစေခြင်း၊ သေသူများကို အလ္လာဟ်အရှင်မြတ်၏ အခွင့်ပြုချက်ဖြင့် ရှင်ပြန်ထစေခြင်းတို့ ဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် သူ့အား ဂျိဗရီလ် (အလိုင်) ဖြင့် အားဖြည့်ကူညီပေးတော်မူခဲ့သည်။
အကယ်၍ အလ္လာဟ်အရှင်မြတ်သည် အလိုတော်ရှိခဲ့လျှင် ထိုတမန်တော်များနောက်ပိုင်း ပေါ်ပေါက်လာသော လူမျိုးများသည် ထင်ရှားသော သက်သေလက္ခဏာများ ရ
۞ تِلۡكَ ٱلرُّسُلُ فَضَّلۡنَا بَعۡضَهُمۡ عَلَىٰ بَعۡضٍۘ مِّنۡهُم مَّن كَلَّمَ ٱللَّهُۖ وَرَفَعَ بَعۡضَهُمۡ دَرَجَٰتٍۚ وَءَاتَيۡنَا عِيسَى ٱبۡنَ مَرۡيَمَ ٱلۡبَيِّنَٰتِ وَأَيَّدۡنَٰهُ بِرُوحِ ٱلۡقُدُسِۗ وَلَوۡ شَآءَ ٱللَّهُ مَا ٱقۡتَتَلَ ٱلَّذِينَ مِنۢ بَعۡدِهِم مِّنۢ بَعۡدِ مَا جَآءَتۡهُمُ ٱلۡبَيِّنَٰتُ وَلَٰكِنِ ٱخۡتَلَفُواْ فَمِنۡهُم مَّنۡ ءَامَنَ وَمِنۡهُم مَّن كَفَرَۚ وَلَوۡ شَآءَ ٱللَّهُ مَا ٱقۡتَتَلُواْ وَلَٰكِنَّ ٱللَّهَ يَفۡعَلُ مَا يُرِيدُ ٢٥٣
ဤသူတို့သည်ကာ တမန်တော်များပင်တည်းငါအရှင်မြတ်သည် ယင်းတမန်တော်များအနက် အချို့သောတမန်တော်များကို အချို့သော တမန်တော်များထက် ပိုမိုဂုဏ်ဒြဗ် ခြီးမြှင့်တော်မူခဲ့ လေပြီ။ ထိုတမန်တော်များတွင်အလ္လာဟ်အရှင်မြတ် (ကိုယ်တော်တိုင် တိုက်ရိုက်)စကားပြောကြားတော် မူခဲ့သော တမန်တော်များ လည်းရှိ၏။4င်းပြင် ထိုအင်မြတ်သည် ယင်းတမန်တော် များအနက်အချို့ကို ဂုဏ်ဒြဗ်များစွာ ခြီးမြှင့်မြှောက်စားတော် မူခဲ့လေသည်။4င်းပြင် ငါအရှင်မြတ်သည် မရ်ယမ်၏သား (နဗီတမန်တော်)အီစာအား ထင်ရှား လှစွာသောသက်သေခံ လက္ခဏာတော်များကို ခြီးမြှင့်တော်မူခဲ့သည့်ပြင် ရူဟုလ်ကုဒုစ် ခေါ် စေတမန်’ဂျိဗ်ရီလ်’ ဖြင့်လည်းကူညီထောက်မတော် မူခဲ့လေသည်။အကယ်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလို ဆန္ဒရှိတော်မူခဲ့ပါမူ ယင်းတမန်တော်များ ပွင့်ပြီးသည့်နောက်ရှိခဲ့သော နောက်လိုက်တပည့်သားတို့သည် မိမိတို့ထံဝယ်ထင်ရှားလှစွာသော သက်သေခံ လက္ခဏာတော်များ ရောက်ရှိပြီးသည့်နောက် အချင်းချင်းသတ်ဖြတ်ကြမည် မဟုတ်ပေ၊ သို့ရာတွင် ယင်းသူတို့သည် အချင်းချင်း ကွဲလွဲကြပေရာ ထိုသူတို့အနက် အချို့တို့သည် ယုံကြည်ခြင်း သဒ္ဓါတရား ထားရှိ၍အချို့မှာမူ ‘ကုဖ်ရ်’ သွေဖည် ငြင်းဆန်လျက်ပင် ရှိကြကုန်၏။အကယ်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလိုတော်ရှိခဲ့ပါလျှင် ထိုသူတို့သည် အချင်းချင်း သတ်ဖြတ်ကြမည်မဟုတ်ချေ။သို့ရာတွင် အလ္လာဟ် အရှင်မြတ်သည် မိမိ အလိုတော်ရှိသည်များကို (မိမိ) ပြုလုပ်တော်မူလေသတည်း။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 251-255 — စူရာ အလ်-ဗကရ
