📖 0/604 ဖတ်ပြီးသောစာမျက်နှာများ
📄 547
وَٱلَّذِينَ جَآءُو مِنۢ بَعۡدِهِمۡ يَقُولُونَ رَبَّنَا ٱغۡفِرۡ لَنَا وَلِإِخۡوَٰنِنَا ٱلَّذِينَ سَبَقُونَا بِٱلۡإِيمَٰنِ وَلَا تَجۡعَلۡ فِي قُلُوبِنَا غِلًّا لِّلَّذِينَ ءَامَنُواْ رَبَّنَآ إِنَّكَ رَءُوفٌ رَّحِيمٌ  ۝١٠ ۞ أَلَمۡ تَرَ إِلَى ٱلَّذِينَ نَافَقُواْ يَقُولُونَ لِإِخۡوَٰنِهِمُ ٱلَّذِينَ كَفَرُواْ مِنۡ أَهۡلِ ٱلۡكِتَٰبِ لَئِنۡ أُخۡرِجۡتُمۡ لَنَخۡرُجَنَّ مَعَكُمۡ وَلَا نُطِيعُ فِيكُمۡ أَحَدًا أَبَدًا وَإِن قُوتِلۡتُمۡ لَنَنصُرَنَّكُمۡ وَٱللَّهُ يَشۡهَدُ إِنَّهُمۡ لَكَٰذِبُونَ  ۝١١ لَئِنۡ أُخۡرِجُواْ لَا يَخۡرُجُونَ مَعَهُمۡ وَلَئِن قُوتِلُواْ لَا يَنصُرُونَهُمۡ وَلَئِن نَّصَرُوهُمۡ لَيُوَلُّنَّ ٱلۡأَدۡبَٰرَ ثُمَّ لَا يُنصَرُونَ  ۝١٢ لَأَنتُمۡ أَشَدُّ رَهۡبَةً فِي صُدُورِهِم مِّنَ ٱللَّهِۚ ذَٰلِكَ بِأَنَّهُمۡ قَوۡمٌ لَّا يَفۡقَهُونَ  ۝١٣ لَا يُقَٰتِلُونَكُمۡ جَمِيعًا إِلَّا فِي قُرًى مُّحَصَّنَةٍ أَوۡ مِن وَرَآءِ جُدُرِۭۚ بَأۡسُهُم بَيۡنَهُمۡ شَدِيدٌۚ تَحۡسَبُهُمۡ جَمِيعًا وَقُلُوبُهُمۡ شَتَّىٰۚ ذَٰلِكَ بِأَنَّهُمۡ قَوۡمٌ لَّا يَعۡقِلُونَ  ۝١٤ كَمَثَلِ ٱلَّذِينَ مِن قَبۡلِهِمۡ قَرِيبًاۖ ذَاقُواْ وَبَالَ أَمۡرِهِمۡ وَلَهُمۡ عَذَابٌ أَلِيمٌ  ۝١٥ كَمَثَلِ ٱلشَّيۡطَٰنِ إِذۡ قَالَ لِلۡإِنسَٰنِ ٱكۡفُرۡ فَلَمَّا كَفَرَ قَالَ إِنِّي بَرِيٓءٌ مِّنكَ إِنِّيٓ أَخَافُ ٱللَّهَ رَبَّ ٱلۡعَٰلَمِينَ  ۝١٦
59:10
وَٱلَّذِينَ جَآءُو مِنۢ بَعۡدِهِمۡ يَقُولُونَ رَبَّنَا ٱغۡفِرۡ لَنَا وَلِإِخۡوَٰنِنَا ٱلَّذِينَ سَبَقُونَا بِٱلۡإِيمَٰنِ وَلَا تَجۡعَلۡ فِي قُلُوبِنَا غِلًّا لِّلَّذِينَ ءَامَنُواْ رَبَّنَآ إِنَّكَ رَءُوفٌ رَّحِيمٌ  ۝١٠
ထိုမှတစ်ပါး ၎င်းတို့နောက် လာကြသောသူတို့နှင့်လည်း သက်ဆိုင်၏။ ထိုသူတို့သည်(ဤသို့) ပန်ကြားကြကုန်၏။ ‘အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ အရှင်မြတ်သည် ကျွန်တော်မျိုးတို့အားလည်းကောင်း၊ ‘အီမာန်’ သက်ဝင်ယုံကြည်မှုတွင် ကျွန်တော်မျိုးထက် ဦးခဲ့ကြသော ကျွန်တော်မျိုးတို့၏ နောင်တော်တို့အားလည်းကောင်း၊ ခွင့်လွှတ် ချမ်းသာပေးသနားတော်မူပါ။ ထိုမှတစ်ပါး အရှင်မြတ်သည် ကျွန်တော်မျိုး တို့၏စိတ်တွင်းဝယ် ‘မုအ်မင်န်’သက်ဝင်ယုံကြည် သူတို့နှင့်ပတ်သက်၍ ရန်ငြိုး တစ်စုံတစ်ရာမျှကိုပင် ဖြစ်ပေါ်စေတော်မမူပါနှင့်။ အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ မလွဲဧကန် အရှင်မြတ်သည် လွန်စွာသိမ်မွေ့တော်မူသောအရှင်၊ လွန်စွာ ကရုဏာပြုတော်မူသောအရှင်၊ ဖြစ်တော်မူပါသတည်း။
59:11
۞ أَلَمۡ تَرَ إِلَى ٱلَّذِينَ نَافَقُواْ يَقُولُونَ لِإِخۡوَٰنِهِمُ ٱلَّذِينَ كَفَرُواْ مِنۡ أَهۡلِ ٱلۡكِتَٰبِ لَئِنۡ أُخۡرِجۡتُمۡ لَنَخۡرُجَنَّ مَعَكُمۡ وَلَا نُطِيعُ فِيكُمۡ أَحَدًا أَبَدًا وَإِن قُوتِلۡتُمۡ لَنَنصُرَنَّكُمۡ وَٱللَّهُ يَشۡهَدُ إِنَّهُمۡ لَكَٰذِبُونَ  ۝١١
(အို-နဗီတမန်တော်၊) အသင်သည် အယောင်ဆောင်ခဲ့ကြသောသူတို့၏ အခြေအနေကို သုံးသပ်ဆင်ခြင် တွေ့မြင်ခဲ့လေပြီ မဟုတ်ပါလော။ ထိုသူတို့သည် မိမိတို့၏ ညီအစ်ကိုများဖြစ်ကြသော ရှေးကျမ်းဂန်ရရှိသူတို့အနက် သွေဖည်ငြင်းပယ်ခဲ့ကြသော သူတို့အား(ဤသို့) ပြောဆိုလျက်ရှိခဲ့ကြ၏။ အမှန်ပင် အကယ်၍သာ အသင်တို့သည်(မဒီနာမြို့တော်မှ) နှင်ထုတ်ခြင်းကို ခံခဲ့ကြရလျှင် ဧကန်မလွဲ ကျွန်ုပ်တို့သည်လည်း အသင်တို့နှင့်အတူ ထွက်ကြမည်။ စင်စစ် ကျွန်ုပ်တို့သည် အသင်တို့နှင့် ပတ်သက်၍ မည်သည့်အခါမျှပင် မည်သူတစ်ဦးတစ်ယောက်(၏ ပြောဆိုချက်)ကိုမျှ လိုက်နာကြမည် မဟုတ်ပေ။ ထိုမှတစ်ပါး အကယ်၍ အသင်တို့သည် တိုက်ခိုက်ခြင်းကို ခံခဲ့ကြရလျှင်လည်း မုချစင်စစ် ကျွန်ုပ်တို့သည် အသင်တို့အား ကူညီကြမည်။ အမှန်စင်စစ်သော်ကား ၎င်းတို့မှာ အမှန်ပင် မုသာဝါဒီများဖြစ်ကြောင်း အလ္လာဟ်အရှင်မြတ်သည် သက်သေခံတော်မူ၏။
59:12
لَئِنۡ أُخۡرِجُواْ لَا يَخۡرُجُونَ مَعَهُمۡ وَلَئِن قُوتِلُواْ لَا يَنصُرُونَهُمۡ وَلَئِن نَّصَرُوهُمۡ لَيُوَلُّنَّ ٱلۡأَدۡبَٰرَ ثُمَّ لَا يُنصَرُونَ  ۝١٢
(စင်စစ်မှာကား) အမှန်ပင် အကယ်၍ ထိုသူတို့သည် (‘မဒီနာ’မြို့တော်မှ) နှင်ထုတ်ခြင်းကို ခံခဲ့ကြရလျှင်လည်း ၎င်းတို့သည် ထိုသူတို့နှင့်အတူ ထွက်ကြမည် မဟုတ်ပေ။ထိုနည်းတူစွာ အမှန်ပင် အကယ်၍ ထိုသူတို့သည် တိုက်ခိုက်ခြင်းကို ခံခဲ့ကြရလျှင်လည်း ၎င်းတို့သည် ထိုသူတို့အား ကူညီကြမည် မဟုတ်ပေ။ သို့ရာတွင် အကယ်၍ ၎င်းတို့သည် ထိုသူတို့အား ကူညီခဲ့ငြားအံ့လည်း ဧကန်မုချ ၎င်းတို့သည် ကျောခိုင်း၍ ထွက်ပြေးကြမည်သာ။ ထို့နောက် ထိုသူတို့သည် အကူအညီရရှိကြမည် မဟုတ်တော့ပြီ။
59:13
لَأَنتُمۡ أَشَدُّ رَهۡبَةً فِي صُدُورِهِم مِّنَ ٱللَّهِۚ ذَٰلِكَ بِأَنَّهُمۡ قَوۡمٌ لَّا يَفۡقَهُونَ  ۝١٣
အမှန်ပင် အသင်(မွတ်စ်လင်မ်)တို့သည် ၎င်းတို့၏စိတ်တွင်းဝယ် အလ္လာဟ်အရှင်မြတ်ထက်ပင် ကြောက်ရွံ့ စိုးရိမ်ဖွယ်ဖြစ်နေကြပေသည်။ ထိုသို့ဖြစ်ရခြင်းမှာ အမှန်စင်စစ် ၎င်းတို့သည် နားမလည်သူများ ဖြစ်ကြသောကြောင့်ပင်။
