وَلَقَدْ جَاءَكُمْ يُوسُفُ مِن قَبْلُ بِالْبَيِّنَاتِ فَمَا زِلْتُمْ فِي شَكٍّ مِّمَّا جَاءَكُم بِهِ ۖ حَتَّىٰ إِذَا هَلَكَ قُلْتُمْ لَن يَبْعَثَ اللَّهُ مِن بَعْدِهِ رَسُولًا ۚ كَذَٰلِكَ يُضِلُّ اللَّهُ مَنْ هُوَ مُسْرِفٌ مُّرْتَابٌ ٣٤
🔤 Transliteration
Wa laqad jaaa`akum Yoosufu min qablu bil baiyinaati famaa ziltum fee shakkim mimaa jaaa`akum bihee hattaaa izaa halaka qultum lai yab asal laahu mim ba`dihee Rasoolaa; kazaalika yudillul laahu man huwa Musrifum murtaab
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
ထိုမှတစ်ပါး ဧကန်မလွဲ (နဗီတမန်တော်) ယူစွဖ်သည် အသင်တို့ထံ ရှေးဦးမဆွက သက်သေ အထောက်အထားများ ယူဆောင်ခဲ့လေ၏။ သို့ရာတွင် အသင်တို့သည် ထို(နဗီတမန်တော်)ယူစွဖ် ယူဆောင်ခဲ့သည်တို့နှင့်စပ်လျဉ်း၍ ဒွိဟသံသယ၌ပင် ရှိမြဲရှိနေခဲ့ကြကုန်၏။ နောက်ဆုံးတွင် အသင်တို့သည် ထို(နဗီတမန်တော်)ယူစွဖ် ကွယ်လွန်ခဲ့လေသောအခါ အလ္လာဟ်အရှင်မြတ်သည် ထို(နဗီတမန်တော်)ယူစွဖ်၏ နောက်တွင် မည်သည့်ရစူလ်တမန်တော်တစ်ပါးကိုမျှပင် အလျင်း စေလွှတ်တော်မူမည်မဟုတ်ဟု ပြောဆိုခဲ့ကြကုန်၏။ ဤနည်းအတိုင်းပင် အလ္လာဟ်အရှင်မြတ်သည် စည်းကမ်းကျူးလွန်သူ၊ ဒွိဟသံသယ၌ရှိနေသူအား လမ်းမှား၌ပင် ရှိနေစေတော်မူ၏။
🌐 Additional reference in ภาษาไทย
၁။ ကလိမဟ်များ၏ အဓိပ္ပာယ်
ဗယ်ယိနာသ် (الْبَيِّنَاتِ ) — ထင်ရှားသော သက်သေလက္ခဏာများ၊ ရှင်းလင်းသော အထောက်အထားများ။ ဟလကာ (هَلَكَ ) — ကွယ်လွန်သွားသည်၊ သေဆုံးသွားသည်။ မုစ်ရိဖ် (مُسْرِفٌ ) — အလ္လာဟ်အရှင်မြတ်၏ စည်းဘောင်များကို ကျော်လွန်သူ၊ ပိုလွန်စွာ ပြုမူသူ။ မုရ်သာဗ် (مُرْتَابٌ ) — သံသယဝင်နေသူ၊ ယုံမှားသံသယနှင့် ပြည့်နှက်နေသူ။ ၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်
