အာလ်-အိမရာန် · 149/200
ဘာသာပြန် အသံနိုင်ငံ — စူရာ အာလ်-အိမရာန်
يَا أَيُّهَا الَّذِينَ آمَنُوا إِن تُطِيعُوا الَّذِينَ كَفَرُوا يَرُدُّوكُمْ عَلَىٰ أَعْقَابِكُمْ فَتَنقَلِبُوا خَاسِرِينَ ۝١٤٩
Yaaa `aiyuhal lazeena aamanoo in tutee`ullazeena kafaroo yaruddookum `alaaa a`qaabkum fatanqaliboo khaasireen
📖 မြန်မာဘာသာ
အို-ယုံကြည်ခြင်း သဒ္ဓါတရားထားရှိသူ အပေါင်းတို့၊ အသင်တို့သည် အကယ်၍သာ ကာဖိရ် ငြင်းပယ်သောသူတို့(ပြောဆိုကြသည့်အတိုင်း) လိုက်နာကြပါမူ၊ ယင်းသူတို့သည်အသင်တို့အား (အစ္စလာမ်သာသနာတော်မှ ကုဖ်ရ် အယူဝါဒများဖက်သို့) ပြန်လည်၍ လှည့်စေကြကုန်အံ့။ သို့ပြန်လှည့်သွားကြလျှင် အသင်တို့သည် နစ်နာဆုံးရှုံးသူများအဖြစ်သို့ရောက်ရှိသွားကြကုန်လတ္တံ့။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 147-151 — စူရာ အာလ်-အိမရာန်

