📖 0/604 ဖတ်ပြီးသောစာမျက်နှာများ
📄 65
إِنَّ ٱلَّذِينَ كَفَرُواْ لَن تُغۡنِيَ عَنۡهُمۡ أَمۡوَٰلُهُمۡ وَلَآ أَوۡلَٰدُهُم مِّنَ ٱللَّهِ شَيۡـًٔاۖ وَأُوْلَٰٓئِكَ أَصۡحَٰبُ ٱلنَّارِۖ هُمۡ فِيهَا خَٰلِدُونَ ١١٦ مَثَلُ مَا يُنفِقُونَ فِي هَٰذِهِ ٱلۡحَيَوٰةِ ٱلدُّنۡيَا كَمَثَلِ رِيحٍ فِيهَا صِرٌّ أَصَابَتۡ حَرۡثَ قَوۡمٍ ظَلَمُوٓاْ أَنفُسَهُمۡ فَأَهۡلَكَتۡهُۚ وَمَا ظَلَمَهُمُ ٱللَّهُ وَلَٰكِنۡ أَنفُسَهُمۡ يَظۡلِمُونَ ١١٧ يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ لَا تَتَّخِذُواْ بِطَانَةً مِّن دُونِكُمۡ لَا يَأۡلُونَكُمۡ خَبَالًا وَدُّواْ مَا عَنِتُّمۡ قَدۡ بَدَتِ ٱلۡبَغۡضَآءُ مِنۡ أَفۡوَٰهِهِمۡ وَمَا تُخۡفِي صُدُورُهُمۡ أَكۡبَرُۚ قَدۡ بَيَّنَّا لَكُمُ ٱلۡأٓيَٰتِۖ إِن كُنتُمۡ تَعۡقِلُونَ ١١٨ هَٰٓأَنتُمۡ أُوْلَآءِ تُحِبُّونَهُمۡ وَلَا يُحِبُّونَكُمۡ وَتُؤۡمِنُونَ بِٱلۡكِتَٰبِ كُلِّهِۦ وَإِذَا لَقُوكُمۡ قَالُوٓاْ ءَامَنَّا وَإِذَا خَلَوۡاْ عَضُّواْ عَلَيۡكُمُ ٱلۡأَنَامِلَ مِنَ ٱلۡغَيۡظِۚ قُلۡ مُوتُواْ بِغَيۡظِكُمۡۗ إِنَّ ٱللَّهَ عَلِيمُۢ بِذَاتِ ٱلصُّدُورِ ١١٩ إِن تَمۡسَسۡكُمۡ حَسَنَةٌ تَسُؤۡهُمۡ وَإِن تُصِبۡكُمۡ سَيِّئَةٌ يَفۡرَحُواْ بِهَاۖ وَإِن تَصۡبِرُواْ وَتَتَّقُواْ لَا يَضُرُّكُمۡ كَيۡدُهُمۡ شَيۡـًٔاۗ إِنَّ ٱللَّهَ بِمَا يَعۡمَلُونَ مُحِيطٌ ١٢٠ وَإِذۡ غَدَوۡتَ مِنۡ أَهۡلِكَ تُبَوِّئُ ٱلۡمُؤۡمِنِينَ مَقَٰعِدَ لِلۡقِتَالِۗ وَٱللَّهُ سَمِيعٌ عَلِيمٌ ١٢١
3:116
إِنَّ ٱلَّذِينَ كَفَرُواْ لَن تُغۡنِيَ عَنۡهُمۡ أَمۡوَٰلُهُمۡ وَلَآ أَوۡلَٰدُهُم مِّنَ ٱللَّهِ شَيۡـًٔاۖ وَأُوْلَٰٓئِكَ أَصۡحَٰبُ ٱلنَّارِۖ هُمۡ فِيهَا خَٰلِدُونَ ١١٦
ဧကန်အမှန် မယုံမကြည် သွေဖည်ငြင်းပယ်သောသူတို့၏ ပစ္စည်းဥစ္စာ ရတနာများသည်လည်းကောင်း၊ယင်းသူတို့၏ သားသမီး ရတနာများသည်လည်းကောင်း(ရှင်ပြန်ထမည့်နေ့တွင်) အလ္လာဟ်အရှင်မြတ် (၏ ပြစ်ဒဏ်တော်)မှ ကာကွယ်ရန် အနည်းငယ် စိုးစဉ်းမျှပင် အလျင်းအသုံးဝင်မည် မဟုတ်ပေ။ စင်စစ် ဤသူတို့သည် ငရဲသားများပင် ဖြစ်ကြ၏။ ယင်းသူတို့သည် ထိုငရဲ၌ပင် ထာဝစဉ်နေထိုင်ခံစားကြရမည့် သူများပင်တည်း။
