📖 0/604 ဖတ်ပြီးသောစာမျက်နှာများ
📄 95
وَإِذَا كُنتَ فِيهِمۡ فَأَقَمۡتَ لَهُمُ ٱلصَّلَوٰةَ فَلۡتَقُمۡ طَآئِفَةٌ مِّنۡهُم مَّعَكَ وَلۡيَأۡخُذُوٓاْ أَسۡلِحَتَهُمۡۖ فَإِذَا سَجَدُواْ فَلۡيَكُونُواْ مِن وَرَآئِكُمۡ وَلۡتَأۡتِ طَآئِفَةٌ أُخۡرَىٰ لَمۡ يُصَلُّواْ فَلۡيُصَلُّواْ مَعَكَ وَلۡيَأۡخُذُواْ حِذۡرَهُمۡ وَأَسۡلِحَتَهُمۡۗ وَدَّ ٱلَّذِينَ كَفَرُواْ لَوۡ تَغۡفُلُونَ عَنۡ أَسۡلِحَتِكُمۡ وَأَمۡتِعَتِكُمۡ فَيَمِيلُونَ عَلَيۡكُم مَّيۡلَةً وَٰحِدَةًۚ وَلَا جُنَاحَ عَلَيۡكُمۡ إِن كَانَ بِكُمۡ أَذًى مِّن مَّطَرٍ أَوۡ كُنتُم مَّرۡضَىٰٓ أَن تَضَعُوٓاْ أَسۡلِحَتَكُمۡۖ وَخُذُواْ حِذۡرَكُمۡۗ إِنَّ ٱللَّهَ أَعَدَّ لِلۡكَٰفِرِينَ عَذَابًا مُّهِينًا  ۝١٠٢ فَإِذَا قَضَيۡتُمُ ٱلصَّلَوٰةَ فَٱذۡكُرُواْ ٱللَّهَ قِيَٰمًا وَقُعُودًا وَعَلَىٰ جُنُوبِكُمۡۚ فَإِذَا ٱطۡمَأۡنَنتُمۡ فَأَقِيمُواْ ٱلصَّلَوٰةَۚ إِنَّ ٱلصَّلَوٰةَ كَانَتۡ عَلَى ٱلۡمُؤۡمِنِينَ كِتَٰبًا مَّوۡقُوتًا  ۝١٠٣ وَلَا تَهِنُواْ فِي ٱبۡتِغَآءِ ٱلۡقَوۡمِۖ إِن تَكُونُواْ تَأۡلَمُونَ فَإِنَّهُمۡ يَأۡلَمُونَ كَمَا تَأۡلَمُونَۖ وَتَرۡجُونَ مِنَ ٱللَّهِ مَا لَا يَرۡجُونَۗ وَكَانَ ٱللَّهُ عَلِيمًا حَكِيمًا  ۝١٠٤ إِنَّآ أَنزَلۡنَآ إِلَيۡكَ ٱلۡكِتَٰبَ بِٱلۡحَقِّ لِتَحۡكُمَ بَيۡنَ ٱلنَّاسِ بِمَآ أَرَىٰكَ ٱللَّهُۚ وَلَا تَكُن لِّلۡخَآئِنِينَ خَصِيمًا  ۝١٠٥
4:102
وَإِذَا كُنتَ فِيهِمۡ فَأَقَمۡتَ لَهُمُ ٱلصَّلَوٰةَ فَلۡتَقُمۡ طَآئِفَةٌ مِّنۡهُم مَّعَكَ وَلۡيَأۡخُذُوٓاْ أَسۡلِحَتَهُمۡۖ فَإِذَا سَجَدُواْ فَلۡيَكُونُواْ مِن وَرَآئِكُمۡ وَلۡتَأۡتِ طَآئِفَةٌ أُخۡرَىٰ لَمۡ يُصَلُّواْ فَلۡيُصَلُّواْ مَعَكَ وَلۡيَأۡخُذُواْ حِذۡرَهُمۡ وَأَسۡلِحَتَهُمۡۗ وَدَّ ٱلَّذِينَ كَفَرُواْ لَوۡ تَغۡفُلُونَ عَنۡ أَسۡلِحَتِكُمۡ وَأَمۡتِعَتِكُمۡ فَيَمِيلُونَ عَلَيۡكُم مَّيۡلَةً وَٰحِدَةًۚ وَلَا جُنَاحَ عَلَيۡكُمۡ إِن كَانَ بِكُمۡ أَذًى مِّن مَّطَرٍ أَوۡ كُنتُم مَّرۡضَىٰٓ أَن تَضَعُوٓاْ أَسۡلِحَتَكُمۡۖ وَخُذُواْ حِذۡرَكُمۡۗ إِنَّ ٱللَّهَ أَعَدَّ لِلۡكَٰفِرِينَ عَذَابًا مُّهِينًا  ۝١٠٢
