အာလ်-အိမရာန် · 117/200
ဘာသာပြန် အသံနိုင်ငံ — စူရာ အာလ်-အိမရာန်
مَثَلُ مَا يُنفِقُونَ فِي هَٰذِهِ الْحَيَاةِ الدُّنْيَا كَمَثَلِ رِيحٍ فِيهَا صِرٌّ أَصَابَتْ حَرْثَ قَوْمٍ ظَلَمُوا أَنفُسَهُمْ فَأَهْلَكَتْهُ ۚ وَمَا ظَلَمَهُمُ اللَّهُ وَلَٰكِنْ أَنفُسَهُمْ يَظْلِمُونَ ۝١١٧
Masalu maa yunfiqoona fee haazihil hayaatid dunyaa kamasali reehin feehaa sirrun as aabat harsa qawmin zalamooo anfusahum fa ahlakath; wa maa zalamahumul laahu wa laakin anfusahum yazlimoon
📖 မြန်မာဘာသာ
ဤပစ္စုပ္ပန်ဘဝတွင် ယုံကြည်ခြင်းသဒ္ဓါတရားကင်းမဲ့ကြကုန်သော ထို(ကာဖိရ်) တို့၏ လှူဒါန်းစွန့်ကြဲခြင်း၏ဥပမာ ပုံဆောင်ချက်ကား အကြင်လေနှင့်အလားတူ၏။ ထိုလေ၌ အလွန်ပြင်းထန်သော အအေးဓါတ်သည်ရှိ၏။ ထိုလေသည် မိမိတို့ကိုယ်ကို နှိပ်စက်ကလူ ပြုကြကုန်သော အကြင်လူစုတစ်စု၏ လယ်ယာကို တိုက်ခတ်၍ ထိုလယ်ယာကိုင်းကျွန်းကို(ဆွေးမြေ့)ပျက်စီးစေခဲ့၏။ (ထိုနည်းပမာ ယုံကြည်ခြင်းသဒ္ဓါတရား ကင်းမဲ့သောသူတို့၏ အလှူဒါနများသည်လည်း နောင်တမလွန်ဘဝ၌ အချည်းနှီးပင် ဖြစ်ပေမည်)။ အမှန် သော်ကားအလ္လာဟ်အရှင်မြတ်သည် ယင်းသူတို့အား နှိပ်စက်ညှဉ်းပန်းတော်မူသည် မဟုတ်ပေ။ သို့ရာတွင် ယင်းသူတို့သည် မိမိတို့ကိုယ်ကို မိမိတို့ကိုယ်တိုင်ပင် နှိပ်စက်ကလူ ပြုကြကုန်သတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္မဋ္ဌာန်းအဓိပ္ပာယ်ရှင်းလင်းချက်
  • မַသလု (مَثَلُ) — ဥပမာ၊ ပုံဆောင်။
  • ရီဟင် (رِيحٍ) — လေ။
  • ဆိရ္ရ္ (صِرٌّ) — ပြင်းထန်သောအအေး။
  • ဟရ္သ္ (حَرْثَ) — သီးနှံ၊ လယ်ယာ။
  • ဇလမု (ظَلَمُوا) — မိမိတို့ကိုယ်ကို နစ်နာစေခဲ့ကြ၊ မတရားပြုခဲ့ကြ။
  • ဖအဟ်လကသဟု (فَأَهْلَكَتْهُ) — ထိုသီးနှံကို ဖျက်ဆီးပစ်ခဲ့သည်။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

ဤအာယသ်တော်သည် ကာဖိရ်များ (အစ္စလာမ်ကို ငြင်းပယ်သူများ) သည် ဤလောကီဘဝတွင် ကောင်းမှုဟု ထင်မြင်ရသော အလှူဒါနများ၊ အသုံးစရိတ်များ ပြုလုပ်ကြသည်ကို ဥပမာပြထားသည်။ သူတို့၏ ထိုလုပ်ရပ်များသည် အကျိုးအမြတ် ရရှိလိမ့်မည်ဟု မျှော်လင့်ကြသော်လည်း၊ ထိုလုပ်ရပ်များ၏ အခြေအနေသည် ပြင်းထန်သော အအေးဓာတ်ပါသော လေပြင်းတစ်ခုနှင့် တူသည်။ ထိုလေပြင်းသည် မိမိတို့ကိုယ်ကို ကုဖ်ရ် (ငြင်းပယ်မှု) နှင့် အပြစ်များဖြင့် နစ်နာစေခဲ့ကြသော လူမျိုးတစ်စု၏ သီးနှံစိုက်ခင်းကို ထိမှန်လျှင် ထိုသီးနှံများကို လုံးလုံးဖျက်ဆီးပစ်လိုက်သကဲ့သို့ ဖြစ်သည်။ ထိုလူမျိုးတို့သည် ထိုသီးနှံများမှ အကျိုးအမြတ်များစွာ ရရှိလိမ့်မည်ဟု မျှော်လင့်ခဲ့ကြသော်လည်း၊ လေပြင်းက အားလုံးကို ဖျက်ဆီးပစ်လိုက်သဖြင့် မည်သည့်အကျိုးကိုမျှ မရရှိတော့ပေ။

