အလ်-ဟရှ်ရ် · 12/24
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဟရှ်ရ်
لَئِنْ أُخْرِجُوا لَا يَخْرُجُونَ مَعَهُمْ وَلَئِن قُوتِلُوا لَا يَنصُرُونَهُمْ وَلَئِن نَّصَرُوهُمْ لَيُوَلُّنَّ الْأَدْبَارَ ثُمَّ لَا يُنصَرُونَ ۝١٢
La`in ukhrijoo laa yakhrujoona ma`ahum wa la`in qootiloo laa yansuroonahum wa la`in nasaroohum la yuwallunnal adbaara summa laa yunsaroon
📖 မြန်မာဘာသာ
(စင်စစ်မှာကား) အမှန်ပင် အကယ်၍ ထိုသူတို့သည် (‘မဒီနာ’မြို့တော်မှ) နှင်ထုတ်ခြင်းကို ခံခဲ့ကြရလျှင်လည်း ၎င်းတို့သည် ထိုသူတို့နှင့်အတူ ထွက်ကြမည် မဟုတ်ပေ။ထိုနည်းတူစွာ အမှန်ပင် အကယ်၍ ထိုသူတို့သည် တိုက်ခိုက်ခြင်းကို ခံခဲ့ကြရလျှင်လည်း ၎င်းတို့သည် ထိုသူတို့အား ကူညီကြမည် မဟုတ်ပေ။ သို့ရာတွင် အကယ်၍ ၎င်းတို့သည် ထိုသူတို့အား ကူညီခဲ့ငြားအံ့လည်း ဧကန်မုချ ၎င်းတို့သည် ကျောခိုင်း၍ ထွက်ပြေးကြမည်သာ။ ထို့နောက် ထိုသူတို့သည် အကူအညီရရှိကြမည် မဟုတ်တော့ပြီ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္မဋ္ဌာန်းဖြစ်သော စကားလုံးများ၏ အဓိပ္ပာယ်များ
  • لَئِنْ (လအင်း) — အကယ်၍ ဧကန်အမှန်။
  • أُخْرِجُوا (အုချ်ရိဂျူ) — သူတို့ကို နှင်ထုတ်ခံရလျှင်။
  • قُوتِلُوا (ကူတိလူ) — သူတို့ကို စစ်တိုက်ခံရလျှင်။
  • يَنصُرُونَهُمْ (ယန်ဆွရူနဟွမ်) — သူတို့ကို ကူညီကြမည်မဟုတ်။
  • لَيُوَلُّنَّ الْأَدْبَارَ (လယုဝလ်လွန်နလ်အက်ဒ်ဗာရ) — ဧကန်အမှန် ကျောခိုင်း၍ ထွက်ပြေးကြမည်။
  • ثُمَّ لَا يُنصَرُونَ (ဆွမ်မ လာ ယွန်ဆွရူန) — ထို့နောက် သူတို့သည် ကူညီခံရကြမည်မဟုတ်။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

