📖 0/604 ဖတ်ပြီးသောစာမျက်နှာများ
📄 69
يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓاْ إِن تُطِيعُواْ ٱلَّذِينَ كَفَرُواْ يَرُدُّوكُمۡ عَلَىٰٓ أَعۡقَٰبِكُمۡ فَتَنقَلِبُواْ خَٰسِرِينَ  ۝١٤٩ بَلِ ٱللَّهُ مَوۡلَىٰكُمۡۖ وَهُوَ خَيۡرُ ٱلنَّٰصِرِينَ  ۝١٥٠ سَنُلۡقِي فِي قُلُوبِ ٱلَّذِينَ كَفَرُواْ ٱلرُّعۡبَ بِمَآ أَشۡرَكُواْ بِٱللَّهِ مَا لَمۡ يُنَزِّلۡ بِهِۦ سُلۡطَٰنًاۖ وَمَأۡوَىٰهُمُ ٱلنَّارُۖ وَبِئۡسَ مَثۡوَى ٱلظَّٰلِمِينَ  ۝١٥١ وَلَقَدۡ صَدَقَكُمُ ٱللَّهُ وَعۡدَهُۥٓ إِذۡ تَحُسُّونَهُم بِإِذۡنِهِۦۖ حَتَّىٰٓ إِذَا فَشِلۡتُمۡ وَتَنَٰزَعۡتُمۡ فِي ٱلۡأَمۡرِ وَعَصَيۡتُم مِّنۢ بَعۡدِ مَآ أَرَىٰكُم مَّا تُحِبُّونَۚ مِنكُم مَّن يُرِيدُ ٱلدُّنۡيَا وَمِنكُم مَّن يُرِيدُ ٱلۡأٓخِرَةَۚ ثُمَّ صَرَفَكُمۡ عَنۡهُمۡ لِيَبۡتَلِيَكُمۡۖ وَلَقَدۡ عَفَا عَنكُمۡۗ وَٱللَّهُ ذُو فَضۡلٍ عَلَى ٱلۡمُؤۡمِنِينَ  ۝١٥٢ ۞ إِذۡ تُصۡعِدُونَ وَلَا تَلۡوُۥنَ عَلَىٰٓ أَحَدٍ وَٱلرَّسُولُ يَدۡعُوكُمۡ فِيٓ أُخۡرَىٰكُمۡ فَأَثَٰبَكُمۡ غَمَّۢا بِغَمٍّ لِّكَيۡلَا تَحۡزَنُواْ عَلَىٰ مَا فَاتَكُمۡ وَلَا مَآ أَصَٰبَكُمۡۗ وَٱللَّهُ خَبِيرُۢ بِمَا تَعۡمَلُونَ  ۝١٥٣
3:149
يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓاْ إِن تُطِيعُواْ ٱلَّذِينَ كَفَرُواْ يَرُدُّوكُمۡ عَلَىٰٓ أَعۡقَٰبِكُمۡ فَتَنقَلِبُواْ خَٰسِرِينَ  ۝١٤٩
အို-ယုံကြည်ခြင်း သဒ္ဓါတရားထားရှိသူ အပေါင်းတို့၊ အသင်တို့သည် အကယ်၍သာ ကာဖိရ် ငြင်းပယ်သောသူတို့(ပြောဆိုကြသည့်အတိုင်း) လိုက်နာကြပါမူ၊ ယင်းသူတို့သည်အသင်တို့အား (အစ္စလာမ်သာသနာတော်မှ ကုဖ်ရ် အယူဝါဒများဖက်သို့) ပြန်လည်၍ လှည့်စေကြကုန်အံ့။ သို့ပြန်လှည့်သွားကြလျှင် အသင်တို့သည် နစ်နာဆုံးရှုံးသူများအဖြစ်သို့ရောက်ရှိသွားကြကုန်လတ္တံ့။
3:150
بَلِ ٱللَّهُ مَوۡلَىٰكُمۡۖ وَهُوَ خَيۡرُ ٱلنَّٰصِرِينَ  ۝١٥٠
စင်စစ်အားဖြင့်(ယုံကြည်ခြင်းသဒ္ဓါတရား ကင်းမဲ့သောသူတို့သည် အသင်တို့အား စောင့်ရှောက်မည့်သူများ)အလျင်း မဟုတ်(ကြချေ။) အလ္လာဟ် အရှင်မြတ်သည်သာလျှင်အသင်တို့အား အထူးစောင့်ရှောက်တော်မူသောအရှင် ဖြစ်တော်မူသည်။ ၎င်းပြင် ထိုအရှင်မြတ်သည် စောင်မသူများတွင် အကောင်းဆုံး စောင်မတော်မူသောအရှင်မြတ်ပင်ဖြစ်တော်မူပေသတည်း။
