အလ်-ဟရှ်ရ် · 11/24
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဟရှ်ရ်
۞ أَلَمْ تَرَ إِلَى الَّذِينَ نَافَقُوا يَقُولُونَ لِإِخْوَانِهِمُ الَّذِينَ كَفَرُوا مِنْ أَهْلِ الْكِتَابِ لَئِنْ أُخْرِجْتُمْ لَنَخْرُجَنَّ مَعَكُمْ وَلَا نُطِيعُ فِيكُمْ أَحَدًا أَبَدًا وَإِن قُوتِلْتُمْ لَنَنصُرَنَّكُمْ وَاللَّهُ يَشْهَدُ إِنَّهُمْ لَكَاذِبُونَ ۝١١
Alam tara ilal lazeena naafaqoo yaqooloona li ikhwaanihimul lazeena kafaroo min ahlil kitaabi la`in ukhrijtum lanakhrujanna ma`akum wa laa nutee`u feekum ahadan abadanw-wa in qootiltum lanansuran nakum wallaahu yashhadu innahum lakaaziboon
📖 မြန်မာဘာသာ
(အို-နဗီတမန်တော်၊) အသင်သည် အယောင်ဆောင်ခဲ့ကြသောသူတို့၏ အခြေအနေကို သုံးသပ်ဆင်ခြင် တွေ့မြင်ခဲ့လေပြီ မဟုတ်ပါလော။ ထိုသူတို့သည် မိမိတို့၏ ညီအစ်ကိုများဖြစ်ကြသော ရှေးကျမ်းဂန်ရရှိသူတို့အနက် သွေဖည်ငြင်းပယ်ခဲ့ကြသော သူတို့အား(ဤသို့) ပြောဆိုလျက်ရှိခဲ့ကြ၏။ အမှန်ပင် အကယ်၍သာ အသင်တို့သည်(မဒီနာမြို့တော်မှ) နှင်ထုတ်ခြင်းကို ခံခဲ့ကြရလျှင် ဧကန်မလွဲ ကျွန်ုပ်တို့သည်လည်း အသင်တို့နှင့်အတူ ထွက်ကြမည်။ စင်စစ် ကျွန်ုပ်တို့သည် အသင်တို့နှင့် ပတ်သက်၍ မည်သည့်အခါမျှပင် မည်သူတစ်ဦးတစ်ယောက်(၏ ပြောဆိုချက်)ကိုမျှ လိုက်နာကြမည် မဟုတ်ပေ။ ထိုမှတစ်ပါး အကယ်၍ အသင်တို့သည် တိုက်ခိုက်ခြင်းကို ခံခဲ့ကြရလျှင်လည်း မုချစင်စစ် ကျွန်ုပ်တို့သည် အသင်တို့အား ကူညီကြမည်။ အမှန်စင်စစ်သော်ကား ၎င်းတို့မှာ အမှန်ပင် မုသာဝါဒီများဖြစ်ကြောင်း အလ္လာဟ်အရှင်မြတ်သည် သက်သေခံတော်မူ၏။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္ဘာ့ကျမ်းတော်မြတ်ကုရ်အာန်၏ အလ်-ဟရှ်ရ် စူရဟ် (အခန်း ၅၉)၊ အာယသ် ၁၁ တွင် ပါဝင်သော ဝေါဟာရများနှင့် အဓိပ္ပာယ်ရှင်းလင်းချက်များ။
  • الْمُنَافِقُونَ (အလ်-မုနာဖိကူန်) — မုနာဖိက် (အယောင်ဆောင်) များ။ ဤသူများသည် အပြင်ပန်းတွင် အစ္စလာမ်ကို လက်ခံသည်ဟု ပြသသော်လည်း အတွင်းစိတ်တွင် ကုဖ်ရ် (မယုံကြည်မှု) ကို ဖုံးကွယ်ထားသူများဖြစ်သည်။
  • أَهْلَ الْكِتَابِ (အဟ်လုလ် ကီတာဗ်) — ကျမ်းရပုဂ္ဂိုလ်များ။ ဤနေရာတွင် ဗနီ ကုရိုင်ဇဟ် နှင့် ဗနီ နဒီရ် မျိုးနွယ်များမှ ယဟူဒီများကို ရည်ညွှန်းသည်။
  • لَئِنْ أُخْرِجْتُمْ (လအင်း အုခ်ရိဂျ်တွမ်း) — အကယ်၍ သင်တို့ကို နှင်ထုတ်ခံရလျှင်။
  • لَنَخْرُجَنَّ مَعَكُمْ (လနခ်ရူဂျန်န မာအကွမ်း) — ငါတို့သည် သင်တို့နှင့်အတူ အမှန်ပင် ထွက်သွားကြမည်။
  • وَلَا نُطِيعُ فِيكُمْ أَحَدًا أَبَدًا (ဝလာ နုသွီအု ဖီကွမ်း အဟဒန် အဗဒန်) — သင်တို့နှင့် ပတ်သက်၍ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ငါတို့သည် ဘယ်သောအခါမျှ မလိုက်နာကြပါ။
  • وَإِن قُوتِلْتُمْ لَنَنصُرَنَّكُمْ (ဝအင်း ကూఞိလ်တွမ်း လနန်ဆွရန်နကွမ်း) — အကယ်၍ သင်တို့ကို တိုက်ခိုက်ခံရလျှင် ငါတို့သည် သင်တို့ကို အမှန်ပင် ကူညီကြမည်။
  • وَاللَّهُ يَشْهَدُ إِنَّهُمْ لَكَاذِبُونَ (ဝလ္လာဟု ယရှ်ဟဒု အင်နဟွမ်း လကာဇိဗူန) — အလ္လာဟ်အရှင်မြတ်သည် သက်သေခံတော်မူ၏။ ဧကန်အမှန်ပင် သူတို့သည် မုသာဝါဒီများဖြစ်ကြသည်။
  1. အာယသ်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်။

