وَالَّذِينَ جَاءُوا مِن بَعْدِهِمْ يَقُولُونَ رَبَّنَا اغْفِرْ لَنَا وَلِإِخْوَانِنَا الَّذِينَ سَبَقُونَا بِالْإِيمَانِ وَلَا تَجْعَلْ فِي قُلُوبِنَا غِلًّا لِّلَّذِينَ آمَنُوا رَبَّنَا إِنَّكَ رَءُوفٌ رَّحِيمٌ ١٠
🔤 Transliteration
Wallazeena jaaa`oo min ba`dihim yaqooloona Rabbanagh fir lanaa wa li ikhwaani nal lazeena sabqoonaa bil eemaani wa laa taj`al fee quloobinaa ghillalil lazeena aamanoo rabbannaaa innaka Ra`oofur Raheem
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
ထိုမှတစ်ပါး ၎င်းတို့နောက် လာကြသောသူတို့နှင့်လည်း သက်ဆိုင်၏။ ထိုသူတို့သည်(ဤသို့) ပန်ကြားကြကုန်၏။ ‘အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ အရှင်မြတ်သည် ကျွန်တော်မျိုးတို့အားလည်းကောင်း၊ ‘အီမာန်’ သက်ဝင်ယုံကြည်မှုတွင် ကျွန်တော်မျိုးထက် ဦးခဲ့ကြသော ကျွန်တော်မျိုးတို့၏ နောင်တော်တို့အားလည်းကောင်း၊ ခွင့်လွှတ် ချမ်းသာပေးသနားတော်မူပါ။ ထိုမှတစ်ပါး အရှင်မြတ်သည် ကျွန်တော်မျိုး တို့၏စိတ်တွင်းဝယ် ‘မုအ်မင်န်’သက်ဝင်ယုံကြည် သူတို့နှင့်ပတ်သက်၍ ရန်ငြိုး တစ်စုံတစ်ရာမျှကိုပင် ဖြစ်ပေါ်စေတော်မမူပါနှင့်။ အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ မလွဲဧကန် အရှင်မြတ်သည် လွန်စွာသိမ်မွေ့တော်မူသောအရှင်၊ လွန်စွာ ကရုဏာပြုတော်မူသောအရှင်၊ ဖြစ်တော်မူပါသတည်း။
🌐 Additional reference in ภาษาไทย
၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ ဂိလ္လ် (غِلّ ) — ရင်ထဲတွင် ဖုံးကွယ်ထားသော မနာလိုမှု၊ ရန်ငြိုးထားမှု၊ မုန်းတီးမှု။ရအိုဖ် (رَءُوفٌ ) — အလွန်ကရုဏာထားတော်မူသော၊ နူးညံ့သိမ်မွေ့စွာ ဂရုစိုက်တော်မူသော။ရဟီမ် (رَحِيمٌ ) — အလွန်သနားကြင်နာတော်မူသော၊ ကရုဏာတော် အနန္တရှိသော။၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက် ဤအာယသ်တော်သည် မုဟာဂျိရ်များနှင့် အန်ဆွာရ်များ (ပထမဆုံး အစ္စလာမ်ကို လက်ခံသူများ) ပြီးနောက် ရောက်လာကြသော ယုံကြည်သူများ—ဆွဟာဗာများကို ကောင်းမွန်စွာ လိုက်နာကြသူများ—၏ ဂုဏ်ကျေးဇူးကို ဖော်ပြထားသည်။ သူတို့သည် ဤသို့ ဆုတောင်းကြသည်။
“အို ကျွန်ုပ်တို့၏ အရှင်သခင်၊ ကျွန်ုပ်တို့၏ အပြစ်များကို ခွင့်လွှတ်တော်မူပါ။ ကျွန်ုပ်တို့ထက် အီမာန်ယုံကြည်မှုဖြင့် အလျင်ရောက်ခဲ့ကြသော ကျွန်ုပ်တို့၏ ညီအစ်ကိုများ (ဆွဟာဗာများ) အတွက်လည်း ခွင့်လွှတ်တော်မူပါ။ ယုံကြည်သူများအပေါ် ကျွန်ုပ်တို့၏ စိတ်နှလုံးများတွင် မနာလိုမှု၊ ရန်ငြိုးထားမှု၊ မုန်းတီးမှု မထားရှိစေတော်မူပါ။ အို ကျွန်ုပ်တို့၏ အရှင်သခင်၊ ဧကန်စင်စစ် ကိုယ်တော်သည် အလွန်ကရုဏာထားတော်မူသော၊ အလွန်သနားကြင်နာတော်မူသော အရှင်ဖြစ်တော်မူပါသည်။”
ဤအာယသ်တော်သည် မွတ်စ်လင်မ်တစ်ဦးအနေဖြင့် မိမိအလျင် ရောက်ခဲ့သော ယုံကြည်သူများကို ကောင်းသောစကားဖြင့် သတိရသင့်သည်၊ သူတို့အတွက် ဒုအာပြုသင့်သည်၊ တမန်တော်မြတ်၏ ဆွဟာဗာများကို ချစ်ခင်မြတ်နိုးသင့်သည်၊ သူတို့အတွက် ရဟ်မသ် (ကရုဏာ) ကို ဆုတောင်းသင့်သည် ဟူသော သင်ခန်းစာကို ညွှန်ပြထားသည်။ ဤအာယသ်တော်တွင် ဖော်ပြထားသော ပုဂ္ဂိုလ်များထဲတွင် ပါဝင်သူသည် ဆွဟာဗာများအနက် တစ်ဦးဦးအပေါ် စိတ်နှလုံးထဲတွင် ရန်ငြိုးထားမှု၊ မနာလိုမှု မထားရှိဘဲ သူတို့အားလုံးအတွက် ကရုဏာကို ဆုတောင်းသူသာ ဖြစ်သည်။
၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် အစ္စလာမ်ကို ချစ်မြတ်နိုးစေသော သင်ခန်းစာများ အစ္စလာမ်သည် မျိုးဆက်များအကြား ချစ်ခင်စည်းလုံးမှုကို တည်ဆောက်ပေးသော သာသနာဖြစ်သည်။ ရှေးယုံကြည်သူများအတွက် ဒုအာပြုခြင်းသည် ယုံ
وَٱلَّذِينَ جَآءُو مِنۢ بَعۡدِهِمۡ يَقُولُونَ رَبَّنَا ٱغۡفِرۡ لَنَا وَلِإِخۡوَٰنِنَا ٱلَّذِينَ سَبَقُونَا بِٱلۡإِيمَٰنِ وَلَا تَجۡعَلۡ فِي قُلُوبِنَا غِلًّا لِّلَّذِينَ ءَامَنُواْ رَبَّنَآ إِنَّكَ رَءُوفٌ رَّحِيمٌ ١٠
ထိုမှတစ်ပါး ၎င်းတို့နောက် လာကြသောသူတို့နှင့်လည်း သက်ဆိုင်၏။ ထိုသူတို့သည်(ဤသို့) ပန်ကြားကြကုန်၏။ ‘အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ အရှင်မြတ်သည် ကျွန်တော်မျိုးတို့အားလည်းကောင်း၊ ‘အီမာန်’ သက်ဝင်ယုံကြည်မှုတွင် ကျွန်တော်မျိုးထက် ဦးခဲ့ကြသော ကျွန်တော်မျိုးတို့၏ နောင်တော်တို့အားလည်းကောင်း၊ ခွင့်လွှတ် ချမ်းသာပေးသနားတော်မူပါ။ ထိုမှတစ်ပါး အရှင်မြတ်သည် ကျွန်တော်မျိုး တို့၏စိတ်တွင်းဝယ် ‘မုအ်မင်န်’သက်ဝင်ယုံကြည် သူတို့နှင့်ပတ်သက်၍ ရန်ငြိုး တစ်စုံတစ်ရာမျှကိုပင် ဖြစ်ပေါ်စေတော်မမူပါနှင့်။ အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ မလွဲဧကန် အရှင်မြတ်သည် လွန်စွာသိမ်မွေ့တော်မူသောအရှင်၊ လွန်စွာ ကရုဏာပြုတော်မူသောအရှင်၊ ဖြစ်တော်မူပါသတည်း။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 8-12 — စူရာ အလ်-ဟရှ်ရ်
8 لِلْفُقَرَاءِ الْمُهَاجِرِينَ الَّذِينَ أُخْرِجُوا مِن دِيَارِهِمْ وَأَمْوَالِهِمْ يَبْتَغُونَ فَضْلًا مِّنَ اللَّهِ وَرِضْوَانًا وَيَنصُرُونَ اللَّهَ وَرَسُولَهُ ۚ أُولَٰئِكَ هُمُ الصَّادِقُونَ
အကြင် ‘မုဟာဂျီရီန်’ (မက္ကာမြို့တော်မှ)ရွှေ့ပြောင်းခဲ့ကြသော သူဆင်းရဲတို့နှင့် (အထူး) သက်ဆိုင်၏။ ထိုသူတို့သည် မိမိတို့၏နေအိမ်များကိုလည်း ကောင်း၊ မိမိတို့၏ ပစ္စည်းဥစ္စာများကိုလည်းကောင်း၊ စွန့်၍ ထွက်ခဲ့ကြရကုန်၏။ ထိုသူတို့မှာကား အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်ကိုလည်းကောင်း၊ ကျေနပ်မှုကိုလည်းကောင်း၊ ရှာဖွေဆည်းပူးလျက် ရှိကြကုန်၏။ ထို့ပြင် ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်အားလည်းကောင်း၊ ကူညီကြကုန်၏။ ထိုသူတို့သည်ပင်လျှင် သစ္စာဝါဒီများ ဖြစ်ကြကုန်၏။
9 وَالَّذِينَ تَبَوَّءُوا الدَّارَ وَالْإِيمَانَ مِن قَبْلِهِمْ يُحِبُّونَ مَنْ هَاجَرَ إِلَيْهِمْ وَلَا يَجِدُونَ فِي صُدُورِهِمْ حَاجَةً مِّمَّا أُوتُوا وَيُؤْثِرُونَ عَلَىٰ أَنفُسِهِمْ وَلَوْ كَانَ بِهِمْ خَصَاصَةٌ ۚ وَمَن يُوقَ شُحَّ نَفْسِهِ فَأُولَٰئِكَ هُمُ الْمُفْلِحُونَ
ထိုမှတစ်ပါး အကြင်သူတို့နှင့်လည်း သက်ဆိုင်၏။ ထိုသူတို့သည် ထို ‘မုဟာဂျီရီန်’တို့(ရောက်မလာမီ)အလျင်ကပင် ‘ဒါရွလ်အစ္စလာမ်’ အစ္စလာမ့်မြို့တော်၌ နေထိုင်လျက်ရှိကြကုန်၏။ ‘အီမာန်’သက်ဝင် ယုံကြည်မှုတွင် ကြံ့ခိုင်စွာ ရှိခဲ့ကြကုန်၏။ ၎င်းတို့သည် မိမိတို့ထံ ရွှေ့ပြောင်းခဲ့ကြသော သူတို့အား ချစ်မြတ်နိုးကြကုန်၏။ ထို့ပြင် ၎င်းတို့သည်ထို ‘မုဟာဂျီရီန်’ များရရှိကြသော ပစ္စည်းများကြောင့် မိမိတို့၏စိတ်ထဲ၌ တစ်စုံတစ်ရာ မကျေနပ်မှုကို တွေ့ရှိခံစား ကြရသည် မဟုတ်ပေ။ ထိုမှတစ်ပါး ၎င်းတို့သည် မိမိတို့ကိုယ်တိုင် ငတ်မွတ်နေသော်လည်း (ထိုမုဟာဂျီရီန်တို့အား) မိမိတို့ထက် ဦးစားပေးကြကုန်၏။ စင်စစ်သော်ကား မည်သူမဆို မိမိကိုယ်တိုင်၏ လောဘရမ္မက်ကြီးမှုနှင့် ကင်းစေခြင်းခံရလျှင် ထိုကဲ့သို့သော သူတို့သည် အောင်မြင်သောသူများ ဖြစ်ကြပေသည်။
10 وَالَّذِينَ جَاءُوا مِن بَعْدِهِمْ يَقُولُونَ رَبَّنَا اغْفِرْ لَنَا وَلِإِخْوَانِنَا الَّذِينَ سَبَقُونَا بِالْإِيمَانِ وَلَا تَجْعَلْ فِي قُلُوبِنَا غِلًّا لِّلَّذِينَ آمَنُوا رَبَّنَا إِنَّكَ رَءُوفٌ رَّحِيمٌ
ထိုမှတစ်ပါး ၎င်းတို့နောက် လာကြသောသူတို့နှင့်လည်း သက်ဆိုင်၏။ ထိုသူတို့သည်(ဤသို့) ပန်ကြားကြကုန်၏။ ‘အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ အရှင်မြတ်သည် ကျွန်တော်မျိုးတို့အားလည်းကောင်း၊ ‘အီမာန်’ သက်ဝင်ယုံကြည်မှုတွင် ကျွန်တော်မျိုးထက် ဦးခဲ့ကြသော ကျွန်တော်မျိုးတို့၏ နောင်တော်တို့အားလည်းကောင်း၊ ခွင့်လွှတ် ချမ်းသာပေးသနားတော်မူပါ။ ထိုမှတစ်ပါး အရှင်မြတ်သည် ကျွန်တော်မျိုး တို့၏စိတ်တွင်းဝယ် ‘မုအ်မင်န်’သက်ဝင်ယုံကြည် သူတို့နှင့်ပတ်သက်၍ ရန်ငြိုး တစ်စုံတစ်ရာမျှကိုပင် ဖြစ်ပေါ်စေတော်မမူပါနှင့်။ အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ မလွဲဧကန် အရှင်မြတ်သည် လွန်စွာသိမ်မွေ့တော်မူသောအရှင်၊ လွန်စွာ ကရုဏာပြုတော်မူသောအရှင်၊ ဖြစ်တော်မူပါသတည်း။
11 ۞ أَلَمْ تَرَ إِلَى الَّذِينَ نَافَقُوا يَقُولُونَ لِإِخْوَانِهِمُ الَّذِينَ كَفَرُوا مِنْ أَهْلِ الْكِتَابِ لَئِنْ أُخْرِجْتُمْ لَنَخْرُجَنَّ مَعَكُمْ وَلَا نُطِيعُ فِيكُمْ أَحَدًا أَبَدًا وَإِن قُوتِلْتُمْ لَنَنصُرَنَّكُمْ وَاللَّهُ يَشْهَدُ إِنَّهُمْ لَكَاذِبُونَ