3:117
مَثَلُ مَا يُنفِقُونَ فِي هَٰذِهِ ٱلۡحَيَوٰةِ ٱلدُّنۡيَا كَمَثَلِ رِيحٍ فِيهَا صِرٌّ أَصَابَتۡ حَرۡثَ قَوۡمٍ ظَلَمُوٓاْ أَنفُسَهُمۡ فَأَهۡلَكَتۡهُۚ وَمَا ظَلَمَهُمُ ٱللَّهُ وَلَٰكِنۡ أَنفُسَهُمۡ يَظۡلِمُونَ ١١٧
ဤပစ္စုပ္ပန်ဘဝတွင် ယုံကြည်ခြင်းသဒ္ဓါတရားကင်းမဲ့ကြကုန်သော ထို(ကာဖိရ်) တို့၏ လှူဒါန်းစွန့်ကြဲခြင်း၏ဥပမာ ပုံဆောင်ချက်ကား အကြင်လေနှင့်အလားတူ၏။ ထိုလေ၌ အလွန်ပြင်းထန်သော အအေးဓါတ်သည်ရှိ၏။ ထိုလေသည် မိမိတို့ကိုယ်ကို နှိပ်စက်ကလူ ပြုကြကုန်သော အကြင်လူစုတစ်စု၏ လယ်ယာကို တိုက်ခတ်၍ ထိုလယ်ယာကိုင်းကျွန်းကို(ဆွေးမြေ့)ပျက်စီးစေခဲ့၏။ (ထိုနည်းပမာ ယုံကြည်ခြင်းသဒ္ဓါတရား ကင်းမဲ့သောသူတို့၏ အလှူဒါနများသည်လည်း နောင်တမလွန်ဘဝ၌ အချည်းနှီးပင် ဖြစ်ပေမည်)။ အမှန် သော်ကားအလ္လာဟ်အရှင်မြတ်သည် ယင်းသူတို့အား နှိပ်စက်ညှဉ်းပန်းတော်မူသည် မဟုတ်ပေ။ သို့ရာတွင် ယင်းသူတို့သည် မိမိတို့ကိုယ်ကို မိမိတို့ကိုယ်တိုင်ပင် နှိပ်စက်ကလူ ပြုကြကုန်သတည်း။
3:118
يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ لَا تَتَّخِذُواْ بِطَانَةً مِّن دُونِكُمۡ لَا يَأۡلُونَكُمۡ خَبَالًا وَدُّواْ مَا عَنِتُّمۡ قَدۡ بَدَتِ ٱلۡبَغۡضَآءُ مِنۡ أَفۡوَٰهِهِمۡ وَمَا تُخۡفِي صُدُورُهُمۡ أَكۡبَرُۚ قَدۡ بَيَّنَّا لَكُمُ ٱلۡأٓيَٰتِۖ إِن كُنتُمۡ تَعۡقِلُونَ ١١٨
ဂ။ အို - မုအ်မင်န် ယုံကြည်ခြင်း သဒ္ဓါတရားထားရှိသူအပေါင်းတို့၊ အသင်တို့သည် မိမိတို့ (မုစ်လင်မ်များ)အပြင် (အခြားမည်သူကိုမျှ) အကျွမ်းတဝင် ခင်မင်ရင်းနှီးသော အတွင်းသိ ချစ်ဆွေအဖြစ် မပြုကြကုန်လင့်။ (အကြောင်းတမူကား) ထိုသူတို့ သည် အသင်တို့အား မကောင်းကြံစည်ရာ၌အကြံအစည် လျှော့ကြမည်မဟုတ်ချေ။ (အမှန်စင်စစ်) ယင်းသူတို့သည် အသင်တို့ ဒုက္ခကြီးစွာတွေ့ကြုံ ခြင်းကိုသာ နှစ်သက်ကြကုန်၏။ (သို့ကြောင့်) ရန်ငြိုးထားခြင်းသည် ယင်းသူတို့၏နှုတ်များမှ မုချထွက်ပေါ်လာခဲ့ချေပြီ။ တဖန် ယင်းသူတို့စိတ်�ှလုံး များ၌ ကိန်းအောင်းလျက်ရှိသော အကြံအစည်များမှာမူ၊ သာ၍ပင် ကြီးမားလှတော့၏။ အကယ်၍သာ အသင်တို့သိနားလည်ကြပါမူ၊ ငါအရှင်မြတ်သည် အသင်တို့ အကျိုးငှါ(ယင်းသူတို့ ရန်ငြိုးထားရှိကြောင်းနှင့်စပ်လျဉ်း၍)သက်သေသာဓက လက္ခဏာရပ်တို့ကို မုချထုတ်ဖေါ် မိန့်ကြားထင်ရှား စေတော်မူခဲ့ပြီ ဖြစ်ချေသတည်း။
3:119
هَٰٓأَنتُمۡ أُوْلَآءِ تُحِبُّونَهُمۡ وَلَا يُحِبُّونَكُمۡ وَتُؤۡمِنُونَ بِٱلۡكِتَٰبِ كُلِّهِۦ وَإِذَا لَقُوكُمۡ قَالُوٓاْ ءَامَنَّا وَإِذَا خَلَوۡاْ عَضُّواْ عَلَيۡكُمُ ٱلۡأَنَامِلَ مِنَ ٱلۡغَيۡظِۚ قُلۡ مُوتُواْ بِغَيۡظِكُمۡۗ إِنَّ ٱللَّهَ عَلِيمُۢ بِذَاتِ ٱلصُّدُورِ ١١٩
ကြည့်စမ်း၊ ဟယ်- (မုအ်မင်န် ယုံကြည်သူအပေါင်းတို့) အသင်တို့သည် (သာလျှင်) ယင်းသူတို့အားချစ်ခင်မြတ်နိုးကြကုန်၏။ သို့ရာတွင် ထိုသူတို့မူကား အသင်တို့အား (အလျင်း) ချစ်ခင် မြတ်နိုးကြသည်မဟုတ်ချေ။ ၎င်းပြင်အသင်တို့သည်(ကောင်းကင်မှကျရောက်လာသော)ကျမ်းဂန်အလုံးစုံတို့ကို ယုံကြည်ကြကုန်သည်။ (ထိုသူတို့ကား ဤသို့မဟုတ်ချေ) ထိုမှတပါး ယင်းသူတို့သည် အသင်တို့နှင့် တွေ့ဆုံကြသောအခါ အကျွန်ုပ်တို့သည် ယုံကြည်ခြင်းသဒ္ဓါတရားထားရှိကြပါပြီ ဟု ပြောဆိုကြ ကုန်၏။ သို့ရာတွင် (အသင်တို့ကွယ်ရာတွင်) တကိုယ်ထီးတည်း ဖြစ်ကြလေသောအခါ အသင်တို့ အပေါ်ဝယ် အမျက်ဒေါသထွက်ခါ (မိမိတို့၏) လက်ချောင်းများကိုပင် ကိုက်ခဲကြကုန်သည်။ (အို-နဗီတမန်တော်) အသင်သည် ယင်းသူတို့အား (အချင်းတို့) အသင်တို့သည် မိမိတို့အမျက်ဒေါသနှင့်ပင် သေကြကုန်လော့ ဟု ပြော ကြားပါလေ။မုချဧကန် အလ္လာဟ်အရှင်မြတ်သည် စိတ်နှလုံးများ၌ရှိသောအရာများကို အကြွင်းမဲ့ သိရှိတော်မူသော အရှင်မြတ်ပင်တည်း။
3:120
إِن تَمۡسَسۡكُمۡ حَسَنَةٌ تَسُؤۡهُمۡ وَإِن تُصِبۡكُمۡ سَيِّئَةٌ يَفۡرَحُواْ بِهَاۖ وَإِن تَصۡبِرُواْ وَتَتَّقُواْ لَا يَضُرُّكُمۡ كَيۡدُهُمۡ شَيۡـًٔاۗ إِنَّ ٱللَّهَ بِمَا يَعۡمَلُونَ مُحِيطٌ ١٢٠
အကယ်၍ အသင်တို့၌ ကောင်းကျိုးချမ်းသာတစ်စုံတစ်ရာ ဖြစ်ပေါ်လာခဲ့ပါမူ၊ ထိုသူတို့အား စိတ်ဒုက္ခရောက်စေ၏။ သို့ရာတွင် အသင်တို့၌ တစ်စုံတစ်ရာ ဘေးအန္တရာယ် ဆိုက်ရောက်သည်ရှိသော်၊ ယင်း သူတို့သည်ဝမ်းသာအားရ ဖြစ်ကြလေသတည်း။ အမှန် စင်စစ်သော်ကားအကယ်၍သာ သင်တို့သည် သည်းခံခြင်းတရား ထားရှိ၍ပြစ်မှုစရိုက်များမှ ကြဉ်ရှောင်ကြပါမူ၊ ထိုသူတို့၏ လျှို့ဝှက်ကြံစည်မှုသည် အသင်တို့အား လုံးဝ နစ်နာစေနိုင်မည်မဟုတ်ပေ။မုချအမှန် အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့ ပြုလုပ်ကြကုန်သော ကိစ္စအရပ်ရပ်တို့ကို အကြွင်းမဲ့ သိရှိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
3:121
وَإِذۡ غَدَوۡتَ مِنۡ أَهۡلِكَ تُبَوِّئُ ٱلۡمُؤۡمِنِينَ مَقَٰعِدَ لِلۡقِتَالِۗ وَٱللَّهُ سَمِيعٌ عَلِيمٌ ١٢١
(အို-နဗီတမန်တော်) အခါတစ်ပါး၌ အသင်သည် မိမိအိမ်သူ အိမ်သားများထံမှ (စစ်မက်ပြိုင်ဆိုင်ရန် အလို့ငှာ အုဟုဒ်တောင်ခြေသို့) နံနက် စောစော ထွက်ခဲ့၍ တပ်စွဲရန်နေရာများတွင် မုအ်မာန် ယုံကြည်ခြင်း သဒ္ဓါတရားထားရှိသော သူတို့အား နေရာချပေးလျက် ရှိခဲ့သည် (ကို အသင်သည်ပြန်လည်၍ သတိရှိပါလေ)။ စင်စစ် အလ္လာဟ်အရှင်မြတ်သည်(ထိုအခါ က အသင်တို့နှင့် တကွ အသင်တို့၏ ရန်သူများပြောဆိုကြသော စကားအရပ်ရပ်တို့ကို) အကြွင်းမဲ့ ကြားသိတော်မူသောအရှင်။ (အသင်တို့နှင့်တကွ အသင့်တို့၏ရန်သူများ၏ အဖြစ်အပျက်အခြေအနေ အလုံးစုံတို့ကို) အကြွင်းမဲ့သိရှိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။
العربيةEnglishBahasa IndonesiaTürkçeРусскийفارسیFrançaisاردوবাংলাDeutschEspañol中文हिन्दीPortuguêsItalianoภาษาไทยPolskiNederlandsShqipKiswahiliO'zbekதமிழ்MelayuBosanskiSoomaaliAzərbaycanکوردی한국어日本語SvenskaDanskNorskپښتوമലയാളംසිංහලTamazightHausaአማርኛБългарскиТоҷикӣҚазақшаFilipinoسنڌيYorùbáFulfuldeТатарчаئۇيغۇرچەКыргызчаਪੰਜਾਬੀJawaతెలుగుမြန်မာગુજરાતીOromoमराठीTiếng ViệtMalagasyНохчийнWolofދިވެހިಕನ್ನಡУкраїнськаΕλληνικάქართულიខ្មែរدریQafar afMaranaoनेपाली
ကုရ်အာန်ကျမ်း
Friday, August 21, 2026
Don't forget us in your sincere prayers