251 فَهَزَمُوهُم بِإِذْنِ اللَّهِ وَقَتَلَ دَاوُودُ جَالُوتَ وَآتَاهُ اللَّهُ الْمُلْكَ وَالْحِكْمَةَ وَعَلَّمَهُ مِمَّا يَشَاءُ ۗ وَلَوْلَا دَفْعُ اللَّهِ النَّاسَ بَعْضَهُم بِبَعْضٍ لَّفَسَدَتِ الْأَرْضُ وَلَٰكِنَّ اللَّهَ ذُو فَضْلٍ عَلَى الْعَالَمِينَ
ထို(ကဲ့သို့ ဆုတောင်းပတ္ထနာပြုခဲ့ကြပြီး)နောက် ယင်း(တွာလူတ် ဘုရင်၏စစ်သည်တော်)တို့သည် အလ္လာဟ် အရှင်မြတ်၏အမိန့်တော်ဖြင့် ထို (ဂျာလူတ် ၏စစ်သည် ရဲမက်)တို့ကိုတွန်းလှန်ဖြိုဖျက်၍ စစ်ရေးနိမ့်စေခဲ့ကြလေသည်။ ‘ဒါဝူဒ်’ သည်လည်း ‘ဂျာလူတ်’ကို က�ပ်မျက်ခဲ့လေ၏။ ထို့နောက် အလ္လာဟ်အရှင်မြတ်သည် ထိုဒါဝူဒ်အားဩဇာအာဏာကို လည်းကောင်း၊ ဉာဏ်ပညာ အမြော်အမြင်(ဝါ)နဗီတမန် တော်၏ဂုဏ်ထူးကိုလည်းကောင်း၊ ခြီးမြှင့် ပေးသနားတော်မူခဲ့ လေသည်။ ထိုမှတပါးတုံ အရှင်မြတ်သည် စကြာဝဠာ အပေါင်း တို့ အပေါ်၌ ကျေးဇူးတော်ရှင်ဖြစ်တော်မူလေသည်။
252 تِلْكَ آيَاتُ اللَّهِ نَتْلُوهَا عَلَيْكَ بِالْحَقِّ ۚ وَإِنَّكَ لَمِنَ الْمُرْسَلِينَ
(အို-နဗီတမန်တော်) ဤသည်တို့သည် အလ္လာဟ် အရှင်မြတ်၏မုက္ခပါဌ်တော်များပင်ဖြစ်သည်၊ ငါအဲရှင်မြတ် သည်အသင့်အား ထိုမုက္ခပါဌ်တော်များ ကိုမှန်ကန်စွာကြား သိစေတော်မူသည်၊ ၎င်းပြင် အသင်သည်စေလွှတ်တော်မူ ခြင်း ခ့ရသော’ရစူလ်’တမန်တော်များတွင်မုချတစ်ပါးအပါအဝင်ဖြစ် လေသည်။
253 ۞ تِلْكَ الرُّسُلُ فَضَّلْنَا بَعْضَهُمْ عَلَىٰ بَعْضٍ ۘ مِّنْهُم مَّن كَلَّمَ اللَّهُ ۖ وَرَفَعَ بَعْضَهُمْ دَرَجَاتٍ ۚ وَآتَيْنَا عِيسَى ابْنَ مَرْيَمَ الْبَيِّنَاتِ وَأَيَّدْنَاهُ بِرُوحِ الْقُدُسِ ۗ وَلَوْ شَاءَ اللَّهُ مَا اقْتَتَلَ الَّذِينَ مِن بَعْدِهِم مِّن بَعْدِ مَا جَاءَتْهُمُ الْبَيِّنَاتُ وَلَٰكِنِ اخْتَلَفُوا فَمِنْهُم مَّنْ آمَنَ وَمِنْهُم مَّن كَفَرَ ۚ وَلَوْ شَاءَ اللَّهُ مَا اقْتَتَلُوا وَلَٰكِنَّ اللَّهَ يَفْعَلُ مَا يُرِيدُ
ဤသူတို့သည်ကာ တမန်တော်များပင်တည်းငါအရှင်မြတ်သည် ယင်းတမန်တော်များအနက် အချို့သောတမန်တော်များကို အချို့သော တမန်တော်များထက် ပိုမိုဂုဏ်ဒြဗ် ခြီးမြှင့်တော်မူခဲ့ လေပြီ။ ထိုတမန်တော်များတွင်အလ္လာဟ်အရှင်မြတ် (ကိုယ်တော်တိုင် တိုက်ရိုက်)စကားပြောကြားတော် မူခဲ့သော တမန်တော်များ လည်းရှိ၏။4င်းပြင် ထိုအင်မြတ်သည် ယင်းတမန်တော် များအနက်အချို့ကို ဂုဏ်ဒြဗ်များစွာ ခြီးမြှင့်မြှောက်စားတော် မူခဲ့လေသည်။4င်းပြင် ငါအရှင်မြတ်သည် မရ်ယမ်၏သား (နဗီတမန်တော်)အီစာအား ထင်ရှား လှစွာသောသက်သေခံ လက္ခဏာတော်များကို ခြီးမြှင့်တော်မူခဲ့သည့်ပြင် ရူဟုလ်ကုဒုစ် ခေါ် စေတမန်’ဂျိဗ်ရီလ်’ ဖြင့်လည်းကူညီထောက်မတော် မူခဲ့လေသည်။အကယ်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလို ဆန္ဒရှိတော်မူခဲ့ပါမူ ယင်းတမန်တော်များ ပွင့်ပြီးသည့်နောက်ရှိခဲ့သော နောက်လိုက်တပည့်သားတို့သည် မိမိတို့ထံဝယ်ထင်ရှားလှစွာသော သက်သေခံ လက္ခဏာတော်များ ရောက်ရှိပြီးသည့်နောက် အချင်းချင်းသတ်ဖြတ်ကြမည် မဟုတ်ပေ၊ သို့ရာတွင် ယင်းသူတို့သည် အချင်းချင်း ကွဲလွဲကြပေရာ ထိုသူတို့အနက် အချို့တို့သည် ယုံကြည်ခြင်း သဒ္ဓါတရား ထားရှိ၍အချို့မှာမူ ‘ကုဖ်ရ်’ သွေဖည် ငြင်းဆန်လျက်ပင် ရှိကြကုန်၏။အကယ်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလိုတော်ရှိခဲ့ပါလျှင် ထိုသူတို့သည် အချင်းချင်း သတ်ဖြတ်ကြမည်မဟုတ်ချေ။သို့ရာတွင် အလ္လာဟ် အရှင်မြတ်သည် မိမိ အလိုတော်ရှိသည်များကို (မိမိ) ပြုလုပ်တော်မူလေသတည်း။
254 يَا أَيُّهَا الَّذِينَ آمَنُوا أَنفِقُوا مِمَّا رَزَقْنَاكُم مِّن قَبْلِ أَن يَأْتِيَ يَوْمٌ لَّا بَيْعٌ فِيهِ وَلَا خُلَّةٌ وَلَا شَفَاعَةٌ ۗ وَالْكَافِرُونَ هُمُ الظَّالِمُونَ
အို- မုအ်မင်န်” ယုံကြည်ခြင်း သဒ္ဓါတရားထားရှိကြသူ အပေါင်းတို့၊ ငါအရှင်မြတ်သည် အသင်တို့အားပေးသနားတော်မူသော ဥစ္စာပစ္စည်းများအနက်မှ (အချို့အဝက်ကို) အသင်တို့သည် “ကိယာမတ်” နေ့မရောက်မီပင်လှူဒါန်းပေးကမ်းကြကုန်လော့။ ထိုနေ့တွင် မည်သည့် ရောင်းဝယ်မှုမျှရှိမည်မဟုတ်၊ မိတ်ဆွေဖြစ်မှုလည်း ရှိမည်မဟုတ်၊အသနားခံ တောင်းပေးမှုလည်းရှိမည် မဟုတ်။ “ကာဖိရ်”မယုံမကြည် သွေဖည်ငြင်းပယ် သောသူများသာလျှင် ကျူးကျော်စော်ကားသူများ ဖြစ်ကြသည်။
255 اللَّهُ لَا إِلَٰهَ إِلَّا هُوَ الْحَيُّ الْقَيُّومُ ۚ لَا تَأْخُذُهُ سِنَةٌ وَلَا نَوْمٌ ۚ لَّهُ مَا فِي السَّمَاوَاتِ وَمَا فِي الْأَرْضِ ۗ مَن ذَا الَّذِي يَشْفَعُ عِندَهُ إِلَّا بِإِذْنِهِ ۚ يَعْلَمُ مَا بَيْنَ أَيْدِيهِمْ وَمَا خَلْفَهُمْ ۖ وَلَا يُحِيطُونَ بِشَيْءٍ مِّنْ عِلْمِهِ إِلَّا بِمَا شَاءَ ۚ وَسِعَ كُرْسِيُّهُ السَّمَاوَاتِ وَالْأَرْضَ ۖ وَلَا يَئُودُهُ حِفْظُهُمَا ۚ وَهُوَ الْعَلِيُّ الْعَظِيمُ
အလ္လာဟ်အရှင်မြတ်သည် (သာလျှင်ခဝပ် ကိုးကွယ်ရာအရှင်ဖြစ်တော်မူ၏)။ ထိုအရှင်မြတ် မှတစ်ပါးကိုးကွယ် ခြင်းခံထိုက်သူဟူ၍ အလျင်းမရှိပြီ။ (ထိုအရှင်မြတ်သည်) အမြဲ ရှင်နေတော်မူသော အရှင်၊ (မိမိကိုယ်တော်တို�် ထာဝရတည် နေတော်မူ၍ သတ္တဝါအပေါင်းတို့ကိုလည်း) ထိန်းသိမ်းစောင့် ရှောက်တော်မူသော အရှင်ဖြစ်တော်မူ၏။ ထိုအရှင်မြတ်အား ငိုက်မျဉ်းခြင်းသည်လည်းကောင်း ၊ အိပ်စက်ခြင်းသည်လည်း ကောင်း မဖိစီးနိုင်ပေ။ထိုအရှင်မြတ်သည်သာလျှင် အာကာသ ကောင်းကင်များနှင့်မြေ၌ရှိရှိသမျှသော (သက်ရှိ သက်မဲ့)အရာ ဝတ္ထုဟူသမျှတို့ကိုပိုင်ဆိုင်တော်မူသော အရှင်ဖြစ်တော်မူ၏။ထိုအရှင်မြတ်၏အထံတော်၌ ထိုအရှင်မြတ်၏ ခွင့် ပြုချက်မရှိဘဲ သူတစ်ပါးအတွက် အသနားခံတောင်းပန်ပေး နိုင်သူကား အဘယ်သူနည်း။ ထိုအရှင်မြတ်သည် ထိုသူတို့၏ ရှေ့နောက်အဖြစ်အပျက် အကြောင်းကိစ္စအလုံးစုံတို့ကို အကြွင်းမဲ့ သိရှိတော်မူလေသည်။ သို့ရာတွင် ယင်းသူတို့သည် ထိုအရှင်မြတ်သိရှိတော်မူသော အကြောင်းကိစ္စအဖြစ်အပျက် တို့အနက်မှထိုအရှင်မြတ်အလိုရှိတော်မူသော အကြောင်း ကိစ္စ မှအပတစ်စုံတစ်ရာကိုမျှ ဝန်းခြုံ၍ မသိနိုင်ကြပေ။ ထိုအရှင် မြတ်၏ဉာဏ်တော်သည် အာကာသ ကောင်းကင်များနှင့်တကွကမ္ဘာမြေပြင် တခွင်လုံးကို ဝန်းခြုံလျက်ရှိချေ၏။ သို့ရာတွင်ယင်းမိုးကောင်းကင်နှင့်တကွ ကမ္ဘာမြေပြင်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းသည် ထိုအရှင်မြတ်အား ပင်ပန်းနွမ်းရိ စေသည် မဟုတ်ပေ။ စင်စစ်တမူကား ထိုအရှင်မြတ်သည် (မကြံစည်နိုင်အောင်) မြင့်မြတ်တော်မူသောအရှင်၊ ကြီးကဲ ထွတ်မြတ်တော်မူသောအရှင်တည်း။
ဘာသာပြန် — အလ်-ဗကရ 253 စူရာ အလ်-ဗကရ အာယာသ် 253 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ဤသူတို့သည်ကာ တမန်တော်များပင်တည်းငါအရှင်မြတ်သည် ယင်းတမန်တော်များအနက် အချို့သောတမန်တော်များကို အချို့သော တမန်တော်များထက် ပိုမိုဂုဏ်ဒြဗ် ခြီးမြှင့်တော်မူခဲ့ လေပြီ။ ထိုတမန်တော်များတွင်အလ္လာဟ်အရှင်မြတ်…
စူရာ အာယာသ် 253/286 — စူရာ အလ်-ဗကရ البقرة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဗကရ နားထောင်, စူရာ အလ်-ဗကရ ဘာသာပြန်, စူရာ အလ်-ဗကရ mp3, စူရာ အလ်-ဗကရ pdf. အာယာသ် 251–255. မြန်မာဘာသာ: ภาษาไทย.