ထိုနည်းတူစွာ၊ ကာဖိရ်များ၏ ကုသိုလ်ကောင်းမှုဟု ထင်ရသော လုပ်ရပ်များကို ကုဖ်ရ်က ဖျက်ဆီးပစ်လိုက်သဖြင့် သူတို့သည် နောင်တမလွန်ဘဝတွင် မည်သည့်အကျိုးအမြတ်ကိုမျှ မရရှိကြတော့ပေ။ အလ္လာဟ်အရှင်မြတ်သည် သူတို့ကို မည်သည့်နစ်နာမှုမျှ ပြုတော်မူခဲ့သည်မဟုတ်ပေ။ အမှန်စင်စစ် သူတို့သည် မိမိတို့ကိုယ်ကိုသာ ကုဖ်ရ်ဖြင့် နစ်နာစေခဲ့ကြခြင်း ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် သူတို့အား မတရားပြုတော်မူခြင်းမှ လုံးဝ ကင်းရှင်းတော်မူသည်။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ
  • အစ္စလာမ်ကို ငြင်းပယ်ခြင်းသည် မည်မျှပင် ကောင်းမှုများ ပြုလုပ်ခဲ့ပါစေ၊ ထိုကောင်းမှုများ၏ အကျိုးကို လုံးလုံးဖျက်ဆီးပစ်နိုင်သည်ကို သိရှိစေသည်။
  • အလ္လာဟ်အရှင်မြတ်သည် မည်သူ့ကိုမျှ မတရားပြုတော်မူသည်မဟုတ်ဘဲ၊ လူသားတို့ကိုယ်တိုင် မိမိတ


