အာလ်-အိမရာန် · 121/200
ဘာသာပြန် အသံနိုင်ငံ — စူရာ အာလ်-အိမရာန်
وَإِذْ غَدَوْتَ مِنْ أَهْلِكَ تُبَوِّئُ الْمُؤْمِنِينَ مَقَاعِدَ لِلْقِتَالِ ۗ وَاللَّهُ سَمِيعٌ عَلِيمٌ ۝١٢١
Wa iz ghadawta min ahlika tubawwi`ul mu`mineena maqaa`ida lilqitaal; wallaahu samee`un `aleem
📖 မြန်မာဘာသာ
(အို-နဗီတမန်တော်) အခါတစ်ပါး၌ အသင်သည် မိမိအိမ်သူ အိမ်သားများထံမှ (စစ်မက်ပြိုင်ဆိုင်ရန် အလို့ငှာ အုဟုဒ်တောင်ခြေသို့) နံနက် စောစော ထွက်ခဲ့၍ တပ်စွဲရန်နေရာများတွင် မုအ်မာန် ယုံကြည်ခြင်း သဒ္ဓါတရားထားရှိသော သူတို့အား နေရာချပေးလျက် ရှိခဲ့သည် (ကို အသင်သည်ပြန်လည်၍ သတိရှိပါလေ)။ စင်စစ် အလ္လာဟ်အရှင်မြတ်သည်(ထိုအခါ က အသင်တို့နှင့် တကွ အသင်တို့၏ ရန်သူများပြောဆိုကြသော စကားအရပ်ရပ်တို့ကို) အကြွင်းမဲ့ ကြားသိတော်မူသောအရှင်။ (အသင်တို့နှင့်တကွ အသင့်တို့၏ရန်သူများ၏ အဖြစ်အပျက်အခြေအနေ အလုံးစုံတို့ကို) အကြွင်းမဲ့သိရှိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 119-123 — စူရာ အာလ်-အိမရာန်

