📖 0/604 ဖတ်ပြီးသောစာမျက်နှာများ
📄 548
فَكَانَ عَٰقِبَتَهُمَآ أَنَّهُمَا فِي ٱلنَّارِ خَٰلِدَيۡنِ فِيهَاۚ وَذَٰلِكَ جَزَٰٓؤُاْ ٱلظَّٰلِمِينَ  ۝١٧ يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ ٱتَّقُواْ ٱللَّهَ وَلۡتَنظُرۡ نَفۡسٌ مَّا قَدَّمَتۡ لِغَدٍۖ وَٱتَّقُواْ ٱللَّهَۚ إِنَّ ٱللَّهَ خَبِيرُۢ بِمَا تَعۡمَلُونَ  ۝١٨ وَلَا تَكُونُواْ كَٱلَّذِينَ نَسُواْ ٱللَّهَ فَأَنسَىٰهُمۡ أَنفُسَهُمۡۚ أُوْلَٰٓئِكَ هُمُ ٱلۡفَٰسِقُونَ  ۝١٩ لَا يَسۡتَوِيٓ أَصۡحَٰبُ ٱلنَّارِ وَأَصۡحَٰبُ ٱلۡجَنَّةِۚ أَصۡحَٰبُ ٱلۡجَنَّةِ هُمُ ٱلۡفَآئِزُونَ  ۝٢٠ لَوۡ أَنزَلۡنَا هَٰذَا ٱلۡقُرۡءَانَ عَلَىٰ جَبَلٍ لَّرَأَيۡتَهُۥ خَٰشِعًا مُّتَصَدِّعًا مِّنۡ خَشۡيَةِ ٱللَّهِۚ وَتِلۡكَ ٱلۡأَمۡثَٰلُ نَضۡرِبُهَا لِلنَّاسِ لَعَلَّهُمۡ يَتَفَكَّرُونَ  ۝٢١ هُوَ ٱللَّهُ ٱلَّذِي لَآ إِلَٰهَ إِلَّا هُوَۖ عَٰلِمُ ٱلۡغَيۡبِ وَٱلشَّهَٰدَةِۖ هُوَ ٱلرَّحۡمَٰنُ ٱلرَّحِيمُ  ۝٢٢ هُوَ ٱللَّهُ ٱلَّذِي لَآ إِلَٰهَ إِلَّا هُوَ ٱلۡمَلِكُ ٱلۡقُدُّوسُ ٱلسَّلَٰمُ ٱلۡمُؤۡمِنُ ٱلۡمُهَيۡمِنُ ٱلۡعَزِيزُ ٱلۡجَبَّارُ ٱلۡمُتَكَبِّرُۚ سُبۡحَٰنَ ٱللَّهِ عَمَّا يُشۡرِكُونَ  ۝٢٣ هُوَ ٱللَّهُ ٱلۡخَٰلِقُ ٱلۡبَارِئُ ٱلۡمُصَوِّرُۖ لَهُ ٱلۡأَسۡمَآءُ ٱلۡحُسۡنَىٰۚ يُسَبِّحُ لَهُۥ مَا فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۖ وَهُوَ ٱلۡعَزِيزُ ٱلۡحَكِيمُ  ۝٢٤
59:17
فَكَانَ عَٰقِبَتَهُمَآ أَنَّهُمَا فِي ٱلنَّارِ خَٰلِدَيۡنِ فِيهَاۚ وَذَٰلِكَ جَزَٰٓؤُاْ ٱلظَّٰلِمِينَ  ۝١٧
သို့ဖြစ်ပေရာ ၎င်းတို့နှစ်ဦးစလုံး၏ နောက်ဆုံးအကျိုးမှာ ၎င်းတို့နှစ်ဦးသည် ငရဲထဲသို့ ရောက်ရှိကြပေမည်။၎င်းတို့နှစ်ဦးမှာ ယင်းငရဲထဲ၌ အမြဲထာဝစဉ် နေထိုင်ကြရပေမည်။ ဤသည် မတရားပြုလုပ်သော သူတို့၏အကျိုးတည်း။
59:18
يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ ٱتَّقُواْ ٱللَّهَ وَلۡتَنظُرۡ نَفۡسٌ مَّا قَدَّمَتۡ لِغَدٍۖ وَٱتَّقُواْ ٱللَّهَۚ إِنَّ ٱللَّهَ خَبِيرُۢ بِمَا تَعۡمَلُونَ  ۝١٨
အို-’မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်။ ၎င်းပြင် လူတိုင်းလူတိုင်းသည် မနက်ဖြန်အဖို့ မိမိ တင်ကြို ပို့နှင့်ထားသည်ကို ကြည့်ရပေမည်။ ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ကျင့်မူသမျှတို့ကို အကြွင်းမဲ့ ကြားသိတော်မူသော အရှင်မြတ်ပင်။
59:19
وَلَا تَكُونُواْ كَٱلَّذِينَ نَسُواْ ٱللَّهَ فَأَنسَىٰهُمۡ أَنفُسَهُمۡۚ أُوْلَٰٓئِكَ هُمُ ٱلۡفَٰسِقُونَ  ۝١٩
ထို့ပြင် အသင်တို့သည် အကြင်သူတို့ကဲ့သို့ မဖြစ်ကြကုန်လင့်၊ ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်အား မေ့ပစ်ခဲ့ကြကုန်၏။ သို့ဖြစ်ပေရာ ထိုအရှင်မြတ်သည် ၎င်းတို့အား မိမိတို့ကိုယ်ကိုပင် မေ့ပျောက်စေတော်မူခဲ့၏။ ထိုသူတို့ကား ၎င်းတို့သည်ပင် အမိန့်တော်ကို သွေဖည်သူများ ဖြစ်ကြကုန်၏။
59:20
لَا يَسۡتَوِيٓ أَصۡحَٰبُ ٱلنَّارِ وَأَصۡحَٰبُ ٱلۡجَنَّةِۚ أَصۡحَٰبُ ٱلۡجَنَّةِ هُمُ ٱلۡفَآئِزُونَ  ۝٢٠
ငရဲသားတို့နှင့် ‘ဂျန္နတ်’ သုခဘုံသားတို့သည် တူကြသည်မဟုတ်ပေ။ သုခဘုံသားတို့မှာမူကား အောင်မြင်သူများပင် ဖြစ်ကြကုန်သတည်း။
59:21
لَوۡ أَنزَلۡنَا هَٰذَا ٱلۡقُرۡءَانَ عَلَىٰ جَبَلٍ لَّرَأَيۡتَهُۥ خَٰشِعًا مُّتَصَدِّعًا مِّنۡ خَشۡيَةِ ٱللَّهِۚ وَتِلۡكَ ٱلۡأَمۡثَٰلُ نَضۡرِبُهَا لِلنَّاسِ لَعَلَّهُمۡ يَتَفَكَّرُونَ  ۝٢١
အကယ်၍သာ ငါအရှင်မြတ်သည် ဤကုရ်အာန်ကျမ်းတော်မြတ်ကို တစ်စုံတစ်ခုသော တောင်ပေါ်၌ ချပေးတော်မူခဲ့ပါလျှင် အသင်သည် ထိုတောင်ကို အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့သောကြောင့် နိမ့်ကျလျက်၊ အပိုင်းပိုင်းဖြစ်လျက်၊ ရှိသည်ကို အမှန်ပင် တွေ့မြင်ရပေမည်။ စင်စစ်သော်ကား ငါအရှင်မြတ်သည် လူတို့ သုံးသပ်ဆင်ခြင် စဉ်းစားကြအံ့သောငှာ ယင်းဥပမာပုံဆောင်ချက်များကို ခိုင်းနှိုင်းဖော်ပြတော်မူ၏။
59:22
هُوَ ٱللَّهُ ٱلَّذِي لَآ إِلَٰهَ إِلَّا هُوَۖ عَٰلِمُ ٱلۡغَيۡبِ وَٱلشَّهَٰدَةِۖ هُوَ ٱلرَّحۡمَٰنُ ٱلرَّحِيمُ  ۝٢٢
ထိုအရှင်မြတ်သည်ပင် အကြင် အလ္လာဟ်အရှင်မြတ်ဖြစ်တော်မူ၏။ ထိုအရှင်မြတ် မှတစ်ပါး ခယရိုကျိုး ဆည်းကပ်ကိုးကွယ်ရာဟူ၍ အလျှင်းမရှိပြီ။ လျှို့ဝှက်စွာ ရှိသည်တို့ကိုလည်းကောင်း၊ ထင်ရှားစွာ ရှိသည်တို့ကိုလည်းကောင်း၊ သိတော်မူသောအရှင် ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည်ပင် မဟာကရုဏာတော်ရှင်၊ အလွန်တရာ ကြင်နာ သနားတော်မူသောအရှင်၊ ဖြစ်တော်မူ၏။
59:23
هُوَ ٱللَّهُ ٱلَّذِي لَآ إِلَٰهَ إِلَّا هُوَ ٱلۡمَلِكُ ٱلۡقُدُّوسُ ٱلسَّلَٰمُ ٱلۡمُؤۡمِنُ ٱلۡمُهَيۡمِنُ ٱلۡعَزِيزُ ٱلۡجَبَّارُ ٱلۡمُتَكَبِّرُۚ سُبۡحَٰنَ ٱللَّهِ عَمَّا يُشۡرِكُونَ  ۝٢٣
ထိုအရှင်မြတ်သည်ပင် အကြင် အလ္လာဟ်အရှင်မြတ် ဖြစ်တော်မူ၏။ ထိုအရှင်မြတ် မှတစ်ပါး ခယရိုကျိုး ဆည်းကပ်ကိုးကွယ်ရာဟူ၍ အလျှင်းမရှိပြီ။ စိုးမိုး အုပ်ချုပ်တော်မူသောဘုရင်၊ စင်ကြယ်သန့်ရှင်း အပြစ်ကင်းတော်မူသော အရှင်၊ ချွတ်ယွင်းချက်တို့မှ ကင်းစင်စေတော်မူသောအရှင်၊ ငြိမ်းချမ်းမှုပေးတော်မူသောအရှင်၊ ထိန်းသိမ်း စောင့်ရှောက်တော်မူသောအရှင်၊ ခန့်ညားတော်မူသောအရှင်၊ ဩဇာအာဏာလွှမ်းမိုးတော် မူသောအရှင်၊ ဂုဏ်သိက္ခာ ကြီးကဲမြင့်မြတ်တော်မူသောအရှင်၊ ဖြစ်တော်မူ၏။အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့ တွဲဖက် နှိုင်းယှဉ် ကိုးကွယ်ကြသည်တို့မှ စင်ကြယ် သန့်ရှင်းတော်မူဘိ၏။
59:24
هُوَ ٱللَّهُ ٱلۡخَٰلِقُ ٱلۡبَارِئُ ٱلۡمُصَوِّرُۖ لَهُ ٱلۡأَسۡمَآءُ ٱلۡحُسۡنَىٰۚ يُسَبِّحُ لَهُۥ مَا فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۖ وَهُوَ ٱلۡعَزِيزُ ٱلۡحَكِيمُ  ۝٢٤
ထိုအရှင်မြတ်သည်ပင် ဖန်ဆင်းတော်မူသော အကောင်အထည်ဖော်တော်မူသော (မရှိရာမှ ရှိအောင် ပြုလုပ်ဖန်ဆင်းတော်မူသော)ပုံသဏ္ဌာန်ပြုလုပ်တော်မူသော အလ္လာဟ်အရှင်မြတ် ဖြစ်တော်မူ၏။ ထိုအရှင်မြတ်၌ ကောင်းမြတ်လှစွာသော နာမံဂုဏ်တော်များ ရှိကုန်၏။ မိုးကောင်းကင်များ၌ ရှိသမျှတို့သည် လည်းကောင်း၊ ပထဝီမြေ၌ ရှိသမျှတို့သည် လည်းကောင်း၊ ထိုအရှင်မြတ် စင်ကြယ်သန့်ရှင်းတော်မူ ကြောင်းကို မြွက်ဆိုလျှက်ရှိကြကုန်၏။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည်ပင် လွန်စွာခန့်ညားတော်မူသောအရှင်၊ သိမ်မွေ့လှစွာသော ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။


📚Juz 28 📄548 / 604



Mishary Rashid Alafasy
Mahmoud Khalil Al-Husary
Abdurrahman As-Sudais
Mohamed Siddiq Al-Minshawi
Abdul Basit Abdul Samad
Ali Al-Hudhaify
Ahmed ibn Ali al-Ajamy
Abu Bakr Ash-Shaatree
Muhammad Ayyoub
Abdullah Basfar
Abdullah Al-Juhani
Maher Al Muaiqly
0:00
0:00
-

ကုရ်အာန်ကျမ်း


Monday, August 31, 2026

Don't forget us in your sincere prayers