ဂါဖီရ် · 34/85
ဘာသာပြန် အသံနိုင်ငံ — ဂါဖီရ်
وَلَقَدْ جَاءَكُمْ يُوسُفُ مِن قَبْلُ بِالْبَيِّنَاتِ فَمَا زِلْتُمْ فِي شَكٍّ مِّمَّا جَاءَكُم بِهِ ۖ حَتَّىٰ إِذَا هَلَكَ قُلْتُمْ لَن يَبْعَثَ اللَّهُ مِن بَعْدِهِ رَسُولًا ۚ كَذَٰلِكَ يُضِلُّ اللَّهُ مَنْ هُوَ مُسْرِفٌ مُّرْتَابٌ ۝٣٤
Wa laqad jaaa`akum Yoosufu min qablu bil baiyinaati famaa ziltum fee shakkim mimaa jaaa`akum bihee hattaaa izaa halaka qultum lai yab asal laahu mim ba`dihee Rasoolaa; kazaalika yudillul laahu man huwa Musrifum murtaab
📖 မြန်မာဘာသာ
ထိုမှတစ်ပါး ဧကန်မလွဲ (နဗီတမန်တော်) ယူစွဖ်သည် အသင်တို့ထံ ရှေးဦးမဆွက သက်သေ အထောက်အထားများ ယူဆောင်ခဲ့လေ၏။ သို့ရာတွင် အသင်တို့သည် ထို(နဗီတမန်တော်)ယူစွဖ် ယူဆောင်ခဲ့သည်တို့နှင့်စပ်လျဉ်း၍ ဒွိဟသံသယ၌ပင် ရှိမြဲရှိနေခဲ့ကြကုန်၏။ နောက်ဆုံးတွင် အသင်တို့သည် ထို(နဗီတမန်တော်)ယူစွဖ် ကွယ်လွန်ခဲ့လေသောအခါ အလ္လာဟ်အရှင်မြတ်သည် ထို(နဗီတမန်တော်)ယူစွဖ်၏ နောက်တွင် မည်သည့်ရစူလ်တမန်တော်တစ်ပါးကိုမျှပင် အလျင်း စေလွှတ်တော်မူမည်မဟုတ်ဟု ပြောဆိုခဲ့ကြကုန်၏။ ဤနည်းအတိုင်းပင် အလ္လာဟ်အရှင်မြတ်သည် စည်းကမ်းကျူးလွန်သူ၊ ဒွိဟသံသယ၌ရှိနေသူအား လမ်းမှား၌ပင် ရှိနေစေတော်မူ၏။