119هَا أَنتُمْ أُولَاءِ تُحِبُّونَهُمْ وَلَا يُحِبُّونَكُمْ وَتُؤْمِنُونَ بِالْكِتَابِ كُلِّهِ وَإِذَا لَقُوكُمْ قَالُوا آمَنَّا وَإِذَا خَلَوْا عَضُّوا عَلَيْكُمُ الْأَنَامِلَ مِنَ الْغَيْظِ ۚ قُلْ مُوتُوا بِغَيْظِكُمْ ۗ إِنَّ اللَّهَ عَلِيمٌ بِذَاتِ الصُّدُورِ
ကြည့်စမ်း၊ ဟယ်- (မုအ်မင်န် ယုံကြည်သူအပေါင်းတို့) အသင်တို့သည် (သာလျှင်) ယင်းသူတို့အားချစ်ခင်မြတ်နိုးကြကုန်၏။ သို့ရာတွင် ထိုသူတို့မူကား အသင်တို့အား (အလျင်း) ချစ်ခင် မြတ်နိုးကြသည်မဟုတ်ချေ။ ၎င်းပြင်အသင်တို့သည်(ကောင်းကင်မှကျရောက်လာသော)ကျမ်းဂန်အလုံးစုံတို့ကို ယုံကြည်ကြကုန်သည်။ (ထိုသူတို့ကား ဤသို့မဟုတ်ချေ) ထိုမှတပါး ယင်းသူတို့သည် အသင်တို့နှင့် တွေ့ဆုံကြသောအခါ အကျွန်ုပ်တို့သည် ယုံကြည်ခြင်းသဒ္ဓါတရားထားရှိကြပါပြီ ဟု ပြောဆိုကြ ကုန်၏။ သို့ရာတွင် (အသင်တို့ကွယ်ရာတွင်) တကိုယ်ထီးတည်း ဖြစ်ကြလေသောအခါ အသင်တို့ အပေါ်ဝယ် အမျက်ဒေါသထွက်ခါ (မိမိတို့၏) လက်ချောင်းများကိုပင် ကိုက်ခဲကြကုန်သည်။ (အို-နဗီတမန်တော်) အသင်သည် ယင်းသူတို့အား (အချင်းတို့) အသင်တို့သည် မိမိတို့အမျက်ဒေါသနှင့်ပင် သေကြကုန်လော့ ဟု ပြော ကြားပါလေ။မုချဧကန် အလ္လာဟ်အရှင်မြတ်သည် စိတ်နှလုံးများ၌ရှိသောအရာများကို အကြွင်းမဲ့ သိရှိတော်မူသော အရှင်မြတ်ပင်တည်း။
120إِن تَمْسَسْكُمْ حَسَنَةٌ تَسُؤْهُمْ وَإِن تُصِبْكُمْ سَيِّئَةٌ يَفْرَحُوا بِهَا ۖ وَإِن تَصْبِرُوا وَتَتَّقُوا لَا يَضُرُّكُمْ كَيْدُهُمْ شَيْئًا ۗ إِنَّ اللَّهَ بِمَا يَعْمَلُونَ مُحِيطٌ
အကယ်၍ အသင်တို့၌ ကောင်းကျိုးချမ်းသာတစ်စုံတစ်ရာ ဖြစ်ပေါ်လာခဲ့ပါမူ၊ ထိုသူတို့အား စိတ်ဒုက္ခရောက်စေ၏။ သို့ရာတွင် အသင်တို့၌ တစ်စုံတစ်ရာ ဘေးအန္တရာယ် ဆိုက်ရောက်သည်ရှိသော်၊ ယင်း သူတို့သည်ဝမ်းသာအားရ ဖြစ်ကြလေသတည်း။ အမှန် စင်စစ်သော်ကားအကယ်၍သာ သင်တို့သည် သည်းခံခြင်းတရား ထားရှိ၍ပြစ်မှုစရိုက်များမှ ကြဉ်ရှောင်ကြပါမူ၊ ထိုသူတို့၏ လျှို့ဝှက်ကြံစည်မှုသည် အသင်တို့အား လုံးဝ နစ်နာစေနိုင်မည်မဟုတ်ပေ။မုချအမှန် အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့ ပြုလုပ်ကြကုန်သော ကိစ္စအရပ်ရပ်တို့ကို အကြွင်းမဲ့ သိရှိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
121وَإِذْ غَدَوْتَ مِنْ أَهْلِكَ تُبَوِّئُ الْمُؤْمِنِينَ مَقَاعِدَ لِلْقِتَالِ ۗ وَاللَّهُ سَمِيعٌ عَلِيمٌ
(အို-နဗီတမန်တော်) အခါတစ်ပါး၌ အသင်သည် မိမိအိမ်သူ အိမ်သားများထံမှ (စစ်မက်ပြိုင်ဆိုင်ရန် အလို့ငှာ အုဟုဒ်တောင်ခြေသို့) နံနက် စောစော ထွက်ခဲ့၍ တပ်စွဲရန်နေရာများတွင် မုအ်မာန် ယုံကြည်ခြင်း သဒ္ဓါတရားထားရှိသော သူတို့အား နေရာချပေးလျက် ရှိခဲ့သည် (ကို အသင်သည်ပြန်လည်၍ သတိရှိပါလေ)။ စင်စစ် အလ္လာဟ်အရှင်မြတ်သည်(ထိုအခါ က အသင်တို့နှင့် တကွ အသင်တို့၏ ရန်သူများပြောဆိုကြသော စကားအရပ်ရပ်တို့ကို) အကြွင်းမဲ့ ကြားသိတော်မူသောအရှင်။ (အသင်တို့နှင့်တကွ အသင့်တို့၏ရန်သူများ၏ အဖြစ်အပျက်အခြေအနေ အလုံးစုံတို့ကို) အကြွင်းမဲ့သိရှိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။
122إِذْ هَمَّت طَّائِفَتَانِ مِنكُمْ أَن تَفْشَلَا وَاللَّهُ وَلِيُّهُمَا ۗ وَعَلَى اللَّهِ فَلْيَتَوَكَّلِ الْمُؤْمِنُونَ
ထိုအချိန်တွင် အသင်(မုစ်လင်မ်)တို့အနက်မှလူစုနှစ်စုကားအားလျှော့(၍လှည့်ပြန်ကြ)ရန် ကြံရွယ် ခဲ့ကြလေသည်။ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည်�ိုလူစုနှစ်စုလုံးကိုပင် စောင့်ရှောက် လျက် ရှိတော်မူခဲ့သည်။သို့ဖြစ်ရာ ယုံကြည်ခြင်းသဒ္ဓါတရား ထားရှိကြကုန်သော မုအ်မာန် အပေါင်းတို့သည် အလ္လာဟ်အရှင်မြတ်ကိုသာလျှင်ယုံကြည်စိတ်ချ၍ အားကိုးအားထား)ပြုထိုက်ကြပေသတည်း။
123وَلَقَدْ نَصَرَكُمُ اللَّهُ بِبَدْرٍ وَأَنتُمْ أَذِلَّةٌ ۖ فَاتَّقُوا اللَّهَ لَعَلَّكُمْ تَشْكُرُونَ
အသင်တို့သည် ဗဒ်ရ် (စစ်ပွဲ၌) အင်အား ချည့်နဲ့နေခိုက် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား ဧကန်အမှန်ကူညီတော်မူခဲ့ချေပြီ။ သို့ဖြစ်ပေရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ် အား ကြောက်ရွံ့ကြလေကုန်။ သို့မှသာလျှင် အသင်တို့သည် (အလ္လာဟ်အရှင်မြတ်၏) ကျေးဇူးတော်များ ကိုသိတတ်ကြရာသတည်း။
အာလ်-အိမရာန်ကုရ်အာန် ညွှန်းကိန်း
200အာယာသ်
MedinanRevelation
121အာယာသ်

ဘာသာပြန် — အာလ်-အိမရာန် 121

စူရာ အာလ်-အိမရာန် အာယာသ် 121 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (အို-နဗီတမန်တော်) အခါတစ်ပါး၌ အသင်သည် မိမိအိမ်သူ အိမ်သားများထံမှ (စစ်မက်ပြိုင်ဆိုင်ရန် အလို့ငှာ အုဟုဒ်တောင်ခြေသို့) နံနက် စောစော…

စူရာ အာယာသ် 121/200 — စူရာ အာလ်-အိမရာန် آل عمران (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အာလ်-အိမရာန် နားထောင်, စူရာ အာလ်-အိမရာန် ဘာသာပြန်, စူရာ အာလ်-အိမရာန် mp3, စူရာ အာလ်-အိမရာန် pdf. အာယာသ် 119–123. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, September 30, 2026

Don't forget us in your sincere prayers