📖 0/604 ဖတ်ပြီးသောစာမျက်နှာများ
📄 471
وَلَقَدۡ جَآءَكُمۡ يُوسُفُ مِن قَبۡلُ بِٱلۡبَيِّنَٰتِ فَمَا زِلۡتُمۡ فِي شَكٍّ مِّمَّا جَآءَكُم بِهِۦۖ حَتَّىٰٓ إِذَا هَلَكَ قُلۡتُمۡ لَن يَبۡعَثَ ٱللَّهُ مِنۢ بَعۡدِهِۦ رَسُولًاۚ كَذَٰلِكَ يُضِلُّ ٱللَّهُ مَنۡ هُوَ مُسۡرِفٌ مُّرۡتَابٌ  ۝٣٤ ٱلَّذِينَ يُجَٰدِلُونَ فِيٓ ءَايَٰتِ ٱللَّهِ بِغَيۡرِ سُلۡطَٰنٍ أَتَىٰهُمۡۖ كَبُرَ مَقۡتًا عِندَ ٱللَّهِ وَعِندَ ٱلَّذِينَ ءَامَنُواْۚ كَذَٰلِكَ يَطۡبَعُ ٱللَّهُ عَلَىٰ كُلِّ قَلۡبِ مُتَكَبِّرٍ جَبَّارٍ  ۝٣٥ وَقَالَ فِرۡعَوۡنُ يَٰهَٰمَٰنُ ٱبۡنِ لِي صَرۡحًا لَّعَلِّيٓ أَبۡلُغُ ٱلۡأَسۡبَٰبَ  ۝٣٦ أَسۡبَٰبَ ٱلسَّمَٰوَٰتِ فَأَطَّلِعَ إِلَىٰٓ إِلَٰهِ مُوسَىٰ وَإِنِّي لَأَظُنُّهُۥ كَٰذِبًاۚ وَكَذَٰلِكَ زُيِّنَ لِفِرۡعَوۡنَ سُوٓءُ عَمَلِهِۦ وَصُدَّ عَنِ ٱلسَّبِيلِۚ وَمَا كَيۡدُ فِرۡعَوۡنَ إِلَّا فِي تَبَابٍ  ۝٣٧ وَقَالَ ٱلَّذِيٓ ءَامَنَ يَٰقَوۡمِ ٱتَّبِعُونِ أَهۡدِكُمۡ سَبِيلَ ٱلرَّشَادِ  ۝٣٨ يَٰقَوۡمِ إِنَّمَا هَٰذِهِ ٱلۡحَيَوٰةُ ٱلدُّنۡيَا مَتَٰعٌ وَإِنَّ ٱلۡأٓخِرَةَ هِيَ دَارُ ٱلۡقَرَارِ  ۝٣٩ مَنۡ عَمِلَ سَيِّئَةً فَلَا يُجۡزَىٰٓ إِلَّا مِثۡلَهَاۖ وَمَنۡ عَمِلَ صَٰلِحًا مِّن ذَكَرٍ أَوۡ أُنثَىٰ وَهُوَ مُؤۡمِنٌ فَأُوْلَٰٓئِكَ يَدۡخُلُونَ ٱلۡجَنَّةَ يُرۡزَقُونَ فِيهَا بِغَيۡرِ حِسَابٍ  ۝٤٠
40:34
وَلَقَدۡ جَآءَكُمۡ يُوسُفُ مِن قَبۡلُ بِٱلۡبَيِّنَٰتِ فَمَا زِلۡتُمۡ فِي شَكٍّ مِّمَّا جَآءَكُم بِهِۦۖ حَتَّىٰٓ إِذَا هَلَكَ قُلۡتُمۡ لَن يَبۡعَثَ ٱللَّهُ مِنۢ بَعۡدِهِۦ رَسُولًاۚ كَذَٰلِكَ يُضِلُّ ٱللَّهُ مَنۡ هُوَ مُسۡرِفٌ مُّرۡتَابٌ  ۝٣٤
ထိုမှတစ်ပါး ဧကန်မလွဲ (နဗီတမန်တော်) ယူစွဖ်သည် အသင်တို့ထံ ရှေးဦးမဆွက သက်သေ အထောက်အထားများ ယူဆောင်ခဲ့လေ၏။ သို့ရာတွင် အသင်တို့သည် ထို(နဗီတမန်တော်)ယူစွဖ် ယူဆောင်ခဲ့သည်တို့နှင့်စပ်လျဉ်း၍ ဒွိဟသံသယ၌ပင် ရှိမြဲရှိနေခဲ့ကြကုန်၏။ နောက်ဆုံးတွင် အသင်တို့သည် ထို(နဗီတမန်တော်)ယူစွဖ် ကွယ်လွန်ခဲ့လေသောအခါ အလ္လာဟ်အရှင်မြတ်သည် ထို(နဗီတမန်တော်)ယူစွဖ်၏ နောက်တွင် မည်သည့်ရစူလ်တမန်တော်တစ်ပါးကိုမျှပင် အလျင်း စေလွှတ်တော်မူမည်မဟုတ်ဟု ပြောဆိုခဲ့ကြကုန်၏။ ဤနည်းအတိုင်းပင် အလ္လာဟ်အရှင်မြတ်သည် စည်းကမ်းကျူးလွန်သူ၊ ဒွိဟသံသယ၌ရှိနေသူအား လမ်းမှား၌ပင် ရှိနေစေတော်မူ၏။
