အာလ်-အိမရာန် · 120/200
ဘာသာပြန် အသံနိုင်ငံ — စူရာ အာလ်-အိမရာန်
إِن تَمْسَسْكُمْ حَسَنَةٌ تَسُؤْهُمْ وَإِن تُصِبْكُمْ سَيِّئَةٌ يَفْرَحُوا بِهَا ۖ وَإِن تَصْبِرُوا وَتَتَّقُوا لَا يَضُرُّكُمْ كَيْدُهُمْ شَيْئًا ۗ إِنَّ اللَّهَ بِمَا يَعْمَلُونَ مُحِيطٌ ۝١٢٠
In tamsaskum hasanatun tasu`hum wa in tusibkum saiyi`atuny yafrahoo bihaa wa in tasbiroo wa tattaqoo laa yad urrukum kaiduhum shai`aa; innal laaha bimaa ya`maloona muheet
📖 မြန်မာဘာသာ
အကယ်၍ အသင်တို့၌ ကောင်းကျိုးချမ်းသာတစ်စုံတစ်ရာ ဖြစ်ပေါ်လာခဲ့ပါမူ၊ ထိုသူတို့အား စိတ်ဒုက္ခရောက်စေ၏။ သို့ရာတွင် အသင်တို့၌ တစ်စုံတစ်ရာ ဘေးအန္တရာယ် ဆိုက်ရောက်သည်ရှိသော်၊ ယင်း သူတို့သည်ဝမ်းသာအားရ ဖြစ်ကြလေသတည်း။ အမှန် စင်စစ်သော်ကားအကယ်၍သာ သင်တို့သည် သည်းခံခြင်းတရား ထားရှိ၍ပြစ်မှုစရိုက်များမှ ကြဉ်ရှောင်ကြပါမူ၊ ထိုသူတို့၏ လျှို့ဝှက်ကြံစည်မှုသည် အသင်တို့အား လုံးဝ နစ်နာစေနိုင်မည်မဟုတ်ပေ။မုချအမှန် အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့ ပြုလုပ်ကြကုန်သော ကိစ္စအရပ်ရပ်တို့ကို အကြွင်းမဲ့ သိရှိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္မဋ္ဌာန်းအဓိပ္ပာယ်ဖွင့်ဆိုချက်များ
  • ဟာစနဟ် (حَسَنَةٌ) — ကောင်းမှု၊ ကောင်းကျိုး၊ အောင်ပွဲ၊ စစ်ရေးအောင်မြင်မှု၊ ဥစ္စာပစ္စည်းတိုးပွားမှု စသည့် မုအ်မင်န်တို့ကို ဝမ်းမြောက်စေသော အခြေအနေကောင်း။
  • ဆိုင်ယိအာ (سَيِّئَةٌ) — မကောင်းမှု၊ ဘေးအန္တရာယ်၊ ရှုံးနိမ့်မှု၊ မိုးခေါင်ရေရှားမှု၊ ဆုံးရှုံးမှု စသည့် ဒုက္ခအခက်အခဲ။
  • တမ်စက်စ်ကုမ် (تَمْسَسْكُمْ) — သင်တို့ကို ထိရောက်သည်၊ ရောက်ရှိသည်။
  • တဆူအ်ဟုမ် (تَسُؤْهُمْ) — သူတို့ကို စိတ်မကောင်းဖြစ်စေသည်၊ ဝမ်းနည်းစေသည်။
  • ကီဒုဟုမ် (كَيْدُهُمْ) — သူတို့၏ လျှို့ဝှက်ကြံစည်မှု၊ အကွက်ဆင်မှု။
  • မုဟီသွ် (مُحِيطٌ) — လွှမ်းခြုံသိရှိသူ၊ ဝန်းရံထားသူ။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