အို တမန်တော်မုဟမ္မဒ် (ဆွ)၊ အပြင်ပန်းတွင် အီမာန်ကို ပြသသော်လည်း အတွင်းစိတ်တွင် ကုဖ်ရ်ကို ဖုံးကွယ်ထားကြသော မုနာဖိက်များကို သင်သည် မတွေ့မမြင်ခဲ့သလော။ သူတို့သည် ကျမ်းရပုဂ္ဂိုလ်များဖြစ်ကြသော ယဟူဒီများထဲမှ ကုဖ်ရ်ကို လက်ခံထားကြသော မိမိတို့၏ ညီအစ်ကိုများအား “အကယ်၍ မုဟမ္မဒ်နှင့် သူ၏ အပေါင်းအဖော်များသည် သင်တို့ကို သင်တို့၏ နေအိမ်များမှ နှင်ထုတ်ခဲ့လျှင် ငါတို့သည် သင်တို့နှင့်အတူ အမှန်ပင် ထွက်သွားကြမည်။ သင်တို့နှင့် ပတ်သက်၍ မည်သူ့ကိုမျှ ဘယ်သောအခါမျှ ငါတို့ မလိုက်နာကြပါ။ အကယ်၍ သင်တို့ကို တိုက်ခိုက်ခံရလျှင် ငါတို့သည် သင်တို့ကို အမှန်ပင် ကူညီကြမည်” ဟု ဆ