ဤအာယသ်တော်သည် မဒီနာမြို့ရှိ ယဟူဒီများနှင့် မုနာဖိကူန်များ (အယောင်ဆောင်မွတ်စ်လင်မ်များ) အကြား ကတိပြုထားသော ကူညီမှုများသည် လုံးဝအခြေအမြစ်မရှိကြောင်း ဖော်ပြထားပါသည်။ ယဟူဒီများကို မွတ်စ်လင်မ်များက နှင်ထုတ်လျှင် မုနာဖိကူန်များသည် သူတို့နှင့်အတူ ထွက်ခွာကြမည်မဟုတ်ပါ။ ယဟူဒီများကို စစ်တိုက်ခံရလျှင်လည်း မုနာဖိကူန်များသည် သူတို့ကို ကူညီကြမည်မဟုတ်ပါ။ အကယ်၍ မုနာဖိကူန်များသည် ယဟူဒီများကို ကူညီရန် လာခဲ့ကြလျှင်ပင် ရန်သူများကို ရင်ဆိုင်ရာတွင် ကျောခိုင်း၍ ထွက်ပြေးကြမည်သာ ဖြစ်သည်။ ထို့နောက် မုနာဖိကူန်များနှင့် ယဟူဒီများသည် အလ္လာဟ်အရှင်မြတ်၏ အကူအညီကို ရရှိကြမည်မဟုတ်ဘဲ အရှက်ရဖွယ် ဂုဏ်အသရေကျဆင်းမှုနှင့် ရှုံးနိမ့်မှုကိုသာ ခံစားကြရမည် ဖြစ်သည်။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများ
  • အလ္လာဟ်အရှင်မြတ်သည် အမှန်တရားကို ဖော်ထုတ်ပေးတော်မူသည်။ မုနာဖိကူန်များ၏ အတွင်းစိတ်နှင့် အပြင်ပန်း မတူညီသော သဘောထားများကို ဖော်ပြပေးတော်မူသည်။
  • မွတ်စ်လင်မ်များသည် ရန်သူများ၏ အင်အားကို ကြောက်ရွံ့ရန် မလိုအပ်ပါ။ အကြောင်းမှာ ရန်သူများ၏ ကတိများသည် အခြေအမြစ်မရှိသောကြောင့် ဖြစ်သည်။
  • အလ္လာဟ်အရှင်မြတ်သည် မွတ်စ်လင်မ်များကို ကူညီပေးတော်မူပြီး ရန်သူများကို စွန့်ပစ်ထားတော်မူသည်။ ဤအချက်သည် မွတ်စ်လင်မ်များ၏ စိတ်ဓာတ်ကို မြှင့်တင်ပေးပြီး အစ္စလာမ်သာသနာကို ပိုမိုချစ်မြတ်နိုးလာစေသည်။
  • ဤအာယသ်တော်သည် မွတ်စ်လင်မ်များအား အလ္လာဟ်အရှင်မြတ်အပေါ် ယုံကြည်စိတ