🎧 နားထောင်


📜 အာယာသ် 32-36 — ဂါဖီရ်

32وَيَا قَوْمِ إِنِّي أَخَافُ عَلَيْكُمْ يَوْمَ التَّنَادِ
ထိုမှတစ်ပါး အို-ကျွန်ုပ်၏အမျိုးသားတို့၊ ဧကန်မလွဲ ကျွန်ုပ်သည် အသင်တို့နှင့်ပတ်သက်၍ ဟစ်အော်မည့်နေ့(၏အပြစ်ဒဏ်)ကိုလည်းစိုးရိမ်၏။
33يَوْمَ تُوَلُّونَ مُدْبِرِينَ مَا لَكُم مِّنَ اللَّهِ مِنْ عَاصِمٍ ۗ وَمَن يُضْلِلِ اللَّهُ فَمَا لَهُ مِنْ هَادٍ
အကြင်နေ့တွင် အသင်တို့သည် ကျောခိုင်း၍ ထွက်ပြေးကြပေမည်။ (ထိုနေ့တွင်) အလ္လာဟ်အရှင်မြတ်အား ဆန့်ကျင်၍ ကာကွယ်စောင့်ရှောက်အံ့သောသူဟူ၍ တစ်ဦးတစ်ယောက်မျှပင် အသင်တို့၌ ရှိလိမ့်မည်မဟုတ်ပေ။ စင်စစ်သော်ကား မည်သူ့ကိုမဆို အလ္လာဟ်အရှင်မြတ်သည် လမ်းမှား၌(ဆက်လက်၍) ထားရှိတော်မူပါလျှင် ထိုသူ၌ လမ်းမှန်သို့ ပို့ပေးအံ့သောသူဟူ၍ တစ်ဦးတစ်ယောက်မျှမရှိပေ။
34وَلَقَدْ جَاءَكُمْ يُوسُفُ مِن قَبْلُ بِالْبَيِّنَاتِ فَمَا زِلْتُمْ فِي شَكٍّ مِّمَّا جَاءَكُم بِهِ ۖ حَتَّىٰ إِذَا هَلَكَ قُلْتُمْ لَن يَبْعَثَ اللَّهُ مِن بَعْدِهِ رَسُولًا ۚ كَذَٰلِكَ يُضِلُّ اللَّهُ مَنْ هُوَ مُسْرِفٌ مُّرْتَابٌ
ထိုမှတစ်ပါး ဧကန်မလွဲ (နဗီတမန်တော်) ယူစွဖ်သည် အသင်တို့ထံ ရှေးဦးမဆွက သက်သေ အထောက်အထားများ ယူဆောင်ခဲ့လေ၏။ သို့ရာတွင် အသင်တို့သည် ထို(နဗီတမန်တော်)ယူစွဖ် ယူဆောင်ခဲ့သည်တို့နှင့်စပ်လျဉ်း၍ ဒွိဟသံသယ၌ပင် ရှိမြဲရှိနေခဲ့ကြကုန်၏။ နောက်ဆုံးတွင် အသင်တို့သည် ထို(နဗီတမန်တော်)ယူစွဖ် ကွယ်လွန်ခဲ့လေသောအခါ အလ္လာဟ်အရှင်မြတ်သည် ထို(နဗီတမန်တော်)ယူစွဖ်၏ နောက်တွင် မည်သည့်ရစူလ်တမန်တော်တစ်ပါးကိုမျှပင် အလျင်း စေလွှတ်တော်မူမည်မဟုတ်ဟု ပြောဆိုခဲ့ကြကုန်၏။ ဤနည်းအတိုင်းပင် အလ္လာဟ်အရှင်မြတ်သည် စည်းကမ်းကျူးလွန်သူ၊ ဒွိဟသံသယ၌ရှိနေသူအား လမ်းမှား၌ပင် ရှိနေစေတော်မူ၏။
35الَّذِينَ يُجَادِلُونَ فِي آيَاتِ اللَّهِ بِغَيْرِ سُلْطَانٍ أَتَاهُمْ ۖ كَبُرَ مَقْتًا عِندَ اللَّهِ وَعِندَ الَّذِينَ آمَنُوا ۚ كَذَٰلِكَ يَطْبَعُ اللَّهُ عَلَىٰ كُلِّ قَلْبِ مُتَكَبِّرٍ جَبَّارٍ
အကြင် (စည်းကမ်းကျူးလွန်သူ၊ ဒွိဟသံသယ၌ရှိနေ)သူတို့သည် မိမိတို့ထံ မည်သည့် သက်သေအထောက်အထား အကြောင်းပြချက် တစ်စုံတစ်ရာမျှပင် ရောက်လာခဲ့သည် မရှိဘဲလျက် အလ္လာဟ်အရှင်မြတ်၏ သက်သေလက္ခဏာတော်များနှင့် စပ်လျဉ်း၍ အငြင်းအခုန် ပြုကြကုန်၏။ (ဤသည်) အလ္လာဟ်အရှင်မြတ်အထံ၌လည်းကောင်း၊ ‘မုအ်မင်န်’သက်ဝင်ယုံကြည်သူတို့၏ထံတော်၌လည်းကောင်း၊ စက်ဆုပ်မှုအားဖြင့် လွန်စွာကြီးကျယ်လှ၏။ အလ္လာဟ်အရှင်မြတ်သည် ဤနည်းအတိုင်းပင် ဘဝင်မြင့်မာန်မာန ထောင်လွှားသူ၊ လွန်စွာဆိုးသွမ်းသူ၏ စိတ်နှလုံးတစ်ခုလုံးပေါ်ဝယ် တံဆိပ်ခတ်နှိပ်တော် မူပေသတည်း။
36وَقَالَ فِرْعَوْنُ يَا هَامَانُ ابْنِ لِي صَرْحًا لَّعَلِّي أَبْلُغُ الْأَسْبَابَ
ထို့နောက် "ဖစ်ရ်အောင်န်" မှ(ဤသို့)ပြော ဆိုခဲ့၏။ အို-"ဟာမာန်" ငါသည် လမ်းများသို့ရောက်ရှိအံ့သောငှာ အသင်သည် ငါ၏အဖို့ မြင့်စွင့်သော အဆောက်အအုံတစ်ခု တည်ဆောက်လော့။
ဂါဖီရ်ကုရ်အာန် ညွှန်းကိန်း
85အာယာသ်
MeccanRevelation
34အာယာသ်

ဘာသာပြန် — ဂါဖီရ် 34

စူရာ ဂါဖီရ် အာယာသ် 34 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုမှတစ်ပါး ဧကန်မလွဲ (နဗီတမန်တော်) ယူစွဖ်သည် အသင်တို့ထံ ရှေးဦးမဆွက သက်သေ အထောက်အထားများ ယူဆောင်ခဲ့လေ၏။ သို့ရာတွင်…

စူရာ အာယာသ် 34/85 — ဂါဖီရ် غافر (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: ဂါဖီရ် နားထောင်, ဂါဖီရ် ဘာသာပြန်, ဂါဖီရ် mp3, ဂါဖီရ် pdf. အာယာသ် 32–36. မြန်မာဘာသာ: ภาษาไทย.




ကုရ်အာန်ကျမ်း


Tuesday, August 18, 2026

Don't forget us in your sincere prayers