40:35
ٱلَّذِينَ يُجَٰدِلُونَ فِيٓ ءَايَٰتِ ٱللَّهِ بِغَيۡرِ سُلۡطَٰنٍ أَتَىٰهُمۡۖ كَبُرَ مَقۡتًا عِندَ ٱللَّهِ وَعِندَ ٱلَّذِينَ ءَامَنُواْۚ كَذَٰلِكَ يَطۡبَعُ ٱللَّهُ عَلَىٰ كُلِّ قَلۡبِ مُتَكَبِّرٍ جَبَّارٍ  ۝٣٥
အကြင် (စည်းကမ်းကျူးလွန်သူ၊ ဒွိဟသံသယ၌ရှိနေ)သူတို့သည် မိမိတို့ထံ မည်သည့် သက်သေအထောက်အထား အကြောင်းပြချက် တစ်စုံတစ်ရာမျှပင် ရောက်လာခဲ့သည် မရှိဘဲလျက် အလ္လာဟ်အရှင်မြတ်၏ သက်သေလက္ခဏာတော်များနှင့် စပ်လျဉ်း၍ အငြင်းအခုန် ပြုကြကုန်၏။ (ဤသည်) အလ္လာဟ်အရှင်မြတ်အထံ၌လည်းကောင်း၊ ‘မုအ်မင်န်’သက်ဝင်ယုံကြည်သူတို့၏ထံတော်၌လည်းကောင်း၊ စက်ဆုပ်မှုအားဖြင့် လွန်စွာကြီးကျယ်လှ၏။ အလ္လာဟ်အရှင်မြတ်သည် ဤနည်းအတိုင်းပင် ဘဝင်မြင့်မာန်မာန ထောင်လွှားသူ၊ လွန်စွာဆိုးသွမ်းသူ၏ စိတ်နှလုံးတစ်ခုလုံးပေါ်ဝယ် တံဆိပ်ခတ်နှိပ်တော် မူပေသတည်း။
40:36
وَقَالَ فِرۡعَوۡنُ يَٰهَٰمَٰنُ ٱبۡنِ لِي صَرۡحًا لَّعَلِّيٓ أَبۡلُغُ ٱلۡأَسۡبَٰبَ  ۝٣٦
ထို့နောက် "ဖစ်ရ်အောင်န်" မှ(ဤသို့)ပြော ဆိုခဲ့၏။ အို-"ဟာမာန်" ငါသည် လမ်းများသို့ရောက်ရှိအံ့သောငှာ အသင်သည် ငါ၏အဖို့ မြင့်စွင့်သော အဆောက်အအုံတစ်ခု တည်ဆောက်လော့။
40:37
أَسۡبَٰبَ ٱلسَّمَٰوَٰتِ فَأَطَّلِعَ إِلَىٰٓ إِلَٰهِ مُوسَىٰ وَإِنِّي لَأَظُنُّهُۥ كَٰذِبًاۚ وَكَذَٰلِكَ زُيِّنَ لِفِرۡعَوۡنَ سُوٓءُ عَمَلِهِۦ وَصُدَّ عَنِ ٱلسَّبِيلِۚ وَمَا كَيۡدُ فِرۡعَوۡنَ إِلَّا فِي تَبَابٍ  ۝٣٧
(ငါသည်)မိုးကောင်းကင်(ပေါ်တက်နိုင်ရန်)လမ်းများသို့ (တက်ရောက်နိုင်အံ့သောငှာ၊) သို့ (တက်ရောက်နိုင်ခဲ့)လျှင် ငါသည် မူစာ၏ကိုးကွယ်ရာ အရှင်မြတ်အား မြင်ပေမည်။အမှန်စင်စစ်သော်ကား ငါသည် မူစာအား မုသားဝါဒီတစ်ဦးဟုပင် ထင်မြင်ယူဆပေသည်။ စင်စစ်သော်ကား ထိုနည်းအတိုင်းပင် "ဖစ်ရ်အောင်န်"၏အမြင်၌ ၎င်း၏ မကောင်းမှုသည် လှပတင့်တယ်အောင် ပြုလုပ်ခြင်းခံခဲ့ရလေ၏။ ထိုမှတစ်ပါး ၎င်းသည် (ဖြောင့်မှန်သော)လမ်းမှလည်း တားဆီးခြင်းခံခဲ့ရလေ၏။ အမှန်သော်ကား "ဖစ်ရ်အောင်န်" ၏အကြံအစည်မှာ ပျက်စီးခဲ့သည်သာတည်း။