၎င်းပြင် (အို- နဗီတမန်တော်) အကြင်အခါဝယ် အသင်သည် ထိုသူတို့အထဲတွင်ရှိနေ၍ ထိုသူတို့အဖို့ ‘ဆွလာသ်’ဝတ်ပြုမှုကို စီစဉ်ခဲ့ပါလျှင်၊ ထိုအခါ ၎င်းတို့အနက်မှ လူတစ်စုသည် (အသင်၏နောက်မှ ‘ဆွလာသ်’ ဝတ်ပြုကြရန်) အသင်နှင့်အတူ ရပ်ကြရပေမည်။ ၎င်းပြင် ထိုသူတို့သည် မိမိတို့၏လက်နက်များကိုလည်း ယူဆောင်ထားကြရပေမည်။ တစ်ဖန် ယင်းသူတို့သည် (အသင်နှင့်အတူ) ‘စဂျ်ဒဟ်’ ပျပ်ဝပ် ဦးချပြီးကြသောအခါ အသင်တို့၏နောက်သို့ ဆုတ်သွားကြရပေမည်။ ထို့နောက် ‘ဆွလာသ်’ ဝတ်မပြုကြရသေးသော အခြားသူတစ်စုသည် လာပြီးလျှင်၊ အသင်နှင့်အတူ ‘ဆွလာသ်’ ဝတ်ပြုကြရပေမည်။ ထို့ပြင် ၎င်းတို့သည်လည်း မိမိတို့၏ဘေးရန်ကို ကာကွယ်မည့်ပစ္စည်းများနှင့် လက်နက်များကို ယူဆောင်ထားကြရပေမည်။ (အကြောင်းသော်ကား) ‘ကာဖိရ်’ မယုံမကြည် သွေဖည်ငြင်းပယ်သောသူတို့က အကယ်၍သာ အသင်တို့သည် မိမိတို့၏ လက်နက်များနှင့် အသုံးအ�ောင်ပစ္စည်းများကို မေ့လျော့သွားကြသော် ၎င်းတို့သည် အသင်တို့အား တစ်ဟုန်တည်း ဝင်ရောက်တိုက်ခိုက်ရန် နှစ်သက်လိုလားကြ (သောကြောင့်ဖြစ်) ပေသည်။ သို့တစေလည်း အကယ်၍သာ အသင်တို့၌ မိုးရွာသွန်းသောကြောင့် (လက်နက်များယူဆောင်ကာ ‘ဆွလာသ်’ ဝတ်ပြုကြရန်) ခဲယဉ်းမှုရှိခဲ့မူ၊ သို့တည်းမဟုတ် အသင်တို့သည် ဝေဒနာရှင်များဖြစ်ခဲ့ကြပါမူ မိမိတို့၏လက်နက်များကို ချထားခြင်းကြောင့် အသင်တို့၌ အပြစ်မရှိပြီ။ သို့သော်လည်း အသင်တို့သည် မိမိတို့အဖို့ ကာကွယ်မှုကိုမူ ပြုလုပ်၍ထားရှိကြလေကုန်။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် ‘ကာဖိရ်’ မယုံမကြည် သွေဖည်ငြင်းပယ်သောသူတို့အဖို့ ကျိုးယုတ်ရှက်ရဖြစ်စေမည့် ပြစ်ဒဏ်ကို အရံသင့်ပြုထားတော်မူလေသတည်း။
4:103
فَإِذَا قَضَيۡتُمُ ٱلصَّلَوٰةَ فَٱذۡكُرُواْ ٱللَّهَ قِيَٰمًا وَقُعُودًا وَعَلَىٰ جُنُوبِكُمۡۚ فَإِذَا ٱطۡمَأۡنَنتُمۡ فَأَقِيمُواْ ٱلصَّلَوٰةَۚ إِنَّ ٱلصَّلَوٰةَ كَانَتۡ عَلَى ٱلۡمُؤۡمِنِينَ كِتَٰبًا مَّوۡقُوتًا  ۝١٠٣