📜 အာယာသ် 115-119 — စူရာ အာလ်-အိမရာန်

115وَمَا يَفْعَلُوا مِنْ خَيْرٍ فَلَن يُكْفَرُوهُ ۗ وَاللَّهُ عَلِيمٌ بِالْمُتَّقِينَ
ထို့ပြင်တဝ၊ ယင်းသူတို့သည် မည်သည့် ကောင်းမှုကုသိုလ်ကိုမဆို ပြုလုပ်ကြပါမူ၊ ထိုသူတို့သည် ထိုကောင်းမှုကုသိုလ်(၏အကျိုး)ကို လက်လွတ်စေခြင်း အလျင်းခံကြရမည်မဟုတ်ပေ။ အကြောင်းတမူကား အလ္လာဟ်အရှင်မြတ်သည်ပြစ်မှုဒုစရိုက်များမှ ကြဉ်ရှောင်ကြကုန်သော သူတော်စင်အပေါင်းတို့ကို အကြွင်းမဲ့သိရှိတော်မူသော အရှင်မြတ်ပင်ဖြစ်တော်မူပေသတည်း။
116إِنَّ الَّذِينَ كَفَرُوا لَن تُغْنِيَ عَنْهُمْ أَمْوَالُهُمْ وَلَا أَوْلَادُهُم مِّنَ اللَّهِ شَيْئًا ۖ وَأُولَٰئِكَ أَصْحَابُ النَّارِ ۚ هُمْ فِيهَا خَالِدُونَ
ဧကန်အမှန် မယုံမကြည် သွေဖည်ငြင်းပယ်သောသူတို့၏ ပစ္စည်းဥစ္စာ ရတနာများသည်လည်းကောင်း၊ယင်းသူတို့၏ သားသမီး ရတနာများသည်လည်းကောင်း(ရှင်ပြန်ထမည့်နေ့တွင်) အလ္လာဟ်အရှင်မြတ် (၏ ပြစ်ဒဏ်တော်)မှ ကာကွယ်ရန် အနည်းငယ် စိုးစဉ်းမျှပင် အလျင်းအသုံးဝင်မည် မဟုတ်ပေ။ စင်စစ် ဤသူတို့သည် ငရဲသားများပင် ဖြစ်ကြ၏။ ယင်းသူတို့သည် ထိုငရဲ၌ပင် ထာဝစဉ်နေထိုင်ခံစားကြရမည့် သူများပင်တည်း။
117مَثَلُ مَا يُنفِقُونَ فِي هَٰذِهِ الْحَيَاةِ الدُّنْيَا كَمَثَلِ رِيحٍ فِيهَا صِرٌّ أَصَابَتْ حَرْثَ قَوْمٍ ظَلَمُوا أَنفُسَهُمْ فَأَهْلَكَتْهُ ۚ وَمَا ظَلَمَهُمُ اللَّهُ وَلَٰكِنْ أَنفُسَهُمْ يَظْلِمُونَ
ဤပစ္စုပ္ပန်ဘဝတွင် ယုံကြည်ခြင်းသဒ္ဓါတရားကင်းမဲ့ကြကုန်သော ထို(ကာဖိရ်) တို့၏ လှူဒါန်းစွန့်ကြဲခြင်း၏ဥပမာ ပုံဆောင်ချက်ကား အကြင်လေနှင့်အလားတူ၏။ ထိုလေ၌ အလွန်ပြင်းထန်သော အအေးဓါတ်သည်ရှိ၏။ ထိုလေသည် မိမိတို့ကိုယ်ကို နှိပ်စက်ကလူ ပြုကြကုန်သော အကြင်လူစုတစ်စု၏ လယ်ယာကို တိုက်ခတ်၍ ထိုလယ်ယာကိုင်းကျွန်းကို(ဆွေးမြေ့)ပျက်စီးစေခဲ့၏။ (ထိုနည်းပမာ ယုံကြည်ခြင်းသဒ္ဓါတရား ကင်းမဲ့သောသူတို့၏ အလှူဒါနများသည်လည်း နောင်တမလွန်ဘဝ၌ အချည်းနှီးပင် ဖြစ်ပေမည်)။ အမှန် သော်ကားအလ္လာဟ်အရှင်မြတ်သည် ယင်းသူတို့အား နှိပ်စက်ညှဉ်းပန်းတော်မူသည် မဟုတ်ပေ။ သို့ရာတွင် ယင်းသူတို့သည် မိမိတို့ကိုယ်ကို မိမိတို့ကိုယ်တိုင်ပင် နှိပ်စက်ကလူ ပြုကြကုန်သတည်း။
118يَا أَيُّهَا الَّذِينَ آمَنُوا لَا تَتَّخِذُوا بِطَانَةً مِّن دُونِكُمْ لَا يَأْلُونَكُمْ خَبَالًا وَدُّوا مَا عَنِتُّمْ قَدْ بَدَتِ الْبَغْضَاءُ مِنْ أَفْوَاهِهِمْ وَمَا تُخْفِي صُدُورُهُمْ أَكْبَرُ ۚ قَدْ بَيَّنَّا لَكُمُ الْآيَاتِ ۖ إِن كُنتُمْ تَعْقِلُونَ