40:38
وَقَالَ ٱلَّذِيٓ ءَامَنَ يَٰقَوۡمِ ٱتَّبِعُونِ أَهۡدِكُمۡ سَبِيلَ ٱلرَّشَادِ  ۝٣٨
ထို့ပြင် (ထို) "မုအ်မင်န်" သက်ဝင်ယုံကြည်သူသည် (ဤသို့)ပြောဆိုခဲ့လေ၏။ အို-ကျွန်ုပ်၏ အမျိုးသားတို့၊ အသင်တို့သည် ကျွန်ုပ်၏နောက်သို့ လိုက်ခဲ့ကြလေကုန်။ ကျွန်ုပ်သည် အသင်တို့အား တရားလမ်းမှန်သို့ ပို့ဆောင်အံ့။
40:39
يَٰقَوۡمِ إِنَّمَا هَٰذِهِ ٱلۡحَيَوٰةُ ٱلدُّنۡيَا مَتَٰعٌ وَإِنَّ ٱلۡأٓخِرَةَ هِيَ دَارُ ٱلۡقَرَارِ  ۝٣٩
အို-ကျွန်ုပ်၏အမျိုးသားတို့၊ ဤမျက်မှောက်လောကီဘဝသည် အနည်းငယ်မျှ အကျိုးကျေးဇူးခံစားမှုသာ ဖြစ်ပေသည်။ သို့ရာတွင် အာခိရတ် တမလွန်ဘဝမှာမူကား ယင်းသည်သာလျှင် ဧကန်စင်စစ် အမြဲနေထိုင်ရန်ဌာနဖြစ်၏။
40:40
مَنۡ عَمِلَ سَيِّئَةً فَلَا يُجۡزَىٰٓ إِلَّا مِثۡلَهَاۖ وَمَنۡ عَمِلَ صَٰلِحًا مِّن ذَكَرٍ أَوۡ أُنثَىٰ وَهُوَ مُؤۡمِنٌ فَأُوْلَٰٓئِكَ يَدۡخُلُونَ ٱلۡجَنَّةَ يُرۡزَقُونَ فِيهَا بِغَيۡرِ حِسَابٍ  ۝٤٠
မည်သူမဆို မကောင်းမှုဒုစရိုက် တစ်စုံတစ်ရာကို ကျင့်မူခဲ့လျှင် ယင်းမကောင်းမှုနှင့် ညီမျှသည့် (ပြစ်ဒဏ်)ကိုသာ အစားပေးခြင်း ခံရပေမည်။ သို့ရာတွင် မည်သူမဆို ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ ကောင်းမြတ်သောအကျင့်သီလကို ကျင့်မူဆောက်တည်ခဲ့မူ ထိုမှတစ်ပါး ထိုသူသည် မုအ်မင်န် သက်ဝင် ယုံကြည်သူလည်း ဖြစ်ပါမူ၊ ထိုကဲ့သို့သောသူတို့မှာ "ဂျန္နတ်" သုခဘုံသို့ ဝင်ရောက်ကြပေမည်။ ထိုသူတို့သည် ယင်း"ဂျန္နတ်" သုခဘုံတွင် ရေတွက်ခြင်းမရှိဘဲ စားနပ်ရိက္ခာကို ချီးမြှင့်ကျွေးမွေးခြင်းကို ခံကြရကုန်အံ့သတည်း။


📚Juz 24 📄471 / 604



Mishary Rashid Alafasy
Mahmoud Khalil Al-Husary
Abdurrahman As-Sudais
Mohamed Siddiq Al-Minshawi
Abdul Basit Abdul Samad
Ali Al-Hudhaify
Ahmed ibn Ali al-Ajamy
Abu Bakr Ash-Shaatree
Muhammad Ayyoub
Abdullah Basfar
Abdullah Al-Juhani
Maher Al Muaiqly
0:00
0:00
-

ကုရ်အာန်ကျမ်း


Saturday, August 29, 2026

Don't forget us in your sincere prayers