တစ်ဖန် အသင်တို့သည် ‘ဆွလာသ်’ ဝတ်ပြု၍ပြီးကြသောအခါ အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကို မတ်တတ်ရပ်လျက်လည်းကောင်း၊ ထိုင်လျက်လည်းကောင်း၊ လဲလျောင်းလျက်လည်းကောင်း၊ အောက်မေ့တသ သတိရရှိကြလေကုန်။ တစ်ဖန် အသင်တို့သည် ဘေးရန်ကင်းငြိမ်း၍ စိတ်ချရသောအခါ (နဂိုမူလအတိုင်း စည်းကမ်းကျနစွာဖြင့်) ‘ဆွလာသ်’ ဝတ်ပြုမှုကို ဆောက်တည်ကြလေကုန်။ ဧကန်မလွဲ‘ဆွလာသ်’ ဝတ်ပြုမှုသည် ‘မုအ်မင်န်’ တို့အပေါ်၌ အချိန်ကာလပိုင်းခြား၍ အတည် သတ်မှတ်ပြဋ္ဌာန်းထားသော ဖရဇ်တာဝန်တစ်ရပ်ပင် ဖြစ်ချေသတည်း။
4:104
وَلَا تَهِنُواْ فِي ٱبۡتِغَآءِ ٱلۡقَوۡمِۖ إِن تَكُونُواْ تَأۡلَمُونَ فَإِنَّهُمۡ يَأۡلَمُونَ كَمَا تَأۡلَمُونَۖ وَتَرۡجُونَ مِنَ ٱللَّهِ مَا لَا يَرۡجُونَۗ وَكَانَ ٱللَّهُ عَلِيمًا حَكِيمًا  ۝١٠٤
၎င်းပြင် အသင်တို့သည် ရန်သူတို့အား လိုက်လံ (တိုက်ခိုက်) ရာ၌ စိတ်အားမလျှော့ကြကုန်လင့်။ အကယ်၍ အသင်တို့ ဒုက္ခခံစားကြရပါလျှင် ထိုသူတို့သည်လည်း အသင်တို့ကဲ့သို့ပင် ဒုက္ခခံစားကြရကုန်၏။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်ထံတော်မှ ထိုသူတို့မမျှော်လင့်သောအရာများကို မျှော်လင့်ကြကုန်။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိတော်မူသောအရှင်၊ ကျိုးကြောင်းဆင်ခြင်တုံဉာဏ်နှင့် ပြည့်စုံတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူလေသတည်း။ (ရကူ)
4:105
إِنَّآ أَنزَلۡنَآ إِلَيۡكَ ٱلۡكِتَٰبَ بِٱلۡحَقِّ لِتَحۡكُمَ بَيۡنَ ٱلنَّاسِ بِمَآ أَرَىٰكَ ٱللَّهُۚ وَلَا تَكُن لِّلۡخَآئِنِينَ خَصِيمًا  ۝١٠٥
(အို- နဗီတမန်တော်) အသင်သည် လူတို့၏စပ်ကြားဝယ် အလ္လာဟ်အရှင်မြတ်က အသင့်အားပြသတော်မူသည့်အတိုင်း စီရင်ဆုံးဖြတ်ခြင်းငှာ၊ ငါအရှင်မြတ်သည် အသင်၏ထံသို့ ကျမ်းမြတ်ကုရ်အာန်ကို မှန်ကန်မှုနှင့်တကွ ချပေးသနားတော်မူခဲ့၏။ ၎င်းပြင် အသင်သည် သစ္စာဖောက် လိမ်လည်လှည့်ဖြား အလွဲသုံးစားပြုသူများဘက်မှ ကာကွယ်ချေပပြောဆိုသူ မဖြစ်ပါလေနှင့်။


📚Juz 5 📄95 / 604



Mishary Rashid Alafasy
Mahmoud Khalil Al-Husary
Abdurrahman As-Sudais
Mohamed Siddiq Al-Minshawi
Abdul Basit Abdul Samad
Ali Al-Hudhaify
Ahmed ibn Ali al-Ajamy
Abu Bakr Ash-Shaatree
Muhammad Ayyoub
Abdullah Basfar
Abdullah Al-Juhani
Maher Al Muaiqly
0:00
0:00
-

ကုရ်အာန်ကျမ်း


Saturday, August 22, 2026

Don't forget us in your sincere prayers