147وَمَا كَانَ قَوْلَهُمْ إِلَّا أَن قَالُوا رَبَّنَا اغْفِرْ لَنَا ذُنُوبَنَا وَإِسْرَافَنَا فِي أَمْرِنَا وَثَبِّتْ أَقْدَامَنَا وَانصُرْنَا عَلَى الْقَوْمِ الْكَافِرِينَ
၎င်းပြင် ထိုသူတို့သည် (ယင်းကဲ့သို့ ဘေးအတန်တန်၊ ရန်အဖုံဖုံ၊ ဆင်းရဲဒုက္ခ အမျိုးမျိုး ရောက်နေကြသောအခါတစ်စုံတစ်ရာ ငြီးငြူခြင်း မပြုဘဲ) ဤသို့သာလျှင် လျှောက်ထားကြကုန်သည်။အို-ကျွန်တော်မျိုးတို့အား မွေးမြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်မျိုးတို့၏ အပြစ်များကိုလည်းကောင်း၊ ကျွန်တော်မျိုးတို့၏ အရေးကိစ္စတွင် ကျွန်တော်မျိုးတို့၏ အလွန်အကျွန် ပြုမူခဲ့ခြင်းများကိုလည်းကောင်း၊ ချမ်းသာခွင့်ပေးသနားတော်မူပါ။ ထိုမှတပါး အသျှင်မြတ်သည်ကျွန်တော်မျိုး တို့၏ခြေများကို (ဖြောင့်မတ်မှန်ကန်သောတရားလမ်းစဉ်အပေါ်၌) တည်တံ့ခိုင်မြဲစေတော်မူပါ။ ၎င်းပြင် ကျွန်တော်မျိုးတို့အား ကာဖိရ် ယုံကြည်ခြင်းသဒ္ဓါတရားကင်းမဲ့သော သူတို့အပေါ်၌ အောင်မြင် ခြင်းကို ပေးသနားတော်မူပါ
148فَآتَاهُمُ اللَّهُ ثَوَابَ الدُّنْيَا وَحُسْنَ ثَوَابِ الْآخِرَةِ ۗ وَاللَّهُ يُحِبُّ الْمُحْسِنِينَ
သို့ဖြစ်ပေရာ၊ အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့အား လောကီအကျိုး(ဖြစ်သောအောင်မြင်မှု)ကိုလည်းကောင်း၊ နောင်တမလွန်ဘဝ၏ ကောင်းမြတ်သော အကျိုးကျေးဇူးကိုလည်းကောင်း ချီးမြှင့် ပေးသနားတော်မူခဲ့လေသည်။အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် ကောင်းမြတ်သော အကျင့်အမူ ကျင့်မူသော သူတို့အား ချစ်ကြည်တော်မူလေသတည်း။
149يَا أَيُّهَا الَّذِينَ آمَنُوا إِن تُطِيعُوا الَّذِينَ كَفَرُوا يَرُدُّوكُمْ عَلَىٰ أَعْقَابِكُمْ فَتَنقَلِبُوا خَاسِرِينَ
အို-ယုံကြည်ခြင်း သဒ္ဓါတရားထားရှိသူ အပေါင်းတို့၊ အသင်တို့သည် အကယ်၍သာ ကာဖိရ် ငြင်းပယ်သောသူတို့(ပြောဆိုကြသည့်အတိုင်း) လိုက်နာကြပါမူ၊ ယင်းသူတို့သည်အသင်တို့အား (အစ္စလာမ်သာသနာတော်မှ ကုဖ်ရ် အယူဝါဒများဖက်သို့) ပြန်လည်၍ လှည့်စေကြကုန်အံ့။ သို့ပြန်လှည့်သွားကြလျှင် အသင်တို့သည် နစ်နာဆုံးရှုံးသူများအဖြစ်သို့ရောက်ရှိသွားကြကုန်လတ္တံ့။
150بَلِ اللَّهُ مَوْلَاكُمْ ۖ وَهُوَ خَيْرُ النَّاصِرِينَ
စင်စစ်အားဖြင့်(ယုံကြည်ခြင်းသဒ္ဓါတရား ကင်းမဲ့သောသူတို့သည် အသင်တို့အား စောင့်ရှောက်မည့်သူများ)အလျင်း မဟုတ်(ကြချေ။) အလ္လာဟ် အရှင်မြတ်သည်သာလျှင်အသင်တို့အား အထူးစောင့်ရှောက်တော်မူသောအရှင် ဖြစ်တော်မူသည်။ ၎င်းပြင် ထိုအရှင်မြတ်သည် စောင်မသူများတွင် အကောင်းဆုံး စောင်မတော်မူသောအရှင်မြတ်ပင်ဖြစ်တော်မူပေသတည်း။
151سَنُلْقِي فِي قُلُوبِ الَّذِينَ كَفَرُوا الرُّعْبَ بِمَا أَشْرَكُوا بِاللَّهِ مَا لَمْ يُنَزِّلْ بِهِ سُلْطَانًا ۖ وَمَأْوَاهُمُ النَّارُ ۚ وَبِئْسَ مَثْوَى الظَّالِمِينَ
မကြာမြင့်မီ ငါအရှင်မြတ်သည် ကာဖိရ် မယုံမကြည် သွေဖည်ငြင်းပယ်သော သူတို့၏ စိတ်နှလုံးအတွင်းသို့အလွန်တရာကြောက်လန့်သော စိတ်ကိုထည့်သွင်းတော်မူအံ့။အကြောင်းသော်ကား ယင်းသူတို့သည် အကြင်အရာများကိုအလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်ယှဉ်ပြိုင်ကိုးကွယ်ခဲ့ကြ၏။ ထိုအရာများကို (တွဲဖက်ယှဉ်ပြိုင်ကိုးကွယ်ရန်အကြောင်း)နှင့်စပ်လျဉ်း၍ ထိုအရှင်မြတ်သည် မည်သည့် သက်သေသာဓကတစ်စုံတစ်ရာကိုမျှ ထုတ်ပြန်ချမှတ်တော်မူခဲ့သည် မဟုတ်ချေ။၎င်းပြင် ယင်းသူတို့၏ နေထိုင်ရာဌာနသည် ငရဲမီးဘုံပင်ဖြစ်၏။စင်စစ် မတော်မတရား ပြုမူသူတို့၏ နေထိုင်ရာဌာနသည်အလွန်တရာ ဆိုးရွားလှ၏တကား။
အာလ်-အိမရာန်ကုရ်အာန် ညွှန်းကိန်း
200အာယာသ်
MedinanRevelation
149အာယာသ်

ဘာသာပြန် — အာလ်-အိမရာန် 149

စူရာ အာလ်-အိမရာန် အာယာသ် 149 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အို-ယုံကြည်ခြင်း သဒ္ဓါတရားထားရှိသူ အပေါင်းတို့၊ အသင်တို့သည် အကယ်၍သာ ကာဖိရ် ငြင်းပယ်သောသူတို့(ပြောဆိုကြသည့်အတိုင်း) လိုက်နာကြပါမူ၊ ယင်းသူတို့သည်အသင်တို့အား (အစ္စလာမ်သာသနာတော်မှ…

စူရာ အာယာသ် 149/200 — စူရာ အာလ်-အိမရာန် آل عمران (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အာလ်-အိမရာန် နားထောင်, စူရာ အာလ်-အိမရာန် ဘာသာပြန်, စူရာ အာလ်-အိမရာန် mp3, စူရာ အာလ်-အိမရာန် pdf. အာယာသ် 147–151. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Tuesday, September 29, 2026

Don't forget us in your sincere prayers