📜 အာယာသ် 10-14 — စူရာ အလ်-ဟရှ်ရ်

10وَالَّذِينَ جَاءُوا مِن بَعْدِهِمْ يَقُولُونَ رَبَّنَا اغْفِرْ لَنَا وَلِإِخْوَانِنَا الَّذِينَ سَبَقُونَا بِالْإِيمَانِ وَلَا تَجْعَلْ فِي قُلُوبِنَا غِلًّا لِّلَّذِينَ آمَنُوا رَبَّنَا إِنَّكَ رَءُوفٌ رَّحِيمٌ
ထိုမှတစ်ပါး ၎င်းတို့နောက် လာကြသောသူတို့နှင့်လည်း သက်ဆိုင်၏။ ထိုသူတို့သည်(ဤသို့) ပန်ကြားကြကုန်၏။ ‘အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ အရှင်မြတ်သည် ကျွန်တော်မျိုးတို့အားလည်းကောင်း၊ ‘အီမာန်’ သက်ဝင်ယုံကြည်မှုတွင် ကျွန်တော်မျိုးထက် ဦးခဲ့ကြသော ကျွန်တော်မျိုးတို့၏ နောင်တော်တို့အားလည်းကောင်း၊ ခွင့်လွှတ် ချမ်းသာပေးသနားတော်မူပါ။ ထိုမှတစ်ပါး အရှင်မြတ်သည် ကျွန်တော်မျိုး တို့၏စိတ်တွင်းဝယ် ‘မုအ်မင်န်’သက်ဝင်ယုံကြည် သူတို့နှင့်ပတ်သက်၍ ရန်ငြိုး တစ်စုံတစ်ရာမျှကိုပင် ဖြစ်ပေါ်စေတော်မမူပါနှင့်။ အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ မလွဲဧကန် အရှင်မြတ်သည် လွန်စွာသိမ်မွေ့တော်မူသောအရှင်၊ လွန်စွာ ကရုဏာပြုတော်မူသောအရှင်၊ ဖြစ်တော်မူပါသတည်း။
11۞ أَلَمْ تَرَ إِلَى الَّذِينَ نَافَقُوا يَقُولُونَ لِإِخْوَانِهِمُ الَّذِينَ كَفَرُوا مِنْ أَهْلِ الْكِتَابِ لَئِنْ أُخْرِجْتُمْ لَنَخْرُجَنَّ مَعَكُمْ وَلَا نُطِيعُ فِيكُمْ أَحَدًا أَبَدًا وَإِن قُوتِلْتُمْ لَنَنصُرَنَّكُمْ وَاللَّهُ يَشْهَدُ إِنَّهُمْ لَكَاذِبُونَ
(အို-နဗီတမန်တော်၊) အသင်သည် အယောင်ဆောင်ခဲ့ကြသောသူတို့၏ အခြေအနေကို သုံးသပ်ဆင်ခြင် တွေ့မြင်ခဲ့လေပြီ မဟုတ်ပါလော။ ထိုသူတို့သည် မိမိတို့၏ ညီအစ်ကိုများဖြစ်ကြသော ရှေးကျမ်းဂန်ရရှိသူတို့အနက် သွေဖည်ငြင်းပယ်ခဲ့ကြသော သူတို့အား(ဤသို့) ပြောဆိုလျက်ရှိခဲ့ကြ၏။ အမှန်ပင် အကယ်၍သာ အသင်တို့သည်(မဒီနာမြို့တော်မှ) နှင်ထုတ်ခြင်းကို ခံခဲ့ကြရလျှင် ဧကန်မလွဲ ကျွန်ုပ်တို့သည်လည်း အသင်တို့နှင့်အတူ ထွက်ကြမည်။ စင်စစ် ကျွန်ုပ်တို့သည် အသင်တို့နှင့် ပတ်သက်၍ မည်သည့်အခါမျှပင် မည်သူတစ်ဦးတစ်ယောက်(၏ ပြောဆိုချက်)ကိုမျှ လိုက်နာကြမည် မဟုတ်ပေ။ ထိုမှတစ်ပါး အကယ်၍ အသင်တို့သည် တိုက်ခိုက်ခြင်းကို ခံခဲ့ကြရလျှင်လည်း မုချစင်စစ် ကျွန်ုပ်တို့သည် အသင်တို့အား ကူညီကြမည်။ အမှန်စင်စစ်သော်ကား ၎င်းတို့မှာ အမှန်ပင် မုသာဝါဒီများဖြစ်ကြောင်း အလ္လာဟ်အရှင်မြတ်သည် သက်သေခံတော်မူ၏။
12لَئِنْ أُخْرِجُوا لَا يَخْرُجُونَ مَعَهُمْ وَلَئِن قُوتِلُوا لَا يَنصُرُونَهُمْ وَلَئِن نَّصَرُوهُمْ لَيُوَلُّنَّ الْأَدْبَارَ ثُمَّ لَا يُنصَرُونَ