59:14
لَا يُقَٰتِلُونَكُمۡ جَمِيعًا إِلَّا فِي قُرًى مُّحَصَّنَةٍ أَوۡ مِن وَرَآءِ جُدُرِۭۚ بَأۡسُهُم بَيۡنَهُمۡ شَدِيدٌۚ تَحۡسَبُهُمۡ جَمِيعًا وَقُلُوبُهُمۡ شَتَّىٰۚ ذَٰلِكَ بِأَنَّهُمۡ قَوۡمٌ لَّا يَعۡقِلُونَ  ۝١٤
၎င်းတို့သည် အသင်တို့အား တစ်စည်းတစ်လုံးတည်း တိုက်ခိုက်ကြမည် မဟုတ်ပေ။ သို့ရာတွင် လုံခြုံသောမြို့ရွာများတွင်လည်းကောင်း၊ တံတိုင်းများ၏ အကွယ်မှသော်လည်းကောင်း၊ တိုက်ခိုက်ကြပေမည်။ ၎င်းတို့ အချင်းချင်းတွင် ကြီးကျယ်သော ခိုက်ရန်ရှိနေ၏။ အသင်သည် ၎င်းတို့အား တစ်စည်းတစ်လုံးတည်းဟူ၍ ထင်မှတ်နေသော်လည်း အမှန်စင်စစ် ၎င်းတို့၏ စိတ်နှလုံးမှာမူကား တကွဲတပြားစီဖြစ်နေကြပေသည်။ ထိုသို့ဖြစ်ရခြင်းမှာ ၎င်းတို့သည် အသိဉာဏ်ကို အသုံးမပြုကြသောကြောင့်ပင်။
59:15
كَمَثَلِ ٱلَّذِينَ مِن قَبۡلِهِمۡ قَرِيبًاۖ ذَاقُواْ وَبَالَ أَمۡرِهِمۡ وَلَهُمۡ عَذَابٌ أَلِيمٌ  ۝١٥
(၎င်းတို့၏ ဥပမာကား)၎င်းတို့နှင့် အချိန်ကာလ အနည်းငယ်အလျင် မိမိတို့၏ အပြုအမူများ၏ပြစ်ဒဏ်ကို မြည်းစမ်း သွားခဲ့ကြရသောသူတို့၏ ဥပမာကဲ့သို့ပင်။ ထိုမှတစ်ပါး ထိုသူတို့၌(တမလွန်ဘဝတွင်လည်း) နာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်သည် ရှိပေဦးမည်။
59:16
كَمَثَلِ ٱلشَّيۡطَٰنِ إِذۡ قَالَ لِلۡإِنسَٰنِ ٱكۡفُرۡ فَلَمَّا كَفَرَ قَالَ إِنِّي بَرِيٓءٌ مِّنكَ إِنِّيٓ أَخَافُ ٱللَّهَ رَبَّ ٱلۡعَٰلَمِينَ  ۝١٦
(ထို့ပြင် ၎င်းတို့၏ ဥပမာကား)’ရှိုင်တွာန်’မိစ္ဆာကောင်၏ ဥပမာကဲ့သို့ပင်။ အဘယ်ကြောင့်ဆိုသော် ထို’ရှိုင်တွာန်’ မိစ္ဆာကောင်သည် လူသားအား အသင်သည် သွေဖည်ငြင်းပယ်လော့ဟု ပြောဆို(စေခိုင်း)လေ့ရှိ၏။ သို့ စေခိုင်းသည့်အလျောက် ထိုလူသားသည် သွေဖည် ငြင်းပယ်သောအခါ ယင်း ‘ရှိုင်တွာန်’မိစ္ဆာကောင်က ‘ဧကန်စင်စစ် ငါသည် အသင်နှင့် မည်သို့မျှ မပတ်သက်တော့ပြီ။ ဧကန်အမှန် ငါသည် စကြာဝဠာခပ်သိမ်းတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့သည်’ ဟု ပြောဆို (နောက်ဆုတ်)လေသည်။


📚Juz 28 📄547 / 604



Mishary Rashid Alafasy
Mahmoud Khalil Al-Husary
Abdurrahman As-Sudais
Mohamed Siddiq Al-Minshawi
Abdul Basit Abdul Samad
Ali Al-Hudhaify
Ahmed ibn Ali al-Ajamy
Abu Bakr Ash-Shaatree
Muhammad Ayyoub
Abdullah Basfar
Abdullah Al-Juhani
Maher Al Muaiqly
0:00
0:00
-

ကုရ်အာန်ကျမ်း


Monday, August 31, 2026

Don't forget us in your sincere prayers