ဤအာယသ်တော်သည် မုအ်မင်န်တို့အား ရန်သူများ၏ စိတ်ထားသဘောထားကို ဖော်ပြထားခြင်းဖြစ်သည်။ အကယ်၍ မုအ်မင်န်တို့ထံ ကောင်းကျိုးတစ်စုံတစ်ရာ ရောက်ရှိလာပါက — ဥပမာ ရန်သူအပေါ် အောင်ပွဲရရှိခြင်း၊ စစ်ရေးအောင်မြင်မှု၊ ဥစ္စာပစ္စည်းတိုးပွားခြင်း၊ သားသမီးတိုးပွားခြင်း — ထိုအခါ ရန်သူများသည် စိတ်မကောင်းဖြစ်ကြသည်၊ ဝမ်းနည်းကြသည်။ သို့သော် အကယ်၍ မုအ်မင်န်တို့ထံ ဘေးအန္တရာယ်တစ်စုံတစ်ရာ ရောက်ရှိလာပါက — ဥပမာ ရန်သူလက်တွင် ရှုံးနိမ့်ခြင်း၊ ဥစ္စာပစ္စည်းလျော့နည်းခြင်း၊ သားသမီးဆုံးရှုံးခြင်း — ထိုအခါ သူတို့သည် ဝမ်းမြောက်ကြသည်၊ ရွှင်လန်းကြသည်၊ ကဲ့ရဲ့ပြောင်လှောင်ကြသည်။

ထို့နောက် အလ္လာဟ်အရှင်မြတ်သည် မုအ်မင်န်တို့အား လမ်းညွှန်ချက်ပေးတော်မူသည် — အကယ်၍ သင်တို့သည် ရန်သူတို့၏ ရန်လိုမှုနှင့် ဒုက္ခအခက်အခဲများအပေါ် ဇွဲရှိရှိ ခံနိုင်ရည်ရှိကြပြီး၊ အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကို လိုက်နာခြင်း၊ တားမြစ်တော်မူချက်များကို ရှောင်ကြဉ်ခြင်းဖြင့် တက္ကဝါ (အရှင်မြတ်အား ကြောက်ရွံ့သတိထားမှု) ကို ထိန်းသိမ်းကြပါက၊ ရန်သူတို့၏ လျှို့ဝှက်ကြံစည်မှုများသည် သင်တို့ကို မည်သည့်နည်းနှင့်မျှ ထိခိုက်နစ်နာစေနိုင်မည် မဟုတ်ပေ။ အကြောင်းမှာ အလ္လာဟ်အရှင်မြတ်သည် သူတို့၏ လုပ်ဆောင်မှုအားလုံးကို လွှမ်းခြုံသိရှိတော်မူပြီး၊ မည်သည့်အရာမှ အရှင်မြတ်၏ အသိဉာဏ်တော်မှ လွတ်မြောက်နိုင်မည်



📜 အာယာသ် 118-122 — စူရာ အာလ်-အိမရာန်

118يَا أَيُّهَا الَّذِينَ آمَنُوا لَا تَتَّخِذُوا بِطَانَةً مِّن دُونِكُمْ لَا يَأْلُونَكُمْ خَبَالًا وَدُّوا مَا عَنِتُّمْ قَدْ بَدَتِ الْبَغْضَاءُ مِنْ أَفْوَاهِهِمْ وَمَا تُخْفِي صُدُورُهُمْ أَكْبَرُ ۚ قَدْ بَيَّنَّا لَكُمُ الْآيَاتِ ۖ إِن كُنتُمْ تَعْقِلُونَ
ဂ။ အို - မုအ်မင်န် ယုံကြည်ခြင်း သဒ္ဓါတရားထားရှိသူအပေါင်းတို့၊ အသင်တို့သည် မိမိတို့ (မုစ်လင်မ်များ)အပြင် (အခြားမည်သူကိုမျှ) အကျွမ်းတဝင် ခင်မင်ရင်းနှီးသော အတွင်းသိ ချစ်ဆွေအဖြစ် မပြုကြကုန်လင့်။ (အကြောင်းတမူကား) ထိုသူတို့ သည် အသင်တို့အား မကောင်းကြံစည်ရာ၌အကြံအစည် လျှော့ကြမည်မဟုတ်ချေ။ (အမှန်စင်စစ်) ယင်းသူတို့သည် အသင်တို့ ဒုက္ခကြီးစွာတွေ့ကြုံ ခြင်းကိုသာ နှစ်သက်ကြကုန်၏။ (သို့ကြောင့်) ရန်ငြိုးထားခြင်းသည် ယင်းသူတို့၏နှုတ်များမှ မုချထွက်ပေါ်လာခဲ့ချေပြီ။ တဖန် ယင်းသူတို့စိတ်�ှလုံး များ၌ ကိန်းအောင်းလျက်ရှိသော အကြံအစည်များမှာမူ၊ သာ၍ပင် ကြီးမားလှတော့၏။ အကယ်၍သာ အသင်တို့သိနားလည်ကြပါမူ၊ ငါအရှင်မြတ်သည် အသင်တို့ အကျိုးငှါ(ယင်းသူတို့ ရန်ငြိုးထားရှိကြောင်းနှင့်စပ်လျဉ်း၍)သက်သေသာဓက လက္ခဏာရပ်တို့ကို မုချထုတ်ဖေါ် မိန့်ကြားထင်ရှား စေတော်မူခဲ့ပြီ ဖြစ်ချေသတည်း။
119هَا أَنتُمْ أُولَاءِ تُحِبُّونَهُمْ وَلَا يُحِبُّونَكُمْ وَتُؤْمِنُونَ بِالْكِتَابِ كُلِّهِ وَإِذَا لَقُوكُمْ قَالُوا آمَنَّا وَإِذَا خَلَوْا عَضُّوا عَلَيْكُمُ الْأَنَامِلَ مِنَ الْغَيْظِ ۚ قُلْ مُوتُوا بِغَيْظِكُمْ ۗ إِنَّ اللَّهَ عَلِيمٌ بِذَاتِ الصُّدُورِ
ကြည့်စမ်း၊ ဟယ်- (မုအ်မင်န် ယုံကြည်သူအပေါင်းတို့) အသင်တို့သည် (သာလျှင်) ယင်းသူတို့အားချစ်ခင်မြတ်နိုးကြကုန်၏။ သို့ရာတွင် ထိုသူတို့မူကား အသင်တို့အား (အလျင်း) ချစ်ခင် မြတ်နိုးကြသည်မဟုတ်ချေ။ ၎င်းပြင်အသင်တို့သည်(ကောင်းကင်မှကျရောက်လာသော)ကျမ်းဂန်အလုံးစုံတို့ကို ယုံကြည်ကြကုန်သည်။ (ထိုသူတို့ကား ဤသို့မဟုတ်ချေ) ထိုမှတပါး ယင်းသူတို့သည် အသင်တို့နှင့် တွေ့ဆုံကြသောအခါ အကျွန်ုပ်တို့သည် ယုံကြည်ခြင်းသဒ္ဓါတရားထားရှိကြပါပြီ ဟု ပြောဆိုကြ ကုန်၏။ သို့ရာတွင် (အသင်တို့ကွယ်ရာတွင်) တကိုယ်ထီးတည်း ဖြစ်ကြလေသောအခါ အသင်တို့ အပေါ်ဝယ် အမျက်ဒေါသထွက်ခါ (မိမိတို့၏) လက်ချောင်းများကိုပင် ကိုက်ခဲကြကုန်သည်။ (အို-နဗီတမန်တော်) အသင်သည် ယင်းသူတို့အား (အချင်းတို့) အသင်တို့သည် မိမိတို့အမျက်ဒေါသနှင့်ပင် သေကြကုန်လော့ ဟု ပြော ကြားပါလေ။မုချဧကန် အလ္လာဟ်အရှင်မြတ်သည် စိတ်နှလုံးများ၌ရှိသောအရာများကို အကြွင်းမဲ့ သိရှိတော်မူသော အရှင်မြတ်ပင်တည်း။
120إِن تَمْسَسْكُمْ حَسَنَةٌ تَسُؤْهُمْ وَإِن تُصِبْكُمْ سَيِّئَةٌ يَفْرَحُوا بِهَا ۖ وَإِن تَصْبِرُوا وَتَتَّقُوا لَا يَضُرُّكُمْ كَيْدُهُمْ شَيْئًا ۗ إِنَّ اللَّهَ بِمَا يَعْمَلُونَ مُحِيطٌ
အကယ်၍ အသင်တို့၌ ကောင်းကျိုးချမ်းသာတစ်စုံတစ်ရာ ဖြစ်ပေါ်လာခဲ့ပါမူ၊ ထိုသူတို့အား စိတ်ဒုက္ခရောက်စေ၏။ သို့ရာတွင် အသင်တို့၌ တစ်စုံတစ်ရာ ဘေးအန္တရာယ် ဆိုက်ရောက်သည်ရှိသော်၊ ယင်း သူတို့သည်ဝမ်းသာအားရ ဖြစ်ကြလေသတည်း။ အမှန် စင်စစ်သော်ကားအကယ်၍သာ သင်တို့သည် သည်းခံခြင်းတရား ထားရှိ၍ပြစ်မှုစရိုက်များမှ ကြဉ်ရှောင်ကြပါမူ၊ ထိုသူတို့၏ လျှို့ဝှက်ကြံစည်မှုသည် အသင်တို့အား လုံးဝ နစ်နာစေနိုင်မည်မဟုတ်ပေ။မုချအမှန် အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့ ပြုလုပ်ကြကုန်သော ကိစ္စအရပ်ရပ်တို့ကို အကြွင်းမဲ့ သိရှိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
121وَإِذْ غَدَوْتَ مِنْ أَهْلِكَ تُبَوِّئُ الْمُؤْمِنِينَ مَقَاعِدَ لِلْقِتَالِ ۗ وَاللَّهُ سَمِيعٌ عَلِيمٌ
(အို-နဗီတမန်တော်) အခါတစ်ပါး၌ အသင်သည် မိမိအိမ်သူ အိမ်သားများထံမှ (စစ်မက်ပြိုင်ဆိုင်ရန် အလို့ငှာ အုဟုဒ်တောင်ခြေသို့) နံနက် စောစော ထွက်ခဲ့၍ တပ်စွဲရန်နေရာများတွင် မုအ်မာန် ယုံကြည်ခြင်း သဒ္ဓါတရားထားရှိသော သူတို့အား နေရာချပေးလျက် ရှိခဲ့သည် (ကို အသင်သည်ပြန်လည်၍ သတိရှိပါလေ)။ စင်စစ် အလ္လာဟ်အရှင်မြတ်သည်(ထိုအခါ က အသင်တို့နှင့် တကွ အသင်တို့၏ ရန်သူများပြောဆိုကြသော စကားအရပ်ရပ်တို့ကို) အကြွင်းမဲ့ ကြားသိတော်မူသောအရှင်။ (အသင်တို့နှင့်တကွ အသင့်တို့၏ရန်သူများ၏ အဖြစ်အပျက်အခြေအနေ အလုံးစုံတို့ကို) အကြွင်းမဲ့သိရှိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။
122إِذْ هَمَّت طَّائِفَتَانِ مِنكُمْ أَن تَفْشَلَا وَاللَّهُ وَلِيُّهُمَا ۗ وَعَلَى اللَّهِ فَلْيَتَوَكَّلِ الْمُؤْمِنُونَ
ထိုအချိန်တွင် အသင်(မုစ်လင်မ်)တို့အနက်မှလူစုနှစ်စုကားအားလျှော့(၍လှည့်ပြန်ကြ)ရန် ကြံရွယ် ခဲ့ကြလေသည်။ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည်�ိုလူစုနှစ်စုလုံးကိုပင် စောင့်ရှောက် လျက် ရှိတော်မူခဲ့သည်။သို့ဖြစ်ရာ ယုံကြည်ခြင်းသဒ္ဓါတရား ထားရှိကြကုန်သော မုအ်မာန် အပေါင်းတို့သည် အလ္လာဟ်အရှင်မြတ်ကိုသာလျှင်ယုံကြည်စိတ်ချ၍ အားကိုးအားထား)ပြုထိုက်ကြပေသတည်း။
အာလ်-အိမရာန်ကုရ်အာန် ညွှန်းကိန်း
200အာယာသ်
MedinanRevelation
120အာယာသ်

ဘာသာပြန် — အာလ်-အိမရာန် 120

စူရာ အာလ်-အိမရာန် အာယာသ် 120 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အကယ်၍ အသင်တို့၌ ကောင်းကျိုးချမ်းသာတစ်စုံတစ်ရာ ဖြစ်ပေါ်လာခဲ့ပါမူ၊ ထိုသူတို့အား စိတ်ဒုက္ခရောက်စေ၏။ သို့ရာတွင် အသင်တို့၌ တစ်စုံတစ်ရာ ဘေးအန္တရာယ်…

စူရာ အာယာသ် 120/200 — စူရာ အာလ်-အိမရာန် آل عمران (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အာလ်-အိမရာန် နားထောင်, စူရာ အာလ်-အိမရာန် ဘာသာပြန်, စူရာ အာလ်-အိမရာန် mp3, စူရာ အာလ်-အိမရာန် pdf. အာယာသ် 118–122. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Saturday, October 3, 2026

Don't forget us in your sincere prayers