ဂ။ အို - မုအ်မင်န် ယုံကြည်ခြင်း သဒ္ဓါတရားထားရှိသူအပေါင်းတို့၊ အသင်တို့သည် မိမိတို့ (မုစ်လင်မ်များ)အပြင် (အခြားမည်သူကိုမျှ) အကျွမ်းတဝင် ခင်မင်ရင်းနှီးသော အတွင်းသိ ချစ်ဆွေအဖြစ် မပြုကြကုန်လင့်။ (အကြောင်းတမူကား) ထိုသူတို့ သည် အသင်တို့အား မကောင်းကြံစည်ရာ၌အကြံအစည် လျှော့ကြမည်မဟုတ်ချေ။ (အမှန်စင်စစ်) ယင်းသူတို့သည် အသင်တို့ ဒုက္ခကြီးစွာတွေ့ကြုံ ခြင်းကိုသာ နှစ်သက်ကြကုန်၏။ (သို့ကြောင့်) ရန်ငြိုးထားခြင်းသည် ယင်းသူတို့၏နှုတ်များမှ မုချထွက်ပေါ်လာခဲ့ချေပြီ။ တဖန် ယင်းသူတို့စိတ်�ှလုံး များ၌ ကိန်းအောင်းလျက်ရှိသော အကြံအစည်များမှာမူ၊ သာ၍ပင် ကြီးမားလှတော့၏။ အကယ်၍သာ အသင်တို့သိနားလည်ကြပါမူ၊ ငါအရှင်မြတ်သည် အသင်တို့ အကျိုးငှါ(ယင်းသူတို့ ရန်ငြိုးထားရှိကြောင်းနှင့်စပ်လျဉ်း၍)သက်သေသာဓက လက္ခဏာရပ်တို့ကို မုချထုတ်ဖေါ် မိန့်ကြားထင်ရှား စေတော်မူခဲ့ပြီ ဖြစ်ချေသတည်း။
119هَا أَنتُمْ أُولَاءِ تُحِبُّونَهُمْ وَلَا يُحِبُّونَكُمْ وَتُؤْمِنُونَ بِالْكِتَابِ كُلِّهِ وَإِذَا لَقُوكُمْ قَالُوا آمَنَّا وَإِذَا خَلَوْا عَضُّوا عَلَيْكُمُ الْأَنَامِلَ مِنَ الْغَيْظِ ۚ قُلْ مُوتُوا بِغَيْظِكُمْ ۗ إِنَّ اللَّهَ عَلِيمٌ بِذَاتِ الصُّدُورِ
ကြည့်စမ်း၊ ဟယ်- (မုအ်မင်န် ယုံကြည်သူအပေါင်းတို့) အသင်တို့သည် (သာလျှင်) ယင်းသူတို့အားချစ်ခင်မြတ်နိုးကြကုန်၏။ သို့ရာတွင် ထိုသူတို့မူကား အသင်တို့အား (အလျင်း) ချစ်ခင် မြတ်နိုးကြသည်မဟုတ်ချေ။ ၎င်းပြင်အသင်တို့သည်(ကောင်းကင်မှကျရောက်လာသော)ကျမ်းဂန်အလုံးစုံတို့ကို ယုံကြည်ကြကုန်သည်။ (ထိုသူတို့ကား ဤသို့မဟုတ်ချေ) ထိုမှတပါး ယင်းသူတို့သည် အသင်တို့နှင့် တွေ့ဆုံကြသောအခါ အကျွန်ုပ်တို့သည် ယုံကြည်ခြင်းသဒ္ဓါတရားထားရှိကြပါပြီ ဟု ပြောဆိုကြ ကုန်၏။ သို့ရာတွင် (အသင်တို့ကွယ်ရာတွင်) တကိုယ်ထီးတည်း ဖြစ်ကြလေသောအခါ အသင်တို့ အပေါ်ဝယ် အမျက်ဒေါသထွက်ခါ (မိမိတို့၏) လက်ချောင်းများကိုပင် ကိုက်ခဲကြကုန်သည်။ (အို-နဗီတမန်တော်) အသင်သည် ယင်းသူတို့အား (အချင်းတို့) အသင်တို့သည် မိမိတို့အမျက်ဒေါသနှင့်ပင် သေကြကုန်လော့ ဟု ပြော ကြားပါလေ။မုချဧကန် အလ္လာဟ်အရှင်မြတ်သည် စိတ်နှလုံးများ၌ရှိသောအရာများကို အကြွင်းမဲ့ သိရှိတော်မူသော အရှင်မြတ်ပင်တည်း။
အာလ်-အိမရာန်ကုရ်အာန် ညွှန်းကိန်း
200အာယာသ်
MedinanRevelation
117အာယာသ်

ဘာသာပြန် — အာလ်-အိမရာန် 117

စူရာ အာလ်-အိမရာန် အာယာသ် 117 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ဤပစ္စုပ္ပန်ဘဝတွင် ယုံကြည်ခြင်းသဒ္ဓါတရားကင်းမဲ့ကြကုန်သော ထို(ကာဖိရ်) တို့၏ လှူဒါန်းစွန့်ကြဲခြင်း၏ဥပမာ ပုံဆောင်ချက်ကား အကြင်လေနှင့်အလားတူ၏။ ထိုလေ၌ အလွန်ပြင်းထန်သော အအေးဓါတ်သည်ရှိ၏။…

စူရာ အာယာသ် 117/200 — စူရာ အာလ်-အိမရာန် آل عمران (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အာလ်-အိမရာန် နားထောင်, စူရာ အာလ်-အိမရာန် ဘာသာပြန်, စူရာ အာလ်-အိမရာန် mp3, စူရာ အာလ်-အိမရာန် pdf. အာယာသ် 115–119. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers