📖 0/604 ဖတ်ပြီးသောစာမျက်နှာများ
📄 421
مِّنَ ٱلۡمُؤۡمِنِينَ رِجَالٌ صَدَقُواْ مَا عَٰهَدُواْ ٱللَّهَ عَلَيۡهِۖ فَمِنۡهُم مَّن قَضَىٰ نَحۡبَهُۥ وَمِنۡهُم مَّن يَنتَظِرُۖ وَمَا بَدَّلُواْ تَبۡدِيلًا ٢٣ لِّيَجۡزِيَ ٱللَّهُ ٱلصَّٰدِقِينَ بِصِدۡقِهِمۡ وَيُعَذِّبَ ٱلۡمُنَٰفِقِينَ إِن شَآءَ أَوۡ يَتُوبَ عَلَيۡهِمۡۚ إِنَّ ٱللَّهَ كَانَ غَفُورًا رَّحِيمًا ٢٤ وَرَدَّ ٱللَّهُ ٱلَّذِينَ كَفَرُواْ بِغَيۡظِهِمۡ لَمۡ يَنَالُواْ خَيۡرًاۚ وَكَفَى ٱللَّهُ ٱلۡمُؤۡمِنِينَ ٱلۡقِتَالَۚ وَكَانَ ٱللَّهُ قَوِيًّا عَزِيزًا ٢٥ وَأَنزَلَ ٱلَّذِينَ ظَٰهَرُوهُم مِّنۡ أَهۡلِ ٱلۡكِتَٰبِ مِن صَيَاصِيهِمۡ وَقَذَفَ فِي قُلُوبِهِمُ ٱلرُّعۡبَ فَرِيقًا تَقۡتُلُونَ وَتَأۡسِرُونَ فَرِيقًا ٢٦ وَأَوۡرَثَكُمۡ أَرۡضَهُمۡ وَدِيَٰرَهُمۡ وَأَمۡوَٰلَهُمۡ وَأَرۡضًا لَّمۡ تَطَـُٔوهَاۚ وَكَانَ ٱللَّهُ عَلَىٰ كُلِّ شَيۡءٍ قَدِيرًا ٢٧ يَٰٓأَيُّهَا ٱلنَّبِيُّ قُل لِّأَزۡوَٰجِكَ إِن كُنتُنَّ تُرِدۡنَ ٱلۡحَيَوٰةَ ٱلدُّنۡيَا وَزِينَتَهَا فَتَعَالَيۡنَ أُمَتِّعۡكُنَّ وَأُسَرِّحۡكُنَّ سَرَاحًا جَمِيلًا ٢٨ وَإِن كُنتُنَّ تُرِدۡنَ ٱللَّهَ وَرَسُولَهُۥ وَٱلدَّارَ ٱلۡأٓخِرَةَ فَإِنَّ ٱللَّهَ أَعَدَّ لِلۡمُحۡسِنَٰتِ مِنكُنَّ أَجۡرًا عَظِيمًا ٢٩ يَٰنِسَآءَ ٱلنَّبِيِّ مَن يَأۡتِ مِنكُنَّ بِفَٰحِشَةٍ مُّبَيِّنَةٍ يُضَٰعَفۡ لَهَا ٱلۡعَذَابُ ضِعۡفَيۡنِۚ وَكَانَ ذَٰلِكَ عَلَى ٱللَّهِ يَسِيرًا ٣٠
33:23
مِّنَ ٱلۡمُؤۡمِنِينَ رِجَالٌ صَدَقُواْ مَا عَٰهَدُواْ ٱللَّهَ عَلَيۡهِۖ فَمِنۡهُم مَّن قَضَىٰ نَحۡبَهُۥ وَمِنۡهُم مَّن يَنتَظِرُۖ وَمَا بَدَّلُواْ تَبۡدِيلًا ٢٣
မုအ်မင်န် သက်ဝင်ယုံကြည်သူတို့အနက်အလ္လာဟ်အရှင်မြတ်နှင့် မိမိတို့ထားရှိခဲ့ကြသော ပဋိညာဉ်နှင့်အညီ မှန်ကန်စွာပြုလုပ်ခဲ့ကြသူများလည်း ရှိကြကုန်၏။ သို့ဖြစ်ပေရာ ၎င်းတို့အနက် မိမိတို့၏အဓိဋ္ဌာန်ကို ပြီးစီးအောင်ဆောင်ရွက်ခဲ့သူများလည်းရှိကြ၏။ ထို့ပြင် ၎င်းတို့အနက်(မိမိတို့၏ အဓိဋ္ဌာန်ကို ပြီးစီးအောင်ဆောင်ရွက်ရန်)စောင့်စားနေသူများလည်းရှိကြကုန်၏။ ၎င်းတို့သည် အနည်းငယ် စိုးစဉ်းမျှပင် မပြောင်းလဲခဲ့ကြပေ။
33:24
لِّيَجۡزِيَ ٱللَّهُ ٱلصَّٰدِقِينَ بِصِدۡقِهِمۡ وَيُعَذِّبَ ٱلۡمُنَٰفِقِينَ إِن شَآءَ أَوۡ يَتُوبَ عَلَيۡهِمۡۚ إِنَّ ٱللَّهَ كَانَ غَفُورًا رَّحِيمًا ٢٤
(ယင်းကဲ့သို့ ဖြစ်ရခြင်းမှာ) အလ္လာဟ်အရှင်မြတ်သည် သစ္စာဝါဒီတို့အား ထိုသူတို့၏သစ္စာရှိမှုကြောင့် အစားပေးတော်မူအံ့သောငှာလည်းကောင်း၊ အကယ်၍ အလိုရှိတော်မူခဲ့ပါလျှင် မုနာဖစ်က် အယောင်ဆောင် မုစ်လင်မ်တို့အားပြစ်ဒဏ် ပေးတော်မူအံ့သောငှာ သို့မဟုတ် (အလိုရှိတော်မူပါလျှင်) ထိုသူတို့၏ ဝန်ချတောင်းပန်ချက်ကို သဘောတူ လက်ခံတော်မူအံ့ သောငှာလည်းကောင်း၊ ဖြစ်၏။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် အလွန်တရာခွင့်လွှတ်ချမ်းသာပေးသနားတော်မူသော၊ အလွန်တရာ ကရုဏာပြုတော် မူသောအရှင်မြတ်ပင်ဖြစ်တော်မူပေသတည်း။
33:25
وَرَدَّ ٱللَّهُ ٱلَّذِينَ كَفَرُواْ بِغَيۡظِهِمۡ لَمۡ يَنَالُواْ خَيۡرًاۚ وَكَفَى ٱللَّهُ ٱلۡمُؤۡمِنِينَ ٱلۡقِتَالَۚ وَكَانَ ٱللَّهُ قَوِيًّا عَزِيزًا ٢٥
စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည်ကာဖိရ် သွေဖည်ငြင်းပယ်သောသူတို့အား ၎င်းတို့သည် မည်သည့် ကောင်းကျိုးကိုမျှ မရရှိခဲ့ကြဘဲ၊ ၎င်းတို့၏ အမျက်ဒေါသနှင့်တကွ ပြန်သွားစေတော်မူခဲ့၏။ ၎င်းပြင် စစ်မက်တိုက်ခိုက်ရာတွင် အလ္လာဟ်အရှင်မြတ်သည်ပင် ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့အဖို့ လုံလောက်တော်မူခဲ့၏။ စင်စစ်မှာကားအလ္လာဟ် အရှင်မြတ်သည် အလွန်တရာ အားအင်ပြည့်စုံတော်မူသော၊ အလွန်တရာ လွှမ်းမိုးတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
33:26
وَأَنزَلَ ٱلَّذِينَ ظَٰهَرُوهُم مِّنۡ أَهۡلِ ٱلۡكِتَٰبِ مِن صَيَاصِيهِمۡ وَقَذَفَ فِي قُلُوبِهِمُ ٱلرُّعۡبَ فَرِيقًا تَقۡتُلُونَ وَتَأۡسِرُونَ فَرِيقًا ٢٦
ထိုမှတစ်ပါး ထိုအရှင်မြတ်သည် ၎င်းတို့အားကူညီထောက်မခဲ့ကြကုန်သော ကျမ်းဂန်ရရှိသူတို့အား ၎င်းတို့၏ခံတပ်များမှ ထွက်စေတော်မူခဲ့သည့်ပြင် ၎င်းတို့၏ စိတ်နှလုံးများတွင် ကြောက်ရွံ့ထိတ်လန့်မှုကို ထည့်သွင်းတော်မူခဲ့ရာအသင်တို့သည် ၎င်းတို့အနက် လူတစ်စုကို သတ်ဖြတ်လျက်ရှိကြပြီး၊ လူတစ်စုကိုမူကား (သုံ့ပန်းများအဖြစ်) ဖမ်းဆီးချုပ်နှောင်ကြကုန်၏။
33:27
وَأَوۡرَثَكُمۡ أَرۡضَهُمۡ وَدِيَٰرَهُمۡ وَأَمۡوَٰلَهُمۡ وَأَرۡضًا لَّمۡ تَطَـُٔوهَاۚ وَكَانَ ٱللَّهُ عَلَىٰ كُلِّ شَيۡءٍ قَدِيرًا ٢٧
ထိုမှတစ်ပါး ထိုအရှင်မြတ်သည် ထိုသူတို့၏မြေကိုလည်းကောင်း၊ ထိုသူတို့၏ နေအိမ်များကိုလည်းကောင်း၊ထိုသူတို့၏ ဥစ္စာပစ္စည်းများကိုလည်းကောင်း၊ ထို့ပြင် အသင်တို့ခြေမချရသေးသော မြေကိုလည်းကောင်း၊ အသင်တို့အားအမွေဆက်ခံစေတော်မူခဲ့၏။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို စွမ်းဆောင်နိုင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
33:28
يَٰٓأَيُّهَا ٱلنَّبِيُّ قُل لِّأَزۡوَٰجِكَ إِن كُنتُنَّ تُرِدۡنَ ٱلۡحَيَوٰةَ ٱلدُّنۡيَا وَزِينَتَهَا فَتَعَالَيۡنَ أُمَتِّعۡكُنَّ وَأُسَرِّحۡكُنَّ سَرَاحًا جَمِيلًا ٢٨
အို-နဗီတမန်တော်၊ အသင်သည် မိမိ ကြင်ရာတော်များအား ပြောကြားပါလေ။ အကယ်၍ အသင်မတို့သည်လောကီဘဝကိုလည်းကောင်း၊ ယင်းလောကီ ဘဝ၏လှပတင့်တယ်မှုကိုလည်းကောင်း အလိုရှိကြပါလျှင်၊ အသင်မတို့လာကြပါကုန်၊ ငါသည် အသင်မတို့အား ကျေနပ်အောင်အကျိုးခံစားစေ၍ ကောင်းမွန်စွာ စွန့်လွှတ်လိုက်မည်။
33:29
وَإِن كُنتُنَّ تُرِدۡنَ ٱللَّهَ وَرَسُولَهُۥ وَٱلدَّارَ ٱلۡأٓخِرَةَ فَإِنَّ ٱللَّهَ أَعَدَّ لِلۡمُحۡسِنَٰتِ مِنكُنَّ أَجۡرًا عَظِيمًا ٢٩
သို့ရာတွင် အကယ်၍အသင်မတို့သည်အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်အားလည်းကောင်း၊ တမလွန် ဘဝကိုလည်းကောင်း၊ရည်စူးကြပါလျှင် မလွဲဧကန် အလ္လာဟ်အရှင်မြတ်သည် အသင်မတို့အနက် ကောင်းမြတ်သောအကျင့်သီလကို ဆောက်တည်ကြကုန်သော သူမတို့အဖို့ ကြီးကျယ်လှစွာသောအကျိုးကို အဆင်သင့်ပြုလုပ်၍ ထားရှိတော်မူသည်။
33:30
يَٰنِسَآءَ ٱلنَّبِيِّ مَن يَأۡتِ مِنكُنَّ بِفَٰحِشَةٍ مُّبَيِّنَةٍ يُضَٰعَفۡ لَهَا ٱلۡعَذَابُ ضِعۡفَيۡنِۚ وَكَانَ ذَٰلِكَ عَلَى ٱللَّهِ يَسِيرًا ٣٠
အို-နဗီတမန်တော်မြတ်၏ ကြင်ရာတော်အပေါင်းတို့၊ အသင်မတို့အနက် မည်သူမဆို ထင်ရှားစွာသာမဖွယ်မရာအမှုကိစ္စ တစ်စုံတစ်ခုကို ပြုလုပ်သည် ရှိသော်၎င်းမှာ နှစ်ဆတိုး၍ ပြစ်ဒဏ်ပေးခြင်းကို ခံရပေမည်။စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်၌ ယင်းကဲ့သို့ ပြုလုပ်ရန်လွယ်ကူပေသတည်း။
العربيةEnglishBahasa IndonesiaTürkçeРусскийفارسیFrançaisاردوবাংলাDeutschEspañol中文हिन्दीPortuguêsItalianoภาษาไทยPolskiNederlandsShqipKiswahiliO'zbekதமிழ்MelayuBosanskiSoomaaliAzərbaycanکوردی한국어日本語SvenskaDanskNorskپښتوമലയാളംසිංහලTamazightHausaአማርኛБългарскиТоҷикӣҚазақшаFilipinoسنڌيYorùbáFulfuldeТатарчаئۇيغۇرچەКыргызчаਪੰਜਾਬੀJawaతెలుగుမြန်မာગુજરાતીOromoमराठीTiếng ViệtMalagasyНохчийнWolofދިވެހިಕನ್ನಡУкраїнськаΕλληνικάქართულიខ្មែរدریQafar afMaranaoनेपाली
ကုရ်အာန်ကျမ်း
Thursday, August 27, 2026
Don't forget us in your sincere prayers