3:151
سَنُلۡقِي فِي قُلُوبِ ٱلَّذِينَ كَفَرُواْ ٱلرُّعۡبَ بِمَآ أَشۡرَكُواْ بِٱللَّهِ مَا لَمۡ يُنَزِّلۡ بِهِۦ سُلۡطَٰنًاۖ وَمَأۡوَىٰهُمُ ٱلنَّارُۖ وَبِئۡسَ مَثۡوَى ٱلظَّٰلِمِينَ  ۝١٥١
မကြာမြင့်မီ ငါအရှင်မြတ်သည် ကာဖိရ် မယုံမကြည် သွေဖည်ငြင်းပယ်သော သူတို့၏ စိတ်နှလုံးအတွင်းသို့အလွန်တရာကြောက်လန့်သော စိတ်ကိုထည့်သွင်းတော်မူအံ့။အကြောင်းသော်ကား ယင်းသူတို့သည် အကြင်အရာများကိုအလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်ယှဉ်ပြိုင်ကိုးကွယ်ခဲ့ကြ၏။ ထိုအရာများကို (တွဲဖက်ယှဉ်ပြိုင်ကိုးကွယ်ရန်အကြောင်း)နှင့်စပ်လျဉ်း၍ ထိုအရှင်မြတ်သည် မည်သည့် သက်သေသာဓကတစ်စုံတစ်ရာကိုမျှ ထုတ်ပြန်ချမှတ်တော်မူခဲ့သည် မဟုတ်ချေ။၎င်းပြင် ယင်းသူတို့၏ နေထိုင်ရာဌာနသည် ငရဲမီးဘုံပင်ဖြစ်၏။စင်စစ် မတော်မတရား ပြုမူသူတို့၏ နေထိုင်ရာဌာနသည်အလွန်တရာ ဆိုးရွားလှ၏တကား။
3:152
وَلَقَدۡ صَدَقَكُمُ ٱللَّهُ وَعۡدَهُۥٓ إِذۡ تَحُسُّونَهُم بِإِذۡنِهِۦۖ حَتَّىٰٓ إِذَا فَشِلۡتُمۡ وَتَنَٰزَعۡتُمۡ فِي ٱلۡأَمۡرِ وَعَصَيۡتُم مِّنۢ بَعۡدِ مَآ أَرَىٰكُم مَّا تُحِبُّونَۚ مِنكُم مَّن يُرِيدُ ٱلدُّنۡيَا وَمِنكُم مَّن يُرِيدُ ٱلۡأٓخِرَةَۚ ثُمَّ صَرَفَكُمۡ عَنۡهُمۡ لِيَبۡتَلِيَكُمۡۖ وَلَقَدۡ عَفَا عَنكُمۡۗ وَٱللَّهُ ذُو فَضۡلٍ عَلَى ٱلۡمُؤۡمِنِينَ  ۝١٥٢
မုချဧကန် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အဖို့ မိမိထားရှိတော်မူခဲ့သော ကတိတော်ကို အတည်ဖြစ်စေတော်မူခဲ့ချေပြီ။ အကြင်အခါဝယ် အသင်တို့သည် ထိုအရှင်မြတ်၏ အမိန့်တော်ဖြင့် ထိုကာဖိရ်တို့အား သတ်ဖြတ်ချေမှုန်းနေကြကုန်၏။ နောက်ဆုံးတွင် အသင်တို့အား ထိုအရှင်မြတ်က အသင်တို့နှစ်သက်ကြကုန်သော (ဝါ)အောင် မြင်မှုကို(မျက်မြင်ကိုယ်တွေ့) ပြသတော်မူပြီးသည့်နောက် အသင်တို့သည် သူရသတိ္တ ညံ့ဖျင်းသွားခဲ့ကြကုန်၏။ ၎င်းပြင် အသင်တို့သည် (နဗီတမန်တော်မြတ်၏) အမိန့်တော်နှင့်စပ်လျဉ်း၍အချင်းချင်း အငြင်းပွားခဲ့ကြ၏။ (နဗီတမန်တော်မြတ်၏)အမိန့် တော်ကိုလည်း သွေဖည်ခဲ့ကြ၏။ (ထိုအခါ အလ္လာဟ်အရှင်မြတ်သည် မိမိ၏အကူအညီကို ရုပ်သိမ်းထားတော်မူခဲ့လေသည်၊ အကြောင်းသော်ကား) အသင်တို့အနက် အချို့သည် လောကီ(အကျိုးစီးပွား)ကိုအလိုရှိ၏။ အချို့ကမူ နောင်တမလွန်ဘဝ(သုခချမ်းသာ)ကိုအလိုရှိ၏။ ထို့နောက် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား စမ်းသပ်တော်မူရန် အလို့ငှာထို(ရန်)သူတို့ကို (သုတ်သင်ရှင်းလင်းနေခြင်း)မှ အသင်တို့အားပြန်လှည့်စေတော်မူခဲ့လေသည်။ (ယခုမူကား) ထိုအရှင်မြတ်သည် အသင်တို့အား (အပြစ်များမှ) မုချဧကန် ခွင့်လွှတ်တော်မူပြီး ဖြစ်လေပြီ။ စင်စစ်တမူကား အလ္လာဟ်အရှင်မြတ်သည်မုအ်မင်န်ယုံကြည်ခြင်း သဒ္ဒါတရားထားရှိသူ တို့အဖို့ ကျေးဇူးတော်ရှင် ဖြစ်တော်မူပေသတည်း။
3:153
۞ إِذۡ تُصۡعِدُونَ وَلَا تَلۡوُۥنَ عَلَىٰٓ أَحَدٍ وَٱلرَّسُولُ يَدۡعُوكُمۡ فِيٓ أُخۡرَىٰكُمۡ فَأَثَٰبَكُمۡ غَمَّۢا بِغَمٍّ لِّكَيۡلَا تَحۡزَنُواْ عَلَىٰ مَا فَاتَكُمۡ وَلَا مَآ أَصَٰبَكُمۡۗ وَٱللَّهُ خَبِيرُۢ بِمَا تَعۡمَلُونَ  ۝١٥٣
(ပြန်လည်အောက်မေ့သတိရကြလေကုန်)တရံရောအခါ အသင်တို့သည် (အုဟုဒ် စစ်မြေပြင် မှ) မည်သူတစ်ဦးတစ်ယောက်ကိုမျှ ပြန်လှည့်၍ မကြည့်ဘဲ(ကိုယ်လွတ်ရုန်းကာ)ထွက်ပြေးနေကြလေသည်။ စင်စစ်(ထိုအခါ)ရစူလ်တမန်တော်သည် အသင်တို့နောက်မှ အသင်တို့အားဟစ်ခေါ်လျက် ရှိတော်မူခဲ့လေသည်။ (သို့ရာတွင် အသင်တို့သည် မလိုက်နာဘဲ ရစူလ်တမန်တော်ကို စိတ်ဆင်းရဲခြင်း ဖြစ်စေခဲ့ကြသည်။) သို့ဖြစ်ပေရာ အလ္လာဟ်အရှင်မြတ်သည်(နဗီတမန်တော်ကို အသင်တို့စိတ်ဆင်းရဲခြင်းဖြစ်စေခဲ့ကြသည့်အတွက်) အသင်တို့အားစိတ်ဆင်းရဲခြင်းအစား စိတ်ဆင်းရဲခြင်းကိုပင် ပေးတော်မူခဲ့လေသည်။သို့မှသာလျှင် အသင်တို့သည် (ဤသည်ကိုအကြောင်းပြု၍နောက်နောင်များတွင်) မိမိတို့ လက်လွတ်သွားသော ကိစ္စများနှင့်စပ်လျဉ်း၍လည်းကောင်း၊ မိမိတို့၌ ဆိုက်ရောက်လာသောဘေးဒုက္ခများနှင့် စပ်လျဉ်း၍လည်းကောင်း၊ ပူဆွေးကြမည်မဟုတ်ပေ၊ စင်စစ်တမူကား အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ပြုလုပ်ကြကုန်သော ကိစ္စအရပ်ရပ်တို့ကို အကြွင်းမဲ့ ကြားသိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။


📚 4 📄69 / 604



M Mishary Rashid Alafasy
M Mahmoud Khalil Al-Husary
A Abdurrahman As-Sudais
M Mohamed Siddiq Al-Minshawi
A Abdul Basit Abdul Samad
A Ali Al-Hudhaify
A Ahmed ibn Ali al-Ajamy
A Abu Bakr Ash-Shaatree
M Muhammad Ayyoub
A Abdullah Basfar
A Abdullah Al-Juhani
M Maher Al Muaiqly
0:00
0:00
-

ကုရ်အာန်ကျမ်း


Sunday, October 4, 2026

Don't forget us in your sincere prayers