📜 အာယာသ် 9-13 — စူရာ အလ်-ဟရှ်ရ်

9وَالَّذِينَ تَبَوَّءُوا الدَّارَ وَالْإِيمَانَ مِن قَبْلِهِمْ يُحِبُّونَ مَنْ هَاجَرَ إِلَيْهِمْ وَلَا يَجِدُونَ فِي صُدُورِهِمْ حَاجَةً مِّمَّا أُوتُوا وَيُؤْثِرُونَ عَلَىٰ أَنفُسِهِمْ وَلَوْ كَانَ بِهِمْ خَصَاصَةٌ ۚ وَمَن يُوقَ شُحَّ نَفْسِهِ فَأُولَٰئِكَ هُمُ الْمُفْلِحُونَ
ထိုမှတစ်ပါး အကြင်သူတို့နှင့်လည်း သက်ဆိုင်၏။ ထိုသူတို့သည် ထို ‘မုဟာဂျီရီန်’တို့(ရောက်မလာမီ)အလျင်ကပင် ‘ဒါရွလ်အစ္စလာမ်’ အစ္စလာမ့်မြို့တော်၌ နေထိုင်လျက်ရှိကြကုန်၏။ ‘အီမာန်’သက်ဝင် ယုံကြည်မှုတွင် ကြံ့ခိုင်စွာ ရှိခဲ့ကြကုန်၏။ ၎င်းတို့သည် မိမိတို့ထံ ရွှေ့ပြောင်းခဲ့ကြသော သူတို့အား ချစ်မြတ်နိုးကြကုန်၏။ ထို့ပြင် ၎င်းတို့သည်ထို ‘မုဟာဂျီရီန်’ များရရှိကြသော ပစ္စည်းများကြောင့် မိမိတို့၏စိတ်ထဲ၌ တစ်စုံတစ်ရာ မကျေနပ်မှုကို တွေ့ရှိခံစား ကြရသည် မဟုတ်ပေ။ ထိုမှတစ်ပါး ၎င်းတို့သည် မိမိတို့ကိုယ်တိုင် ငတ်မွတ်နေသော်လည်း (ထိုမုဟာဂျီရီန်တို့အား) မိမိတို့ထက် ဦးစားပေးကြကုန်၏။ စင်စစ်သော်ကား မည်သူမဆို မိမိကိုယ်တိုင်၏ လောဘရမ္မက်ကြီးမှုနှင့် ကင်းစေခြင်းခံရလျှင် ထိုကဲ့သို့သော သူတို့သည် အောင်မြင်သောသူများ ဖြစ်ကြပေသည်။
10وَالَّذِينَ جَاءُوا مِن بَعْدِهِمْ يَقُولُونَ رَبَّنَا اغْفِرْ لَنَا وَلِإِخْوَانِنَا الَّذِينَ سَبَقُونَا بِالْإِيمَانِ وَلَا تَجْعَلْ فِي قُلُوبِنَا غِلًّا لِّلَّذِينَ آمَنُوا رَبَّنَا إِنَّكَ رَءُوفٌ رَّحِيمٌ
ထိုမှတစ်ပါး ၎င်းတို့နောက် လာကြသောသူတို့နှင့်လည်း သက်ဆိုင်၏။ ထိုသူတို့သည်(ဤသို့) ပန်ကြားကြကုန်၏။ ‘အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ အရှင်မြတ်သည် ကျွန်တော်မျိုးတို့အားလည်းကောင်း၊ ‘အီမာန်’ သက်ဝင်ယုံကြည်မှုတွင် ကျွန်တော်မျိုးထက် ဦးခဲ့ကြသော ကျွန်တော်မျိုးတို့၏ နောင်တော်တို့အားလည်းကောင်း၊ ခွင့်လွှတ် ချမ်းသာပေးသနားတော်မူပါ။ ထိုမှတစ်ပါး အရှင်မြတ်သည် ကျွန်တော်မျိုး တို့၏စိတ်တွင်းဝယ် ‘မုအ်မင်န်’သက်ဝင်ယုံကြည် သူတို့နှင့်ပတ်သက်၍ ရန်ငြိုး တစ်စုံတစ်ရာမျှကိုပင် ဖြစ်ပေါ်စေတော်မမူပါနှင့်။ အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ မလွဲဧကန် အရှင်မြတ်သည် လွန်စွာသိမ်မွေ့တော်မူသောအရှင်၊ လွန်စွာ ကရုဏာပြုတော်မူသောအရှင်၊ ဖြစ်တော်မူပါသတည်း။
11۞ أَلَمْ تَرَ إِلَى الَّذِينَ نَافَقُوا يَقُولُونَ لِإِخْوَانِهِمُ الَّذِينَ كَفَرُوا مِنْ أَهْلِ الْكِتَابِ لَئِنْ أُخْرِجْتُمْ لَنَخْرُجَنَّ مَعَكُمْ وَلَا نُطِيعُ فِيكُمْ أَحَدًا أَبَدًا وَإِن قُوتِلْتُمْ لَنَنصُرَنَّكُمْ وَاللَّهُ يَشْهَدُ إِنَّهُمْ لَكَاذِبُونَ