(အို-နဗီတမန်တော်၊) အသင်သည် အယောင်ဆောင်ခဲ့ကြသောသူတို့၏ အခြေအနေကို သုံးသပ်ဆင်ခြင် တွေ့မြင်ခဲ့လေပြီ မဟုတ်ပါလော။ ထိုသူတို့သည် မိမိတို့၏ ညီအစ်ကိုများဖြစ်ကြသော ရှေးကျမ်းဂန်ရရှိသူတို့အနက် သွေဖည်ငြင်းပယ်ခဲ့ကြသော သူတို့အား(ဤသို့) ပြောဆိုလျက်ရှိခဲ့ကြ၏။ အမှန်ပင် အကယ်၍သာ အသင်တို့သည်(မဒီနာမြို့တော်မှ) နှင်ထုတ်ခြင်းကို ခံခဲ့ကြရလျှင် ဧကန်မလွဲ ကျွန်ုပ်တို့သည်လည်း အသင်တို့နှင့်အတူ ထွက်ကြမည်။ စင်စစ် ကျွန်ုပ်တို့သည် အသင်တို့နှင့် ပတ်သက်၍ မည်သည့်အခါမျှပင် မည်သူတစ်ဦးတစ်ယောက်(၏ ပြောဆိုချက်)ကိုမျှ လိုက်နာကြမည် မဟုတ်ပေ။ ထိုမှတစ်ပါး အကယ်၍ အသင်တို့သည် တိုက်ခိုက်ခြင်းကို ခံခဲ့ကြရလျှင်လည်း မုချစင်စစ် ကျွန်ုပ်တို့သည် အသင်တို့အား ကူညီကြမည်။ အမှန်စင်စစ်သော်ကား ၎င်းတို့မှာ အမှန်ပင် မုသာဝါဒီများဖြစ်ကြောင်း အလ္လာဟ်အရှင်မြတ်သည် သက်သေခံတော်မူ၏။
12 لَئِنْ أُخْرِجُوا لَا يَخْرُجُونَ مَعَهُمْ وَلَئِن قُوتِلُوا لَا يَنصُرُونَهُمْ وَلَئِن نَّصَرُوهُمْ لَيُوَلُّنَّ الْأَدْبَارَ ثُمَّ لَا يُنصَرُونَ
(စင်စစ်မှာကား) အမှန်ပင် အကယ်၍ ထိုသူတို့သည် (‘မဒီနာ’မြို့တော်မှ) နှင်ထုတ်ခြင်းကို ခံခဲ့ကြရလျှင်လည်း ၎င်းတို့သည် ထိုသူတို့နှင့်အတူ ထွက်ကြမည် မဟုတ်ပေ။ထိုနည်းတူစွာ အမှန်ပင် အကယ်၍ ထိုသူတို့သည် တိုက်ခိုက်ခြင်းကို ခံခဲ့ကြရလျှင်လည်း ၎င်းတို့သည် ထိုသူတို့အား ကူညီကြမည် မဟုတ်ပေ။ သို့ရာတွင် အကယ်၍ ၎င်းတို့သည် ထိုသူတို့အား ကူညီခဲ့ငြားအံ့လည်း ဧကန်မုချ ၎င်းတို့သည် ကျောခိုင်း၍ ထွက်ပြေးကြမည်သာ။ ထို့နောက် ထိုသူတို့သည် အကူအညီရရှိကြမည် မဟုတ်တော့ပြီ။
ဘာသာပြန် — အလ်-ဟရှ်ရ် 10 စူရာ အလ်-ဟရှ်ရ် အာယာသ် 10 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုမှတစ်ပါး ၎င်းတို့နောက် လာကြသောသူတို့နှင့်လည်း သက်ဆိုင်၏။ ထိုသူတို့သည်(ဤသို့) ပန်ကြားကြကုန်၏။ ‘အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ အရှင်မြတ်သည် ကျွန်တော်မျိုးတို့အားလည်းကောင်း၊…
စူရာ အာယာသ် 10/24 — စူရာ အလ်-ဟရှ်ရ် الحشر (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဟရှ်ရ် နားထောင်, စူရာ အလ်-ဟရှ်ရ် ဘာသာပြန်, စူရာ အလ်-ဟရှ်ရ် mp3, စူရာ အလ်-ဟရှ်ရ် pdf. အာယာသ် 8–12. မြန်မာဘာသာ: ภาษาไทย.