အလ္လာဟ်အရှင်မြတ်သည် ဤအာယသ်တော်တွင် ဖိရ်အောင်န်၏ လူမျိုးများအား မိန့်ကြားတော်မူသည်။ မုစာအသော်မတိုင်မီ ကြာမြင့်စွာသော ကာလက တမန်တော်ယူစုဖ် (အလိုင်ဟိစ်စလာမ်) သည် သူတို့ထံသို့ ရောက်ရှိလာခဲ့ပြီး၊ အလ္လာဟ်အရှင်မြတ်သည် တစ်ဆူတည်းဖြစ်တော်မူကြောင်း ထင်ရှားရှင်းလင်းသော သက်သေလက္ခဏာများနှင့်အတူ ခေါ်ဆောင်ခဲ့သည်။ သို့သော် သူတို့သည် တမန်တော်ယူစုဖ် ယူဆောင်လာခဲ့သော သတင်းစကားနှင့် ပတ်သက်၍ သံသယဝင်နေခဲ့ကြပြီး ယုံကြည်လက်ခံရန် ငြင်းပယ်ခဲ့ကြသည်။
ထို့နောက် တမန်တော်ယူစုဖ် ကွယ်လွန်သွားသောအခါ သူတို့၏ သံသယသည် ပို၍ပင် ကြီးထွားလာပြီး၊ "အလ္လာဟ်အရှင်မြတ်သည် သူ့နောက်တွင် မည်သည့်တမန်တော်ကိုမျှ စေလွှတ်တော်မူမည် မဟုတ်" ဟု ပြောဆိုလျက် ကုဖ်ရ် (မယုံကြည်မှု) အပေါ် ဆက်လက်ရပ်တည်ခဲ့ကြသည်။ သူတို့သည် အလ္လာဟ်အရှင်မြတ်ထံမှ ဟိဒါယသ် (လမ်းညွှန်မှု) ကို လက်ခံရန် ငြင်းဆန်ခဲ့ကြပြီး၊ အမှန်တရားကို စွန့်လွှတ်၍ မှားယွင်းသောလမ်းကို လိုက်နာခြင်းဖြင့် စည်းဘောင်များကို ကျော်လွန်ခဲ့ကြသည်။
ဤကဲ့သို့ပင် အလ္လာဟ်အရှင်မြတ်သည် မိမိ၏ စည်းဘောင်များကို ကျော်လွန်သူ၊ သံသယနှင့် ယုံမှားမှုတွင် နစ်မြုပ်နေသူတိုင်းကို ဟိဒါယသ်မှ လမ်းလွဲစေတော်မူသည်။ သူတို့သည် အမှန်တရားကို လက်ခံရန် ဆန္ဒမရှိသောကြောင့် အလ္လာဟ်အရှင်မြတ်သည် သူတို့အား လမ်းညွှန်မှုမှ ပိတ်ဆို့တော်မူသည်။
၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများ
အလ္လာဟ်အရှင်မြတ်သည် လူသားများထံသို့ တမန်တော်များကို အဆက်မပြတ် စေလွှတ်တော်မူခဲ့ပြီး၊ လူသားများအား အမှန်တရားလမ်းစဉ်သို့ ပို့ဆောင်ရန် အစဉ်အမြဲ ကြင်နာတော်မူသည်။ သံသယနှင့် ယုံမှ
وَلَقَدۡ جَآءَكُمۡ يُوسُفُ مِن قَبۡلُ بِٱلۡبَيِّنَٰتِ فَمَا زِلۡتُمۡ فِي شَكٍّ مِّمَّا جَآءَكُم بِهِۦۖ حَتَّىٰٓ إِذَا هَلَكَ قُلۡتُمۡ لَن يَبۡعَثَ ٱللَّهُ مِنۢ بَعۡدِهِۦ رَسُولًاۚ كَذَٰلِكَ يُضِلُّ ٱللَّهُ مَنۡ هُوَ مُسۡرِفٌ مُّرۡتَابٌ ٣٤