(အို-နဗီတမန်တော်၊) အသင်သည် အယောင်ဆောင်ခဲ့ကြသောသူတို့၏ အခြေအနေကို သုံးသပ်ဆင်ခြင် တွေ့မြင်ခဲ့လေပြီ မဟုတ်ပါလော။ ထိုသူတို့သည် မိမိတို့၏ ညီအစ်ကိုများဖြစ်ကြသော ရှေးကျမ်းဂန်ရရှိသူတို့အနက် သွေဖည်ငြင်းပယ်ခဲ့ကြသော သူတို့အား(ဤသို့) ပြောဆိုလျက်ရှိခဲ့ကြ၏။ အမှန်ပင် အကယ်၍သာ အသင်တို့သည်(မဒီနာမြို့တော်မှ) နှင်ထုတ်ခြင်းကို ခံခဲ့ကြရလျှင် ဧကန်မလွဲ ကျွန်ုပ်တို့သည်လည်း အသင်တို့နှင့်အတူ ထွက်ကြမည်။ စင်စစ် ကျွန်ုပ်တို့သည် အသင်တို့နှင့် ပတ်သက်၍ မည်သည့်အခါမျှပင် မည်သူတစ်ဦးတစ်ယောက်(၏ ပြောဆိုချက်)ကိုမျှ လိုက်နာကြမည် မဟုတ်ပေ။ ထိုမှတစ်ပါး အကယ်၍ အသင်တို့သည် တိုက်ခိုက်ခြင်းကို ခံခဲ့ကြရလျှင်လည်း မုချစင်စစ် ကျွန်ုပ်တို့သည် အသင်တို့အား ကူညီကြမည်။ အမှန်စင်စစ်သော်ကား ၎င်းတို့မှာ အမှန်ပင် မုသာဝါဒီများဖြစ်ကြောင်း အလ္လာဟ်အရှင်မြတ်သည် သက်သေခံတော်မူ၏။
12لَئِنْ أُخْرِجُوا لَا يَخْرُجُونَ مَعَهُمْ وَلَئِن قُوتِلُوا لَا يَنصُرُونَهُمْ وَلَئِن نَّصَرُوهُمْ لَيُوَلُّنَّ الْأَدْبَارَ ثُمَّ لَا يُنصَرُونَ
(စင်စစ်မှာကား) အမှန်ပင် အကယ်၍ ထိုသူတို့သည် (‘မဒီနာ’မြို့တော်မှ) နှင်ထုတ်ခြင်းကို ခံခဲ့ကြရလျှင်လည်း ၎င်းတို့သည် ထိုသူတို့နှင့်အတူ ထွက်ကြမည် မဟုတ်ပေ။ထိုနည်းတူစွာ အမှန်ပင် အကယ်၍ ထိုသူတို့သည် တိုက်ခိုက်ခြင်းကို ခံခဲ့ကြရလျှင်လည်း ၎င်းတို့သည် ထိုသူတို့အား ကူညီကြမည် မဟုတ်ပေ။ သို့ရာတွင် အကယ်၍ ၎င်းတို့သည် ထိုသူတို့အား ကူညီခဲ့ငြားအံ့လည်း ဧကန်မုချ ၎င်းတို့သည် ကျောခိုင်း၍ ထွက်ပြေးကြမည်သာ။ ထို့နောက် ထိုသူတို့သည် အကူအညီရရှိကြမည် မဟုတ်တော့ပြီ။
13لَأَنتُمْ أَشَدُّ رَهْبَةً فِي صُدُورِهِم مِّنَ اللَّهِ ۚ ذَٰلِكَ بِأَنَّهُمْ قَوْمٌ لَّا يَفْقَهُونَ
အမှန်ပင် အသင်(မွတ်စ်လင်မ်)တို့သည် ၎င်းတို့၏စိတ်တွင်းဝယ် အလ္လာဟ်အရှင်မြတ်ထက်ပင် ကြောက်ရွံ့ စိုးရိမ်ဖွယ်ဖြစ်နေကြပေသည်။ ထိုသို့ဖြစ်ရခြင်းမှာ အမှန်စင်စစ် ၎င်းတို့သည် နားမလည်သူများ ဖြစ်ကြသောကြောင့်ပင်။
အလ်-ဟရှ်ရ်ကုရ်အာန် ညွှန်းကိန်း
24အာယာသ်
MedinanRevelation
11အာယာသ်

ဘာသာပြန် — အလ်-ဟရှ်ရ် 11

စူရာ အလ်-ဟရှ်ရ် အာယာသ် 11 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (အို-နဗီတမန်တော်၊) အသင်သည် အယောင်ဆောင်ခဲ့ကြသောသူတို့၏ အခြေအနေကို သုံးသပ်ဆင်ခြင် တွေ့မြင်ခဲ့လေပြီ မဟုတ်ပါလော။ ထိုသူတို့သည် မိမိတို့၏ ညီအစ်ကိုများဖြစ်ကြသော…

စူရာ အာယာသ် 11/24 — စူရာ အလ်-ဟရှ်ရ် الحشر (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဟရှ်ရ် နားထောင်, စူရာ အလ်-ဟရှ်ရ် ဘာသာပြန်, စူရာ အလ်-ဟရှ်ရ် mp3, စူရာ အလ်-ဟရှ်ရ် pdf. အာယာသ် 9–13. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Friday, October 2, 2026

Don't forget us in your sincere prayers