(စင်စစ်မှာကား) အမှန်ပင် အကယ်၍ ထိုသူတို့သည် (‘မဒီနာ’မြို့တော်မှ) နှင်ထုတ်ခြင်းကို ခံခဲ့ကြရလျှင်လည်း ၎င်းတို့သည် ထိုသူတို့နှင့်အတူ ထွက်ကြမည် မဟုတ်ပေ။ထိုနည်းတူစွာ အမှန်ပင် အကယ်၍ ထိုသူတို့သည် တိုက်ခိုက်ခြင်းကို ခံခဲ့ကြရလျှင်လည်း ၎င်းတို့သည် ထိုသူတို့အား ကူညီကြမည် မဟုတ်ပေ။ သို့ရာတွင် အကယ်၍ ၎င်းတို့သည် ထိုသူတို့အား ကူညီခဲ့ငြားအံ့လည်း ဧကန်မုချ ၎င်းတို့သည် ကျောခိုင်း၍ ထွက်ပြေးကြမည်သာ။ ထို့နောက် ထိုသူတို့သည် အကူအညီရရှိကြမည် မဟုတ်တော့ပြီ။
13لَأَنتُمْ أَشَدُّ رَهْبَةً فِي صُدُورِهِم مِّنَ اللَّهِ ۚ ذَٰلِكَ بِأَنَّهُمْ قَوْمٌ لَّا يَفْقَهُونَ
အမှန်ပင် အသင်(မွတ်စ်လင်မ်)တို့သည် ၎င်းတို့၏စိတ်တွင်းဝယ် အလ္လာဟ်အရှင်မြတ်ထက်ပင် ကြောက်ရွံ့ စိုးရိမ်ဖွယ်ဖြစ်နေကြပေသည်။ ထိုသို့ဖြစ်ရခြင်းမှာ အမှန်စင်စစ် ၎င်းတို့သည် နားမလည်သူများ ဖြစ်ကြသောကြောင့်ပင်။
14لَا يُقَاتِلُونَكُمْ جَمِيعًا إِلَّا فِي قُرًى مُّحَصَّنَةٍ أَوْ مِن وَرَاءِ جُدُرٍ ۚ بَأْسُهُم بَيْنَهُمْ شَدِيدٌ ۚ تَحْسَبُهُمْ جَمِيعًا وَقُلُوبُهُمْ شَتَّىٰ ۚ ذَٰلِكَ بِأَنَّهُمْ قَوْمٌ لَّا يَعْقِلُونَ
၎င်းတို့သည် အသင်တို့အား တစ်စည်းတစ်လုံးတည်း တိုက်ခိုက်ကြမည် မဟုတ်ပေ။ သို့ရာတွင် လုံခြုံသောမြို့ရွာများတွင်လည်းကောင်း၊ တံတိုင်းများ၏ အကွယ်မှသော်လည်းကောင်း၊ တိုက်ခိုက်ကြပေမည်။ ၎င်းတို့ အချင်းချင်းတွင် ကြီးကျယ်သော ခိုက်ရန်ရှိနေ၏။ အသင်သည် ၎င်းတို့အား တစ်စည်းတစ်လုံးတည်းဟူ၍ ထင်မှတ်နေသော်လည်း အမှန်စင်စစ် ၎င်းတို့၏ စိတ်နှလုံးမှာမူကား တကွဲတပြားစီဖြစ်နေကြပေသည်။ ထိုသို့ဖြစ်ရခြင်းမှာ ၎င်းတို့သည် အသိဉာဏ်ကို အသုံးမပြုကြသောကြောင့်ပင်။
အလ်-ဟရှ်ရ်ကုရ်အာန် ညွှန်းကိန်း
24အာယာသ်
MedinanRevelation
12အာယာသ်

ဘာသာပြန် — အလ်-ဟရှ်ရ် 12

စူရာ အလ်-ဟရှ်ရ် အာယာသ် 12 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (စင်စစ်မှာကား) အမှန်ပင် အကယ်၍ ထိုသူတို့သည် (‘မဒီနာ’မြို့တော်မှ) နှင်ထုတ်ခြင်းကို ခံခဲ့ကြရလျှင်လည်း ၎င်းတို့သည် ထိုသူတို့နှင့်အတူ ထွက်ကြမည်…

စူရာ အာယာသ် 12/24 — စူရာ အလ်-ဟရှ်ရ် الحشر (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဟရှ်ရ် နားထောင်, စူရာ အလ်-ဟရှ်ရ် ဘာသာပြန်, စူရာ အလ်-ဟရှ်ရ် mp3, စူရာ အလ်-ဟရှ်ရ် pdf. အာယာသ် 10–14. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Friday, October 2, 2026

Don't forget us in your sincere prayers