ထိုမှတစ်ပါး ဧကန်မလွဲ (နဗီတမန်တော်) ယူစွဖ်သည် အသင်တို့ထံ ရှေးဦးမဆွက သက်သေ အထောက်အထားများ ယူဆောင်ခဲ့လေ၏။ သို့ရာတွင် အသင်တို့သည် ထို(နဗီတမန်တော်)ယူစွဖ် ယူဆောင်ခဲ့သည်တို့နှင့်စပ်လျဉ်း၍ ဒွိဟသံသယ၌ပင် ရှိမြဲရှိနေခဲ့ကြကုန်၏။ နောက်ဆုံးတွင် အသင်တို့သည် ထို(နဗီတမန်တော်)ယူစွဖ် ကွယ်လွန်ခဲ့လေသောအခါ အလ္လာဟ်အရှင်မြတ်သည် ထို(နဗီတမန်တော်)ယူစွဖ်၏ နောက်တွင် မည်သည့်ရစူလ်တမန်တော်တစ်ပါးကိုမျှပင် အလျင်း စေလွှတ်တော်မူမည်မဟုတ်ဟု ပြောဆိုခဲ့ကြကုန်၏။ ဤနည်းအတိုင်းပင် အလ္လာဟ်အရှင်မြတ်သည် စည်းကမ်းကျူးလွန်သူ၊ ဒွိဟသံသယ၌ရှိနေသူအား လမ်းမှား၌ပင် ရှိနေစေတော်မူ၏။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 32-36 — စူရာ ဂါဖီရ်
32 وَيَا قَوْمِ إِنِّي أَخَافُ عَلَيْكُمْ يَوْمَ التَّنَادِ
ထိုမှတစ်ပါး အို-ကျွန်ုပ်၏အမျိုးသားတို့၊ ဧကန်မလွဲ ကျွန်ုပ်သည် အသင်တို့နှင့်ပတ်သက်၍ ဟစ်အော်မည့်နေ့(၏အပြစ်ဒဏ်)ကိုလည်းစိုးရိမ်၏။
33 يَوْمَ تُوَلُّونَ مُدْبِرِينَ مَا لَكُم مِّنَ اللَّهِ مِنْ عَاصِمٍ ۗ وَمَن يُضْلِلِ اللَّهُ فَمَا لَهُ مِنْ هَادٍ
အကြင်နေ့တွင် အသင်တို့သည် ကျောခိုင်း၍ ထွက်ပြေးကြပေမည်။ (ထိုနေ့တွင်) အလ္လာဟ်အရှင်မြတ်အား ဆန့်ကျင်၍ ကာကွယ်စောင့်ရှောက်အံ့သောသူဟူ၍ တစ်ဦးတစ်ယောက်မျှပင် အသင်တို့၌ ရှိလိမ့်မည်မဟုတ်ပေ။ စင်စစ်သော်ကား မည်သူ့ကိုမဆို အလ္လာဟ်အရှင်မြတ်သည် လမ်းမှား၌(ဆက်လက်၍) ထားရှိတော်မူပါလျှင် ထိုသူ၌ လမ်းမှန်သို့ ပို့ပေးအံ့သောသူဟူ၍ တစ်ဦးတစ်ယောက်မျှမရှိပေ။
34 وَلَقَدْ جَاءَكُمْ يُوسُفُ مِن قَبْلُ بِالْبَيِّنَاتِ فَمَا زِلْتُمْ فِي شَكٍّ مِّمَّا جَاءَكُم بِهِ ۖ حَتَّىٰ إِذَا هَلَكَ قُلْتُمْ لَن يَبْعَثَ اللَّهُ مِن بَعْدِهِ رَسُولًا ۚ كَذَٰلِكَ يُضِلُّ اللَّهُ مَنْ هُوَ مُسْرِفٌ مُّرْتَابٌ
ထိုမှတစ်ပါး ဧကန်မလွဲ (နဗီတမန်တော်) ယူစွဖ်သည် အသင်တို့ထံ ရှေးဦးမဆွက သက်သေ အထောက်အထားများ ယူဆောင်ခဲ့လေ၏။ သို့ရာတွင် အသင်တို့သည် ထို(နဗီတမန်တော်)ယူစွဖ် ယူဆောင်ခဲ့သည်တို့နှင့်စပ်လျဉ်း၍ ဒွိဟသံသယ၌ပင် ရှိမြဲရှိနေခဲ့ကြကုန်၏။ နောက်ဆုံးတွင် အသင်တို့သည် ထို(နဗီတမန်တော်)ယူစွဖ် ကွယ်လွန်ခဲ့လေသောအခါ အလ္လာဟ်အရှင်မြတ်သည် ထို(နဗီတမန်တော်)ယူစွဖ်၏ နောက်တွင် မည်သည့်ရစူလ်တမန်တော်တစ်ပါးကိုမျှပင် အလျင်း စေလွှတ်တော်မူမည်မဟုတ်ဟု ပြောဆိုခဲ့ကြကုန်၏။ ဤနည်းအတိုင်းပင် အလ္လာဟ်အရှင်မြတ်သည် စည်းကမ်းကျူးလွန်သူ၊ ဒွိဟသံသယ၌ရှိနေသူအား လမ်းမှား၌ပင် ရှိနေစေတော်မူ၏။
35 الَّذِينَ يُجَادِلُونَ فِي آيَاتِ اللَّهِ بِغَيْرِ سُلْطَانٍ أَتَاهُمْ ۖ كَبُرَ مَقْتًا عِندَ اللَّهِ وَعِندَ الَّذِينَ آمَنُوا ۚ كَذَٰلِكَ يَطْبَعُ اللَّهُ عَلَىٰ كُلِّ قَلْبِ مُتَكَبِّرٍ جَبَّارٍ
အကြင် (စည်းကမ်းကျူးလွန်သူ၊ ဒွိဟသံသယ၌ရှိနေ)သူတို့သည် မိမိတို့ထံ မည်သည့် သက်သေအထောက်အထား အကြောင်းပြချက် တစ်စုံတစ်ရာမျှပင် ရောက်လာခဲ့သည် မရှိဘဲလျက် အလ္လာဟ်အရှင်မြတ်၏ သက်သေလက္ခဏာတော်များနှင့် စပ်လျဉ်း၍ အငြင်းအခုန် ပြုကြကုန်၏။ (ဤသည်) အလ္လာဟ်အရှင်မြတ်အထံ၌လည်းကောင်း၊ ‘မုအ်မင်န်’သက်ဝင်ယုံကြည်သူတို့၏ထံတော်၌လည်းကောင်း၊ စက်ဆုပ်မှုအားဖြင့် လွန်စွာကြီးကျယ်လှ၏။ အလ္လာဟ်အရှင်မြတ်သည် ဤနည်းအတိုင်းပင် ဘဝင်မြင့်မာန်မာန ထောင်လွှားသူ၊ လွန်စွာဆိုးသွမ်းသူ၏ စိတ်နှလုံးတစ်ခုလုံးပေါ်ဝယ် တံဆိပ်ခတ်နှိပ်တော် မူပေသတည်း။
36 وَقَالَ فِرْعَوْنُ يَا هَامَانُ ابْنِ لِي صَرْحًا لَّعَلِّي أَبْلُغُ الْأَسْبَابَ
ထို့နောက် "ဖစ်ရ်အောင်န်" မှ(ဤသို့)ပြော ဆိုခဲ့၏။ အို-"ဟာမာန်" ငါသည် လမ်းများသို့ရောက်ရှိအံ့သောငှာ အသင်သည် ငါ၏အဖို့ မြင့်စွင့်သော အဆောက်အအုံတစ်ခု တည်ဆောက်လော့။
ဘာသာပြန် — ဂါဖီရ် 34 စူရာ ဂါဖီရ် အာယာသ် 34 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုမှတစ်ပါး ဧကန်မလွဲ (နဗီတမန်တော်) ယူစွဖ်သည် အသင်တို့ထံ ရှေးဦးမဆွက သက်သေ အထောက်အထားများ ယူဆောင်ခဲ့လေ၏။ သို့ရာတွင်…
စူရာ အာယာသ် 34/85 — စူရာ ဂါဖီရ် غافر (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ဂါဖီရ် နားထောင်, စူရာ ဂါဖီရ် ဘာသာပြန်, စူရာ ဂါဖီရ် mp3, စူရာ ဂါဖီရ် pdf. အာယာသ် 32–36. မြန်မာဘာသာ: ภาษาไทย.